Pages

Wednesday, March 2, 2016

မုံရွာတွင် ကလေးငယ်များ ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံး


RangonNewsDaily::March . 2 .2016
မုံရွာမြို့ ရှေးဟောင်းကန်သာယာကန်အတွင်း မတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦး ရေဆင်းကူးရာမှ ၂ ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

မရမ်းကုန်းမြို့နယ်တွင် ကိုရီးယားနိုင်ငံသားတဦး ဟိုတယ်ပေါ်မှ ပြုတ်ကျသေဆုံး


RangonNewsDaily::March . 2 .2016
မရမ်းကုန်းမြို့နယ် ၄ ရပ်ကွက်ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦး ဒီနေ့မနက် ၆ နာရီလောက်က တိုက်ပေါ်မှ ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား ငလျင်ကြောင့် ဆူနာမီ ဖြစ်နိုင်ချေ သတိပေးချက်ကို ပြန်ရုပ်သိမ်း


RangonNewsDaily::March . 2 .2016
မြန်မာစံတော်ချိန် ည ၇ နာရီ ၁၉ မိနစ် (ဒေသ စံတော်ချိန် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်) က အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း အနောက်တောင်ဘက် ပင်လယ်ပြင် မြေအောက် 
၆ မိုင်ခန့်တွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် ဆူနာမီ ဖြစ်နိုင်ချေ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ဂုတ်တွင်းလမ်းပိုင်း ထူးထူးခြားခြား ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်နေ …


RangonNewsDaily::March . 2 .2016
နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ဂုတ်တွင်း၌ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေပြီး ရာနှင့်ချီသောကားများပိတ်မိနေတာပါ။ ကျောက်မဲမြို့နှင့်နောင်ချိုအကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းကားလမ်းတွင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ ညအချိန်က တွဲကားတစ်စီးပျက်ကာပိတ်မိနေခဲ့ရာ မတ်လ ၁ ရက်နေ့ ၁၁ အချိန်ခန့်တွင် လမ်းပြန်ပွင့်ခဲ့သည်။