Pages

Wednesday, March 6, 2013

စီအင်ဂျီ စီးတီးဘတ်စ်များ စလစ်မပါ ဝယ်ယူခွင့်ပြုပြီ

စီအင်ဂျီ စီးတီးဘတ်စ်များ စလစ်မပါ ဝယ်ယူခွင့်ပြုပြီ
Wednesday, March 6, 2013

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ တင်ပြချက်အရ အထူးအစီအစဉ် တရပ် အနေဖြင့် စီအင်ဂျင် စီးတီးဘတ်စ် များအား စလစ်မပါဘဲ ဝယ်ယူခွင့်ကို မတ်လ ၁ ရက်နေ့မှ စတင်ခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

“မော်တော်ယာဉ် စီးရေအနေနဲ့ ၁၃၇ စီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရောင်းချခွင့်ပြုမှာပါ” ဟု ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင် က ပြောသည်။ ယင်း စီးတီးဘတ်စ်များအား မော်တော်ယာဉ် လိုင်းများတွင် ပါဝင်ပြေးဆွဲနိုင်ရန်
ကိုပါ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

“စီအင်ဂျီ စီးတီးဘတ်စ် တွေကို အရင်က ဝယ်မယ်ဆိုရင် စလစ်နဲ့သာ ဝယ်ယူခွင့် ရှိခဲ့ပါတယ်။ စလစ်ဆိုတာက ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစနစ်အရ ဘတ်စ်ကား အပ်ရင် ဘတ်စ်ကား သွင်းခွင့်ရှိတယ်။ ဘတ်စ်ကား အပ်သူ အများစုကလည်း အိပ်စပတ် ကားတွေပဲ
ပြန်သွင်းကြတယ်။ အဲဒီတော့ စလစ်နဲ့ ရောင်းဖို့ ခွင့်ပြုထားတဲ့ ဘတ်စ်ကားတွေက အရာင်းပြခန်းတွေမှာ စုပြုံနေတယ်။ အခုလို ခွင့်ပြုတဲ့တတွက် အရင်က ဘတ်စ်ကား သွင်းထားတဲ့သူတွေ ပိုပြီးအဆင်ပြေကြမှာပါ” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းအေး က ပြောသည်။

စီးတီးဘတ်စ်များမှာ ကိုရီးယားနိုင်ငံမှ အများဆုံး တင်သွင်းထားကြောင်း သိရသည်။

ခင်မျိုးသွယ် 
မဇ္ဈိမ


Wednesday, March 6, 2013

ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ တင်ပြချက်အရ အထူးအစီအစဉ် တရပ် အနေဖြင့် စီအင်ဂျင် စီးတီးဘတ်စ် များအား စလစ်မပါဘဲ ဝယ်ယူခွင့်ကို မတ်လ ၁ ရက်နေ့မှ စတင်ခွင့်ပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။
“မော်တော်ယာဉ် စီးရေအနေနဲ့ ၁၃၇ စီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ရောင်းချခွင့်ပြုမှာပါ” ဟု ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင် က ပြောသည်။ ယင်း စီးတီးဘတ်စ်များအား မော်တော်ယာဉ် လိုင်းများတွင် ပါဝင်ပြေးဆွဲနိုင်ရန်
ကိုပါ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။


“စီအင်ဂျီ စီးတီးဘတ်စ် တွေကို အရင်က ဝယ်မယ်ဆိုရင် စလစ်နဲ့သာ ဝယ်ယူခွင့် ရှိခဲ့ပါတယ်။ စလစ်ဆိုတာက ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုစနစ်အရ ဘတ်စ်ကား အပ်ရင် ဘတ်စ်ကား သွင်းခွင့်ရှိတယ်။ ဘတ်စ်ကား အပ်သူ အများစုကလည်း အိပ်စပတ် ကားတွေပဲ ပြန်သွင်းကြတယ်။ 
အဲဒီတော့ စလစ်နဲ့ ရောင်းဖို့ ခွင့်ပြုထားတဲ့ ဘတ်စ်ကားတွေက အရာင်းပြခန်းတွေမှာ စုပြုံနေတယ်။ အခုလို ခွင့်ပြုတဲ့တတွက် အရင်က ဘတ်စ်ကား သွင်းထားတဲ့သူတွေ ပိုပြီးအဆင်ပြေကြမှာပါ” ဟု ရွှေယမုံ ကားအရောင်းပြခန်းမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးထွန်းအေး က ပြောသည်။

စီးတီးဘတ်စ်များမှာ ကိုရီးယားနိုင်ငံမှ အများဆုံး တင်သွင်းထားကြောင်း သိရသည်။

ခင်မျိုးသွယ်
RND: 5.3.2013
မဇ္ဈိမ

0 comments:

Post a Comment