Pages

Saturday, May 3, 2014

လက်ဝှေ့ထိုးဖို့ မွေးဖွားလာသူ (သို့မဟုတ်) ဒေါင်းနီ


RangonNewsDaily: May . 3 .2014
မြန်မာ့လက်ဝှေ့ကို ဝါသနာပါလွန်းသဖြင့် နိုင်ငံအနှံ့ လက်ဝှေ့ပြိုင်ပွဲတွေမှာ လိုက်လံထိုးသတ်ရင်း ရှုံးသည့်အခါ ပါလာသည့် အင်္ကျီ၊ ပုဆိုးလေးတွေကို ပေါင်နှံရောင်းချပြီး အိမ်ပြန်ခဲ့ရသည့် လက်ဝှေ့သမားတယောက်ရဲ့ ဘဝ၊ မိဘတွေက လက်ဝှေ့ထိုးသည့် အလုပ် ကို လုံးဝ သဘောမတူသဖြင့် ရလာသည့် ဒဏ်ရာဒဏ်ချက်တွေကို ကိုယ့်ဘာသာ ကြိတ်မှိတ် ဆေးကုရတဲ့ ဘဝ၊

ကိုလံဘီယာနိုင်ငံတွင် တရားမ၀င် မိုင်းတွင်းပြိုကျပြီး လူသုံးဦးသေ၊ ၃၀ ဦး ထပ်မံသေဆုံးဖွယ်ရှိ


RangonNewsDaily: May . 3 .2014
ဆန်တန်ဒါဒီကွီလီချာအိုကိုလံ ဘီယာ နိုင်ငံအနောက်ပိုင်းရှိ တ ရားမ၀င်ရွှေတွင်းတစ်တွင်း ပြိုကျ ပြီးနောက် အနည်းဆုံးလူသုံးဦး သေဆုံးပြီး နောက်ထပ် လူပေါင်း ၃၀ သေဆုံးဖွယ်ရှိသည်ဟု ကယ် ဆယ်ရေးအရာရှိများက မေလ ၁ ရက်တွင် ပြောသည်။
အခင်းဖြစ်ရာ နေရာသို့ ရောက်လာပြီး အလောင်းသုံး လောင်းဖယ်ရှားနိုင်ခဲ့သည်ဟု အ ခင်းဖြစ်ပွားရာကော်ကာပြည်နယ် မီးသတ်ဌာန အကြီးအကဲ ဗစ်တာ ကလာရို့စ်က ပြောသည်။

ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်းလည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ် ဖွင့်မည်


RangonNewsDaily: May . 3 .2014
နိုင်ငံတကာအဆင့်မီ ဝန်ဆောင်မှု ပေးနိုင်သည့် ဟိုတယ်အရေအတွက် နည်းပါးနေမှုကို ဖြည့်ဆည်းပေးရန် ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်ဈေးဝယ်စင်တာတွင် ကမ္ဘောဇဘဏ် ချေးငွေဖြင့် လုပ်ငန်း လည်ပတ်မည့် ကြယ်လေးပွင့် အဆင့်ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်
ကို ၂၀၁၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြား
သည်။

လက်ပံတောင်းတောင် လယ်တီသိမ် ရွှေ့ပြောင်းခြင်းအပေါ် ဒေသခံများနှင့် သံဃာအချို့ ဆက်ဆံရေး ရုံးထံမှ ဖြေရှင်းချက်တောင်း


RangonNewsDaily: May . 3 .2014
စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်းတောင် ဒေသ၌ ဧပြီလ နောက်ဆုံးပတ်အတွင်း ပြောင်းရွှေ့နေပြီ ဖြစ်သော လယ်တီသိမ်အား ရွှေ့ပြောင်းမှုတွင် တာဝန်ရှိသူများအနေနှင့် ပွင့်လင်းမြင်သာမှု မရှိသည့်အပေါ် ဖြေရှင်းချက်ပေးရန် မေလ ၁ ရက်နေ့ ညနေပိုင်းက ဆည်တည်းရွာနှင့် တုံရွာတို့မှ ဒေသခံ လူအင်အား တစ်ရာခန့်နှင့် သံဃာအချို့သည် ဆည်တည်း-ဇီးတော ရွာသစ်ရှိ ဆက်ဆံရေးရုံးသို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အိမ်ခြေမဲ့ တွေကို အခမဲ့ ဆံပင်ညှပ် ပေးတဲ့ အဖိုးအို


RangonNewsDaily: May . 3 .2014
ဆံပင်ပဲ ညှပ်ပေးတာ မဟုတ် ပါဘူး။ နှုတ်ခမ်းမွေး လည်း ရိပ်ပေး ပါတယ်။ သူ့ အမည်က Anthoney Crymerys ဖြစ်ပြီး နယူးယောက်၊ Hartford မြို့ငယ် လေးမှာ နေထိုင် ပါတယ်။

ကစားသမားဘဝ အနာဂတ် မဆုံးဖြတ်ရသေးဟု မန်ယူ ယာယီနည်းပြ ရိုင်ယန်ဂစ်ဆို


RangonNewsDaily: May . 3 .2014
မန်ယူအသင်းရှိ မိမိ၏ အနာဂတ်မှာ မသေချာသေးဘဲ ကစားသမားဘ၀မှ အနားယူရန်ကိုလည်း ချိန်ဆနေကြောင်း အသင်း၏ယာယီ
နည်းပြ ရွိုင်ယန်ဂစ်က ပြောကြား လိုက်သည်။

ဘန်ကောက်နှင့် မြိတ် လေယာဉ် တိုက်ရိုက်ပျံမည်

RangonNewsDaily: May . 3 .2014
မေလမှ စ၍ တနင်္သာရီတိုင်း မြိတ်မြို့ နှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကြားတွင် တိုက်ရိုက်ခရီးစဉ်တခု တပတ် လျှင် ၂ ကြိမ် ပျံသန်းသွားမည်ဖြစ်သည်ဟု သိရသည်။ထိုင်းနိုင်ငံ၏ မြို့တော်နှင့် မြန်မာနိုင်ငံ၏ တောင်ဖက်ရှိ ကမ်းခြေမြို့ကို ဆက်သွယ်ပေးရန် ခရီးသည် ၁၆၈ ဦး လိုက်ပါနိုင် သည့် ဘိုးအင်း ၇၃၇ လေယာဉ် ၁စီးဖြင့် တည်ထောင်လိုက်သည့် လေကြောင်းလိုင်းသစ်က ကမ္ဘာလှည့် ခရီးသည်များ လာရောက်နိုင်ရန် လမ်းဖွင့်လိုက်ပြီဖြစ်သော လူသူအရောက်အပေါက်နည်းသည့် ကျွန်းစုဒေသသို့ ရောက်ရှိနိုင်ရန် လမ်းကြောင်းတခုဖြစ်လာသည်။

ရန်ကုန်ရှိ မိုဘိုင်းလ် ဖုန်းဆိုင်များကို အခွန်ဘုတ်အဖွဲ့ လိုက်လံစစ်ဆေးမည်


RangonNewsDaily: May . 3 .2014
ရန်ကုန်မြို့တော်တွင် အခွန်ပေးဆောင်ခြင်း မရှိသည့် မိုဘိုင်းလ် ဖုန်းဆိုင်များ များပြားနေကြောင်း၊ မိုဘိုင်းလ် ဖုန်းဆိုင်များကို ဇူလိုင်လမှ စတင်၍ အခွန်ဘုတ်အဖွဲ့က လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

မီးပွိုင့်များတွင် မှတ်သားဖမ်းဆီးမှု စတင်သည့်နေ့ စည်းကမ်းမဲ့ယာဉ် ၆၀၀ ကျော်ဖမ်းမိ


RangonNewsDaily: May . 3 .2014
ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို မေလ ၁ ရက် နေ့မှ စတင်၍ မှတ်သား ဖမ်းဆီးခွင့် ပေးခဲ့ရာ ယင်းတစ်ရက်အတွင်း ယာဉ်စီးရေ ၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။

နနွင်းက ဆီးကျိတ်ကင်ဆာ ရှိသူများတွင် ကင်ဆာပြန့်ပွားမှုကို ဟန့်တားနိုင်


RangonNewsDaily: May . 3 .2014
နနွင်းမှုန့်ကို နှစ်ပေါင်းများစွာကတည်းက အရိုးအဆစ်ရောင် ရောဂါနဲ့ တခြားရောဂါတွေကို ကုသဖို့ အသုံးပြုခဲ့ကြပါတယ်။ နနွင်းမှာ ပါဝင်တဲ့ ကာကူမင်ဟာ ရောင်ရမ်းမှုကို တားမြစ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

နေ့ထူးနေ့မြတ် များ၌ ခြွင်းချက်မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်းမည်


RangonNewsDaily: May . 3 .2014
အစဉ်အလာ နေ့ထူးနေ့မြတ်ကြီး များတွင် အလုပ်သမား များအား ခြွင်းချက် မရှိ အလုပ်ပိတ် ပေးရန် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ် ကြောင်း အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောသည်။

ဆေးလိပ် နှင့် ကင်ဆာ ရောဂါ


RangonNewsDaily: May . 3 .2014
တစ်ကမ္ဘာလုံးမှာ ကင်ဆာ ရောဂါဖြစ်ပွားမှု နှုန်းဟာတစ်နေ့ထက် တစ်နေ့ ပိုမို မြင့်မား လာနေတာကြောင့်လူ့ သက်တမ်း စေ့နေထိုင်
 နိုင်ရေး အတွက်အထူးဂရုပြု နေထိုင် သင့်ပါတယ်။

လားရှိုး၌ ရေမြောင်းတူးစဉ် တရုတ်စက်လက်ကျည်များတွေ့ရှိ

RangonNewsDaily: May . 3 .2014
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက်(၁၀)နယ်မြေ(၃) ၌နေအိမ်ခြံစည်းရိုး အုတ်တံတိုင်း အရှေ့ ရေမြောင်းတူးဖော်ရာမှသေနတ် ကျည်ဆံများကို ဆွေးမြေ့နေသည့် ကျည်အိတ် ဆွေးမြေ့သံသေတ္တာနှင့် အတူ မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀) အချိန်က တွေ့ရှိခဲ့ကြောင်း ဒေသခံ များထံမှတွေ့ရှိရသည်။