Pages

Tuesday, April 2, 2013

အာရဗီစာသင်ကျောင်း မီးလောင်မှုကြောင့် သေဆုံးသူများအား ရေဝေးသုသာန်သို့ ပို့ဆောင်

အားလုံးစလာမ်ပါ။။။။

ရှဟီဒီကလေးများအတွက် ဒဖ်နာ ကိစ္စ ပြီးဆုံးသွားပါပီတဲ့။။။ဝမ်းနည်းကြေကွဲစွာနဲ. ဖတ်ရွတ်လိုက်ပါတယ်။။။

အင်နာလစ်လ္လာဟစ်လ် ၀အင်နာ အီလ္လာဟစ်လ် ရာဂျေအူးးးး

အားလုံးကို အားလုံးကောင်းသောအစား ပေးသနားတော်မူပါစေ။။။(အာမီးန်)
ရှဟီဒီကလေးများအတွက် ဒဖ်နာစီမံဆောင်ရွက်နေပုံ
ရှဟီဒီကလေးများအတွက် ဒဖ်နာ ကိစ္စ ပြီးဆုံးသွားပါပီတဲ့။။။ဝမ်းနည်းကြေကွဲစွာနဲ. ဖတ်ရွတ်လိုက်ပါတယ်။။။
အင်နာလစ်လ္လာဟစ်လ် ၀အင်နာ အီလ္လာဟစ်လ် ရာဂျေအူးးးး အားလုံးကို အားလုံးကောင်းသောအစား ပေး
သနားတော်မူပါစေ။။။(အာမီးန်)၄၈လမ်းအာရဗီစာသင်ကျောင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့သည့်
 ကျောင်းသားများ၏ အသုဘအခမ်းအနားကို ယနေ့ညနေပိုင်းက ရေဝေးသုသာန်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

စာသင်ကျောင်းမီးလောင်မှုကိစ္စနှင့်ပတ်သက်၍ စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဖွဲ့စည်းသင့်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားကိုမြအေးကယနေ့နေ့လည်၃နာရီခန့်က မီးလောင်၍ သေဆုံးသော ကျောင်းသားများ
၏ အသုဘအခမ်းအနား၌ အကြံပြုပြောကြားခဲ့သည်။
 
အဖြေကတော့ရှာရတာပဲဗျ၊အခုလိုအချိန်အခါမျိုးကြတော့ပိုဆိုးတယ်၊ပိုဆိုးတယ် ဆိုတာကရောထွေးနေ
တာသာမန်ဝါယာရှော့ဖြစ်လို့လောင်တယ်ပဲထားအပြင်သတင်းတွေကအမျိုးစုံထွက်နေတာ အတည်ယူလို့ရ
တဲ့ဟာရှိသလို အတည်ယူလို့မရတဲ့ဟာလည်းရှိတယ် သတင်းတွေနောက်မှာပဲလူတွေက   ကောလဟာလနဲ့ ရှုပ်ထွေးနေတယ် အစိုးရအနေနဲ့ကော်မရှင်ဖွဲ့သင့်တယ်၊ ဖွဲ့မယ်လို့လည်း ကျွန်တော်ကြားထားတယ်။ ဟု ကိုမြအေးကပြောသည်။
 
ဧပြီလ၂ရက်နေ့၌မီးလောင်ကျွမ်းမှုစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ
အဖွဲ့မှ ဖွဲ့စည်းခဲ့ကြောင်းကိုလည်း သိရသည်။
 
ဗိုလ်တစ်ထောင်မြို့နယ်၊(၁၀)ရပ်ကွက်ရှိဗလီကျောင်းသည်အင်္ဂါနေ့မနက်စောစောပိုင်းတွင် မီးလောင်ကျွမ်း
မှုဖြစ်ပွားခဲ့ပြီးအာရဗီကျောင်းသား(၁၄)ဦးသေးဆုံးခဲ့ကာညနေပိုင်းတွင် အသုဘအခမ်းအနား ပြုလုပ်ခဲ့ခြင်း
 ဖြစ်သည်။
 
အဆိုပါ အခမ်းအနားသို့ အစ္စလာမ်ဘာသာဝင် သိန်းဂဏန်းခန့်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ အစ္စလာမ် ဘာသာရေးခေါင်းဆောင်များ လာရောက်ပို့ဆောင်ခဲ့ကြသည်။
 
ကျောင်းသားများသေသည့်ကိစ္စနှင့်ပတ်သက်၍ အသုဘပို့သူတစ်ဦးမှလည်း ကျောင်းမီးလောင်ခြင်း၏ အဓိကတရားခံကို အစိုးရအနေနှင့်  အမြန်ဆုံအရေးယူဆောင်ရွက်သင့်ကြောင်းအကြံပြုပြောကြားခဲ့သည်။
 
ကျွန်မနဲ့တော့ဘာမှအမျိုးမတော်ပါဘူး၊ ကိုယ့်အစ္စလာမ်အချင်းချင်းမို့လို့ပါ၊ ဒီကလေးတွေက အပြစ်မဲ့တဲ့ ကလေးတွေပါ၊ ကျွန်မကတော့ အပြစ်ရှိတဲ့လူကို အစိုးရအနေနဲ့ ချက်ခြင်းအရေးယူပေးစေချင်တယ် ဟု အသုဘလိုက်ပို့သူတစ်ဦးက ပြောကြားခဲ့သည်။




ဧပြီလ ၂ ရက်နေ့ နံနက် ၂ နာရီ ၄၅ မိနစ် ၀န်းကျင်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်း အပေါ်ဘလောက်တွင် အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတစ်ခု လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အစ္စလာမ် ဘာသာရေး စာသင်ကျောင်းတွင် ကလေးငယ် ၇၀ ဦး ၀န်းကျင်ရှိပြီး ၁၃ ဦး သေဆုံးကာ ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုမှာ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ရှဟီဒီများကို ကားပေါ်သို့တင်ဆောင်နေစဉ်
YaAllah,pl give him the Swaber n strength,energy n good health for his students those who be the shaheed n the victims.Aameen
YaAllah,pl give him the Swaber n strength,energy n good health for his students those who be the shaheed n
ရှဟီဒီ ကျောင်းသာလေး ၁၃ ယောက်၏ နောက်ဆုံးခရီးစဉ်ကို ရေဝေး အစ္စလာမ်ဥယျာဉ်တော်သို့ လိုက်ပါပို့ဆောင်ကြသူများ
ရှဟီဒီ ကျောင်းသာလေး ၁၃ ယောက်၏ နောက်ဆုံးခရီးစဉ်ကို ရေဝေး အစ္စလာမ်ဥယျာဉ်တော်သို့ လိုက်ပါပို့ဆောင်ကြသူများ
Photo
ရှဟီဒီ ကျောင်းသာလေး ၁၃ ယောက်၏ နောက်ဆုံးခရီးစဉ်ကို ရေဝေး အစ္စလာမ်ဥယျာဉ်တော်သို့ လိုက်ပါပို့ဆောင်ကြသူများ
  • မီးလောင်တဲ့ကျောင်းက ကျောင်းသားလေးတွေနဲ့ ဖုန်းပြောဖြစ်တယ်

နောက်ဆုံးမေးကြည့်ဖြစ်တာက အခုဖြစ်သွားတဲ့အချိန်မှာ ကလေး ဘယ်လို ခံစားနေရလဲဆိုတော့ "ကျွန်တော် တအားဝမ်းနည်းတယ်။ ကျွန်တော့်သူငယ်ချင်းတွေ သေသွားပြီ"တဲ့ 

(Post By Waing Wyut Yee)

(Photo By Abdul Hakeem )
    မီးလောင်တဲ့ကျောင်းက ကျောင်းသားလေးတွေနဲ့ ဖုန်းပြောဖြစ်တယ် နောက်ဆုံးမေးကြည့်ဖြစ်တာက အခုဖြစ်သွားတဲ့အချိန်မှာ ကလေး ဘယ်လို ခံစားနေရလဲဆိုတော့ "ကျွန်တော် တအားဝမ်းနည်းတယ်။ ကျွန်တော့်သူငယ်ချင်းတွေ သေသွားပြီ"တဲ့
    ၄၈ လမ်းစာသင်ကျောင်းမှ ရှဟီးဒ်ဖြစ်သွားသော ကလေးသူငယ်များ
    ၄၈ လမ်းစာသင်ကျောင်းမှ ရှဟီးဒ်ဖြစ်သွားသော ကလေးသူငယ်များ

Myit MakhaMedia, Rangonnewsdaily
RND:2.4.2013

0 comments:

Post a Comment