Pages

Saturday, November 15, 2014

သမ္မတ အိုဘားမားနှင့် ၈၈ ခေါင်းဆောင်များ မတွေ့ဖြစ်


RangonNewsDaily:: November . 14 .2014
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် ရောက်ရှိလာသည့် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် သီးသန့်တွေ့ ဆုံရန် တရားဝင်ကမ်းလှမ်းလာမှု မရှိသောကြောင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် သွားရောက်တွေ့ဆုံခဲ့ခြင်း မရှိဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးမြအေးက မဇ္ဈိမကို ပြောသည်။

အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ


RangonNewsDaily:: November . 14 .2014
မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

နိုင်ငံခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်ရုံးအတွင်း အိုဘားမား လှည့်လည်ကြည့်ရှု


RangonNewsDaily:: November . 14 .2014
အမေရိကန် သမ္မတအိုဘားမားက ရန်ကုန်သို့ နိုဝင်ဘာ ၁၄ ရက်က နံနက် ၁၀ နာရီ ၄၅ မိနစ်က ရောက်ရှိလာပြီး ရန်ကုန်အတွင်းဝန်ရုံး ဟောင်းသို့ ဦးစွာ သွားရောက်၍ ရုံးအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

ရွှေတိဂုံဘုရားပေါ်မှာ အရက်သေစာ သောက်စားမူးယစ်နေသည့် သံဃာအတု ၁ ပါး ဖမ်းမိ

RangonNewsDaily:: November . 14 .2014
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ်ရှိ ရွှေတိဂုံ စေတီတော် ရင်ပြင်ပေါ်မှာ အရက်သေစာ သောက်စား မူးယစ်နေသူ သံဃာတု တစ်ပါး ဖမ်းဆီး မိကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။

မကြာခင်မှာ ပြောင်းလဲလာတော့မယ် Twitter ရဲ့ Feature အသစ်တွေ

RangonNewsDaily:: November . 14 .2014
လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Twitter စာမျက်နှာဟာ Feature အသစ်တွေကို လာမယ့်လအနည်းငယ်အတွင်းမှာ ပြောင်းလဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မူဆယ် (၁၀၅) မိုင် တွင် ပို့ကုန်ပစ္စည်း တင်ပို့သည့် ယာဉ်များ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရ

RangonNewsDaily:: November . 14 .2014
မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ပို့ကုန်ပစ္စည်း တင်ပို့သည့် ယာဉ်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရမှုကြောင့် အိမ်စီးကားနှင့် ခရီးသည်တင်ယဉ်များပါ ယာဉ်ကြောပိတ်ဆို့ မှုမကြာခဏ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။

အချိုးကျကိုယ်စားပြုစနစ် (PR) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျင့်သုံးတော့မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဆုံးဖြတ်

RangonNewsDaily:: November . 14 .2014
အချိုးကျကိုယ်စားပြုစနစ် (PR) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိသည့်အတွက် ကျင့်သုံးတော့မည်မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ 

အာဆီယံအလှည့်ကျဥက္ကဋ္ဌရာထူး မြန်မာက မလေးရှားနိုင်ငံကိုလွှဲပြောင်းပေးအပ်

RangonNewsDaily:: November . 14 .2014
အာဆီယံအဖွဲ့ကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက မလေးရှားနိုင်ငံကို တရားဝင်လွှဲပြောင်း ပေးလိုက်ပါတယ်။

ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၂/၄-၅)ကြားတွင်''ဒို့ညီနောင်'' မှန်လုံယာဉ် အမြန်လမ်းပေါ်မှာ မောင်းနေစဉ် ရှေ့ဘီးပွင့်ထွက်ယာဉ်ဝဲဘက်ရှေ့ဘီးပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ဝင်ရောက်တိုက်မိ


RangonNewsDaily:: November . 14 .2014
၂ဝ၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၂/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ သာဂရ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

နာမည်အသုံးအနှုန်းထက် နှစ်ဘက်သဟဇာတဖြစ်ရေး ပိုအရေးကြီးလို့ ဘန်ကီမွန်း ပြော

RangonNewsDaily:: November . 14 .2014
ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီဆိုပြီး ခေါ်ဝေါ်ပြောဆိုတာထက် မိမိတို့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်း နှစ်ခုစလုံး သဟဇာတရှိရှိ အတူနေ သွားနိုင်ဖို့ကို အဓိကထား ဦးတည်ပြောတာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီနေ့ ပြောပါတယ်။

အမြန်လမ်းတွင် ယာဉ်မတော်တဆမှုကြောင့် ငါးရက်အတွင်း ၈ ဦးသေ၊ ၃၁ ဦးဒဏ်ရာရ

RangonNewsDaily:: November . 14 .2014
အမြန်လမ်းပေါ်တွင် နိုဝင်ဘာ ၁၁ ရက်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့သောကြောင့် ငါးရက်အတွင်း အမြန်လမ်းပေါ်တွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ရှစ်ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးရှိခဲ့ကြောင်း သတင်းရရှိသည်။

ရိုဟင်ဂျာပဲ ဆက်ခေါ်မယ်လို့ ဘန်ကီမွန်းပြော

RangonNewsDaily:: November . 14 .2014
သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောဆိုထားပေမယ့် မြန်မာနိုင်ငံသို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကတော့ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလို့ပဲ ဆက်လက်ခေါ်ဝေါ်သုံးစွဲမယ်လို့ The Voice သို့ ပြောဆိုလိုက်ပါတယ်။