Pages

Saturday, November 15, 2014

အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ


RangonNewsDaily:: November . 14 .2014
မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်ခဲ့သည့် အမေရိကန် သမ္မတ အိုဘားမား၏ Air Force One လေယာဉ်သည် နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။
အိုဘားမားက ၎င်း၏ မြန်မာပြည်ခရီးစဉ်အတွင်း နိုဝင်ဘာ ၁၂ ရက် ညက နေပြည်တော်သို့ ရောက်ရှိကာ ၁၃ ရက်တွင် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့ပြီး လွှတ်တော်တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

၁၄ ရက် နံနက်တွင်မူ ရန်ကုန်မြို့သို့ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိကာ အတွင်းဝန်ရုံးသို့ ဦးစွာသွားရောက်အပြီးတွင် တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းနောက် ၎င်းတို့နှစ်ဦးက ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
::
ယင်းနောက်တွင် အရပ်ဖက် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် အမေရိကန်သံရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရပ်ဖက် လူငယ်အဖွဲ့များနှင့် တွေ့ဆုံကာ မိန့်ခွန်းပြောခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ ညနေ ၅ နာရီခန့်တွင် ပြန်လည်ထွက်ခွာခဲ့သည်။
၎င်းက မြန်မာနိုင်ငံမှအပြန် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

Mizzima ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment