Pages

Saturday, May 3, 2014

မီးပွိုင့်များတွင် မှတ်သားဖမ်းဆီးမှု စတင်သည့်နေ့ စည်းကမ်းမဲ့ယာဉ် ၆၀၀ ကျော်ဖမ်းမိ


RangonNewsDaily: May . 3 .2014
ရန်ကုန်မြို့တွင်းရှိ မီးပွိုင့်များတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို မေလ ၁ ရက် နေ့မှ စတင်၍ မှတ်သား ဖမ်းဆီးခွင့် ပေးခဲ့ရာ ယင်းတစ်ရက်အတွင်း ယာဉ်စီးရေ ၆၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။
တန်ဖိုးမြင့် စီမံချက် ဒဏ်ငွေများဖြင့် ဖမ်းဆီးမှုကို ဖျက်သိမ်းပြီး နောက်ပိုင်း ယာဉ်များမှာ မီးပွိုင့်များတွင် စည်းကမ်း ချိုးဖောက်မှု ပိုမိုများပြားလာသောကြောင့် မှတ်သား ဖမ်းဆီးခြင်းကို ပြန်လည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး အများဆုံး ဖမ်းဆီးရမိသည်မှာ ခရီးသည်တင် ယာဉ်များ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“မှတ်သား ဖမ်းဆီးခံရတဲ့ ကားကို သူအဖမ်းခံရမှန်း သိအောင် ယာဉ်ထိန်းက ဖမ်းတဲ့အကြောင်း ခရာမှုတ် အချက်ပြမယ်။ လှုပ်ရှားမှု မရှိတဲ့ ကားတွေကိုတော့ ဓာတ်ပုံရိုက်ပြီး မှတ်သားဖမ်းဆီးမယ်။ ဒဏ်ငွေကတော့ ၁၅၀၀ ပါ။ မှတ်သားဖမ်းဆီးမှုကြောင့် ယာဉ်စည်းကမ်း ချိုးဖောက်မှု လျော့သွားတဲ့ မီးပွိုင့်က ယာဉ်ထိန်းရဲတွေကို လစာအပိုငွေ ထောက်ပံ့မှုတွေ ပေးသွားမယ်” ဟု ၎င်းကဆိုသည်။

ယာဉ်တင်သွင်းခွင့် မူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိပြီး မီးပွိုင့်များတွင် လမ်းပြောင်းပြန်မောင်းခြင်း၊ လူအတင်အချ ပြုလုပ်ခြင်း၊ မီးနီဖြတ်မောင်းခြင်း၊ FREE ကွေ့ကြောတွင် အတည့်သွားမည့် ယာဉ်များက ပိတ်ဆို့ရပ်ထားခြင်း တို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသဖြင့် ယင်းကဲ့သို့ မှတ်သားဖမ်းဆီးခွင့် ပေးရခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပွိုင့်ရဲတွေက ဖမ်းခွင့်မရှိတော့ ယာဉ်မောင်းတွေက လေးစားမှု မရှိတော့ဘူး။ ကွေ့ကြောမှာ တည့်တည့်လာရပ်ထားလို့ သွားပြောတဲ့အခါ မမျှော်လင့်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တယ်” ဟု ၎င်းကဆိုသည်။

စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို တိတိကျကျ ခရာမှုတ် သတိပေး ဖမ်းဆီးမည်ဆိုပါက ပွင့်လင်းမြင်သာသည့် အခြေအနေတစ်ရပ်ဟု သုံးသပ်မိကြောင်း၊ ဒဏ်ငွေက ၁၅၀၀ ကျပ်ဖြစ်သဖြင့် ယာဉ်ထိန်းများအနေနှင့် လာဘ်ပေးလာဘ်ယူမှု နည်းပါးနိုင်ကြောင်း ယာဉ်မောင်းသက် နှစ် ၂၀ ကျော်ရှိသူ ဦးထွန်းထွန်းဝင်းက ဆိုသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment