Wednesday, March 6, 2013
1st Myanmar Balance for Android
Android ဖုန်းတွေအတွက် 1st Myanmar Balance (Beta) ကို Android Developer
ကိုထင်အောင် မှထုတ်လုပ်လိုက်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာပြည်က Mobile
Users တွေအတွက် ကိုယ့်ဖုန်းရဲ့ လက်ကျန်ငွေကို စစ်ချင်ရင် နံပါတ်တွေ
ရိုက်နေရမယ့်အစား ဒီ App လေးကို သုံးပြီး အလွယ်တကူ စစ်လို့ ရဖို့
ရည်ရွယ်ပါတယ် ။
ရုရှားက မြန်မာနှင့် စစ်ရေး ပူးပေါင်းမှု ပိုမိုလုပ်ဆောင်လို
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ် ရုရှား ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shoigu က မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက် လုပ်ဆောင်နိုင်ရေးအတွက် ၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း အနီးကပ် ကြိုးစားနေကြောင်း အိန္ဒိယနိုင်ငံထုတ် Deccan Herald သတင်းစာက ရေးသားသည်။
ဂျာမနီ ကမ္ဘာလှည့် မော်တော်ယာဉ်တန်း အင်းလေးဒေသ ဝင်ရောက်သွား
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်
ဂျာမနီ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည် ယာဉ်တန်းမှာ
အိန္ဒိယ နယ်စပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်ကာ အင်းလေးဒေသသို့ မတ်လ ၃ ရက်က
လာရောက်သွားကြောင်း ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြားသား ခရီးသည် ၅၄ ဦး ပါဝင်သည့် မော်တော်ယာဉ် ၂၉ စီး ဝင်ရောက်လာခြင်း ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရရန် ပြည်တွင်းအခင်းအကျင်းတွင် ယုံကြည်စိတ်ချရမှု လိုအပ်ဟု ဒေါ်စုပြော
ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၆ ရက် ၂၀၁၃ ခုနှစ်
မြန်မာနိုင်ငံအတွင်း အခင်အးကျင်းအပေါ် ယုံကြည်မှု ရှိမှသာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမည် ဖြစ်သဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် ယုံကြည်မှု တည်ဆောက်ရန်လည်း အရေးကြီးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
မတ်လ ၇ ရက်၊ ကြာဿပတေးနေ့၊ နံနက် ၂း၁၅ တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်များ
မတ်လ ၇ ရက်၊ ကြာဿပတေးနေ့၊ နံနက် ၂း၁၅ တွင် ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်များ
ဂျူဗင်တပ်စ် vs ဆဲလ်တစ်
(ပထမအကျော့ရလဒ် ဆဲလ်တစ် ၀ - ၃ ဂျူဗပ်တပ်စ်)
ပြည်သူများ အမြင်မကျယ်သေးသည့်အတွက် အချို့နေရာများတွင် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရကြောင်း သာသနာရေးဝန်ကြီးပြော
![]() |
March 5, 2013
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံး၍ သွားနေသောနိုင်ငံတစ်နိုင်ငံဖြစ် နေသော်လည်း
၊ ပြည်သူများ၏ အမြင်မကျယ်မှု ၊ ဘာသာရေးအစွဲအလမ်းကြီးမှု ၊
အယူသီးမှုများကြောင့် အချို့သောနေရာများတွင် အစိုးရအနေဖြင့်
ထိန်းထိန်းသိမ်းသိမ်း လုပ်ကိုင်နေရကြောင်း သာသနာရေး ၀န်ကြီးဦးဆန်းဆင့်က
ဘာသာရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။
အရောင်းဝန်ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င်ကာမစိတ်ကြွဆေး ရောင်းချမှုဖြင့် အရေးယူ
Wednesday, March 6, 2013
စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာတို့မှ တာဝန်ကျဝန်
ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုကာ သက်ဆိုင်ရာမှ တည်ဆဲ
ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
စိန်ဂေဟာဆေးကောင်တာနှင့် တော်ဝင်စင်တာ မြေညီထပ်ရှိ (Orange) ဆေးကောင်တာတို့မှ တာဝန်ကျဝန်
ထမ်း မိန်းကလေးနှစ်ဦးကို တရားမ၀င် ကာမစိတ်ကြွဆေးရောင်းချသည်ဟုဆိုက
ဥပဒေများနှင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း ဒဂုံမြို့နယ်ရဲစခန်းမှ တာဝန်ရှိဝန်ထမ်းတစ်ဦးက
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတစ်ဝိုက် ရွှေကြောများတွေ့
နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်တိုင်းစစ် ဌာနချုပ်
နယ်မြေအနီးတစ်ဝိုက်တွင် စီးပွားဖြစ် ထုတ်နိုင်သော ရွှေကြောများရှိနေကြောင်း ဘူမိဗေဒ ပညာရှင်ဦးစိုးသိန်းက ပြောသည်။
ယခင် နေပြည်တော် မြို့တော်အဖြစ် မဖော်ထုတ်ခင် ၁၉၈၉ ခုနှစ် အစောပိုင်းကာလက
ယင်းနယ်မြေတွင် သရက်ခုံ ရွှေကြောတစ်ခုရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ရွှေထုတ်လုပ်သည့် စက်ရုံဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်လေးဦးအား ညီလာခံကိုယ်စားလှယ်တာဝန်မှ ရပ်စဲ
နေပြည်တော်၊ မတ် ၅
ပါတီတွင်း ညီညွတ်ရေးပြိုကွဲစေသောလှုပ်ရှားမှုများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ဒီချုပ်မှ သတင်းထုတ်ပြန်လိုက်သည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသောအပြုအမူ၊
အပြောအဆိုနှင့် လှုပ်ရှားမှုများပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့်
ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင်ကျင်းပမည့်နိုင်ငံ လုံးဆိုင်ရာညီလာခံ၏ ကိုယ်စား လှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း မြင့်မားသော ဓာတုပစ္စည်း Aristolochic Acid ပါဝင်နေပြီး ကျောက်ကပ်ကင်ဆာ ဖြစ်စေနိုင်ကြောင်း စစ်ဆေးတွေ့ရှိ
ဣဿရမူလီ ဆေးရွက်ကို တွေ့ရစဉ် |
မြန်မာ့တိုင်းရင်း ပရဆေးပင် ဣဿရမူလီတွင် ကင်ဆာဖြစ်နိုင်စွမ်း
မြင့်မားသော ဓာတုပစ္စည်း တစ်မျိုးဖြစ်သည့် Aristolochic Acid ပါဝင်နေကြောင်း
စစ်ဆေးတွေ့ရှိထားပြီး ယင်းဆေးပင်ကို စားသုံးခြင်းဖြင့်ရောဂါဖြစ်နိုင်ခြေရှိ-မရှိ စစ်ဆေးခဲ့ရာ ကျောက်ကပ်ပျက်စီးမှုကို
ဖြစ်ပေါ်စေပြီး ကျောက်ကပ်
ကင်ဆာ ဖြစ်နိုင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း
ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်)၊ ဆေးဝါးအဆိပ် သုတေသနဌာနမှ
ဒေါက်တာခင်ချစ်က ပြောသည်။