Pages

Saturday, March 30, 2013

အီဂျစ် လက်ရှိအာဏာရပါတီမှ ဒေါက်တာ ဂမားလ်ဟရှ်မတ် “မြန်မာမွတ်စလင်”အရေး ကမ္ဘာကြီး နိုးကြားဖို့ ပြောကြား

အီဂျစ် လက်ရှိအာဏာရပါတီမှ ဒေါက်တာ ဂမားလ်ဟရှ်မတ် “မြန်မာမွတ်စလင်”အရေး ကမ္ဘာကြီး နိုးကြားဖို့ ပြောကြား
==========================
March 28, 2013
 
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၊ ဗလီဝတ်ကျောင်းတော်များနှင့် အိုးအိမ်များကို မီးရှို့ကာ တိုက်ခိုက်ဖျက်ဆီးခံနေရခြင်းများဖြင့် မြန်မာမွတ်စလင်များ (Myanmar Muslims) နေ့စဉ်နှင့်အမျှ ခက်ခဲကြီးစွာ ကြုံတွေ့ရင်ဆိုင်နေရသော အသက်အန္တရယ်နှင့် အလုံးစုံးပျက်စီးမှုများကြောင့် အီဂျစ်နိုင်ငံ (Egypt) လက်ရှိအာဏာရအစိုးရပါတီ Freedom and Justice Party (FJP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဂမားလ်ဟရှ်မတ် (Dr. Gamal Heshmat) က နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာမွတ်စလင်တို့ လူ့အခွင့်အရေး အပြင်းအထန် ချိုးဖောက်ခံနေရခြင်းကို စုံစမ်းစစ်စေးရန် တိုက်တွန်းလိုက်သည်။
 
“မြန်မာမွတ်စလင်တွေ (Myanmar Muslims) ဟာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားဖိနှိပ်ခံနေရတယ်၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း (genocide) အန္တရယ်ကို ထပ်ဖန်တလဲလဲ နေ့စဉ်နဲ့အမျှ ခံနေရတယ်၊ ဒီစဉ်ဆက်မပြတ် အကွက်ကျကျ အကြမ်းဖက်နေခြင်း၊ ပျက်စီးရာပျက်စီးကြောင်း ကြံစီနေခြင်းကို ရပ်တန့်ဖို့ ကမ္ဘာကြီး နိုးကြားဖို့ လုံးဝ လိုအပ်ပြီ”ဟု အီဂျစ် အထက်လွှတ်တော် (Shura Council)နှင့် FJP ပါတီ၏ အမျိုးသားရေးရာ ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဂမားလ်ဟရှ်မတ်က ပြောကြားလိုက်သည်။
 
FJP ၏ မိခင်ပါတီ Muslim Brotherhood ပါတီ၏ သတင်းဌာနတစ်ခုဖြစ်သော Ikhwanweb သို့ ပြောကြားရာ၌ ဒေါက်တာ ဂမားလ်ဟရှ်မတ်က “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လူနည်းစု မွတ်စလင်များရဲ့ လူသားဖြစ်တည်မှုနှင့် တရားမျှတမှုကို ဘယ်မှာသွားထားသလဲ။ မြန်မာမွတ်စလင်တွေရဲ့ အရေးမှာ ဘာကြောင့် နှစ်ဖက်ခွစနစ်နဲ့ မသိကျိုးကြွံပြုနေရသလဲ”လို့ မေးခွန်းထုတ်လိုက်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မွတ်စလင်နိုင်ငံများအားလုံး လိုအပ်သည့် အရေးယူဆောင်ရွက်မှု များပြုရန်နှင့် မြန်မာမွတ်စလင်များကို သတ်ဖြတ်နှိပ်စက်နေခြင်းအပေါ် ပြင်းထန်စွာ ဖိအားပေးရန် တောင်းဆိုလိုက်သည်။
 
လက်ရှိ အီဂျစ် သမ္မတ မိုဟာမက်မော်စီသည် FJP ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည်။

MMV

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၊ ဗလီဝတ်ကျောင်းတော်များနှင့်အိုးအိမ်များကိုမီးရှို့ကာ တိုက်ခိုက်
ဖျက်ဆီးခံနေရခြင်းများဖြင့် မြန်မာမွတ်စလင်များ(Myanmar Muslims) နေ့စဉ်နှင့်အမျှခက်ခဲကြီးစွာ ကြုံတွေ့
ရင်ဆိုင်နေရသော အသက်အန္တရယ်နှင့် အလုံးစုံးပျက်စီးမှုများကြောင့် အီဂျစ်နိုင်ငံ (Egypt) လက်ရှိအာဏာ
ရအစိုးရပါတီ Freedom and Justice Party (FJP) ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ ဂမားလ်ဟရှ်မတ် (Dr. Gamal Heshmat) က နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာမွတ်စလင်တို့ လူ့အခွင့်အရေး အပြင်းအ
ထန် ချိုးဖောက်ခံနေရခြင်းကို စုံစမ်းစစ်စေးရန် တိုက်တွန်းလိုက်သည်။
“မြန်မာမွတ်စလင်တွေ (Myanmar Muslims) ဟာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားဖိနှိပ်ခံနေရတယ်၊ လူမျိုးတုန်းသတ်ဖြတ်ခြင်း (genocide) အန္တရယ်ကို ထပ်ဖန်တလဲလဲ နေ့စဉ်နဲ့အမျှ ခံနေရတယ်၊ ဒီစဉ်ဆက်မပြတ် အကွက်ကျကျ အကြမ်းဖက်နေခြင်း၊ ပျက်စီးရာပျက်စီးကြောင်း ကြံစီနေခြင်းကို ရပ်တန့်ဖို့ ကမ္ဘာကြီး နိုးကြားဖို့ လုံးဝ လိုအပ်ပြီ”ဟု အီဂျစ် အထက်လွှတ်တော် (Shura Council)နှင့် FJP ပါတီ၏ အမျိုးသားရေးရာ ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဂမားလ်ဟရှ်မတ်က ပြောကြားလိုက်သည်။

FJP ၏ မိခင်ပါတီ Muslim Brotherhood ပါတီ၏ သတင်းဌာနတစ်ခုဖြစ်သော Ikhwanweb သို့ ပြောကြားရာ၌ ဒေါက်တာ ဂမားလ်ဟရှ်မတ်က “ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လူနည်းစု မွတ်စလင်များရဲ့ လူသားဖြစ်တည်မှုနှင့် တရားမျှတမှုကို ဘယ်မှာသွားထားသလဲ။
 
မြန်မာမွတ်စလင်တွေရဲ့အရေးမှာဘာကြောင့်နှစ်ဖက်ခွစနစ်နဲ့ မသိကျိုးကြွံပြုနေရသလဲ”လို့ မေးခွန်းထုတ်
လိုက်သည်။နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မွတ်စလင်နိုင်ငံများအားလုံး လိုအပ်သည့် အရေးယူဆောင်ရွက်မှု များပြုရန်နှင့်မြန်မာမွတ်စလင်များကိုသတ်ဖြတ်နှိပ်စက်နေခြင်းအပေါ်ပြင်းထန်စွာ ဖိအားပေးရန် တောင်းဆို
လိုက်သည်။

လက်ရှိ အီဂျစ် သမ္မတ မိုဟာမက်မော်စီသည် FJP ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည်။

MMV

Rangonnewsdaily
Kolatt(PBDN):30.3.2013

0 comments:

Post a Comment