Pages

Saturday, March 30, 2013

MRI နည်းပညာသစ်ဖြင့် ရောဂါစောစီးစွာသိနိုင်

MRI နည်းပညာသစ်ဖြင့် ရောဂါစောစီးစွာသိနိုင်

Magnetic Resonance Imaging (MRI) နည်းပညာသစ်တစ်ခုဖြင့် ကင်ဆာရောဂါများ၊နာတာ ရှည်နဗ်ကြောဖွဲ့ (Multiple sclerosis) ရောဂါ၊နှလုံးရောဂါနှင့် အခြားရောဂါများကို အကောင်းဆုံးကုသနိုင်သည့်အချိန်တွင် စောစီးစွာ စစ်ဆေးတွေ့ရှိနိုင်ကြောင်း Case Western Reserve University နှင့် University Hospitals (UH) Case Medical Center မှသုတေသီများကဆိုသည်။
ခန္ဓာကိုယ်တစ်ရှူးတိုင်း၊ရောဂါ တိုင်းသည်လက်ဗွေရာကဲ့သို့ သီးသန့် ပုံစံတစ်မျိုးစီရှိပြီး ၎င်းင်းကိုဖော် ထုတ် နိုင်ပါက ရောဂါရှာ ဖွေရာ၌လျှင်မြန် လာမည်ဖြစ်သည်။ သုတေသီများ၏ MRI နည်းပညာသစ်တွင် တစ်ကိုယ်လုံး MRI နှင့်စစ်ဆေးမည်ဖြစ်ပြီး ဓါတ်မှန်ဆရာဝန်တစ်ဦး ဖတ်ရှုစရာ မလိုဘဲ ရောဂါအမည်တပ်နိုင် စေရန် တီထွင်ထားသည်။
သံလိုက်စက်ကွင်းအသုံးပြု ပုံရိပ်ဖော်ကိရိယာများသည် ခန္ဓာကိုယ်အစိတ်အပိုင်းများအား သံလိုက် စက်ကွင်းနှင့်ရေဒီယိုလှိုင်းများ မှတစ်ဆင့်ပုံရိပ်တည်ဆောက် ပေးနိုင်သည်။ MRI ပုံရိပ်တွင် အနက်ရောင်၊ အလင်းရောင်အဖြူ ကွက်များအဖြစ် မြင်တွေ့ရပြီးဓါတ် မှန်ဆရာဝန်ကဖတ်ရှုအဖြေထုတ် ပေးရသည်။ ဥပမာအားဖြင့် အလုံး အကျိတ် တစ်ခုကို MRI ပုံရိပ်တွင် အဖြူရောင်အဖြစ်မြင်တွေ့ရမည်ဖြစ်သော်လည်း ရောဂါအတိမ်အနက်နှင့် အလုံးအကျိတ်မူလဇာစ်မြစ်ကိုမူ ပြသပေးနိုင်ခြင်းမရှိပေ။
Magnetic Resonance Fingerprint ဟုအမည်ရသည့် နည်းပညာ သစ်တွင်သံလိုက် စက်ကွင်းအမျိုးမျိုး ပြောင်းလဲထုတ်လွှတ်ပြီး တစ်ရှူး၏ဂုဏ်သတ္တိလေးမျိုးကို ပြသပေးနိုင်သည်။ ရောဂါတစ်ခု နှင့်တစ်ခုတစ်ရှူးဂုဏ်သတ္တိချင်း မတူကြဘဲကွန်ပြူတာနှင့် စစ်ဆေးပြီး သည့်နောက် ကျန်းမာသည့်တစ်ရှူး၊ ရောဂါရှိတစ်ရှူး၊ ရောဂါအနုအရင့်နှင့် ရောဂါဇာစ်မြစ်တို့ကို ဖော်ပြပေးနိုင် သည်။
နောက်ထပ်နှစ် အနည်းငယ်အတွင်း တစ်ရှူးဂုဏ်သတ္တိ ရှစ်မျိုးမှ ကိုးမျိုးအထိပြသ ပေးနိုင်ရန်သိပ္ပံ ပညာရှင်များကြိုးပမ်းလျက်ရှိကြ သည်။

ဇော်ကို
Source:MNT
Health Updates Journal
Vol.2, No.13

Re-Post By ACM 30-3-2013
အေးချမ်းမွန် Credit & Copy From >>Health Updates Journal<< Thank

Magnetic Resonance Imaging (MRI) နည်းပညာသစ်တစ်ခုဖြင့် ကင်ဆာရောဂါများ၊နာတာ ရှည်နဗ်ကြောဖွဲ့ (Multiple sclerosis) ရောဂါ၊နှလုံးရောဂါနှင့်အခြားရောဂါများကိုအကောင်းဆုံးကုသနိုင်သည့်အချိန်တွင်စာ
စီးစွာ စစ်ဆေးတွေ့ရှိနိုင်ကြောင်း Case Western Reserve University နှင့် University Hospitals (UH) Case Medical Center မှသုတေသီများကဆိုသည်။
ခန္ဓာကိုယ်တစ်ရှူးတိုင်း၊ရောဂါ တိုင်းသည်လက်ဗွေရာကဲ့သို့ သီးသန့် ပုံစံတစ်မျိုးစီရှိပြီး ၎င်းင်းကိုဖော် ထုတ်
 နိုင်ပါက ရောဂါရှာ ဖွေရာ၌လျှင်မြန်လာမည်ဖြစ်သည်။သုတေသီများ၏MRI နည်းပညာသစ်တွင်တစ်ကိုယ်
လုံး MRI နှင့်စစ်ဆေးမည်ဖြစ်ပြီး ဓါတ်မှန်ဆရာဝန်တစ်ဦး ဖတ်ရှုစရာ မလိုဘဲ ရောဂါအမည်တပ်နိုင် စေရန် တီထွင်ထားသည်။

သံလိုက်စက်ကွင်းအသုံးပြု ပုံရိပ်ဖော်ကိရိယာများသည် ခန္ဓာကိုယ်အစိတ်အပိုင်းများအား သံလိုက် စက်ကွင်
နှင့်ရေဒီယိုလှိုင်းများ မှတစ်ဆင့်ပုံရိပ်တည်ဆောက် ပေးနိုင်သည်။MRI ပုံရိပ်တွင်အနက်ရောင်၊အလင်းရောင်
အဖြူ ကွက်များအဖြစ် မြင်တွေ့ရပြီးဓါတ် မှန်ဆရာဝန်ကဖတ်ရှုအဖြေထုတ် ပေးရသည်။ ဥပမာအားဖြင့် အ
လုံး အကျိတ် တစ်ခုကို MRI ပုံရိပ်တွင် အဖြူရောင်အဖြစ်မြင်တွေ့ရမည်ဖြစ်သော်လည်း ရောဂါအတိမ်အ
နက်နှင့် အလုံးအကျိတ်မူလဇာစ်မြစ်ကိုမူ ပြသပေးနိုင်ခြင်းမရှိပေ။

Magnetic Resonance Fingerprint ဟုအမည်ရသည့် နည်းပညာ သစ်တွင်သံလိုက် စက်ကွင်းအမျိုးမျိုး ပြောင်း
လဲထုတ်လွှတ်ပြီး တစ်ရှူး၏ဂုဏ်သတ္တိလေးမျိုးကို ပြသပေးနိုင်သည်။ ရောဂါတစ်ခု နှင့်တစ်ခုတစ်ရှူးဂုဏ်သ
တ္တိချင်း မတူကြဘဲကွန်ပြူတာနှင့် စစ်ဆေးပြီး သည့်နောက် ကျန်းမာသည့်တစ်ရှူး၊ ရောဂါရှိတစ်ရှူး၊ ရောဂါ
အနုအရင့်နှင့် ရောဂါဇာစ်မြစ်တို့ကို ဖော်ပြပေးနိုင် သည်။

နောက်ထပ်နှစ် အနည်းငယ်အတွင်း တစ်ရှူးဂုဏ်သတ္တိ ရှစ်မျိုးမှ ကိုးမျိုးအထိပြသ ပေးနိုင်ရန်သိပ္ပံ ပညာရှင်
များကြိုးပမ်းလျက်ရှိကြ သည်။


ဇော်ကို
Health Updates Journal, Rangonnewsaily

0 comments:

Post a Comment