Pages

Saturday, November 9, 2013

3D Printed အသဲအတု အစားထိုးနိုင်မည်

Photo: 3D Printed အသဲအတု အစားထိုးနိုင်မည်
Saturday, November 9, 2013

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။ 

ယင်းအသဲအတုဟာ လူ့ ခန္ဓာကိုယ်ထဲမှာ ရက် ၄၀ တိတိအသက်ရှင် လုပ်ကိုင်နိုင်ပြီး အရေးတကြီး အစားထိုး ကုသုလိုသူများအတွက် အဆင်ပြေကြောင်း သိရပါတယ်။ 3D Printed ဆိုတာ အရွယ်အစား၊ ပုံစံ အားလုံးကို အချိုးအစားတူ ထုတ်ယူခြင်း ဖြစ်ပါတယ်။ ဒါကို 3D Printed လို့ဆိုပါတယ်။ စင်တီမီတာ၊ မီလီမီတာ အစိတ်အပိုင်းက အစ ကွဲလွဲမှုမရှိအောင် သုံးဖက်မြင် စနစ်သုံး လေစာ ပရင်တာက ဘက်ပေါင်းစုံကို မိတ္တူပွားလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးတော့ အသဲအတုကို ဖန်တီးပေးထား ပါတယ်။ အသဲရဲ့  ထုံးစံ အတိုင်း သွေးလည်ပတ်မှုကို သာမန်လူတစ်ယောက် လိုပဲ ထောက်ပံ့ပေးပါမယ်။ အညစ်အကြေးတွေ ဖယ်ရှားပေးပါမယ်။ အခြားသော အသဲလုပ်ဆောင်ချက်များလည်း ပါဝင်ပါမယ်။ 

လက်တလော ဖန်တီးထားချက်က ရက် ၄၀ သာ ခံပေမယ့် အနာဂတ်မှာ တစ်သက်လုံးခံမယ့် အသဲဖန်တီးနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီတော့ အသဲ အစစ်နေရာမှာ အသဲအတုတောင် ထည့်သွင်းနိုင်ပြီဆိုတော့ အခြား အစိတ်အပိုင်းများလည်း အစားထိုးလို့ရနိုင်လာတော့မှာပါ။ နည်းပညာ နဲ့ ဆေးပညာ ပေါင်းစပ်မှုကြောင့် လူ့အသက်ရှည်လာရမှာတော့ အမှန်ပါပဲ။ 3D Printed Liver များကို လက်တလော အမေရိကန် ဆေးလောကတွင် စတင် အသုံးပြုသွားဖွယ် ရှိကြောင်း သိရ ပါတယ်။
.
Ref:pocketlint
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 9 .2013
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ San Diego မြို့ က Organovo အမည်ရ ဆေးပညာနဲ့ နည်းပညာ အဖွဲ့အစည်း တစ်ခုက ဖန်တီးလိုက်တဲ အသဲအတု ဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ ကျင်းပနေသော မယ်စကြဝဠာပြိုင်ပွဲတွင် မြန်မာအလှမယ် မိုးစက်ဝိုင် ဆုတစ်ဆုရရှိပြီ

Photo: မိုးစက်ဝိုင် ဆုတခု ရပြီ

Pagenatology.net က ပေးတဲ့ people’s choice award ပရိသတ် အကြိုက်ဆုံး ဆုကို ရရှိ ထားပြီ ဖြစ်တဲ့ မိုးစက်ဝိုင်ဟာ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အခုည မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံး အဆင့် အတွက် ဝင်ရောက် ယှဉ်ပြိုင်တော့မှာ ဖြစ်ပါတယ်။ 

မိုးစက်ဝိုင်ဟာ မယ်စကြဝဠာရွးပွဲ ဆန်ကာတင် အဆင့်တွေမှာ အရွေး ခံခဲ့ရသူ ဖြစ်ပါတယ်။

BBC

RangonNewsDaily:: November . 9 .2013
ရုရှားနိုင်ငံမှာ ကျင်းပနေသောမယ်စကြဝဠာပြိုင်ပွဲ မြန်မာအလှမယ် မိုးစက်ဝိုင် ဆုတစ်ဆုရရှိပြီဖြစ်ကြောင်း
သတင်းရရှိပါသည်။Pagenatology.net က ပေးတဲ့

ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား

Photo: ကြေးဆင်းတုတော်မှ ဆံတော်များ ပွင့်ဟုဆိုကာ စိတ်ဝင်တစား ဖူးမြော်သူများပြား
Saturday, November 9, 2013

 မိတ္ထီလာ မြို့ အမှတ်(၁)အထက်တန်း ကျောင်းဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။ 

နိုဝင်ဘာ ၇ ရက်တွင် လွန်ခဲ့ သော နှစ် ၂ဝခန့်က အမှတ်(၁) အထက်တန်းကျောင်းဓမ္မာရုံတွင်ပူဇော်ထားသော ဉာဏ်တော် ၂ပေခန့်ရှိ ကြေးဆင်းတုတော် အား သတ္တမတန်းမှ ကျောင်းသား မောင်စည်သူအောင်က ကြေး ဆင်းတုတော်ကို ပန်းကုန်း ပူဇော်ရာမှ ဆံတော်များပွင့်နေသည် ကိုဖူးမြော်ရသဖြင့် အတန်းပိုင် ဆရာမမှတစ်ဆင့် ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာအား သတင်းပေးပို့ရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာလာနှင့် ဆရာ၊ ဆရာမများ သွားရောက်ကြည် ညိုရာ ဘူမိဖဿ မုဒြ ပုံစံကြေး ဆင်းတုတော်၏ ဦးခေါင်းတော် မှ ထူးဆန်းစွာဆံတော်များပွင့်နေ သည်ကို ဖူးတွေ့ကြရကြောင်း သိရသည်။

အမှတ်(၁) အထက်တန်း ကျောင်းဓမ္မာရုံတွင် ကိန်းဝပ်နေ သော ကြေးဆင်းတုတော်မှ ဆံ တော်များပွင့်နေသည့် သတင်း ကြောင့် သွားရောက်ဖူးမြော်ကြည် ညိုကြရာ အမှတ်(၁) အထက် တန်းကျောင်းတွင် ဘုရားဖူးများ အထူးစည်ကား လျက်ရှိသည်။

ကိုတင်လှိုင်
ဘုရားဆင်းတုဦးခေါင်းတော်မှ ဆံတော် များပေါ်ထွက်နေပုံ(ပုံသေး)နှင့် ကြည့် ရှုဖူးမြော်နေကြသူများ(ပုံကြီး)ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကိုတင်လှိုင်
ဘုရားဆင်းတုဦးခေါင်းတော်မှ ဆံတော် များပေါ်ထွက်နေပုံ(ပုံသေး)နှင့် ကြည့် ရှုဖူးမြော်နေကြသူများ(ပုံကြီး)ကို တွေ့ရစဉ်။ ဓာတ်ပုံ-ကိုတင်လှိုင်
RangonNewsDaily:: November . 9 .2013
မိတ္ထီလာ မြို့ အမှတ်(၁)အထက်တန်း ကျောင်းဓမ္မာရုံတွင် ပူဇော်ထားသည့် ဉာဏ်တော် ၂ပေခန့်ရှိကြေးဆင်း တုတော်မှ ဆံတော်များပွင့်နေ သဖြင့် လာရောက်ဖူးမြော်နေကြ သူများဖြင့် စည်ကားလျက်ရှိသည်။

ရွှေ အစစ်ဖြင့်လုပ်သော iPad နောက်ဆုံးထွက်များ မှာယူနိုင်

Photo: ရွှေ အစစ်ဖြင့်လုပ်သော iPad နောက်ဆုံးထွက်များ မှာယူနိုင်
Saturday, November 09, 2013 

Apple က ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ Mini 2 ထွက်မယ်လို့ သတင်း ကြီးပြီးခါမှ ရွှေဗားရှင်း ပါမလာခဲ့ပါဘူး။ 

ဒီတော့ ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ iPad Mini Retina ဗားရှင်း ကို ဗြိတိန် အခြေဆိုက် Goldgenie က ဖန်တီးပေးလိုက် ပါတယ်။ 24ct အရည်အသွေးရှိတဲ့ ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Wi-Fi + 4G Sim Free ဗားရှင်း ဖြစ်ပါတယ်။ 

iPad Air - 16 GB ဗားရှင်းအတွက် ဗြိတိန်ပေါင် 1386 , 128 GB GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1825 ဆိုပြီး ဈေးနှုန်း သတ်မှတ် ထားပါတယ်။ 

iPad mini with Retina Display ကိုတော့ 16 GB ဗားရှင်း အတွက် ဗြိတိန်ပေါင် 1377, 128 ဗားရှင်းအတွက် ဗြိတိန်ပေါင် 1777 အစရှိသဖြင့် ဈေးနှုန်း သတ်မှတ် ထားပါတယ်။ 

ရွှေဗားရှင်းရယ်လို့ မဟုတ်ပဲ၊ ပလက်တီနမ်နဲ့ပါ မှာယူသူရှိရင် ပြုလုပ် ဖန်တီးပေးကြောင်း ဆိုပါတယ်။ အော်ဒါမှာယူလိုသူများ www.goldgenie.com မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။ 
.
အောင်ခမ်း ( ရိုးရာလေး )

RangonNewsDaily:: November . 9 .2013
Apple က ရွှေအစစ်နဲ့ လုပ်တဲ့ iPad Air နဲ့ Mini 2 ထွက်မယ်လို့ သတင်း ကြီးပြီးခါမှ ရွှေဗားရှင်း ပါမလာခဲ့ပါ
ဘူး။

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး

Photo: မုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး လူ ၁၀၀ သေဆုံး
Saturday, November 09, 2013 

ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။

မုန်တိုင်း လမ်းကြောင်းပေါ် တည့်တည့်ကျရာက်ခဲ့တဲ့ လူဦးရေ နှစ်သိန်းလောက်ရှိတဲ့ တက္ကလိုဘန်းမြို့မှာ အိမ်တိုင်းနီးပါး ပျက်စီးသွားသလို၊ စီဘူး ပြည်နယ်ထဲက မြို့တွေမှာလည်း လေပြင်းကြောင့် အိမ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး သီးနှံတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆင့် ၅ ရှိတဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ၀င်ရောက်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်ပြီး အသေအပျောက်နဲ့ အပျက်အစီးတွေလည်း ထပ်တိုးလာဖို့ ရှိနေပါတယ်။

ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုက်ဖွန် မုန်တိုင်း အကြိမ် ၂၀ လောက်နဲ့ ရင်ဆိုင်ရလေ့ ရှိတာပါ။ ဟိုင်ယန် မုန်တိုင်းဟာ ဒီနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ၀င်ခဲ့တဲ့ မုန်တိုင်းတွေထဲမှာ အဆင့်ငါး သတ်မှတ်ထားတဲ့ ဒုတိယမြောက် မုန်တိုင်း ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ၂၄ လုံး မြောက် မုန်တိုင်းလည်း ဖြစ်ပါတယ်။

မနှစ်တုန်းက တိုက်ခတ်သွားခဲ့တဲ့ ဘိုဖာ မုန်တိုင်းကြောင့် မန်ဒါနာအို ပြည်နယ်မှာ လူ ၁၁၀၀ လောက် သေဆုံးပြီး အပျက်အစီး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ လောက် ရှိခဲ့ပါတယ်။

မုန်တိုင်း အကြိုမှာ ကတည်းက လူပေါင်း တသန်းလောက်ဟာ ဒေသ ၃၇ ခုက ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေကြရပြီး ဖြစ်ပါတယ်။ တိုက်ဖွန် မုန်တိုင်းဟာ ဖိလစ်ပိုင်ကို ကျော်လွန် သွားပြီးတဲ့နောက် တောင်တရုတ်ပင်လယ်ထဲမှာ ပြန်လည် အားကောင်းလာနိုင်ပြီး ဗီယက်နမ် နိုင်ငံထဲကို နိုဝင်ဘာ ၁၀ ရက်နေ့ ၀င်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB TV News

RangonNewsDaily:: November . 9 .2013
ဟိုင်ယန် တိုက်ဖွန် မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ အနည်းဆုံး လူ ၁၀၀ သေပြီး လေပြင်းနဲ့ ရေလျှံတာတွေကြောင့် အိမ်တွေ ပျက်စီးသွားတယ်လို့ အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။

" ဆီးဂိမ်း အားကစား သမားတွေ အတွက် အနုပညာနဲ့ ကူညီအားဖြည့်ပေးတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ"

Photo: " ဆီးဂိမ်း အားကစား သမားတွေ အတွက် အနုပညာနဲ့ 
ကူညီအားဖြည့်ပေးတဲ့ ဒါရိုက်တာ ကျော်နှင်းဆီ"
Saturday, November 09, 2013 

မကြာခင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပတော့မယ့် ဆီးဂိမ်း အား ကစားပြိုင်ပွဲ အတွက် အနုပညာရှင်တွေ ကလည်း တစ်ဖက် တစ်လမ်းက ကူညီ နေကြပါတယ်။ ဒါရိုက်တာ ကျော်နှင်း ဆီက မြန်မာ အားကစားသမားတွေ အတွက် ဂုဏ်ပြု သီဆိုထားတဲ့ တေးရေး၊ တေးဆို အာကာကျော် ရဲ့ “ရွှေခေတ်ရောက်ခဲ့ပြီ” သီချင်းကို ရိုက်ကူး ပုံဖော်ခဲ့ပါတယ်။

ဆီးဂိမ်းအတွက် အနုပညာနဲ့ အားဖြည့် ကူညီခဲ့တဲ့ ဒါရိုက်တာ ကျော်နှင်းဆီက “သီချင်းက မြန်မာနိုင်ဖို့ အတွက်ကိုပဲ ရေးစပ်ထားတာ။ ဘယ်အားကစား လာလာ၊ ဘယ် တိုင်းပြည်ကို ပဲ သွားသွား၊ မြန်မာကို သီးသန့် ကိုယ်စားပြုထားတဲ့ သီချင်းဖြစ်တော့ ကျွန်မက ရိုက်ကူးတဲ့ခါမှာ မြန်မာအလံ အရောင်တွေပဲ သုံးထားတယ်။ အက အဖွဲ့တွေရော၊ ပါဝင် သရုပ်ဆောင်တဲ့ ကလေးတွေရော၊ အလံ ကိုယ်စားပြု အရောင်တွေပဲ သုံးထားတယ်။ ကျွန်မတို့က အားကစားကို ရိုက်ဖို့လည်း အဆင်မပြေတော့ ပါဖောမန့်တွေ နဲ့ အကသမားတွေ ဘောလုံးကန်တဲ့ ပုံစံ၊ အပြေးသမားတွေရဲ့ ပါဖောမန့်ပုံစံ၊ အားပေးတဲ့သူတွေနဲ့ တီးဝိုင်း band တွေနဲ့ ဆန်းဆန်းလေး ရိုက်ကူးထားပါ တယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ ဆီးဂိမ်းမှာ ယှဉ်ပြိုင်မယ့် မြန်မာ အားကစားသမားတွေ အပေါ် ဒါရိုက်တာ ကျော်နှင်းဆီက..

“အတ္တကြီးတယ်ပဲပြောပြော၊ ကိုယ့်မြန်မာပဲ နိုင်စေချင်တာပေါ့။ ကိုယ့်နိုင်ငံ မှာပဲ လုပ်လုပ်၊ သူများ နိုင်ငံမှာပဲ လုပ်လုပ် ပြိုင်ပွဲဝင်ပြီ ဆိုရင်တော့ မြန်မာပဲ နိုင်စေချင်တယ်။ ဆီးဂိမ်း အားကစား ပြိုင်ပွဲကိုလည်း တအား စိတ်ဝင်စားပါတယ်။ ဒီပွဲကြီးက မြန်မာနိုင်ငံမှာ လုပ်တာ ဆိုတော့ စိုးရိမ်မိ တယ်။ ကိုယ့်နိုင်ငံမှာ လာပြိုင်တာ ဖြစ်တဲ့တွက် ဧည့်သည်တွေကို ဧည့်ဝတ် ကျေပါ့မလားလို့ တွေးမိတယ်။ ကိုယ့်နိုင်ငံက အိမ်ရှင်ဖြစ်တဲ့ အတွက်လည်း ကျေနပ်ဂုဏ် ယူမိပါတယ်”လို့ ပြောပါတယ်။

Popular Journal

RangonNewsDaily:: November . 9 .2013
မကြာခင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပတော့မယ့် ဆီးဂိမ်း အား ကစားပြိုင်ပွဲ အတွက် အနုပညာရှင်တွေ ကလည်း တစ်ဖက် တစ်လမ်းက ကူညီ နေကြပါတယ်။

စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ

Photo: စစ်တွေအကျဉ်းထောင် အုတ်တံတိုင်းပြိုကျ
Saturday, November 09, 2013 

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

အဆိုပါ ပြိုကျသည့် အုတ်တံတိုင်းသည် စစ်တွေမြို့ ပြည်တော်သာ ရပ်ကွက်တွင် တည်ဆောက်ထားသော စစ်တွေ အကျဉ်းထောင်၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး အုတ်ရိုး၏ အလျားပေ ၃၀ခန့်၊ အမြင့် ၁၈ ပေခန့် ပြိုကျခဲ့သော်လည်း မည်သူမျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း၊ အဆိုပါ အကျဉ်းထောင်မှာ အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သဖြင့် နှစ်ကာလရှည် ကြာလာသောကြောင့် အုတ်တံတိုင်းမှာ ဆွေးမြည့်ပြိုကျခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ထောင်ရဲ့အပြင်ဘက်ကို တစ်ဖက်တည်းကို လဲကျသွားတယ်။ မြို့နေသူတွေ လှုပ်လှုပ်ရှားရှား မရှိပါဘူး” ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အကျဉ်းထောင် အုတ်တံတိုင်း ပြိုကျမှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် ထောင်ပိုင်ကြီးထံ တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မပြုပေ။

အင်္ဂလိပ်ခေတ်တွင် တည်ဆောက်ခဲ့သော စစ်တွေ အကျဉ်းထောင်မှာ နှစ်ပေါင်း ကြာမြင့်နေသောကြောင့် ပြန်လည် ပြုပြင်သင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောကြားသည်။
“အခုပြိုကျတာတော့ ဘာမှမဖြစ်ဘူး။ အကျဉ်းထောင်ထဲက မကောင်းတဲ့လူတွေ ထောင်ဖောက်မှာကို စိုးရိမ်ရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်တွေ အကျဉ်းထောင်ကို ၁၈၂၇ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်အထိ နှစ်ပေါင်း ၁၈၆ နှစ် ကြာမြင့်ပြီ ဖြစ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာနသည် ကချင်ပြည်နယ် မိုးညှင်း အကျဉ်းထောင်နှင့် မွန်ပြည်နယ် မော်လမြိုင် အကျဉ်းထောင် နှစ်ခုကို ပြန်လည် တည်ဆောက်ရန် ကျပ် ၄၂၅ သန်းကို တောင်းခံထားရာ နိုဝင်ဘာလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 9 .2013
ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော နှစ် ၁၈၀ ကျော် သက်တမ်းရှိသည့် ရခိုင်ပြည်နယ် စစ်တွေ အကျဉ်းထောင်၏ အပြင်အုတ်တံတိုင်း နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြိုကျခဲ့ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။

ပြည်ပကုမ္ပဏီများနှင့် ယှဉ်နိုင်ရန် မြန်မာ Animation လေးဖွဲ့ ပူးပေါင်း၍ ကုမ္ပဏီထောင်

Photo: ပြည်ပကုမ္ပဏီများနှင့် ယှဉ်နိုင်ရန် မြန်မာ Animation လေးဖွဲ့ ပူးပေါင်း၍ ကုမ္ပဏီထောင်
Saturday, November 09, 2013 

ပြည်ပနိုင်ငံများမှ Animation ကုမ္ပဏီများ ပြည်တွင်း ဝင်ရောက်လာသဖြင့် လုပ်ငန်း ယှဉ်ပြိုင်နိုင်ရန် မြန်မာ Animation လုပ်ငန်းလေးဖွဲ့ ပူးပေါင်း၍ Epic Media ကို တည်ထောင်လိုက်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်ဆန်းက ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ဆောင်ရွက်ခြင်းကြောင့် ပြည်ပ Animation ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရာတွင် လုပ်ငန်း တစ်ခုတည်း ရပ်တည်ပါက ယှဉ်ပြိုင်နိုင်ရန် ခက်ခဲသောကြောင့် ပူးပေါင်းရခြင်း ဖြစ်ကြောင်း Animation Creative Director ဖြစ်သူ ဦးဇော်ဘိုဘိုဟိန်းက ပြောဆိုသည်။

ပြည်တွင်းမှ ဖန်တီးသော Animation များနှင့် နိုင်ငံတကာ Animation များအကြား အရည်အသွေး ကွာခြားမှု သိပ်မများသော်လည်း အသုံးပြုသော စက်များနှင့် ငွေကြေးအင်အား ကွာခြားသောကြောင့် မယှဉ်ပြိုင်နိုင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကျွန်တော်တို့ဆီမှာ Animation ဖန်တီးရင် တီးလုံးလည်း ကျွန်တော်ပဲ။ တစ်ခုလုံး ကျွန်တော်ပဲ ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်း ကာတွန်းများမှာ အရုပ်လှုပ်ရှားမှုနှင့် နောက်ခံအသံ အသုံးပြုမှုများတွင် ပြည်ပနှင့် အလွန်ကွာခြားကြောင်း လေ့လာသူများက ဆိုသည်။

Epic Media က Animation များ ဖန်တီးရာတွင် အရည်အသွေးကို အဓိကထားမည် ဖြစ်ပြီး လုပ်ငန်းအကြီးစားများ ဖန်တီးရာတွင် ရင်ဆိုင်ရသော အချိန် ပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း Visual Effect ပညာရှင် ဦးလင်းထက်မော်က ပြောကြားသည်။

Epic media ကို ရိုးရာလေး၊ omni၊ Star hazer နှင့် Gambi Animation လုပ်ငန်းလေးခု ပူးပေါင်း တည်ထောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

စက်တင်ဘာလ အတွင်းကလည်း ဂျပန် Animation ကုမ္ပဏီတစ်ခုနှင့် ပြည်တွင်းရှိ KaungHtet Group of Company တို့ ပူးပေါင်း၍ ADK KH Myanmar Co., Ltd. ကို တည်ထောင်ရန် လက်မှတ်ရေးထိုးခဲ့သည်။

The Voice Weekly

RangonNewsDaily:: November . 9 .2013
ပြည်ပနိုင်ငံများမှ Animation ကုမ္ပဏီများ ပြည်တွင်း ဝင်ရောက်လာသဖြင့် လုပ်ငန်း ယှဉ်ပြိုင်နိုင်ရန် မြန်မာ Animation လုပ်ငန်းလေးဖွဲ့ ပူးပေါင်း၍ Epic Media ကို တည်ထောင်လိုက်ကြောင်း အဆိုပါ ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဦးမောင်မောင်ဆန်းက ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နံနက်အစောပိုင်းမီးလောင်မှုဖြစ်ပွား

Photo: မြောက်ဥက္ကလာပမြို့နယ်တွင် နံနက်အစောပိုင်းမီးလောင်မှုဖြစ်ပွား
Saturday, November 09, 2013 

မြောက်ဥက္ကလာပမြို့နယ်၊ ဃ/တိုးချဲ့ရပ်ကွက်၊ ဥက္ကလာသီရိပန်းခြံလမ်း ၊အမှတ်-၏ နေအိမ်ဝဲဘက်ရှိ အပိုပစ္စည်းထားသောဂိုဒေါင်
မျက်နှာ ကျက်တွင် ယနေ့နံနက်၀၄း၄၀ အချိန်က သွယ်တန်းထားသောဝါယာကြိုးများ အပူရှိန်လွန်ကဲကာ မျက်နှာကျက်သစ်သားတန်းများအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းYangon Policeမှသိရသည်။
မီးသတ်ယာဉ်(၁၃)စီး ရောက်ရှိ ငြိမ်းသတ်သဖြင့် ၀၄၅၀ အချိန်မီးငြိမ်းသွားခဲ့ပြီး တန်ဘိုး(၅၀၀၀၀)ကျပ်ခန့် ပျက်စီးဆုံးရှံးခဲ့ သောကြောင့် မီးပေါ့ဆစွာအသုံးပြုသူအိမ်ရှင်အား မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၉၁၂/၂၀၁၃၊
ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ကြောင်းသိရသည်။

Yangon Police

RangonNewsDaily:: November . 9 .2013
မြောက်ဥက္ကလာပမြို့နယ်၊ဃ/တိုးချဲ့ရပ်ကွက်၊ဥက္ကလာသီရိပန်းခြံလမ်း၊အမှတ်-၏ နေအိမ်ဝဲဘက်ရှိအပိုပစ္စည်း
ထားသောဂိုဒေါင်မျက်နှာကျက်တွင်ယနေ့နံနက်၀၄း၄၀ အချိန်က သွယ်တန်းထားသောဝါယာကြိုးများ အပူရှိန်
လွန်ကဲကာ မျက်နှာကျက်သစ်သားတန်းများအား မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်းYangon Policeမှသိရ
သည်။

မုန်တိုင်း ဟိုင်ယန် ကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် မြို့  တစ်ခု တည်း မှာ လူ ၁၀၀ ကျော် သေ

RangonNewsDaily:: November . 9 .2013
တစ်နာရီ လျှင် လေတိုက်နှုန်း မိုင် ၁၉၀ ကျော် ဖြင့် ဖိလစ်ပိုင် နိုင်ငံ ထဲ သို့  ၀င်ရောက် တိုက် ခတ် သည့် မုန်တိုင်း ဟိုင်ယန် ကြောင့် မြို့  တစ် မြို့  ထဲ မှာ ပင် အနည်း ဆုံး လူ ၁၀၀ ကျော် သေဆုံး ခဲ့ ရသည် ဟု မနီလာ မှ လာသည့် အေပီ သတင်း တွင် ဖော် ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာန အမည်အလွဲသုံးစား လုပ်၍ စားသုံးသူ ကာကွယ်ရေးအသင်းကို တရားစွဲမည်

RangonNewsDaily:: November . 9 .2013
ရန်ကုန်မြို့တွင်း လမ်းဘေးဈေးသည်များကို စားသုံးသူ ကာကွယ်ရေး အသင်းက လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၅ ရက်နေ့ မြဝတီ သတင်းစာက ဖော်ပြခဲ့ရာ စားသုံးသူ ကာကွယ်ရေး အသင်းသည် ကျန်းမာရေးဝန်ကြီးဌာန နာမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ဝန်ကြီးဌာန အနေနှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။

ပြည်သူ့ထံမှပေးစာ

RangonNewsDaily:: November . 9 .2013
မုပွန်နယ်မြေ သီရိမြိုင်ရပ်ကွက်တွင် နှစ်လုံးထီ ဘောလုံးပွဲ များအကြီးကျယ် ပြုလုပ်နေကြပါသည် ။
တာဝန်ရှိသူများက လစဉ်ကြေး ကောက်၍ အဖမ်းအစည်း လုံးဝ မရှိနေပါ။
အဆိုပါ ကိစ္စကို မော် လမြိုင် စာမျက်နှာမှတစ်ဆင့် အများပြည် သူများ

ABSDF (ကျောင်းသားတပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း

Photo: ABSDF (ကျောင်းသားတပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံခြင်း
Saturday, November 9, 2013

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ မွေးဖွားပေးခဲ့သည့် ABSDF (ကျောင်းသား တပ်မတော်) သည် အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ရာ ၂၅ နှစ်တာ ခရီးကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် ပေါ်ထွန်းခဲ့သော အစိုးရ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအရ ABSDF သည်လည်း နိုင်ငံရေး ဆွေးနွေးပွဲ စည်းဝိုင်းအတွင်းသို့ ပါဝင်လာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေါင်းစစ်သည် စခန်းတွင် ကျင်းပသည့် ABSDF ငွေရတု အခမ်းအနားတွင် ABSDF (ကျောင်းသား တပ်မတော်) ဥက္ကဋ္ဌ ရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

interv_absdfokhyb_MMNVoice ။ ။ အခု ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲက ဘာဖြစ်လို့ မြန်မာပြည် မြောက်ပိုင်းကို ရောက်နေရတာလဲ။
KTK ။ ။ ကျွန်တော်တို့ ABSDF အလုပ်အမှုဆောင်တွေ လိုင်ဇာကို ရောက်နေရတာက ကျောင်းသား တပ်မတော်ရဲ့ ငွေရတု အခမ်းအနားကို တက်ရောက်ဖို့ ဖြစ်ပါတယ်။ ပြီးတော့ လိုင်ဇာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လေ့လာဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Voice ။ ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဘယ်လိုမြင်ပါသလဲ။
KTK ။ ။ ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် အပြန်အလှန် လေးစားမှုတွေရှိဖို့ လိုပါတယ်။ ဒေသအလိုက် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး၊ စေ့စပ်ညှိနှိုင်းရေးတွေ တွင်တွင်ပြောပြီး လက်တွေ့မှာ တိုက်ခိုက်နေကြရင် ပဋိပက္ခတွေကို ရပ်တန့်လို့ရဦးမှာ မဟုတ်ပါဘူး။
Voice ။ ။ မြစ်ကြီးနားမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နိုင်ငံရေးအရ ကွဲလွဲချက်တွေ ရှိနေခဲ့တယ်လို့ ကြားရပါတယ်။ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို ဘယ်လို သုံးသပ်မိပါသလဲ။

KTK ။ ။ မြစ်ကြီးနား ဆွေးနွေးပွဲက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် ချုပ်ဆိုနိုင်ဖို့ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ကွဲလွဲမှုတွေ ပြေလည်ဖို့ဆိုရင် တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို သက်ဆိုင်သူ အသီးသီးက လက်တွေ့ပြသဖို့ လိုပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ချင်ရင် အင်အားကြီးတဲ့သူက အလျှော့ပေးဖို့၊ ပိုပြီးသဘောထားကြီးပြဖို့တွေ လိုအပ်ပါတယ်။ ဒါမှ လက်တွေ့ အကျိုးရလဒ်တွေ ကောင်းလာပါလိမ့် မယ်။ နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာခဲ့တဲ့အတွက် ရုတ်တရက် ချက်ချင်း ငြိမ်းချမ်းရေး သဘောတူညီချက် ရဖို့ဆိုတာ အခက်အခဲ အနည်းငယ်တော့ ရှိနေပါတယ်။

Voice ။ ။ ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ရဖို့ လက်တွေ့နည်းလမ်းတွေ ရှာဖွေနိုင်မှု အားနည်းနေတာလား။
KTK ။ ။ ငြိမ်းချမ်းရေးရဖို့ လက်ရှိ နိုင်ငံရေး အခြေအနေအရ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး ရဖို့လည်း စိတ်အားထက်သန် နေရမယ်။ အခြေခံ ရိုးသားဖို့လည်း လိုတယ်။ တိုင်းပြည်အပေါ် စိတ်စေတနာလည်း ကောင်းရမယ်။ ပြဿနာတွေကို စုပေါင်းညှိနှိုင်း ဖြေရှင်းရမယ်။ ဒါမှ ဒုတိယ ပင်လုံညီလာခံက အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ဥပမာဗျာ . . . တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲဖို့ နှစ်ဖက်လုံးက ဆန္ဒရှိနေတာတော့ မှန်တယ်။ ဒါပေမဲ့ ဝေါဟာရ ပြဿနာတွေ၊ စကားလုံးတွေပေါ့ဗျာ။ စကားလုံးတွေ၊ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုပုံချင်း မတူတာက ပြဿနာတွေ ဖြစ်နေတာပေါ့။

Voice ။ ။ ကျွန်တော် ထပ်မေးပါရစေ။ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ဘယ်အရာတွေက အခက်အခဲ ပြဿနာတွေ ဖြစ်နေတာလဲ။
KTK ။ ။ တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ရမယ့် အချက်အလက်တွေ၊ မူဝါဒတွေ၊ မူဟောင်းတွေ၊ ကတိကဝတ်တွေ၊ အာမခံချက်တွေမှာပေါ့။ အဲဒီမှာ နားလည်မှုတွေက ကွဲလွဲနေတာကို လေ့လာတွေ့ရှိရတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေချိန်မှာပဲ တချို့နယ်စပ်ဒေသ တိုင်းရင်းသား နယ်မြေတွေမှာ ထိုးစစ်ဆင်တာတွေ ကြားနေရတယ်။ ဒါတွေကို ရပ်တန့်ပစ်ဖို့ လိုသလို အာမခံချက် ပေးဖို့လည်း လိုပါတယ်။ ယုံကြည်မှုကို ခိုင်မာအောင် လုပ်နိုင်မှ ပြည်ထောင်စု စုဖွဲ့မှုဆိုတာ ရှိလာမှာပါ။

Voice ။ ။ ကျောင်းသားတပ်မတော် (ABSDF) အနေနဲ့ ပြည်တွင်းထဲမှာ ရပ်တည်ရေး အခြေအနေကရော ဘယ်လိုရှိလာနိုင်သလဲ။
KTK ။ ။ နိုင်ငံလုံးဆိုင်ရာ အခြေခံမူတွေကို ချောချောမွေ့မွေ့ ညှိနှိုင်းချမှတ်ဖို့ မလုပ်ဆောင်နိုင် သေးဘူး။ ရှင်းရှင်းလင်းလင်း ပြောရရင် မပြတ်သားသေးဘူး။ ဒါတွေကို ကျော်လွှားနိုင်မှ ငြိမ်းချမ်းရေး လမ်းစကို မြင်ရပါမယ်။ လောလောဆယ်မှာတော့ အားလုံး ပူးပေါင်း ဆောင်ရွက်မှ ရမှာမို့ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့ ဆိုရင် ABSDF တစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ မရဘူး။ လက်တွေ့ ဆောင်ရွက်ရမှာတွေ အများကြီး ကျန်နေပါသေးတယ်။
Voice ။ ။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးအပြီး ABSDF အတွက် ဘယ်လို ငြိမ်းချမ်းရေး အကျိုးရလဒ်တွေ ရရှိလာသလဲ ဆိုတာ ပြောပြပါဦး။

KTK ။ ။ ကျွန်တော်တို့ ကျောင်းသားတပ်မတော် အတွက် ပြည်တွင်းမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ဖို့ ရှိပါတယ်။ ဒါမှ အစိုးရနဲ့ သတင်းအချက်အလက် ညှိနှိုင်းဖလှယ်လို့ ရမှာပါ။ လောလောဆယ် မှာတော့ ဆက်ဆံရေး ရုံးတွေကို မြဝတီ၊ ဘုရားသုံးဆူနဲ့ ကျိုက်လတ်မှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီထက်ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ရင် မူဆယ်၊ မန္တလေး၊ ရန်ကုန်မြို့ကြီးတွေမှာ ဆက်လက် ဖွင့်သွားဖို့ စီစဉ်ထားပါတယ်။
Voice ။ ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်နေတဲ့အပေါ်မှာ ဘာများ ထပ်ဆောင်း ပြောချင်ပါသလဲ။
KTK ။ ။ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာ မရှိရင် ပြည်ထောင်စုဆိုတာ ပေါ်ထွန်းလာဖို့ ခဲယဉ်းပါတယ်။ ကျွန်တော်တို့အားလုံးက တိုင်းရင်းသား ညီအစ်ကိုတွေ ဖြစ်ပါတယ်။

အယ်ဒီတာတစ်ဦး
The Voice

RangonNewsDaily:: November . 9 .2013
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ၈၈ ဒီမိုကရေစီ အရေးတော်ပုံမှ မွေးဖွားပေးခဲ့သည့် ABSDF (ကျောင်းသား တပ်မတော်) သည် အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တော်လှန်ခဲ့ရာ ၂၅ နှစ်တာ ခရီးကို ဖြတ်သန်းခဲ့
ပြီး ဖြစ်သည်။