Pages

Saturday, November 9, 2013

အဓိက ကစားသမားတွေ ဒဏ်ရာရ နေသည့်အတွက် မန်စီးတီး နည်းပြ ပယ်လီဂရီနီ စိတ်ရှုပ်နေ

Photo: အဓိက ကစားသမားတွေ ဒဏ်ရာရ နေသည့်အတွက် မန်စီးတီး နည်းပြ ပယ်လီဂရီနီ စိတ်ရှုပ်နေ
Saturday, November 9, 2013

မန်စီးတီး ကီးပလေယာ ဒေးဗစ်ဆေးဗားသည် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် (၄)ပါတ်ခန့် အနားယူရမည် ဖြစ်ကြောင်း နည်းပြ ပယ်လီဂရီနီကပြောဆိုလိုက်ပါတယ်။ အဆိုပါ စပိန်သားဟာ CSKA မော်စကို နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နေ့က ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲ ခဲ့ရပါတယ်။

“သူ့မှာ ခြေသလုံး ကြွတ်သားဒဏ်ရာ နာနာကျင်ကျင်ရရှိသွားခဲ့တယ်၊ ဘယ်လောက်ထိ နားရမလဲဆို တာတော့ ကျွန်တော် သေခြာ မပြောနိုင်ပေမယ့် အနည်းဆုံး သုံးပါတ် ဒါမှမဟုတ် လေးပါတ်လောက်တော့ ကြာမြင့်နိုင်ပါတယ်”။ သူ့ကစားသမားနဲ့ပါတ်သတ်ပြီး ပယ်လီဂရီနီ က ပြောဆိုသွားခဲ့တာပါ။

အလားတူပဲ မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီဟာလည်း ပေါင်တွင်းကြောဒဏ်ရာကြောင့် ကစားပွဲတွေကို ပြန်လာနိုင်ခြင်း မရှိသေးပါဘူး၊ ဒါပေမယ့် ပယ်လီဂရီနီ ကတော့ သူ့အသင်းခေါင်းဆောင် ဟာ နိုဝင်ဘာလ (၂၄) ရက်နေ့ တော့တင်ဟမ်နဲ့ တွေ့မယ့်ပွဲမှာ အချိန်မီ ပြန်လာနိုင်လိမ့်မယ် လို့ မျှော်လင့် နေပါတယ်။ ကွန်ပနီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၅) ရက်နေ့က အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာ ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

“ကွန်ပနီရဲ့ ဒဏ်ရာဟာ (၅) ပါတ် အနားယူရမှာပါ၊ အခု (၃) ပါတ်ရှိသွားပြီမို့ မကြာခင် သူပြန်လာနိုင် တော့ မှာပါ။ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ပဲ မျှော်လင့် ရုံရှိပါတယ်” လို့ မန်စီးတီး နည်းပြ ပယ်လီဂရီနီ က ပြောဆိုသွားခဲ့ကြောင်းပါ။

Written by မောရစ်
Football Café

RangonNewsDaily:: November . 9 .2013
မန်စီးတီး ကီးပလေယာ ဒေးဗစ်ဆေးဗားသည် ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် (၄)ပါတ်ခန့် အနားယူရမည် ဖြစ်ကြောင်း နည်းပြ ပယ်လီဂရီနီကပြောဆိုလိုက်ပါတယ်။ အဆိုပါ စပိန်သားဟာ CSKA မော်စကို နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ နေ့က ဒဏ်ရာ ရရှိသွားခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲ ခဲ့ရပါတယ်။ “သူ့မှာ ခြေသလုံး ကြွတ်သားဒဏ်ရာ နာနာကျင်ကျင်ရရှိသွားခဲ့တယ်၊ ဘယ်လောက်ထိ နားရမလဲဆို တာတော့ ကျွန်တော် သေခြာ မပြောနိုင်ပေမယ့် အနည်းဆုံး သုံးပါတ် ဒါမှမဟုတ် လေးပါတ်လောက်တော့ ကြာမြင့်နိုင်ပါတယ်”။ သူ့ကစားသမားနဲ့ပါတ်သတ်ပြီး ပယ်လီဂရီနီ က ပြောဆိုသွားခဲ့တာပါ။

အလားတူပဲ မန်စီးတီး အသင်းခေါင်းဆောင် ဗင်းဆင့်ကွန်ပနီဟာလည်း ပေါင်တွင်းကြောဒဏ်ရာကြောင့် ကစားပွဲတွေကို ပြန်လာနိုင်ခြင်း မရှိသေးပါဘူး၊ ဒါပေမယ့် ပယ်လီဂရီနီ ကတော့ သူ့အသင်းခေါင်းဆောင် ဟာ နိုဝင်ဘာလ (၂၄) ရက်နေ့ တော့တင်ဟမ်နဲ့ တွေ့မယ့်ပွဲမှာ အချိန်မီ ပြန်လာနိုင်လိမ့်မယ် လို့ မျှော်လင့် နေပါတယ်။ ကွန်ပနီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၅) ရက်နေ့က အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာ ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

“ကွန်ပနီရဲ့ ဒဏ်ရာဟာ (၅) ပါတ် အနားယူရမှာပါ၊ အခု (၃) ပါတ်ရှိသွားပြီမို့ မကြာခင် သူပြန်လာနိုင် တော့ မှာပါ။ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာဖို့ပဲ မျှော်လင့် ရုံရှိပါတယ်” လို့ မန်စီးတီး နည်းပြ ပယ်လီဂရီနီ က ပြောဆိုသွားခဲ့ကြောင်းပါ။

Written by မောရစ်
Football Café , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment