Pages

Tuesday, April 2, 2013

ရန်ကုန် ဗလီ မီးလောင်မှု လွတ်လပ်စွာစုံစမ်းရေး အာဆီယံ အမတ်များ တောင်းဆို

အင်္ဂါနေ့၊ ဧပြီလ ၀၂ ရက် ၂၀၁၃ ခုနှစ်
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အစ္စလာမ် ဗလီဝတ်ကျောင်း မီးလောင်မှုနှင့်ပတ်သက်၍ လွတ်လပ်
သော စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်ရန် မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

"အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ မြန်မာနိုင်ငံသို့ရောက်ရှိ"

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သွားရောက်ကြိုဆိုခဲ့သည်။ 
ဂျင်မီကာတာသည် မြန်မာနိုင်ငံတွင် (၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး မြန်မာအစိုးရနှင့်
နိုင်ငံရေးခေါင်းဆောင်များအပါအဝင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ၄င်းသည် အမေရိကန်သမ္မတအဖြစ် (၁၉၇၇)ခုနှစ်မှ (၁၉၈၁)ခုနှစ်အထိ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအချို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့သောကြောင့် (၂ဝဝ၂)ခုနှစ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာသည် ယနေ့မွန်းလွဲ တစ်နာရီခန့်တွင် နေပြည်တော်လေဆိပ်သို့
ရောက်ရှိလာကြောင်းသိရသည် ။ ဂျင်မီကာတာအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်
က သွားရောက်ကြိုဆိုခဲ့သည်။

ယနေ့ပြုလုပ်တဲ့"ဗိုလ်တစ်ထောင်မှ ဗလီမီးလောင်မှု ကောလဟာလ သတင်းစာရှင်းလင်း"ပွဲ

မီးအားမြှင့်စက် အပူလွန်ကဲရာမှ မတော်တဆ မီးလောင်မှုဖြစ်ခဲ့ခြင်းကို ရေစိုစောင်ဖြင့် ငြိမ်းသတ်ရာမှ အနီးရှိ ဒီဇယ်ပုံးကို တိုက်မိကာ ယခုကဲ့သို့ ၄၈ လမ်း ဗလီမီးလောင်မှုဖြစ်ပြီး အသေအဆုံးများခြင်း ဖြစ်ကြောင်း ဒုတိယ ရဲမှူးကြီး မြင့်အေးက ဆိုသည်။ 

မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
(ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)
မီးလောင်ကျွမ်းသည့် ဒီဇယ်ပုံးအကျန်ကို ပြသနေစဉ်
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်"ပုဒ်မ၁၈၈ ထုတ်ထားတာ ကြောင့် လူတွေဟာ မထွက်ကြပါဘူး၊တပ်က ကင်းလှည့် ။ရဲက ကင်းလှည့် ဘယ်သူကလာရဲမှာလဲ။၁၀ နာရီနောက်ပိုင်းမှာ သိပ်ကို မထွက်ကြပါဘူး " ဟု ၀န်ကြီးချုပ် ဦးမြင့်ဆွေကပြောသွားပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ခံထားရတဲ့ မိတ္တိလာတစ်တစ်မြို့လုံး ပြာကျသွားအောင် လုပ်သွားတဲ့ အကြမ်းဖက်သမားတွေကို တောင် မီးလောင်ဗုံးသုံးပြီးမဖြိုခွင်းသွားခဲ့ပါဘူး ။ ယခုထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၈၈ ကြောင့်လမ်းပေါ်မှာ ဘယ်သူမှ

အစ္စလာမ်ကျမ်းစာသင်ကျောင်း မီးလောင်မှု ကျောင်းသား ၁၃ဦးသေဆုံး၊ မီဒီယာတွေ ထိန်းထိန်းသိမ်းသိမ်း ဖော်ပြဖို့ ဝန်ကြီးချုပ် မေတ္တာရပ်ခံ

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း ဧပြီ ၂ရက်နေ့ မနက် ၂နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် စာသင်သား ကလေးငယ် ၁၃ယောက် သေဆုံးခဲ့တယ်လို့ တိုင်းအစိုးရအာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။

၂၀၁၃ခုနှစ် ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတင်း ထုတ်ပြန်ချက်များ

၂၀၁၃ခုနှစ် ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များအတွက် မြို့တော်စည်ပင်မှ သတင်း ထုတ်ပြန်ချက်များ

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး သင်္ကြန် အကြိုနေ့မှ အတက်နေ့ အထိ ပေးဝေနေကျ အစီအစဉ်အတိုင်း ရေပေးသွားမည်ဟု စည်ပင်သာယာကော်မတီ၊ အင်ဂျင်နီယာဌာန (ရေသန့်နှင့် သန့်ရှင်းမှု) ဌာနမှ ပြောသည်။

ရေကစား မဏ္ဍပ်များအတွက် ၁ လက်မ ၁.၅လက်မနှင့် ၂ လက်မ ရေပိုက်လိုင်းများသာ စည်ပင် ရေပေးဝေရေး ပိုက်လိုင်းမှ သွယ်ယူ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး တခြားမြို့နယ်များဖြစ်သော အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်နှင့် ရန်ကုန်မြို့လယ်ပိုင်းရှိ မြို့နယ် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံမြို့နယ်တို့ကိုလည်း မနက် ၇ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ် ညနေ ၃ နာ၇ီမှ ၆ နာရီအထိ တစ်ကြိမ် တစ်နေ့လျှင် နှစ်ကြိမ် အချိန်အတိုင်း မဏ္ဍပ်များကို ယခင်နှစ်များအတိုင်း ပေးသွားမည်ဟုသိရသည်။
ရေယူသုံးမည့် မဏ္ဍပ်များအနေဖြင့် ၁ လက်မနှင့် ၁.၅ ပိုက် အသုံးပြုမည် ဆိုပါက ကျပ် ၁ သိန်း၊ ၂ လက်မပိုက်အတွက် ကျပ် ၁သိန်းခွဲ ပေးသွင်းရမည်ဖြစ်ပြီး အင်းလျားလမ်းနဲ့ ကန်တော်ကြီးပတ်လမ်းရှိ ရေယူ သုံးသူမည့်သူများအတွက် ၃လက်မ ပိုက်လိုင်းကို ခွင့်ပြုပေးကာ ၃ လက်မ ပိုက်သုံး မဏ္ဍပ်များသည် ရေသွယ်ယူခ ကျပ် ၂.၂ သိန်းကို သင်္ကြန်အကြိုနေ့ နေ့လည် ၁၂ နာရီအမီ ပေးသွင်းရမည်ဟု သိရသည်။ ထို့ပြင် ရေပိုက်ဖိုးများမှာ ယခင်နှစ်နှုန်းထားထက် ထက်ဝက်ခန့် ဈေး မြင့်တက်လာကြောင်း သိရသည်။
မန္တလေးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် တည်ဆောက်လိုသူများသည် မတ်လအတွင်း လာရောက် လျှောက်ထားသူ ၈၀ကျော် ၀န်းကျင်ခန့် ရှိနေပြီဟု သိရသည်။ မန္တလေးမြို့ မဏ္ဍပ်တည်ဆောက် လိုသူများသည် ကျုံးဘေး ပတ်လည်မှာ တည်ဆောက်လိုပါက အာမခံကြေး ငွေကျပ် ၅ သိန်း ပေးသွင်းရမည်ဖြစ်ပြီး ကန်တော်ကြီးနေရာနဲ့ မြို့တွင်းနေရာများတွင် မဏ္ဍပ်ဆောက်လိုပါက အာမခံကြေး ပေးသွင်းဖို့ မလိုအပ်ကြောင်း သိရသည်။ မဏ္ဍပ် ဆောက်လိုသူများသည် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ချပေးထားသော သတ်မှတ်နေရာ အကျယ်အ၀န်း အတွင်းသာ တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်အောက် ၁၀ပေ ပတ်လည် အမှိုက်ကန်နဲ့ ယာယီ ရေလောင်း အိမ်သာတို့ ပါရှိရမည် ဖြစ်ပြီး မဏ္ဍပ်များတွင် ဆေးလိပ်၊ အရက်နဲ့ ဘီယာများ ရောင်းချခြင်း များ၊ ပြုလုပ်ခွင့်များ မရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အခွန် ဌာနမှ သတင်းထုတ်ပြန်ထားသည်ဟု သိရသည်။

ယခင်နှစ်များက မဏ္ဍပ်ဆောက်မည်ဆိုလျှင် အာမခံကြေး ငါးသိန်း ပေးသွင်းရပြီး အဆိုပါ အာမခံကြေးများကို ပလက်ဖောင်း အပျက်အဆီးများအတွက် ပြန်မထုတ်ပေးခြင်းများ ရှိကြောင်း၊ ၂၀၁၂ခုနှစ် သင်္ကြန်ကာလတွင် တောင်ဘက်ကျုံး၌ မဏ္ဍပ် ၁၇ခုရှိခဲ့ရာ ၁၀နေရာ အတွက်ပင် မဲနှိုက်ခဲ့ရသည်များ ရှိကြောင်း ယခင်နှစ် လမ်း ၈၀တွင် မဏ္ဍပ် ဆောက်လုပ်ဖူးခဲ့သူတစ်ဦးက ဆိုသည်။ ရန်ကုန်နှင့် မန္တလေး သင်္ကြန်မဏ္ဍပ်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး၊ လုံခြုံရေး ၀န်ထမ်းများ ထားရှိပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Myanmar ICT

မဟာသင်္ကြန်ရက်များအတွင်း ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၂၀ အား ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ မြို့နယ် ၂၀အတွင်း တာမွေ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် အရှေ့ဒဂုံမြို့နယ်တို့ ပါဝင်ပြီး

၄၈လမ်း ဆွာဒီကီယာကျောင်း မီးလောင်မှုနောက်ကွယ်မှာ သံသယရှိဖွယ်များ (၂)

Photo
မီးကလှေကားက စလောင်တာလို့ပြောခဲ့ပေမယ် ကျောင်းလှေကားက အကောင်းအတိုင်းရှိနေပုံ
၄၈လမ်း ဆွဒီယာကျောင်း မီးလောင်မှုမဖြစ်ပွားမီး ရက်ကွက်အတွင်းမီးပျက်နေပြီမီးလောင်နေချိန်တွင် မီးပြန်
လာကာ ကျောင်းရှိTransformer ပုံမှန်ပြန်အလုပ်လုပ်နေပြီးမီးများမှာ လင်းထိန်နေပါတော့သည်။အံသြသင့်စ
တွေ့ရှိချက်တခုပင်ဖြစ်သည်။ထိုအပြင်ဝါယာရှော့ပြီးထွက်လာသောဆီများသည်ထပြေးသောသူများကိုချော်
လဲသွားစေလောက်အောင်များပြားနေခြင်းပင်ဖြစ်သည်။

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ၂ ယောက်သေ ကျေးလက်လူထု ခြိမ်းခြောက်ရိုက်နှက်ခံရ

ဧပြီလ 02 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ ကမိုင်းနင်း မိကာ သေကြေဒဏ်ရာရပြီးနောက် ဒေသခံလူထုအား တားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ ကြောင်းစုံစမ်းသိရှိရသည်။

 “ မတ်ခ်ျလ ၂၈ ကြာသပတေးနေ့ မနက် ၈ နာရီခွဲလောက်ကပေါ့။ တောနင်းတဲ့ နမ္မတူ အခြေ စိုက် ခမရ ၃၂၄ မိုင်းရင်ကား လမ်း နဲ့ ၉ မိုင်လောက်ဝေးတဲ့ ကောင်းခါးရွာနဲ့ ကောင်းဟုန်းရွာ ကြားမှာ မိုင်းနင်း မိတာ။ ၄ ယောက်ဒဏ်ရာရတယ်။ ၂ ယောက်သေတယ်” - ဟု နမ္မတူ ဒေသခံ စိုင်းခမ်းက သျှမ်းသံတော် ဆင့်အားပြောပြသည်။

အဆိုပါ စစ်ကြောင်းလှည့် အဖွဲ့မှာ အင်အား ၁၅၀ ခန့်ရှိပြီး ထိုဒေသတဝိုက် လှည့်ပတ်နေ သည်မှာ သုံးလေးရက်ရှိခဲ့ပြီဖြစ် ကြောင်း ၊ နယ်မြေစိုးမိုးရေးစီမံကိန်းဖြင့် လှည့်နေခြင်းဖြစ် ကြောင်း ရွာသားများကပြောပါသည်။

၎င်းတို့၏ ဒဏ်ရာရရဲဘော်များနှင့် အလောင်းများသယ်ယူရန် ယာဉ်အခက်အခဲရှိသဖြင့် ထိုအနီးတဝိုက်၌ပင် မြေမြုပ်သဂြိုဟ် လိုက်ကြောင်းဒေသခံ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကပြောပါသည်။

“ သူတို့ ချောဆွဲဖို့ အဲဒီနားတဝိုက်ကရွာတွေမှာကားတွေထော်လာဂျီတွေကိုလိုက်ရှာတယ်။ မရှိဘူး။ဆိုတော့ သေဆုံး ရဲဘော် အလောင်းတွေကိုလဲဖြစ်သလိုဘဲ မြေမြုပ်လိုက်တယ်။ သူတို့က နားန ရွာမှာ အခြေချတာ။ ရခိုင်ပြည်နယ်မှာ ရှုပ်နေတုန်း အစိုးရတပ်က လိုင်ဇာကို ထိုးစစ်ဆင်တယ်။ အခုလဲ မိတ္ထိလာမှာရှုပ်နေတဲ့ အချိန်နဲ့တိုက်ဆိုင်စွာ သျှမ်းတပ်ကိုတိုက်ခိုက်ဖို့ ဒါအကွက်ချ စီမံချက်ဖြစ်နိုင်တယ်လို့တောင်လူတွေပြော နေကြတယ်” ဟု ကျားဖြူပါတီဝင်တဦးကပြောသည်။

ထိုနေ့တွင် နမ္မတူမြို့နယ် ဆိုက်ခေါင်အုပ်စု ဘက်လှုပ်ရှားသည့် ကျောက်မဲမြို့ အခြေစိုက်တပ် ခမရ ၅၀၁  အင်အား ၅၀ ခန့်ကလည်း ဆိုက်ခေါင်အုပ်စု ပန်ဝိုးရွာအလွန် ၂ မိုင်ခန့်နေရာ၌ တိုက်ပွဲအတု ဆင်နွှဲကြောင်း၊ ကျေးလက်ရွာသားများ ထိခိုက်မှုမရှိသော်လည်း တောင်ယာ ဆင်းရန်အခက်ကြုံနေရကြောင်း ဆိုက်ခေါင်မှ ရပ်ရွာအကြီးအကဲတဦး ကပြောပါသည်။

၎င်းတို့သည် လက်နက်ကြီး ၆ လုံး  စက်သေနတ်များအား အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်းဒေသခံများကပြော သည်။

“ အဲဒီအခင်းဖြစ်ပြီးနောက်တရက်မနက်ပိုင်း ဆိုက်ခေါင်အုပ်စုသားလက်သမား ၂ ယောက် စိုင်းထွန်းအေးနဲ့ စိုင်းလင်း မိုင်းရင်အုပ်စုဘက်အိမ်ဆောက်ဖို့အသွားမှာ အဲဒီ ၅၀၁ အဖွဲ့နဲ့ တိုးတော့ တားဆီးစစ်ဆေးခံရတယ်။ သူတို့ ၂ ယောက်ကလဲ နားဟိုင်းရွာမှာ အိမ်သွား ဆောက် ပေးမယ့်အကြောင်းပြောတော့ ဘာလူမျိုးလဲလို့ ဆက်မေးတယ်တဲ့။ သျှမ်းပါ လို့လဲ ဖြေရော စိုင်းထွန်းအေးရဲ့ မျက်နှာကိုလှမ်းထိုးတော့တာဘဲ။ မျက်နှာမှာ အဖုအယောင်တွေခုထိ ရှိနေတုန်းဘဲ” ဟု ဒေသခံ စိုင်းအိုက် ကပြောသည်။

အဆိုပါ ဒေသဘက်တွင် လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSPP/SSA သည် အစိုးရနှင့် ငြိမ်းချမ်းရေးယူ ထား သည်ဟု ဆိုသော်လည်း အစိုးရစစ်ကြောင်းနှင့် မကြာခဏတိုက်ပွဲဖြစ် ပွား၏။ အဆိုပါတိုက်ပွဲအား အကြောင်းပြုပြီး အစိုးရစစ်ကြောင်းများက ဒေသခံလူထုအပေါ် လူ့အခွင့်အရေး အမျိုးမျိုးချိုးဖေါက်ခဲ့သည်ဟု ဒေသခံ ကျားဖြူပါတီအကြီးအကဲတဦး ကပြော သည်။

ဧပြီလ 02 ရက် 2013 ခုနှစ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူအရှေ့ဘက် မိုင်းရင်အုပ်စုအသွားလမ်းစစ်ကြောင်းလှည့် အစိုးရစစ်တပ် ခမရ ၃၂၄ကမိုင်းနင်းမိကာသကြေဒဏ်ရာရပြီးနောက်ဒသခံလူထုအားတားဆီးစစ်ဆေး ရိုက်နှက်မှုများရှိနေ
ကြာင်းစုံစမ်းသိရှိရသည်။

၄၈လမ်းအစ္စလာမ်ဘာသာရေးစာသင်ကျောင်း မီးလောင်မှုနဲ့ပတ်သတ်ပြီး အဖြစ်အပျက်ကိုယ်တိုင်ကြုံတွေရသူကျောင်းသားတစ်ဦးရဲ့ပြောပြချက်

ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
စိတ်သောကရောက်နေရတဲ့ ကျောင်းအုပ်ဆရာကြီးဟာရှင်ဘိုဒီဆွာဟိဗ်
ရန်ကုန်မြို့ဗိုလ်တထောင်မြို့နယ်၄၈-လမ်းရှိ(ဆွာဒီကီယာ)အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွင် ယနေ
့နံနက် ၂-နာရီ ၄၅-မိနစ်ခန့်တွင် မီးလောင်ခဲ့၍ ကလေး ၁၃-ဦးသေဆုံးကြောင်းသတင်းရရှိသည်။

မီးပွိုင့်ပျက်လျှင် ပြင်မည့်အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထား

မီးပွိုင့်ပျက်လျှင် ပြင်မည့်အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထား
Tuesday, 02 April 2013
ရန်ကုန်မြို့တွင်း အသုံးပြုနေသော မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ရန် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသွားသည်။

ရန်ကုန်မြို့တွင်း မီးပွိုင့်များ တစ်မျိုးတစ်စားတည်း ဖြစ်စေရေးနှင့် မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ဆင်ရန်အဖွဲ့ ဖွဲ့စည်းထားခြင်း ရှိ၊ မရှိ သိလိုကြောင်း မေးခွန်းအား ဖြေကြားရာတွင် မြို့တော်ဝန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ မီးပွိုင့်များပျက်လျှင် ပြင်ဆင်နိုင်ဖို့အတွက် အဖွဲ့သုံးဖွဲ့နဲ့ စစ်ဆေးပြုပြင်နေတဲ့အပြင် အသုံးပြုနေစဉ် ပျက်စီးမှုရှိလျှင် အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ပေးပါတယ်"ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် မီးပွိုင့် ၁၅၁ ပွိုင့် ရှိသည့်အနက် Count Down တပ်ဆင်ထားသော ဒီဂျစ်တယ်မီးပွိုင့် ၃၅၀ ခုရှိသည်။
7Day News Journal

Tuesday, 02 April 2013

ရန်ကုန်မြို့တွင်း အသုံးပြုနေသော မီးပွိုင့်များပျက်လျှင် ချက်ချင်းပြင်ရန် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းထားကြောင်း ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသွားသည်။

ယာဉ်တိုက်ပြီး ထွက်ပြေးနေသော ယာဉ်မောင်းကို ဖမ်းမမိသေး

ယာဉ်တိုက်ပြီး ထွက်ပြေးနေသော ယာဉ်မောင်းကို ဖမ်းမမိသေး
Tuesday, 02 April 2013
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် ရဲစခန်းအပိုင် သာယာအေးလမ်းဆုံတွင် ပြီးခဲ့သည့် မတ်လ (၁ဝ)ရက်နေ့က လူတစ်ဦးသေဆုံးခဲ့သည့် ယဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ယခုအချိန်ထိ ဖမ်းမိခြင်း မရှိသေးကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

“ကျွန်တော်တို့လည်း လိုက်ဖမ်းနေတုန်းပါပဲ၊ ခုချိန်ထိတော့ ဖမ်းမမိသေးပါဘူး၊ တခြား ရဲစခန်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု အင်းတကော် ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က မြန်မာ့ခေတ် သို့ ပြောကြားသည်။

လမ်းဘေးရှိ လက်ဖက်ရည်ဆိုင်ကို ဝင်တိုက်မိပြီး အသက် ၂၈ နှစ်ရှိ ကိုအောင်မျိုးထွန်း သေဆုံးခဲ့သည့်အပြင် လူသုံးဦးလည်း ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကို အင်းတကော်ရဲစခန်းမှ ဒုရဲအုပ် ထင်ကျော်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈/၂၇၉/၃ဝ၄-က ၂ဝ၂ တို့ဖြင့် တရားလိုပြု တိုင်ကြားထားကြောင်း သိရသည်။

ယာဉ်တိုက်မှုကို ကြေအေးပေးပါက နှစ်နာကြေးအဖြစ် ငွေကျပ်(၅)သိန်းအား ကားပိုင်ရှင်ဘက်မှ ပေးမည်ဟု ပဲခူးတိုင်း မထသမှ ဥက္ကဌဖြစ်သူ ဦးအောင်သောင်းက ဆက်သွယ်လာသော်လည်း ကိုအောင်မျိုးထွန်း၏ မိသားစုဝင်များက လက်ခံခဲ့ခြင်း မရှိကြောင်း သိရသည်။

“သူတို့ဘက်က လူမှုရေးအရ တော်တော်ပျက်ကွက်ခဲ့ တယ်။ ဆေးရုံရောက်နေတုန်းကလည်း ဘာမှ မလုပ်ပေးခဲ့ဘူး၊ ဈာပနတုန်းကလည်း မလာခဲ့ဘူး။ ကျွန်မတို့ကတော့ ဥပဒေအတိုင်းပဲ ဆက်ပြီး ဆောင်ရွက်စေချင် တယ်”ဟု သေဆုံးသူ၏ အစ်မတော်သူ မတင်တင်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် (၂ဝ၁၂)ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၁၄၈၄)ခု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ(၄ဝ၄)ဦး၊ ဒါဏ်ရာရရှိသူ (၂၄၇၁)ဦးနှင့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်(၃၃ဝ.၈)သန်းခန့် ရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထက်နောင်နောင်
မြန်မာ့ခေတ်

Tuesday, 02 April 2013

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော် ရဲစခန်းအပိုင် သာယာအေးလမ်းဆုံတွင် ပြီးခဲ့သည့် မတ်လ (၁ဝ)ရက်နေ့
က လူတစ်ဦးသေဆုံးခဲ့သည့် ယဉ်တိုက်မှုတွင် ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ယခုအချိန်
ထိ ဖမ်းမိခြင်း မရှိသေးကြောင်း အင်းတကော် ရဲစခန်းမှ သိရသည်။

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာမြို့ မှ ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်စုလျှင် ၃၅သိန်း ၄သောင်းတန်ဖိုးရှိအိမ်များ တည်ဆောက်ပေးမည်

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

“တစ်အိမ်ကို ၅၃သိန်း၎သောင်းတန်ဖိုးရှိတဲ့ အိမ်ပေါင်း ၁၅၃၄လုံးကိုတည်ဆောက်ပေးမှာဖြစ်ပါတယ်။သံတိုင်၊အုတ်တွေနဲ့ တည်ဆောက်ပြီး သွပ်မိုးပါတဲ့ အလျား ၂၄ပေ အနံ ၁၈ပေအကျယ်ရှိတဲ့ အိမ်တွေ တည်ဆောက်ပေးမှာပါ။ မွေးစာရင်းရှိတဲ့ လူတွေကို ပေးမယ်” ဟု ဦးရဲမြင့် အောင်က ပြောကြားသည်။

မိတ္ထီလာပဋိပက္ခဖြစ်ပွားစဉ်က ပျက်စီးသွားသော ၊ မီးလောင်သွားသော အိမ်များကို လုံခြုံရေးများနှင့် စောင့်ကြည့်ထားကြောင်း၊ အိမ်ပိုင်ရှင်များ ကို ၎င်းတို့နှင့်သတ်ဆိုင်ရာ နေအိမ်များတွင် ၀င်ရောက်ရှာဖွေရန် ၂ရက် ခွင့်ပြုမည်ဖြစ်ကြောင်း၊ မိမိတို့ပိုင်ဆိုင်သော အဖိုးတန်ပစ္စည်းများ အပျက်အစီးများကြားထဲတွင် တွေ့ရှိပါက ယူဆောင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ၇ှာဖွေမှုများပြီးဆုံးပါက ထိုမြေနေရာများကို ဘူဒိုဇာများဖြင့် ထိုးကာ အသစ်ပြန်လည်တည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်က ထည့်သွင်းပြောကြားသည်။

“၀မ်းသာပါတယ်။ ဒီမှာက ကျောင်းပိတ်တုန်း နေရာချပေးထားတာလေ။ နွေရာသီကျောင်းပိတ်ရက်ပြီး လို့ ကျောင်းပြန်ဖွင့်ရင် ဒီကလူတွေ ဘယ်မှာနေရမလဲ ဆိုပြီး စိတ်ပူနေရတာ။ အခုတော့ အိမ်တွေ ပြန်ဆောက်ပေးမယ်ဆိုတော့ အရမ်းကို ဝမ်းသာပါတယ်။ စောင့်ရှောက်မှုတွေ ပေးထားပေမယ့် အားလုံးစုပြီးနေရတော့ ကိုယ့်အိမ်ကိုယ်မဟုတ်တော့လည်း နေရေးထိုင်ရေးက အဆင်မပြေဘူးလေ” ဟု အစ္စလာမ်ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မြင့်ကြည်ကပြောကြားသည်။

ယခုအခါ မိတ္ထီလာမြို့တွင် ဗုဒ္ဒဘာသာဝင် ဒုက္ခသည်စခန်း ၂ခုနှင့် အစ္စလာမ်ဘာသာဝင် စခန်း ၅ခုကို ဘုန်းတော်ကြီးကျောင်းများ၊ ကောလိပ်၊ အထက်တန်းကျောင်း၊ အားကစားကွင်း စသည့်နေရာများတွင် ဖွင့်လှစ်ကာ စောင့်ရှောက်ထားကြောင်း သိရသည်။
ZinYaw

မိတ္ထီလာ၊ ဧပြီ ၂။

မတ်လအတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် အိမ်ခြေများ ပျက်စီးဆုံးရှုံးသွားသော ဒုက္ခသည်များအတွက် အိမ်ထောင်စုတစ်ခုလျှင် တန်ဖိုး ၃၅သိန်း ၄သောင်း တန်ဖိုးရှိသော အိမ်ပေါင်း ၁၅၃၄အိမ်အား တည်ဆောက်ပေးရန် စီစဉ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးရဲမြင့်အောင်က ပြောကြားသည်။

"စွမ်းဇာနည်ရဲ့ ဇလွန် ဖြေရှင်းချက်နဲ့ အတူ ဇာတ်ပွဲတွေ ဆက်တိုက် ကမယ့် အကြောင်း ပြောကြား"