Pages

Saturday, March 30, 2013

အင်္ဂလန်က ဆက်ထုတ်တော့မည် Aztec Barchetta

အင်္ဂလန်က ဆက်ထုတ်တော့မည် Aztec Barchetta

ဒီကားက ဇာတ်လမ်းရှည်ပါတယ်။ ၁၉၈၈ ခုနှစ်က မော်တော်ယာဉ် ပြပွဲ တစ်ခုမှ ဝင်ရောက်ပြသတဲ့ ဂျာမနီလုပ်ကား ဖြစ်ပါတယ်။

သို့ပေမယ့် ဂျပန် မော်တော်ယာဉ် ကုမ္မဏီတစ်ခုက ကားရဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ် မှု လိုင်စင် ဝယ်လိုက်ပါသေးတယ်။ ပြီးတော့လည်း ဆက်မထုတ်တော့ပါဘူး။ ကားကလည်း အပြင်ဒီဇိုင်းသာ သားနားတာပါ အတွင်းက အင်ဂျင်နဲ့ ပစ္စည်းအတွက်က ကုန်ကျမှုနည်းပါ တယ်။ မြင်းကောင်ရေ ၂၅၀ အားထုတ် လုပ်နိုင်တဲ့ အင်ဂျင်လောက် အတွက်မို့ ဖြစ်ပါတယ်။

သို့ပေမယ့် ယင်းမူပိုင်တွေကို အင်္ဂလန် က Specialized Vehicle Solutions, Ltd ပြန်ဝယ်လိုက်ပြီ ဖြစ်ပါတယ်။ ပြီတော့ အပြင်ဒီဇိုင်းကို မပြောင်းပေမယ့် အတွင်းက အင်ဂျင်နဲ့ အစိတ်အပိုင်းကတော့ စူပါကား ဖြစ်လာမှာ ဖြစ်ပါ တယ်။ နှစ်ယောက်စီးကား ဖြစ်ပြီး ဒီဇိုင်းအားဖြင့်လည်း ထူးထူးခြားခြား လှပါ တယ်။

၁၉၉၂ ခုနှစ် Grand prix ကားမောင်းပြိုင်ပွဲမှာတောင် ပါဝင်ခဲ့ပါတယ်။ သူ့ကို အရေအတွက် အများကြီးလည်း ထုတ်မှာ မဟုတ်ပါဘူး။ တစ်နှစ်ကို ရာဂဏန်းလောက်ပဲ ဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်တုန်းကဆိုရင် အစီးရေ ထုတ်လုပ်မှုက ၁၅ စီးကနေ အစီး ၅၀ ကြားမှာပဲ ရှိပါတယ်။ Aztec Barchetta အမည်ရ ကားများကို ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ်ရောင်း ချနိုင် အောင် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
--
Ref: autoblog
ColayOnline:Automobile

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ColayOnline:Automobile<< Thank

ဒီကားက ဇာတ်လမ်းရှည်ပါတယ်။ ၁၉၈၈ ခုနှစ်က မော်တော်ယာဉ် ပြပွဲ တစ်ခုမှ ဝင်ရောက်ပြသတဲ့ ဂျာမနီလုပ်ကား ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ခန့်အပ်

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ခန့်အပ်

ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို တာဝန်ပေး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

လက်ရှိတရုတ်နိုင်ငံ၊ ကနေဒါသံရုံးမှာ ပြည်သူ့ဆက်ဆံရေးဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Mr. Mark McDowell ကို ကနေဒါနိုင်ငံရဲ့ ပထမဆုံး သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က မနေ့က ကြေညာပါတယ်။

Mr. Mark McDowell ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဟားဗတ်တက္ကသိုလ်မှာ တစ်နှစ်ကြာ သုတေသနပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ သံရုံးမရှိသေးတဲ့အတွက် သံရုံးဖွင့်ဖို့ဆောင်ရွက်နေပြီး မကြာခင်လပိုင်းတွေမှာ ထုတ်ပြန်ကြေညာနိုင်မယ်လို့ ဆိုပါတယ်။

ကနေဒါနိုင်ငံဟာ အရင်က မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးကနေတဆင့် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ကနေဒါနိုင်ငံရဲ့ ပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို တာဝန်ပေး ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

ဝန်ကြီးဌာနများ၏ အဆင့်မြင့်အရာရှိကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာနလွှဲပြောင်း

 စနေနေ့၊ မတ်လ ၃၀ ရက် ၂၀၁၃ ခုနှစ်
အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများအပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့
တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်း တာဝန်ပေးလိုက်ကြောင်း အစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။

မိတ္ထီလာအဓိကရုဏ်းအပြီး နိုင်ငံတစ်ဝန်း ကောလာဟလ လေပြင်းတိုက်ခတ်

နိုင်ငံတစ်ဝန်း ကောလာဟလ လေပြင်းတိုက်ခတ်

ရန်ကုန်၊ မတ်-၂၅

အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မိတ္ထီလာအဓိကရုဏ်းအပြီး နိုင်ငံအနှံ့ ကောလာဟလနှင့် လှုံ့ဆော်မှုအချို့ ထွက်ပေါ်နေခဲ့ပြီး ပြည်သူများစိုးရိမ်နေကြကာ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိသည်။

ရန်ကုန်မြို့ရှိ မြို့နယ်အချို့ အပါအ၀င်နေရာအချို့နှင့် လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်မှုများကို အခြေခံကာ ကောလာဟလများ မတ်လ ၂၄၊ ၂၅ ရက်တို့တွင် ပျံ့နှံ့ လျက်ရှိသည်။

ယင်းကောလာဟလနှင့် လှုံ့ဆော်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် လူမျိုးရေး၊ ဘာသာရေးအကြမ်းဖက်ရန် လှုံ့ဆော်မှုအပါအ၀င် အကြမ်းဖက်မှုများကို အစွမ်းကုန်တားဆီးကိုင်တွယ်ဆောင်ရွက်မည်ဟု အစိုးရဘက်မှ မတ်လ ၂၅ ရက်က သတင်းထုတ်ပြန်ခဲ့ သည်။

မတ်လ ၂၄ ရက်၊ ညပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းတွင် ကောလာဟလနှင့် လှုံ့ဆော်မှုထွက်ပေါ်လာမှုကြောင့် ၎င်းမြို့နယ်အတွင်းနေထိုင်သူများ အထိတ်တလန့်ဖြစ်ခဲ့ရသည်။

အဆိုပါနေရာသို့ အခြေအနေထိန်းသိမ်းရန် ရဲတပ်ဖွဲ့ဝင်များ ညတွင်းချင်းလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။ ထွက်ပေါ်နေသော ကောလာဟလများမှာ မမှန်ကန်ကြောင်း၊ ဆူပူမှုများမဖြစ်ပွားစေရေးအတွက် လုံခြုံရေးကို အပြည့်အ၀ဆောင်ရွက်နေကြောင်း ယင်းနေရာတွင် လုံခြုံရေး ဆောင်ရွက်နေသည့် ရဲအရာရှိက ပြောသည်။

ကောလာဟလအချို့ကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ခဲ့သော်လည်း အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့သောကြောင့် အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး လွန်လွန်ကျူးကျူး ရေးသားမှုများ ပြုလုပ်ခဲ့ကြသည်။

Friend ၅၀၀၀ နီးပါးရှိပြီး Follow လုပ်သူ ၁၇၀၀ ကျော်ရှိသည့် “Nay Wai” ဟူသည့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် “ညဥ့်အချိန် တက္ကစီကားများ ဆိုက်ကပ်လာပါက တုတ်၊ ဓားများကို ၀င့်လျှက် ညာသံပေးကာ တစ်လမ်းလုံးသံပြိုင်ညာသံပေးကာ ဟစ်အော်ပါတယ်” ဟု လည်းကောင်း Like လုပ်သူ ၇၆၀၀ နီးပါးရှိသည့် “လူထုမောင်ကာဠု” အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် “ယခု မတ်လ ၂၅ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ တွင် မင်္ဂလာဈေးနား ဂျေဂျေကာရာအိုကေ ရှေ့နားတွင် အရေးအခင်းဖြစ်နေ” ဟု ဆိုကာအစပြုကာ ရေးသားမှုများပြုလုပ်ခဲ့သည်။

ယင်းရေးသားမှုနှစ်ခုစလုံးမှာ အမှန်တရားမဟုတ်ဘဲ ကောလာဟလများသာဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျအရာရှိက ပြောသည်။

ကောလာဟလများကို ၎င်းတို့ ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ရေးသားခြင်းအပြင် သတင်းဌာနအချို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ၀င်ရောက်မှတ်ချက်ပေးရာတွင် ကောလာဟလများ၊ အမုန်းပွားစေသည့် မှတ်ချက်ပေးမှုများလည်း ရှိကြောင်း ပြည်တွင်းအခြေစိုက် သတင်းမီဒီယာများထံမှ သတင်းရရှိသည်။

“ရိုင်းစိုင်းတဲ့ဟာတွေ ပြောတဲ့သူတွေမှာ တူညီတဲ့ ပုံစံအချို့ကို တွေ့ရတယ်။ နာမည်အတု၊ ပုံက အမှန်မဟုတ်တာတွေ၊ သူတို့ ပညာအရည်အချင်းက နိုင်ငံတကာမှာ ကျောင်းတက်နေတာတွေ ရေးထားတာ တူတယ်။ မွေးနေ့ဆိုလည်း ၁၉၈၂-၁၉၉၄လောက်မှာ ပြထားကြတယ်” ဟု ကမာရွတ်မီဒီယာ၏ ထုတ်လုပ်သူ ဦးနေသန်မောင် က ပြောသည်။

ကောလာဟလနှင့် ရုန့်ရင်းကြမ်းတမ်းသည့် မှတ်ချက်များကို ၎င်းတို့ သတင်းဌာန၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားမှုကြောင့် တစ်ရက်လျှင် သဘောထားမှတ်ချက် ၂၀ မှ ၃၀ အထိ ဖြုတ်ချပစ်ရကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်အပါအ၀င် အချို့မြို့ ကြီးများ၌ ဆူပူမှုကိုဖြစ်ပေါ်စေရန် ကောလာဟလများ ဖြစ်ပေါ်နေမှုအပေါ် မယုံကြည်ကြရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရှိရန် တာဝန်ရှိသူများ ၀ိုင်းဝန်းဆောင်ရွက်နေကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

“မသင်္ကာတာရှိရင် သက်ဆိုင်ရာကို ချက်ချင်းသတင်းပို့ကြဖို့၊ မီဒီယာတွေအနေနဲ့လည်း သတင်းရေးသားရာမှာ ပိုပြီး တာဝန်ယူပြီးရေးသားကြဖို့၊ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေကလည်း အချင်းချင်းထိတွေ့ဆက်ဆံပြီး ကောလာဟလကြားရင် ချက်ချင်းဖြေရှင်းဖို့၊ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံကဲ့သို့သော နှစ်ပေါင်းများစွာ အာဏာရှင်လက်အောက်ကျရောက်ခဲ့ပြီး ပွင့်လင်းလာသည့် နိုင်ငံရေးဖြစ်စဉ် အကူးအပြောင်း အခြေအနေများတွင် ကောလာဟလများ ထွက်ပေါ်လာတတ်ကြောင်း ၊ အဆိုပါကောလာဟလများကို အစိုးရသာမက မီဒီယာများကလည်း သတိထား ကိုင်တွယ်သင့်ကြောင်း ၊ ဒီမိုကရေစီအသွင် အကူးပြောင်းရေးများကို လေ့လာသုတေသနပြုနေခဲ့သူ မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးဗဟိုဌာနမှ အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာ ဒေါက်တာမင်းဇော် ဦးက ပြောသည်။

“ကောလာဟလဆိုတာ မီဒီယာက ရေးပေးလေ သူတို့က ဖွလေပဲ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကောလာဟလ အများဆုံးထွက်ပေါ်ခဲ့သည့် မြို့နယ်အချို့တွင် မတ်၂၅ ရက်မှစကာ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း ဆိုင်များမဖွင့်ရန် ဒေသန္တရ အမိန့်များထုတ်ပြန်ကာ လုံခြုံရေး တင်းကျပ်ထားခဲ့သည်။
ငရဲ သား
7DAY NEWS JOURNAL

အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် မိတ္ထီလာအဓိကရုဏ်းအပြီး နိုင်ငံအနှံ့ ကောလာဟလနှင့် လှုံ့ဆော်မှုအချို့ ထွက်ပေါ်နေခဲ့ပြီး ပြည်သူများစိုးရိမ်နေကြကာ လုံခြုံရေးများ တိုးမြှင့်ချထားလျက်ရှိသည်။ရန်ကုန်မြို့ရှိ မြို့
နယ်အချို့အပါအ၀င်နေရာအချို့နှင့်လူမှုကွန်ရက်ဖြစ်သည့်ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင်လူမျိုးရေး၊ ဘာ
သာရေးအကြမ်းဖက်မှုများကိုအခြေခံကာကောလာဟလများမတ်လ၂၄၊ ၂၅ ရက်တို့တွင် ပျံ့နှံ့ လျက်ရှိသည်။

Google ရဲ့ ဓာတ်ပုံပညာရှင်များကို အံသြသွားစေတဲ့ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲမှုများ

ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ
 

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် ဗွီဒီယို နှင့် ဓါတ်ပုံများအား ပြန်လည်တီးဖြတ်ကြရာ ဝေဟင်မှ ရိုက်ကူးရရှိသော မြန်မာပြည်၏ ဖေါ်ပြပါ အနေထားဓါတ်ပုံများသည် ၄င်းတို့ ဌာနအတွက် အထူးဆန်းဖြစ်သွားကြခဲ့သည်ဟု ဂိုဂဲလ် ပိုတိုတိုက် ဌာနမှပြောဆိုပါသည်။

အကြောင်းမှာ ၄င်းတို့ နောက်ဆုံး ရိုက်ကူးရရှိခဲ့ဘူးသော ၂၀၁၁ ခုနှစ်အတွင်းမှ ဓါတ်ပုံများနှင့် ယှဉ်ထိုးကြည့်ကြရာ မြန်မာပြည်သည် အလွန်တရာ ကြောက်ခမန်းလိလိကိုပင် ပြောင်းလဲထူးခြားနေသော ဓါတ်ပုံများ ဖြစ်နေသည်ကိုတွေ့ရသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

တရုတ်ပြည်၏ မဟာတံတိုင်းကြီးနှင့်တူသော တံတိုင်းကြီးတခု ၇ှည်လျာဆက်စပ်စွာ အကွေ့ကောက်ပေါင်းများစွာဖြင့် ဘင်္ဂလားနယ်စပ်သို့တိုင် တရုတ်ပြည်မှ ထပ်မံဆောက်လုပ်ထားသော တံတိုင်းတခုအဖြင့်ယူဆရသော ငွေရောင် တံတိုင်းကြီးတခုအားတွေရကြောင်း၊ နောက်ပိုင်းတွင် ပိုတိုအယ်ဒီတာများက အသေခြာလေ့လာသော အခါ မဟာတံတိုင်းမဟုတ်လေပဲ ကြီးမားရှည်လျားသော ရေနံပိုက်၊ ဂစ်ပိုက်လိုင်းကြီးဖြစ်နေကြောင်းရှင်းပြသည်။

ယခင်က စိမ်းစိုအုပ်မှိုင်းနေသော တောင်တန်းဒေသများသည် လွန်ခဲ့သော ၂နှစ်လောက်မှာပင် ကွက်တိကွက်ကြား ညီညာမှုမရှိစွာ ထိုးခြစ်ရိပ်ထားသော ဦးခေါင်းတလုံးအသွင်ဖြင့် တောင်တန်းဒေသများအတော်တော်များသောနေရာများတွင် သစ်တောများပြုံန်းတီးမှုများအား အံသြစွာတွေ့ရကြောင်း၊ မညီညာသောမြေပြင်အထက်များတွင် စက်ယန္တာယားကြီးများဖြင့် တိုင်းပြည်အနှံ တူးဖေါ်ထိုးဆွထားသောဓါတ်ပုံများအလွန်များပြားစွာရရှိပြီး အချို့သောဒေများတွင် စိမ်းစိုသောနေရာများထက် လွင်ထီးခေါင်ကဲ့သို့ဖြစ်ပေါ်နေသော တောင်တန်းကွက်ကြားကြီးများရရှိကြောင်း ထုတ်ဖေါ်ပြောဆိုပါသည်။

၂၀၁၀ ခုနှစ်မှစပြီး မြန်မာပြည်မှရရှိသော ဓါတ်ပုံများသည် ၄င်းတို့အတွက် အလွန်ပင် ဆင့်ကဲဆင်ကဲ့ ပထ၀ီဒေသ အပြောင်းလဲနှင့် သစ်တောပြုံန်းတီးမှုအား အံ့သြမှုများစွာ ဆက်တိုက်တွေ့ရှိရကြောင်း ဆိုပါသည်။

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

မှတ်ချက်။။ ဂိုလ်ဂဲ ဂလိုဘယ် အင်မိတ်ချိ နယူးမှ ကောက်နုတ်ဖေါ်ပြပါသည်။

ကမ္ဘာတ၀ှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ၀န်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများကလွန်ခဲ့သောဖေဖေါ်ဝါရီလ၏ပထမအပတ်တွင်းကပင် ကမ္ဘာ့နိုင်ငံအသီးသီးတွက် ကောင်း
ကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်(၁/၂၀၁၃)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်(၁/၂၀၁၃)
၂၀၁၃ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်

၁။ ပြည်ထောင်စုသမ်မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ ၃၅၄ တွင် နိုင်ငံသားတိုင်းသည် နိုင်

ငံ တော်လုံခြုံရေး၊တရားဉပဒေစိုးမိုးရေး၊ရပ်ရွာအေးချမ်းသာယာရေးသို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား
အကျိုးငှာ ပြဋ်ဌာန်းထားသည့် ဉပဒေများနှင့်မဆန့်ကျင်လျှင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်

MRI နည်းပညာသစ်ဖြင့် ရောဂါစောစီးစွာသိနိုင်

MRI နည်းပညာသစ်ဖြင့် ရောဂါစောစီးစွာသိနိုင်

Magnetic Resonance Imaging (MRI) နည်းပညာသစ်တစ်ခုဖြင့် ကင်ဆာရောဂါများ၊နာတာ ရှည်နဗ်ကြောဖွဲ့ (Multiple sclerosis) ရောဂါ၊နှလုံးရောဂါနှင့် အခြားရောဂါများကို အကောင်းဆုံးကုသနိုင်သည့်အချိန်တွင် စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်ကြောင်း Case Western Reserve University နှင့် University Hospitals (UH) Case Medical Center မှသုတေသီများကဆိုသည်။
ခန္ဓာကိုယ်တစ်ရှူးတိုင်း၊ရောဂါ တိုင်းသည်လက်ဗွေရာကဲ့သို့ သီးသန့် ပုံစံတစ်မျိုးစီရှိပြီး ၎င်းင်းကိုဖော် ထုတ် နိုင်ပါက ရောဂါရှာ ဖွေရာ၌လျှင်မြန် လာမည်ဖြစ်သည်။ သုတေသီများ၏ MRI နည်းပညာသစ်တွင် တစ်ကိုယ်လုံး MRI နှင့်စစ်ဆေးမည်ဖြစ်ပြီး ဓါတ်မှန်ဆရာဝန်တစ်ဦး ဖတ်ရှုစရာ မလိုဘဲ ရောဂါအမည်တပ်နိုင် စေရန် တီထွင်ထားသည်။
သံလိုက်စက်ကွင်းအသုံးပြု ပုံရိပ်ဖော်ကိရိယာများသည် ခန္ဓာကိုယ်အစိတ်အပိုင်းများအား သံလိုက် စက်ကွင်းနှင့်ရေဒီယိုလှိုင်းများ မှတစ်ဆင့်ပုံရိပ်တည်ဆောက် ပေးနိုင်သည်။ MRI ပုံရိပ်တွင် အနက်ရောင်၊ အလင်းရောင်အဖြူ ကွက်များအဖြစ် မြင်တွေ့ရပြီးဓါတ် မှန်ဆရာဝန်ကဖတ်ရှုအဖြေထုတ် ပေးရသည်။ ဥပမာအားဖြင့် အလုံး အကျိတ် တစ်ခုကို MRI ပုံရိပ်တွင် အဖြူရောင်အဖြစ်မြင်တွေ့ရမည်ဖြစ်သော်လည်း ရောဂါအတိမ်အနက်နှင့် အလုံးအကျိတ်မူလဇာစ်မြစ်ကိုမူ ပြသပေးနိုင်ခြင်းမရှိပေ။
Magnetic Resonance Fingerprint ဟုအမည်ရသည့် နည်းပညာ သစ်တွင်သံလိုက် စက်ကွင်းအမျိုးမျိုး ပြောင်းလဲထုတ်လွှတ်ပြီး တစ်ရှူး၏ဂုဏ်သတ္တိလေးမျိုးကို ပြသပေးနိုင်သည်။ ရောဂါတစ်ခု နှင့်တစ်ခုတစ်ရှူးဂုဏ်သတ္တိချင်း မတူကြဘဲကွန်ပြူတာနှင့် စစ်ဆေးပြီး သည့်နောက် ကျန်းမာသည့်တစ်ရှူး၊ ရောဂါရှိတစ်ရှူး၊ ရောဂါအနုအရင့်နှင့် ရောဂါဇာစ်မြစ်တို့ကို ဖော်ပြပေးနိုင် သည်။
နောက်ထပ်နှစ် အနည်းငယ်အတွင်း တစ်ရှူးဂုဏ်သတ္တိ ရှစ်မျိုးမှ ကိုးမျိုးအထိပြသ ပေးနိုင်ရန်သိပ္ပံ ပညာရှင်များကြိုးပမ်းလျက်ရှိကြ သည်။

ဇော်ကို
Source:MNT
Health Updates Journal
Vol.2, No.13

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>Health Updates Journal<< Thank

Magnetic Resonance Imaging (MRI) နည်းပညာသစ်တစ်ခုဖြင့် ကင်ဆာရောဂါများ၊နာတာ ရှည်နဗ်ကြောဖွဲ့ (Multiple sclerosis) ရောဂါ၊နှလုံးရောဂါနှင့်အခြားရောဂါများကိုအကောင်းဆုံးကုသနိုင်သည့်အချိန်တွင်စာ
စီးစွာ စစ်ဆေးတွေ့ရှိနိုင်ကြောင်း Case Western Reserve University နှင့် University Hospitals (UH) Case Medical Center မှသုတေသီများကဆိုသည်။

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

Saturday,March 30, 2013

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေကျပ် နှစ်သောင်းတန် ဖုန်း
ကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ ယူကေနိုင်ငံက လူထွားလေး

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က မွေးဖွားခဲ့တဲ့ ဂျော့ ကင်း ဆိုတဲ့ ကလေးလေးဟာ မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ လူထွားကလေး ဖြစ်ပါတယ်။

ဘာကြောင့် ဒီလောက် ထွားပြီး မွေးဖွားလာရသလဲ ဆိုတာကိုတော့ ဆရာဝန်တွေက အကြောင်း ရှာတုန်း ဖြစ်ပါတယ်။ ဂျော့ရဲ့ ဖခင် ရိုင်ယန်က မွေးတုန်းက ကိုးပေါင်သာသာ၊ မိခင် ဂျိတ်က မွေးတုန်းက ခြောက်ပေါင်သာသာပဲ ရှိခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလောက်တောင် ထွားကျိုင်းလွန်းလှတာမို့ ကလေးကို တော်တော် ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပြီး ဂျော့ကလေးကိုယ်တိုင် ငါးမိနစ်လောက် အောက်စီဂျင်မဲ့ပြီး နေခဲ့ရပါသေးတယ်။ ဒါကြောင့် အသက် ရှင်လမ်းက ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တဲ့အထိ ဖြစ်သွားပါသေးတယ်။

ဒါပေမဲ့ လူကံကောင်းလေး လူထွားကလေးဟာ အခုတော့ ရှင်သန်ခဲ့ပါပြီ၊ မိခင်ဖြစ်သူက သားလေးကို ၀တ်ဆင်ပေးဖို့ မမွေးခင် ကြိုတင်ဝယ်ထားတဲ့ အ၀တ်အစားလေးတွေက ဘယ်လိုမှ မတော်တဲ့အတွက် နှစ်ဆကြီးတဲ့ အ၀တ်အစားတွေ ထပ်မံဝယ်ယူပြီး ၀တ်ဆင်ပေးခဲ့ရပါတယ်။

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ခြောက်ပတ်က မွေးဖွားခဲ့တဲ့ ဂျော့ ကင်း ဆိုတဲ့ ကလေးလေးဟာ မွေးမွေးချင်း ၁၅ ပေါင်ခွဲ ရှိတဲ့ လူထွားကလေး ဖြစ်ပါတယ်။

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်း

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်း 

29 March 2013 | By Popular News

ပဲခူးတိုင်းတွင်း ဆူပူအကြမ်းဖက်အပေါ် ရဲပစ်ခတ်နှိမ်နှင်းယခုရက် ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်း ဒေသကြီးတွင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် ရဲ၏ ပစ်ခတ် နှိမ်နှင်း မှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။ အုပ်စုဖွဲ့၍ ဆူပူ အကြမ်းဖက်မှု ပြုလုပ်ခဲ့သည့် အတွက် ရဲက ရာဘာ ကျည်ဖြင့် ပစ်ခတ် နှိမ်နင်း ခြင်းကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ပြီး အသက် အန္တရာယ် စိုးရိမ်စရာ မရှိဟု တိုင်းဒေသကြီး ရဲမှူးကြီးက ပြောသည်။ ထိခိုက် ဒဏ်ရာ ရရှိသူ များမှာ မင်းလှမှ ၅ ဦး ၊ အုတ်ဖိုမှ ၆ ဦး ၊ နတ်တလင်းတွင် ၆ ဦး ၊ ဇီးကုန်းတွင် ၃ ဦး ၊ ပုတီးကုန်း တွင် ၆ ဦး ဖြစ်သည်ဟု ၄င်းကဆိုသည်။ လက်ရှိတွင် ပဲခူးတိုင်း ဒေသကြီး အခြေအနေမှာ တည်ငြိမ်အေး ချမ်းမှုရှိအောင် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထိန်းသိမ်း ထားနိုင်ပြီ ဖြစ်ကြောင်း ရဲမှူးကြီး ဦးမြ၀င်းက ထပ်လောင်း ဆိုသည်။ မတ်လ ၂၅ ရက်နေ့က စတင်ဖြစ်ပွား ခဲ့သည့် ပဲခူးဆူပူ အကြမ်းဖက် မှုကြောင့် သာယာဝတီ ခရိုင်အတွင်းက မင်းလှ ၊အုတ်ဖို၊ ဇီးကုန်း ၊ကြို့ပင်ကောက် ၊နတ်တလင်းမြို့များအား ပုဒ်မ ၁၄၄ ၊ သာယာဝတီ ၊လက်ပံတန်းနှင့် မိုးညိုတို့ကို ပုဒ်မ ၁၈၈ အား အသီးသီး ထုတ်ပြန် ခဲ့သည်။

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ဂျာနယ်စုံ<< Thank

ပဲခူးတိုင်းတွင်းဆူပူအကြမ်းဖက်အပေါ်ရဲပစ်ခတ်နှိမ်နှင်းယခုရက်ပိုင်းအတွင်းဖစ်ပွားခဲ့သည့် ပဲခူးတိုင်း ဒေသ
ကြီးတွင်း ဆူပူ အကြမ်းဖက် ဖျက်ဆီးမှု များအပေါ် ရဲ၏ ပစ်ခတ် နှိမ်နှင်း မှုကြောင့် စုစုပေါင်း ၂၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးက အတည်ပြုပြောကြားသည်။

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်

ဧရာဝတီအမတ်များ နေရပ်ပြန်ပြီး ဒေသတည်ငြိမ်ရေး ကူညီမည်
Saturday, March 30, 2013

 မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့   ဆူပူအကြမ်းဖက်၊ ဖျက်ဆီးမှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာအောင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။

ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။ 

“ဒီနေ့နိုင်ငံတော်ရဲ့ လုံခြုံမှုအခြေအနေအရ လွှတ်တော်အစည်းအဝေးကို ၂ ရက်ထက် ပိုပြီး မကျင်းပသင့်ပါဘူး။ လုံခြုံရေးဟာ ကျနော်တို့တိုင်းဒေသကြီးအတွက် အရေးကြီးပါတယ်။
သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဒေသငြိမ်ဝပ်ပိပြားအောင်၊ တည်ငြိမ်အေးချမ်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ တာဝန်ရှိပါတယ်” လို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးက လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။

အခုတော့ တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။

ကြာသပတေးနေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ပါဝင်တဲ့ အစီအစဉ် နဲ့ အကြောင်းအရာများထဲမှာ လူမှုရေးဝန်ကြီးဖြစ်လာတဲ့ ဒေါ်ခင်စောမူ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မေးခွန်းများ မေးမြန်းခြင်း၊  ဧရာရွှေဝါ ကုမ္ပဏီ သိမ်းဆည်းထားတဲ့ လယ်မြေများ၊ စည်ပင်လေလံပစ်ခြင်း စတာတွေ ပါဝင်ပါတယ်။
သန့်စင်ငြိမ်းချမ်း 

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>ဧရာဝတီ<< Thank

Saturday, March 30, 2013


မြန်မာနိုင်ငံဒေသတချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးမှုတွေ ဧရာဝတီတိုင်းကို ကူးစက်မလာ
အာင် ထိန်းသိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ့်ဒေသ ကိုယ်ပြန်ကြပါတော့မယ်။ဧရာဝတီ တိုင်း
ဒေသကြီးလွှတ်တော် အစည်းအဝေးကို ၅ ရက် ကျင်းပဖို့ စီစဉ်ထားရာက အခုတော့ ၂ ရက်နဲ့ ဖြတ်လိုက်ပါပြီ။

ရလလဖရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ထုတ်ပြန်ချက်