Pages

Sunday, February 10, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ချို့ ပင်ပန်းမှုဒဏ် ခံစားနေရ

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူတွေဟာ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ဒီကနေ့ဆိုရင် မန္တလေးတိုင်း၊ ပလိပ်မြို့ကို ရောက်ရှိနေပြီး လမ်းလျှောက်သူတွေထဲက သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် တချို့ဟာ ပင်ပန်းမှု ဒဏ်ခံစားနေရပါတယ်။

ထိုင်းတောင်ပိုင်းရှိ မြန်မာတစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံရ


ထိုင်းတောင်ပိုင်းရှိ မြန်မာတစ်ဦး လူသတ်မှုနဲ့ စွပ်စွဲခံရ
2013-02-10

ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက ထမင်းဆိုင် တဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် မြန်မာအလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူတဦး ဓါးထိုးခံရတဲ့ အမှုမှာ တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင် ရုံးတင်တရားစွဲဆိုပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက အာအက်ဖ်အေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၉) ရက်နေ့က ကိုသားသားဟာ အခြားမြန်မာ (၅) ဦးနဲ့အတူ အဖမ်းခံခဲ့ရပြီး သူ့ကို ထိုင်းရဲက လက်မှတ်ထိုးခိုင်းပြီး ထောင်ချခဲ့ တာလို့ ကိုသားသားကို ဖေဖေါ်ဝါရီလ (၆) ရက်နေ့က သွားရောက် တွေ့ဆုံခဲ့တဲ့ ထိုင်းတောင်ပိုင်း အခြေစိုက် FED အဖွဲ့က အလုပ်သမားရေး တာဝန်ခံ ဦးမိုးဝေက ပြောပါတယ်။

“ ည(၁၂)နာရီထိုးတော့ ထမင်းရောင်းပြီးတာနဲ့ သူကပြန်သွားပြီ၊ ဒီ(၁၂)နာရီ တချိန်ထဲမှာပဲ သြစတေးလျှက ဘိုမလေးတယောက်က လမ်းဖြတ်သွားရင်းနဲ့ အမည်မသိတဲ့ လူတယောက်ကပေါ့နော် အိတ်ဆွဲပြီးတော့ ဓါးနဲ့ထိုးထားခဲ့တာ၊ ပြီးတော့ လိုက်လို့မရတော့ဘဲနဲ့ သူတို့က နောက်နေ့မှာ လူ(၆)ယောက်ဖမ်းတယ်၊ အားလုံးပေါင်း ဗမာ(၆)ယောက် စစ်ဆေးတဲ့အချိန်မှာ (၅) ယောက် ပြန်လွှတ်လိုက်ပြီးတော့ ဒီသားသား ဆိုတဲ့တယောက်ကို တရားရုံချိန်းတခေါက်ထဲ ထောင် (၂) နှစ်ချလိုက်တယ်၊ ဘာသာပြန်မရှိဘူး သူကပြောတာတော့ သူ့လွှတ်ပေးမယ်ပြောတယ်ထင်လို့ သူကလည်းလက်မှတ် ထိုးပေး လိုက်တယ်လို့ ပြောတယ်”

ဒီလိုဖမ်းဆီးခဲ့ရတာဟာ သြစတေးလျှသံရုံးက တရားခံရှာပေးဖို့ပြောလို့ ဒေသဆိုင်ရာရဲက အခုလိုဖမ်းဆီး တာဖြစ်ကြောင်း၊ ဒီအမှုနဲ့ပတ်သက်တဲ့ ဖိုင်တွဲတွေလည်း ရရှိခဲ့ကြောင်းလည်း ဦးမိုးဝေက ပြောပါတယ်၊ ကိုသားသားက သူမကျူးလွန်ကြောင်းပြောသလို သြစတေးလျှသူကလည်း မြန်မာနိုင်ငံသား မဖြစ်နိုင်ဘူးလို့ ထွက်ဆိုထားကြောင်းလည်း သူကအခုလို ဆက်ပြောပါတယ်။

“ အဲဒါသူလုံးဝ မမှားပါဘူးပေါ့နော်၊ ဒီပြစ်မှုလည်း မကျူးလွန်ပါဘူးလို့ ဝန်ခံထားတယ်လေ ပြီးရင်သူ လက်မှတ် ထိုးထားတယ်၊ သေသွားတာတော့ မဟုတ်ဘူး ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရထားတဲ့ သူကနေထွက်ဆိုသွားတယ် မြန်မာလူထုတော့ မဟုတ်ဘူး၊ ဖြစ်နိုင်ရင် ထိုင်းလူထုပဲဖြစ်မယ်လို့ ပြောသွားတယ်၊ ပြီးရင်သူ့နိုင်ငံသူပြန်သွားတယ် သြစတေးလျှကို”

လောလောဆယ်မှာတော့ ဒီအမှုအတွက် FED အဖွဲ့ ရှေ့နေတွေနဲ့ အယူခံဝင်ထားပြီး အမှုပြန်လည်စီစစ်ဖို့ တရားရုံးကို တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
ACM Re-post Time: 2013 Feb 10 10:48
News from: RFA Burmese

အေးချမ်းမွန်

2013-02-10

ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီခရိုင်၊ Koh Phi Phi ခိုးဖီးဖီးကျွန်းက ထမင်းဆိုင် တဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် (၁၉) နှစ်အရွယ် မြန်မာအလုပ်သမား ကိုသားသား ဆိုသူကို သြစတေးလျှသူတဦး ဓါးထိုးခံရတဲ့ အမှုမှာ တရားခံဖြစ်ပါတယ်လို့ ထိုင်းရဲကစွပ်စွဲပြီး တနေ့ထဲမှာတင် ရုံးတင်တရားစွဲဆိုပြီး ထောင်ဒဏ်(၂)နှစ် ချမှတ်လိုက်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက အာအက်ဖ်အေကို ပြောပါတယ်။

သပိတ်ကျဉ်းမြို့နယ်အတွင်းက စစ်တပ်ပိုင် အဖြစ် သိမ်းထားတဲ့ လယ်တွေပြန်ပေးပြီ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမြို့နယ်၊ ကျောက်လှည်း ဘီးကျေးရွာမှာ ခလရ (၁၄၈) စစ်တပ်က သိမ်းယူထားခဲ့တဲ့ လယ်ဧက တစ်ထောင်ကျော်ကို ဒေသခံတွေ ပြန်လည် လုပ်ကိုင်ခွင့်ပေးလိုက်ပြီလို့ တောင်သူတွေက ပြောပါတယ်။ အခုလို လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရတာနဲ့ပတ်သက်ပြီး ဝမ်းသာကြောင်း
ဒေသခံ တောင်သူ ဦးစိန်မောင်က RFA ကို အခုလိုပြောပါတယ်။

"ဆီးဂိမ်းအကြိုဆန်းစစ်အားကစာြး ပိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း"

"ဆီးဂိမ်းအကြိုဆန်းစစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်ခြင်း"  

by CJMyanmar, 9.2.13  

၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအကြိုဆန်းစစ် အားကစားပြိုင်ပွဲတစ်ရပ်အား နေပြည်တော်တွင် (၁၉၊ ၂၊ ၁၃) မှ (၂၆၊ ၂၊ ၁၃)အထိ လက်ခံကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများ ဆင်နွှဲမည့် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်အစမ်းလေ့ကျင့်ခြင်းတစ်ရပ်အား (၉၊ ၂၊ ၁၃)၌ ဆင်နွှဲခဲ့ကြပုံများကို နေပြည်တော်ရောက် CJ များက ဓာတ်ပုံသတင်း ပေးပို့ထားပါသည်။ 

 အထက်ပါ ဖွင့်ပွဲအခမ်းအနားအား ကြိုတင်အစမ်းလေ့ကျင့်ရာတွင် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများအား ခေါ်ယူထည့်သွင်းလေ့ကျင့်ခဲ့ကြောင်း သိရပါသည်။  

ယခု ဖေဖော်ဝါရီလအတွင်းကျင်းပမည့်ပြိုင်ပွဲသည် ဆီးဂိမ်းအကြိုဆန်းစစ် အားကစားပြိုင်ပွဲသာဖြစ်ပြီး အားကစားနည်း (၂၉)မျိုးခန့်ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပွဲတော်ကြီးအား မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်ဒေသများတွင် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်မှ (၂၂)ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

၂၇ ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲအကြိုဆန်းစစ် အားကစားပြိုင်ပွဲတစ်ရပ်အား နေပြည်တော်တွင် (၁၉၊ ၂၊ ၁၃) မှ (၂၆၊ ၂၊ ၁၃)အထိ လက်ခံကျင်းပသွားမည်ဖြစ်ရာ အဆိုပါ ပြိုင်ပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများ ဆင်နွှဲမည့် နေပြည်တော်၊ ၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင်အစမ်းလေ့ကျင့်ခြင်းတစ်ရပ်အား (၉၊ ၂၊ ၁၃)၌ ဆင်နွှဲခဲ့ကြပုံများကို နေပြည်တော်ရောက် CJ များက ဓာတ်ပုံသတင်း ပေးပို့ထားပါသည်။

နိုင်ငံရေးအကျဉ်းသား(ထောင်တွင်း /လွတ်)များ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်

နိုင်ငံရေးအကျဉ်းသား(ထောင်တွင်း/လွတ်)များ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်
Sunday, February 10, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်NLD နိုင်ငံရေးအကျဉ်း သား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာပြည်) AAPP ၊ နိုင်ငံရေး
အကျဉ်းသားဟောင်းများ အဖွဲ့FPPS တို့ပူးပေါင်းစီစဉ်မှု ဖြင့် နိုင်ငံရေး
အကျဉ်းသားများ (လက်ရှိ)နှင့် နိုင်ငံရေးအကျဉ်း သားဟောင်းများ၏ ရင်သွေးသား၊ သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲကို
ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။ 

အခမ်းအနားသို့ NLD နာယက ကြီးများဖြစ်ကြသော ဦးဝင်းတင်၊ ဦးတင်ဦး၊ AAPP ခေါင်းဆောင် များ ဖြစ်ကြသော ကိုတိတ်နိုင်၊ ကိုဘိုကြည်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းဇေယျ၊
နိုင်ငံ ရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ကော်မတီဝင်များ၊ လုပ်ငန်း ကော်မတီဝင်များ၊ နိုင်ငံရေးအ ကျဉ်းသားဟောင်းများနှင့် 
၎င်းတို့ ၏ မိသားစုများ၊ သားသမီးများ စုံညီစွာ တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် အခမ်းအနား အစီအစဉ်အရ AAPP အတွင်း ရေးမှူး ကိုတိတ်နိုင်၊ NLD နာယ ကကြီးဦးတင်ဦး၊NLD နာယက ကြီး ဦးဝင်းတင်၊ ၈၈ မျိုးဆက်
ကျောင်းသား ကိုမင်းဇေယျတို့က ပရိတ်သတ်ကို စကားပြောကြား ခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသား (ထောင်တွင်း/လွတ်) များ၏ သားသမီး 
၁၂၉ ဦးတို့အား ပညာ သင်ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၁၂၉ သိန်းကို ခွဲဝေ လှူဒါန်းပေးခဲ့ကြသည်။

နိုင်ငံရေးအကျဉ်းသား ဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း
(မြန်မာပြည်)သည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ နိုင်ငံ ရေးအကျဉ်းသားများ၏
ထောင်အတွင်း စားဝတ်နေရေးဒုက္ခများ ကို နှစ်ပေါင်းများစွာကပင် 
အကူအညီပေး ဆောင်ရွက်လျက်ရှိ သည်။ AAPP ၏ အဓိကဆောင် ရွက်မှုများတွင် နိုင်ငံရေးအကျဉ်း သားမိသားစုများကို ထောင်ဝင် စာသွားတွေ့နိုင်ရန် ကူညီဆောင် ရွက်ပေးခြင်း၊ လိုအပ်သော ဆေးဝါး
အစားအစာ ကူညီပံ့ပိုးပေး ခြင်း၊ အကျဉ်းထောင်များ၏ အခြေအနေများကို မျက်ချည် မပြတ်စောင့်ကြည့်စစ်ဆေးနေခြင်း၊ သတင်းထုတ်ပြန်ခြင်း၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အစဉ် တစိုက် ဆက်သွယ်ဆောင်ရွက်
နေခြင်း၊ နိုင်ငံရေးအကျဉ်းဟောင်း များ၏ ဘ၀ပြန်လည်ထူထောင် ရန် ဖေးမကူညီခြင်းများကို ဆောင်ရွက်နေသော ပြည်ပ အခြေစိုက်
အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဥယျာဉ်မှူး
The Hot News

Sunday, February 10, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်NLD နိုင်ငံရေးအကျဉ်း သား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာပြည်) AAPP ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့FPPS တို့ပူးပေါင်းစီစဉ်မှု ဖြင့် နိုင်ငံရေး အကျဉ်းသားများ
 (လက်ရှိ)နှင်နိုင်ငံရေးအကျဉ်း သားဟောင်းများ၏ ရင်သွေးသား၊ သမီးများအတွက် ပညာသင် ထောက်ပံ့ကြေးပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၇ ရက် မွန်းလွဲ ၁ နာရီက ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်တစ်ဦးကို ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးက လက်ထိပ်ခတ်၍ ကန်ကျောက်ကာ ရဲသတင်းပေးလုပ်ရန်ပြောဆို

လူငယ်တစ်ဦးကို ရဲနှစ်ဦးနှင့် သတင်းပေးတစ်ဦးက လက်ထိပ်ခတ်၍ ကန်ကျောက်ကာ ရဲသတင်းပေးလုပ်ရန်ပြောဆို

February 10, 2013

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ် အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့် ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ လက်ဖက်ရည်ဆိုင်၌ပင် လက်ထိပ်ခတ်၍ ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

“ကျွန်တော်က ဘာလို့ဖမ်းတာလဲ၊ ဘာကြောင့် လက်ထိပ်ခတ်တာလဲ ဆိုတော့ ရဲတပ်သား ဇော်ခင်က မင်းကို တိုင်ထားတဲ့သူရှိလို့ ဖမ်းတာဆိုပြီး ကျွန်တော့် ညာခြေထောက်ကို တစ်ချက်ကန်တယ်။ ပြီးတော့ ကျွန်တော်နေတဲ့ ရပ်ကွက်မဟုတ်တဲ့ ကြီးပွားရေး ရပ်ကွက်ရုံးကို ခေါ်သွားတယ်။ 
ပြီးတော့ ကျွန်တော့်ကို သူတို့က မင်းတို့ရပ်ကွက်ထဲမှာ နှစ်လုံး၊ သုံးလုံး ရောင်းစားသူတွေ၊ ခါးပိုက်နှိုက်၊ သူခိုးပြစ်မှု ကျူးလွန်သူများကို သတင်းပေးရမယ်။ ငါတို့ ငွေကြေးထောက်ပံ့ပေးမယ် လို့ ပြောတယ်” ဟု မောင်သက္ကက ပြောသည်။

ယခုကဲ့သို့ ပြုလုပ်ခဲ့သူ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေးတစ်ဦးတို့ကို ဖမ်းဆီးထားပြီး ရဲစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းမှ စုံစမ်းသိရှိရသည်။ 

“အဓိကကတော့ တရားဥပဒေစိုးမိုးမှု မရှိတာပဲ။ ဒီလိုမျိုးပြဿနာတွေက မရှိသင့်တော့ပါဘူး။ အဲဒါကို လူမြင်ကွင်းမှာ လက်ထိပ်ခတ်ပြီး ဖမ်းတယ်။ ရဲသတင်းပေး လုပ်ခိုင်းတယ်။ ဒါမျိုးတွေက တရားဥပဒေ စိုးမိုးရေး မရှိလို့ ဖြစ်ရတာပါ” ဟု အဆိုပါဖြစ်စဉ်အား လိုက်ပါကူညီဆောင်ရွက်ပေးသူ ကိုမင်းမင်းက ပြောသည်။

ဘိုဘိုမင်း

by ဦးနှောက်မှ မရှိတာကိုး

February 10, 2013

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ အသက်(၁၇)နှစ် အရွယ်ရှိ မောင်သက္ကသည် ဇန်န ၀ါရီ ၂၆ ရက် နေ့လယ် ၁ နာရီတွင် ငမိုးရိပ်(၃)လမ်းထိပ်ရှိ ကောင်းမွန်လက်ဖက်ရည်ဆိုင်၌ သူငယ်ချင်းဖြစ်သူနှင့် ထိုင်နေစဉ် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ရဲသတင်းပေး တစ်ဦးတို့က ၎င်းကို အဆိုပါ လက်ဖက်ရည်ဆိုင်၌ပင် လက်ထိပ်ခတ်၍ ကန်ကျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး

အမေရိကန် နှင်းမုန်တိုင်း ၄ ယောက်ထက်မနည်း သေဆုံး 
Sunday, February 10, 2013 

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အားကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသွားပါပြီ။ ဆီးနှင်းထုက နယူးယောက်မြို့မှာ တပေ
ကအစ ကွန်နက်တိကက်ပြည်နယ် (Connecticut) ပြည်နယ် Milford မြို့မှာ ဆီးနှင်းထု ၃ ပေကျော်အထိ မြင့်ပါတယ်။ ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေတဲ့အပြင် လေပြင်းကလည်း တိုက်တာမို့ ဓာတ်ကြိုးတွေ
ပြတ်ကျပြီး လူသိန်းပေါင်းများစွာ လျှပ်စစ်မီး မရရှိဘဲနေ နေရပါတယ်။
လေက တနာရီကို မိုင် (၃၀) လောက်နဲ့ တိုက်နေတာပါ။

နိုင်ငံ အရှေ့မြောက်ခြမ်း ပြည်နယ်တွေရဲ့ လေဆိပ်တွေက
လေယာဉ်ခရီးစဉ်တွေ အဝင်ရော အထွက်ရော ရပ်ထားရပြီး ရထားတွေလည်း မပြေးဆွဲနိုင်သလို ကားလည်း မမောင်းဖို့ တားမြစ်ထားပါတယ်။ ဘယ်လိုရာသီမျိုးမှာမဆို စာတွေအရောက်
ပို့ပေးပါမယ်လို့ အလွတ်သဘော ကြွေးကြော်ထားတဲ့ အမေရိကန်စာတိုက်ဌာန ကတော့ သူ့ရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို
ပြည်နယ် ၆ ခုမှာ စနေနေ့ကပဲ ရပ်နားထားလိုက်ပါတယ်။

အခုတော့ မုန်တိုင်းက ကနေဒါနိုင်ငံ အရှေ့ဖျားကနေ ပင်လယ်ဘက်ကို ထွက်သွားပြီမို့ လေယာဉ်ခရီးစဉ်တွေ ရထားပြေးဆွဲမှုတွေ တဖြည်းဖြည်း
ပြန်စတင်နေပါပြီ။ ကားမမောင်းဖို့ တားမြစ်ထားတာကိုလည်း
ပြန်လျှော့ပေးလိုက်ပြီး ဖြစ်ပေမဲ့ လမ်းက အန္တရာယ် အထူးများသေးပြီး အပြင်မထွက်ကြသေးတာ အကောင်းဆုံးပဲလို့ သတိပေးချက် ထုတ်ထားပါသေးတယ်။ မြောက်ပိုင်းကဆင်းလာတဲ့ အာတိတ်ဒေသက
လေအေးတွေနဲ့ အတ္ထလန္တိတ်သမုဒ္ဒရာက ရေငွေ့တွေ ထိတွေ့ပြီး ဆီးနှင်းမုန်တိုင်း တိုက်ခတ်ရတာဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက
ပြောကြပါတယ်။ 

ဗွီအိုအေ

Sunday, February 10, 2013

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ခြမ်းပြည်နယ်တွေမှာ အင်အားကြီးတဲ့ ဆောင်းမုန်တိုင်းတခု တိုက်ခတ်နေပြီး ဆီးနှင်းတွေ ထူထူထပ်ထပ် ကျဆင်းနေသလို ဒီနှင်းမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၄ ဦးရှိသွားပါပြီ။

BEST BRANDS EXPO 2013 ပြပွဲယမန်နေ့ နံနက် ၉ နာရီ အချိန်ကကျင်းပ

BEST BRANDS EXPO 2013 ပြပွဲကျင်းပ
Sunday, February 10, 2013 

SMART BUSINESS GROUP မှ ကြီးမှူး၍ BEST BRANDS EXPO 2013 ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖွင့်ပွဲ အခမ်းအနား ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ စီးပွားရေး နှင့် စီမံကိန်း ၀န်ကြီး ဦးသန်းမြင့် ၊ ပြပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖုန်းမြင့် နှင့် Naing Gropu Construction Co., Ltd မှ စီနီယာ ဒါရိုက်တာ ဦးစောမြင့်အောင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး တိုင်းဒေသကြီး ၀န်ကြီးနှင့် ဧည့်သည်တော် များသည် ပြခန်း အတွင်း လှည့်လည် ကြည့်ရှု အားပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် မော်တော်ယာဉ် နှင့် စက်ပစ္စည်းများ ၊ အိမ်တွင်း အလှဆင် ပစ္စည်း ၊ ကြွေထည် ပစ္စည်း များ ၊ အိမ်ရာ ပြခန်းများ ၊ ပရိဘောဂများ ၊ အီလက်ထရောနစ် ပစ္စည်းများ ၊ လူသုံးကုန် ၊ ခန်းဝင် ပစ္စည်း ၊ စားသောက်ကုန် ၊ အလှကုန် နှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ၊ တိုင်းရင်းဆေး ပြခန်းများ အပါအ၀င် ကုမ္ပဏီ ၈၀ ခုမှ ပြခန်းပေါင်း ၁၄၀ ကျော် ပါဝင် ပြသထားပြီး ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် ပြသမည် ဖြစ်ရာ လာရောက် ကြည့်ရှု သူများအား နေ့စဉ် ကံစမ်းမဲ (အခမဲ့) များဖောက်၍
ဖျော်ဖြေရေး အစီအစဉ် များဖြင့် ဖျော်ဖြေ တင်ဆက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

The Myawady Daily

Sunday, February 10, 2013

SMART BUSINESS GROUP မှ ကြီးမှူး၍ BEST BRANDS EXPO 2013 ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ရန်ကုန်မြို့ ၊ ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အမှုများကြားနာနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ရုရှားတရားသူကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရ

အမှုများကြားနာနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ရုရှားတရားသူကြီး ရာထူးမှ ဖယ်ရှားခံခဲ့ရ


 ရုရှားအရှေ့ဖျားဒေသ ဗလာဂေါ့ခ်ျချင့်စ်မြို့ရှိ တရားသူကြီးတစ်ဦးသည် အမှုများ ကြားနာ စစ်ဆေးနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ရုရှားအခြေစိုက် သတင်းများတွင် ဖော်ပြခဲ့သည်။ ယာ့ဖ်ဂီနီမက်ခ်ဟာဟို အမည်ရှိမြို့နယ် တရားသူကြီးသည် အမှုတစ်ခု ကြားနာစစ်ဆေးစဉ် မှားယွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခဲ့သဖြင့် တရားခံ ရှေ့နေတစ်ဦးက ၎င်းတရား စီရင်ချိန်များတွင် အိပ်ပျော်နေပုံကို မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးကာ အင်တာနက်စာမျက်နှာပေါ်သို့ ထုတ်လွှင့်ပြသခဲ့သည်။ ထို့ကြောင့် ရုရှားတရားရုံးတော်က ယင်းကိစ္စနှင့် ပတ်သက်၍ မာက်ခ်ဟာနိုကို ရာထူးမှ ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

News from: ပြည်မြန်မာဂျာနယ်

အေးချမ်းမွန်

ရုရှားအရှေ့ဖျားဒေသ ဗလာဂေါ့ခ်ျချင့်စ်မြို့ရှိ တရားသူကြီးတစ်ဦးသည် အမှုများ ကြားနာ စစ်ဆေးနေစဉ် မကြာခဏ အိပ်ပျော်လေ့ရှိသဖြင့် ဇန်န၀ါရီလ ၁ရက်နေ့တွင် ရာထူးမှဖယ်ရှားခံခဲ့ရကြောင်း ရုရှားအခြေစိုက် သတင်းများတွင် ဖော်ပြခဲ့သည်။

Max Myanmar ကုမ္မဏီပိုင် ငွေကောက်သည့် ဂိတ်ကြောင့် သန်လျင် မြို့ ခရီးသွားများ ဒုက္ခရောက်နေ...

Max Myanmar ကုမ္မဏီပိုင်  ငွေကောက်သည့် ဂိတ်ကြောင့် သန်လျင် မြို့  ခရီးသွားများ ဒုက္ခရောက်နေ...

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အဝေးပြေးကားလမ်းများတွင် မြို့ဝင်ကြေး (ဘီးခွန်) ကောက်ခံခြင်း၊ လမ်း/ တံတား အသုံးပြုခွင့် ကောက်ခံခြင်း လုပ်ငန်းများကို အစိုးရ ဌါနများထံမှ လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော Max Myanmar ကုမ္မဏီပိုင် ဂိတ်တစ်ဂိတ်ကြောင့် သန်လျင်မြို့ရှိ ခရီးသွားများ အခက်ကြုံနေရကြောင်း သိရသည်။
 
လွန်ခဲ့သော ၂၀၁၂ ခုနှစ် အကုန်အထိ 
ရန်ကုန်- သန်လျှင် မြို့ဝင်ကြေး နှင့် လမ်းတံတား အသုံးပြုခ ဂိတ်ကို ရန်ကုန်မှ သန်လျင် အ၀င်ကောက်ခံရေးအတွက် ရန်ကုန် - သန်လျင် တံတား ထိပ်တွင် စုပေါင်း ကောက်ခံလေ့ရှိပြီး ကျိုက်ခေါက် ဘုရားဖက် မြို့ဝင်ဂိတ်ကိုမူ အောင်ချမ်းသာ ရပ်ကွက် ထိပ်တွင် ကောက်ခံခဲ့သည်။

၂၀၁၃ ခုနှစ် အစ တွင်မူ မြန်မာ့မီးရထားမှ ချထားပေးသော ရန်ကုန် - သန်လျင် တံတား အသုံးပြုခကို ရွှေထမင်းရှင် ကုမ္မဏီက လုပ်ပိုင်ခွင့် ရရှိသွားသောကြောင့် Max Myanmar ကုမ္မဏီ အနေဖြင့် ဂိတ်အရွှေ့ အပြောင်းလုပ်ခဲ့ရာ ရန်ကုန်မှ သန်လျှင် အသွား မြို့ဝင်ကြေး ကောက်ဂိတ်စခန်း နှင့် လမ်းအသုံးပြုခ ကောက်ခံရေး စခန်း ကို ယခင်နေရာတွင် ကောက်ခံသော်လည်း ကျောက်တန်းဘက် မှ  သန်လျင် အ၀င် ဂိတ်ကိုမူ အောင်ချမ်းသာ အကျော် တွင် ကောက်ခံလျက်ရှိရာ အသွားအပြန် နှစ်ကြောင်း စလုံး အတွက် ငွေကောက်ခံလျှက် ရှိသောကြောင့် လမ်းကြောင်း ပိတ်ဆို့မှု များ ဖြစ်ပေါ်နေပြီး အဆိုပါ မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ ပေးဆောင်ရန် တစ်မိုင်နီးပါးခန့် တန်းစီစောင့်ရသည့် အနေအထားအထိ ဖြစ်ပေါ်နေပြီး နေ့လည် နေပူပြင်းသည့် အချိန်မျိုးတွင်မူ ကားပေါ်ရှိ ခရီးသွားများမှာ မူးမော် လဲကျသည်အထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ လလောက်ကမှ စဖွင့်တဲ့ အဲ့ဒီဂိတ်ဟာ တောင်ကုန်းထိပ်မှာ ဖွင့်ထားတယ်။ ကားနှစ်စီးဘဲ သွားလို့ရတဲ့ လမ်းတောင်ကုန်းထိပ်မှာ ဟိုဖက် ဒီဖက် ပိတ်ပြီး ငွေကောက်တော့ ကျော်တက်တဲ့ကားက ရှေ့က ကားလာနေလား ဆိုတာလဲ မသိရ ရမ်းကျော်တော့ အသက် အန္တရာယ်တွေလည်း ဖြစ်နိုင်တယ်။ ပိုဆိုးတာက စည်/ပင် နယ်နမိတ် အတွင်းမှာ မြို့ဝင်ကြေးဂိတ်စခန်း လာဖွင့်ထားတော့ ဂိတ်နားနေတဲ့သူတွေ အိမ်ပြန်လဲ ပေးရ အိမ်ကထွက်လဲ ပေးရ နဲ့ အတော် ဒုက္ခရောက်တယ်။ သူတို့ကတော့ များများရတာပေါ့။ ပေးရတာထက် ပေးဖို့ စောင့်ရတဲ့ ဒုက္ခကို ပိုစိတ်ပျက်တယ်။" ဟု အောင်ချမ်းသာ ကုန်းနေ တက္ကစီ ကားသမား ဦးသိန်းလှ က ပြောသည်။

Max Myanmar ကုမ္မဏီင်္ အနေဖြင့် Lite Ace ကားတစ်စီးလျင် ရန်ကုန်- သံလျင် မြို့ဝင်ကြေး ၁၅၀ ကျပ်၊ (၂၀၀ တန်ပေးလျင် အကြွေပြန်မအမ်း)၊ အောင်ချမ်းသာ ဂိတ် (သန်လျင် အထွက်) လမ်းအသုံးပြုခ အတွက် ၂၀၀ ကျပ်၊ ကျိုက်ခေါက် ဘုရားအနီး အောင်ချမ်းသာ ဂိတ်မှ သန်လျင် အ၀င် မြို့ဝင်ကြေး နှင့် လမ်းအသုံးပြုခ အတွက် ၃၀၀ ကျပ် ကောက်ခံလျက် ရှိသည်။

ဓါတ်ပုံ အညွန်း - ကျိုက်ခေါက်ဘုရား ဘက်မှ သန်လျင် သို့ အ၀င်ကားများ မြို့ဝင်ကြေး ပေးဆောင်သွားလာနိုင်ရေး တန်းစီ စောင့်ဆိုင်နေရစဉ်.. (သီလ၀ါ လမ်းဆုံ)

Zaw Lwin Win
ဓါတ်ပုံ အညွန်း - ကျိုက်ခေါက်ဘုရား ဘက်မှ သန်လျင် သို့ အ၀င်ကားများ မြို့ဝင်ကြေး ပေးဆောင်သွားလာနိုင်ရေး တန်းစီ စောင့်ဆိုင်နေရစဉ်.. (သီလ၀ါ လမ်းဆုံ)
မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ အဝေးပြေးကားလမ်းများတွင် မြို့ဝင်ကြေး (ဘီးခွန်) ကောက်ခံခြင်း၊ လမ်း/ တံတား အသုံးပြုခွင့် ကောက်ခံခြင်း လုပ်ငန်းများကို အစိုးရ ဌါနများထံမှ လုပ်ပိုင်ခွင့် ပါမစ်ရယူပြီး တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော Max Myanmar ကုမ္မဏီပိုင် ဂိတ်တစ်ဂိတ်ကြောင့် သန်လျင်မြို့ရှိ ခရီးသွားများ အခက်ကြုံနေရကြောင်း သိရသည်။

နေအိမ်အဆောက်အဦး တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှု တရုတ်၌ ဖြစ်ပွား

နေအိမ်အဆောက်အဦး တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှု တရုတ်၌ ဖြစ်ပွား

 တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများအနက် ဂေါင်ဇူးမြို့ ဂေါင်ဝမ်လမ်းရှိ မြေအောက်အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းခွင်အနီးတွင် နေအိမ်အဆောက်အအုံ တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ရက် ရှန်ဟိုင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။ အဆိုပါ အဆောက်အအုံ ကျွံဝင်ခဲ့သည့် မြေကျင်းသည် ၃၂၃၀ပေကျယ်ဝန်းပြီး ပေ၃၀၀၀ကျော် အနက်ရှိကြောင်း သိရသည်။ တစ်စုံတရာ ထိခိုက်ဒဏ်ရာရရှိ သူမရှိကြောင်း သိရသည်။ထိုဖြစ်ရပ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံတွင် မြေအောက်မှ ရေများအဆမတန် စုပ်ယူသုံးစွဲမှုနှင့် အဆောက်အအုံများ ပိုမိုတိုးချဲ့ တည်ဆောက်လာမှုတို့ကြောင့် ယင်းသို့ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အမေရိကန်အခြေစိုက် ကမ္ဘာ့ပထ၀ီဝင် လေ့လာစူးစမ်းရေးအဖွဲ့မှ ပညာရှင်များက ပြောကြားသွားခဲ့သည်။

News from: ပြည်မြန်မာ

အေးချမ်းမွန်

တရုတ်နိုင်ငံ၏ အကြီးဆုံး မြို့ကြီးများအနက် ဂေါင်ဇူးမြို့ ဂေါင်ဝမ်လမ်းရှိ မြေအောက်အဆောက်အအုံ တည်
ဆာက်ရေး လုပ်ငန်းခွင်အနီးတွင် နေအိမ်အဆောက်အအုံ တစ်ခုလုံး မြေကြီးထဲသို့ ကျွံဝင်မှုတစ်ခု ဖြစ်ပွား
ခဲ့ကြောင်း ဇန်န၀ါရီလ ၂၉ရက် ရှန်ဟိုင်းသတင်း တစ်ရပ်တွင် ဖော်ပြခဲ့သည်။

I Love MM campaign show ကို ပြည်ထောင်စုနေ့တွင်ကျင်းပမည်

I Love MM campaign show ကို ပြည်ထောင်စုနေ့တွင်ကျင်းပမည်
Sunday, February 10, 2013

GIORDANO မှ ဦးစီးကျင်းပသော I Love MM campaign show ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ၁၂ရက်တွင် Junction Square တွင်ပြုလုပ်မည်ဟုသိရသည်။

အဆိုပါအစီအစဉ်တွင် မော်ဒယ်များနှင့်အတူဈေးဝယ်ရင်းအမှတ်တရ
ဓါတ်ပုံရိုက်ခြင်း၊စာပေဟောပြောပွဲ၊ဖျော်ဖြေရေးပျော်ပွဲရွှင်ပွဲများ၊
ပဟေဠိနှင့် ဂိမ်းကစားပွဲများ၊မော်ဒယ်ရှိုးများဖြင့် နေ့လည်၂နာရီ မှ 
ည၇နာရီ အထိစည်ကားစွာကျင်းပသွားမည်ဟုသိရသည်။

t
Popular Myanmar News Journal

Sunday, February 10, 2013

GIORDANO မှ ဦးစီးကျင်းပသော I Love MM campaign show ကို ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ၁၂ရက်
တွင် Junction Square တွင်ပြုလုပ်မည်ဟုသိရသည်။

ရန်ကုန်တွင် စည်းကမ်းမဲ့ ရပ်တန့်ယာဉ်များ ကရိန်းကားဖြင့် သယ်ယူဖယ်ရှားခံရမည်

ရန်ကုန်တွင် စည်းကမ်းမဲ့ ရပ်တန့်ယာဉ်များ ကရိန်းကားဖြင့် သယ်ယူဖယ်ရှားခံရမည်
Sunday, February 10, 2013

ရန်ကုန်မြို့ တွင် စည်းကမ်းမဲ့ ရပ်တန့် ယာဉ်များအား တွေ့ရှိပါက
ဆက်သွယ်သတင်းပေးတိုင်ကြားနိင်ပြီး တိုင်ကြားခံရသည့်
မော်တော်ယာဉ်ကို ကရိန်းကားဖြင့် သယ်ယူဖယ်ရှားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု
ကော်မတီက သတိပေးချက်ထုတ်ပြန်ထားသည်။

စည်းကမ်းမဲ့ ရပ်တန့်ယာဉ်အား ကရိန်းကားဖြင့် သယ်ယူဖယ်ရှားခံရပါက ကရိန်းသယ်ယူခကို ယာဉ်ပိုင်ရှင်က ပေးဆောင်ရမည်ဟုသိရသည်။

t
Popular Myanmar News Journal

Sunday, February 10, 2013

ရန်ကုန်မြို့ တွင် စည်းကမ်းမဲ့ ရပ်တန့် ယာဉ်များအား တွေ့ရှိပါကဆက်သွယ်သတင်းပေးတိုင်ကြားနိင်ပြီး တိုင်
ကြားခံရသည့်မော်တော်ယာဉ်ကို ကရိန်းကားဖြင့် သယ်ယူဖယ်ရှားမည်ဟုရန်ကုန်တိုင်းဒေသကြီးယာဉ်စည်း
ကမ်းထိန်းသိမ်းရေးကြီြး