Pages

Tuesday, December 31, 2013

ပုဂ္ဂလိကလုပ်ကိုင်ခွင့် လေဆိပ်အားလုံးကိုမပေးဟု လေကြောင်း/ဦးစီးဆို

RangonNewsDaily:: December . 31 .2013
ပြည်တွင်းလေဆိပ်၃၀ အတွက် လုပ်ငန်း ၁၀ မျိုးအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးရာတွင် လေဆိပ် အားလုံး

ကို လုပ်ကိုင်ခွင့်ပေးမည်မဟုတ်ဘဲ ပြည်တွင်းရှိ လေဆိပ်ခေါ်ယူမည့်တင်ဒါအား လုပ်ငန်းရှင်များဘက်မှတင်
ပြမည့် အဆိုပြုလုပ်ငန်း (Registry of Interest (ROI)) အပေါ် အခြေပြု၍ လုပ်ကိုင် ခွင့်ပြုမည့် လေဆိပ်အား
ရွေးချယ်သွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦး
ဝင်းဆွေထွန်းက မဇ္ဈိမသို့ ဒီဇင်ဘာ ၃၀ ရက်က ပြောကြားသည်။

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်

Photo: ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်
Tuesday, December 31, 2013

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသတ်မှတ်ချက်များတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှု၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု)၊ အစိုးရ ဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုတို့ အတွက် ပါဝင်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု (Consignment စနစ် အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်များမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ တင်သွင်းပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တင်သွင်းမှု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှုအတွက် လူစီးမော်တော်ယာဉ် (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ကုန်တင်ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ခရီးသည်တင်ယာဉ် (Express) များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း-ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲ ယာဉ်များ၊ Mini Bus၊ City Bus (ဘယ်မောင်း) များ (၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း) လျှောက်ထားနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှုတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှု) တွင်မူ လူစီးမော်တော်ယာဉ်များ အတွက် ၂၀၀၉ မှ ၂၀၁၄ ခုနှစ်အတွင်း၊ လုပ်ငန်းသုံး ယန္တရားများ အတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ် အတွင်း၊ မီးသတ်ကား၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်များအတွက် ၁၉၉၈ မှ ၂၀၁၄ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) အတွက် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင် ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ၊ Mini Bus, City Bus များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)များကို တင်သွင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားပါက ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်/ယန္တရားများကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ယာဉ် တင်သွင်းခွင့်အတွက် နှစ်သတ်မှတ်ချက်များကို ထုတ်ပြန်ရာတွင် နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် Model Year လျှော့ပေါ့ လျှောက်ထားပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

(ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
(ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
RangonNewsDaily:: December . 31 .2013
၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်
များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်
ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မန္တလေး ကျုံးဘေးပတ်လည်တွင် လေးထပ်ထက် ပိုဆောက်ခွင့်မပြုတော့

RangonNewsDaily:: December . 31 .2013
မန္တလေးမြို့၊ကျုံးဘေးပတ်လည်တွင် လေးထပ်ထက်မြင့်သောအဆောက်အအုံများ ဆောက်လုပ်ခွင့် မပြုတော့

ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဆောက်အအုံနှင့်ကုန်ရုံဌာနမှဌာနမှူးဦးမျိုးအောင်
က ပြောသည်။ “အဆောက်အအုံတစ်ခု ဆောက်လုပ်တဲ့နေရာမှာ အထပ်ဘယ်လောက်အထိဆောက်ရမယ်
ဆိုပြီး သတ် မှတ်ခွင့်ပြုထားတာ မန္တလေးမှာ မရှိပါဘူး။ ဒါပေမဲ့ ကျုံးဘေးပတ်လည်မှာတော့ လေးထပ်ထက် ပိုမ ဆောက်ရဘူး။ လေးထပ်အထိပဲ ခွင့်ပြုထားတယ်”ဟု ၎င်းက ပြောသည်။

Monday, December 30, 2013

ဘောလုံးကွင်းအတွင်း အိမ်ရာ ဆောက်လုပ်ခွင့်ပြုသော ရန်ကုန်စည်ပင်ကို ဆန္ဒပြ

Photo: ဘောလုံးကွင်းအတွင်း အိမ်ရာ ဆောက်လုပ်ခွင့်ပြုသော ရန်ကုန်စည်ပင်ကို ဆန္ဒပြ
Monday, December 30, 2013

သာကေတမြို့နယ် (၄) ရပ်ကွက် တောင်ပိုင်း အောင်သစ္စာလမ်း ဘောလုံး ကွင်းအတွင်း အထပ်မြင့်အိမ်ရာ ဆောက်လုပ်ခွင့် ပြုခဲ့သော ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူ ဦးစိန်ထွေးက ပြောကြားသည်။

အဆိုပါ ဘောလုံးကွင်းကို ၁၉၅၈ ခုနှစ် မြို့ပြမြေပုံတွင် အားကစားကွင်းအဖြစ် အိုးအိမ်ဦးစီးဌာနမှ ချထားပေးခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စည်ပင်ပိုင်မြေအဖြစ် ပြန်လည် သတ်မှတ်ကာ အထပ်မြင့်အိမ်ရာ ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့က အားကစားမြေအဖြစ် ထားရှိတာကို မတရား သိမ်းယူနေခြင်းကြောင့် လက်မခံပါဘူး” ဟု ၎င်းကဆိုသည်။

ယင်းဘောလုံးကွင်းအတွင်း အိမ်ရာဆောက်လုပ်ခြင်း မပြုရန် သာကေတမြို့နယ် (၄) ရပ်ကွက်တွင် နေထိုင်သူ ၁၅၀ ဦးကျော်က ကန့်ကွက်ကြောင်း ဗီနိုင်း ပိုစတာများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဘောလုံးကွင်းတွင် နှစ်စဉ် မြေဖို့ခြင်း၊ မြေညှိခြင်းများ လုပ်ကိုင်နေသော်လည်း ဘောလုံးကွင်းသည် စည်ပင်ပိုင်မြေ ဖြစ်သောကြောင့် ခွင့်ပြုချက် မရလျှင် မည်သည့် အလုပ်ကိုမှ လုပ်ပိုင်ခွင့် မရှိကြောင်းနှင့် လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေနှင့် အရေးယူမည် ဖြစ်ကြောင်း သာကေတမြို့နယ် စည်ပင်သာယာရေးရုံးမှ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် အမိန့်စာထုတ် အကြောင်းကြားထားကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရသည်။

အိုးအိမ် ဦးစီးဌာနသည် အဆိုပါ ဘောလုံးကွင်းကို မြို့တော် စည်ပင်သာယာရေး ကော်မတီထံ လွှဲပေးထားပြီး ဖြစ်၍ ယခုအခါ စည်ပင်မြေ ဖြစ်သောကြောင့် စည်ပင် ဝန်ထမ်းအိမ်ရာအဖြစ် ဆောက် လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သာကေတ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်စိုးက ပြောကြားသည်။
“ကျွန်တော် စည်ပင်နဲ့ ရပ်ကွက်ကို ညှိပေးပါတယ်။ ရပ်ကွက်ထဲမှာရှိတဲ့ အခြားဘောလုံးကွင်း နှစ်ခုနဲ့ လမ်းတွေကို အဆင့်မြှင့်ပေးမယ်လို့ စည်ပင်က လိုက်လျော ပေးထားပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီသို့ ဆက်သွယ် မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်နေသောကြောင့် တာဝန်ခံ ဖြေကြားမည့်သူ မရှိကြောင်း ပြန်လည် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ကလေးအားကစားကွင်းနှင့် ပန်းခြံကို ကွန်ဒိုတိုက်ခန်း ဆောက်လုပ်ခွင့် ပြုထားသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီကို အောက်တိုဘာလအတွင်း ဆန္ဒထုတ်ဖော်ခဲ့ပြီး နိုဝင်ဘာလ အတွင်းတွင်လည်း သိမ်ဖြူဘောလုံးကွင်း အိမ်ရာ ဆောက်လုပ်ခွင့် ပြုထားခြင်းကို သိမ်ဖြူ ရပ်ကွက်အတွင်း နေထိုင်သူများက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာ့ဘောလုံး တိုးတက်ရန်ဟုဆိုကာ နိုင်ငံတော် အဆင့်တွင် လုပ်ကိုင်နေသော်လည်း ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဘောလုံးကွင်း အချို့မှာ အိမ်ရာ ဆောက်လုပ်ခြင်း၊ အခြားစီးပွားရေးဆိုင်ရာ ကိစ္စရပ် များအတွက် အသုံးချခြင်းတို့ဖြင့် ရင်ဆိုင်နေရသည်။

The Voice Weekly

RangonNewsDaily:: December . 30 .2013
သာကေတမြို့နယ် (၄) ရပ်ကွက် တောင်ပိုင်း အောင်သစ္စာလမ်း ဘောလုံး ကွင်းအတွင်း အထပ်မြင့်အိမ်ရာ
ဆောက်လုပ်ခွင့် ပြုခဲ့သော ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ရပ်ကွက်အတွင်း နေ
ထိုင်သူများက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ယင်းဆန္ဒပြမှု ဦးဆောင်သူ ဦးစိန်ထွေး
က ပြောကြားသည်။

အကောင်းဆုံးကစားသမားဖြစ်ဖို့ မက်ဆီအတွက် Ballon d'Or ဆုမလိုအပ်ကြောင်း ဂျော်ဒီအယ်လ်ဘာ ပြောကြား

Photo: အကောင်းဆုံးကစားသမားဖြစ်ဖို့ မက်ဆီအတွက် Ballon d'Or ဆုမလိုအပ်ကြောင်း ဂျော်ဒီအယ်လ်ဘာ ပြောကြား
Monday, December 30, 2013

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၏ အားထားရသော တိုက်စစ်မှူးမက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီး ဘာစီလိုနာအသင်းတွင်း ပျော်ရွှင်မှုရရှိနေသူဖြစ်ကြောင်း ဘာစီလိုနာအသင်းကစားဖော် ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့သည်။

ထို့အပြင်တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ၂၀၁၃ Ballon d'Or ဆုမရှိခဲ့လျှင်သော်မှ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရှိနေဦးမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ဖို့လည်း မက်ဆီအတွက် Ballon d'Or ဆုမလိုအပ်ကြောင်းးလည်း ဂျော်ဒီအယ်လ်ဘာက ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၃ Ballon d'Or အတွက် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီ၊ ရီးယဲလ်မက်ဒရစ်တောင်ပံကစားသမား စီရော်နယ်လ်ဒို၊ဘိုင်ယန်မြူးတောင်ပံကစားသမား ဖရန့်ရီဘာရီတို့ကို ဆန်ကာတင် ကစားသမားသုံးဦးအဖြင့် ရွေးချယ်ထားပြီး ယင်းဆုအတွက်မည်သည့်ကစားသမားရယူဆွတ်ခူးသွားနိုင်မည်လဲဆိုတာ မသိသော်လည်း မက်ဆီမှာမူ ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲပင်ဖြစ်ကြောင်း ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့သည်။

လက်ရှိတွင် ဘောလုံးမှော်ပညာရှင်မက်ဆီသည် တိုက်စစ်ပိုင်းနှင့် အသင်းဒါရိုက်တာတို့အကြားကြောင့် ဘာစီလိနာအသင်းတွင် မပျော်မရွင်ဖြစ်နေပြီး နောက်ဆုံးရရှိခဲ့သည့် တံခေါက်ကြောဒဏ်ရာအားကုသရန်အတွက် မွေးရပ်ဌာနေအာဂျင်တီးနားမြေသို့ သွားရောက်လျက်ရှိကြောင်းသိရသည်။

The Mirror Daily

RangonNewsDaily:: December . 30 .2013
စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၏ အားထားရသော တိုက်စစ်မှူးမက်ဆီသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်ရှိနေဆဲဖြစ်ပြီးဘာစီလိုနာအသင်းတွင်း ပျော်ရွှင်မှုရရှိနေသူဖြစ်ကြောင်းဘာစီလိုနာအသင်း
ကစားဖော် ဂျော်ဒီအယ်လ်ဘာက ပြောကြားခဲ့သည်။

လူပေါင်းတစ်သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံ စီစဉ်

Photo: လူပေါင်းတစ်သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံ စီစဉ်
Monday, December 30, 2013

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူထုစုဝေးမှု မလုပ်ရဟု ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင် ထားသော်လည်း လူပေါင်း တစ်သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တနင်္ဂနွေနေ့တွင် ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံများက စီစဉ်ထားကြောင်း Reutes သတင်းတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၅ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပရန် အစိုးရအဖွဲ့က စီစဉ်ထားသော်လည်း အတိုက်အခံများက လက်ခံခြင်းမရှိဘဲ ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ဖိအားပေးနိုင်ရန် လူပေါင်း တစ်သန်းကျော် တက်ရောက်မည့် ဆန္ဒပြပွဲ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်မှုများ ငြိမ်သက်မှုများ ဖြစ်ပေါ်လာလေ့ ရှိခြင်းကြောင့် ဒီမိုကရေစီရေး ချီတက် ဆန္ဒပြမှုများ မလုပ်ဆောင်ရန် ရဲတပ်ဖွဲ့က ပိတ်ပင် ထားသော်လည်း အတိုက်အခံများက ဆန္ဒပြရန် စီစဉ်ခြင်း ဖြစ်သည်။

ကြိုတင် ကာကွယ်သည့် အနေနှင့် အတိုက်အခံ ထောက်ခံ အားပေးသူပေါင်း ၇၅၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားပြီး ဒါကာမြို့တော်သို့ ဦးတည် ထွက်ခွာသည့် မော်တော်ယာဉ်လိုင်း၊ ဖယ်ရီလိုင်း၊ မီးရထားလိုင်း များကိုလည်း ပိတ်ဆို့ထားကာ မြို့တော်နှင့် အခြားသော ဒေသများကြား ဆက်သွယ်ရေးကို ဖြတ်ထောက် ထားသည်။
“မကြေညာဘဲနဲ့ တိုင်းပြည်ကြီး တစ်ခုလုံးကို ပိတ်ဆို့ထားသလို အစိုးရက လုပ်ဆောင်နေပါတယ်” ဟု ထင်ရှားသော အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဖတ်ရယ် အစ္စလာအလန်ဂါက ပြောကြားသည်။

ယင်းကဲ့သို့ ပိတ်ဆို့မှုများ ပြုလုပ် ထားသော်လည်း ခုခံတွန်းလှန်ကြရန်နှင့် အတိုက်အခံ ခေါင်းဆောင် ခါလီဒါဇီယာ မိန့်ခွန်း ပြောကြားမည်ဟု ယူဆရသော ဒါကာ မြို့လယ်သို့ ရောက်အောင်သွားရန် အလန်ဂါက တိုက်တွန်းလိုက်သည်။

သို့သော်လည်း အတိုက်အခံ ခေါင်းဆောင် ဇီယာကို ရဲတပ်ဖွဲ့ဝင်များက နေအိမ် အကျယ်ချုပ် ချထားလိုက်ပြီဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မိန့်ခွန်းပြော မပြောကို ရှင်းလင်းစွာ မသိရသေးပေ။

အစိုးရအဖွဲ့၏ ရွေးကောက်ပွဲ ကျင်းပရေး အစီအစဉ်ကို ရပ်တန့်နိုင်ရန် ဇီယာ၏ ပါတီက တစ်နိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြပွဲများနှင့် သယ်ယူပို့ဆောင်ရေး ပိတ်ဆို့မှုများကို ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း ဆက်တိုက် ပြုလုပ်ခဲ့သည်။

အထည်ချုပ်စက်ရုံ မတော်တဆမှု များကြောင့် အလုပ်သမားများ မကျေနပ်ဖြစ်ပြီး ဆန္ဒပြပွဲများ ပြုလုပ်နေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးမှာ ထိခိုက်နေရကာ အတိုက်အခံများ၏ ဆန္ဒပြပွဲ များကြောင့် စီးပွားရေး ပိုမိုဆုတ်ယုတ် သွားခဲ့သည်။

ယခင်ရွေးကောက်ပွဲ အစဉ်အလာအတိုင်း ရွေးကောက်ပွဲကို အိမ်စောင့် အစိုးရအဖွဲ့ ကြီးကြပ်မှု အောက်တွင် ကျင်းပနိုင်ရန် ဝန်ကြီးချုပ် ဟာစီနာအစိုးရအဖွဲ့ နုတ်ထွက်ပေးရန် အတိုက်အခံများက တောင်းဆို ထားသော်လည်း အစိုးရက ငြင်းပယ်ထားသည်။

ထို့အပြင် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သူများ စေလွှတ်ပေးရန် နိုင်ငံခြား တိုင်းပြည်များက ငြင်းပယ်ထားသဖြင့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ၏ ယုံကြည်ရမှု လျော့ကျလျက် ရှိသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ စစ်ရာဇဝတ်မှု ဆန္ဒပြပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၇၃ ဦး ၂၀၁၃ ခုနစ်အတွင်း သေဆုံးသွားခဲ့ပြီး နိုင်ငံ လွတ်လပ်ရေး ရပြီးသည့် ၁၉၇၁ ခုနစ် နောက်ပိုင်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လူသေဆုံးမှု အများဆုံး နှစ်တစ်နှစ်လည်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: December . 30 .2013
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူထုစုဝေးမှု မလုပ်ရဟု ရဲတပ်ဖွဲ့ဝင်များက ပိတ်ပင် ထားသော်လည်း လူပေါင်း တစ်
သန်းကျော် ပါဝင်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို တနင်္ဂနွေနေ့တွင် ဆင်နွှဲရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံများက စီစဉ်ထားကြောင်း Reutes သတင်းတွင် ဖော်ပြထားသည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တွင် ရဲနှင့်ကျောင်းသားများ ပဋိပက္ခ ဆက်လက်ဖြစ်ပွား

Photo: ကိုင်ရိုမြို့ ရဲနှင့်ကျောင်းသားများ ပဋိပက္ခ ဆက်လက်ဖြစ်ပွား 
Monday, December 30, 2013

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့ သိရပါတယ်။

Al-Azhar တက္ကသိုလ်ဟာ ဆွန်နီမွတ်စလင် ဂုဏ်သိက္ခာရှိတဲ့ တက္ကသိုလ်တခုအဖြစ် သတ်မှတ်ခံထားရပြီး သမ္မတမော်စီ အာဏာအသိမ်းခံရအပြီး ရဲတွေနဲ့ အဓိက ထိပ်တိုက်တွေနေတဲ့ နေရာတခု ဖြစ်ပါတယ်။

ကျောင်းသားတွေက ကျောင်းဝန်းထဲကနေ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရပ်ကွက်သားတွေကလည်း သူ့တို့ကို ပြန်ပြီး ပစ်ပေါက်နေကြပါတယ်။

မွတ်စလင်ညီအစ်ကိုတော်များပါတီကို ဒီဇင်ဘာလ ၂၅ က အကြမ်းဖက်ပါတီအဖြစ် အစိုးရက တရားဝင်သတ်မှတ်အပြီး ပါတီအပေါ် ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာပါတယ်။

ညီအစ်ကိုတော်များပါတီက Al-Azhar တက္ကသိုလ်ဆန္ဒပြပွဲတွေကို တော်လှန်ရေးရဲ့ ဘူမိနက်သန်အဖြစ် သတ်မှတ်ပြီး ထောက်ခံအားပေးနေပါတယ်။

ကျောင်းသားတွေကလည်း ဖြိုခွင်းမှုတွေအတွင်း ကျောင်းသားတွေ သေဆုံးခဲ့မှုအတွက် လပတ် စာမေးပွဲကို သပိတ်မှောက်မယ်လို့ ဆိုပါတယ်။

ညီအစ်ကိုတော်များပါတီကို အကြမ်းဖက်ပါတီအဖြစ် သတ်မှတ်အပြီး ပထမဆုံးအဖမ်းခံရသူတွေကတော့ ကျောင်းသားတွေပဲဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ကျောင်းသား ၇ ဦးကို ဆက်လက်ထိန်းသိမ်းထားဖို့ အမိန့်ထုတ်ထားပါတယ်။

ဒီဇင်ဘာ ၂၉ ရက်နေ့က Al-Azhar တက္ကသိုလ်ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကျောင်းသား ၃၅ ယောက်ကို ဆေးကုသပေးခဲ့ရပြီး ၁၅ ယောက်ကိုတော့ ဆေးရုံတင်ပို့ခဲ့ရတယ်လို့ လုံခြုံရေးတွေက ဆိုပါတယ်။

အစိုးရကတော့ အကြမ်းဖက်မှုတွေကို နှိမ်နင်းနေပြီး တဖက်မှာလည်း နောက်နှစ်အတွင်း သမ္မတရွေးကောက်ပွဲနဲ့ ပါလီမန်ရွေးကောက်ပွဲတွေကို လုပ်မယ့် အသွင်ကူးပြောင်းရေး လမ်းကြောင်းအတိုင်းသွားဖို့ အကောင်အထည်ဖော်နေပါတယ်။

နိုင်ငံရေးသုံးသပ်သူတွေကတော့ အီဂျစ်နိုင်ငံမှာ မွတ်စလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနိုင်ပြီး ညီအစ်ကိုတော်များပါတီကို ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေအကြား လူထုပဋိပက္ခတွေကိုလည်း ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ

RangonNewsDaily:: December . 30 .2013
အီဂျစ်နိုင်ငံကိုင်ရိုမြို့Al-Azhar တက္ကသိုလ်မှာ ကျောင်းသားတွေနဲ့ ရဲတွေရဲ့ ပဋိပက္ခတွေဟာ ဒီဇင်ဘာ ၂၉ ရက်
နေမှာလည်း ၃ ရက်မြောက်နေ့အဖြစ်ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားတွေ အထိအခိုက်ရှိခဲ့တယ်လို့ 
သိရပါတယ်။

ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများကို ပိုမိုအလေးထားသူ ဒေးဗစ်ဘက်ခမ်း

Photo: ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများကို ပိုမိုအလေးထားသူ ဒေးဗစ်ဘက်ခမ်း
Monday, December 30, 2013

ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်းက ၎င်း၏ ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးလေးဦးကိုသာ ပိုမိုအလေးထားပါကြောင်း၊ ရရှိလာမည့် ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများအတွက် အချိန်ပေးခြင်းကသာ သူ့ဘ၀အတွက် ပို၍အရေးကြီးပါကြောင်း ဗြိတိန်မဂ္ဂဇင်းတစ်စောင်သို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဘက်ခမ်းအား အဲလိဇဘက်ဘုရင်မကြီး(၂)က နှစ်သစ်ကူးကာလတွင် အားကစားကဏ္ဍများ၌ ပါဝင်ကူညီထောက်ပံ့မှုများအတွက် ၎င်းအား ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိရာ ဘက်ခမ်းအနေဖြင့်မူ ယင်းအတွက် စိတ်လှုပ်ရှားခြင်းမရှိဘဲ သားသမီးလေးဦးနှင့်သာ အလုပ်များလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဘက်ခမ်းသည် ယခုလက်ရှိတွင် ဇနီးသည် ဗစ်တိုးရီးယားနှင့်အတူ အသက်(၁၄)နှစ်အရွယ် ဘရွတ်ကလင်း၊ အသက်(၁၁)နှစ်အရွယ် ရိုမီရို၊ ရှစ်နှစ်အရွယ် ခရုဇ်နှင့် အသက်နှစ်နှစ်အရွယ် ဟာပါတို့နှင့်အတူ သာမန်မိသားစု ဘ၀တစ်ခုကို တည်ဆောက်လျက်ရှိကြောင်း၊ ကလေးများကို ကျောင်းပို့ခြင်း၊ ဘောလုံးလေ့ကျင့်ပေးခြင်းနှင့် အကသင်တန်းကြို/ပို့ခြင်းတို့သည် ဘက်ခမ်းအတွက် ပုံမှန် အလုပ်များဖြစ်နေပါကြောင်း ဆိုသည်။

ဆက်လက်ပြီး “ကလေးတွေက ဘယ်လိုအောင်မြင်မှုလမ်းကြောင်းကိုပဲရွေးရွေး ကူညီထောက်ပံ့ပေးဖို့ အသင့်ပါပဲ။ သူတို့လေးတွေက ကြီးမားတဲ့ ကျွန်တော့်ရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေပါပဲ” ဟု ပြောကြားခဲ့သည်။

The Mirror Daily

RangonNewsDaily:: December . 30 .2013
ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည့် ဒေးဗစ်ဘက်ခမ်းက၎င်း၏ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီး
လေးဦးကိုသာပိုမိုအလေးထားပါကြောင်း၊ရရှိလာမည့် ဘွဲ့ထူးဂုဏ်ထူးများထက် သားသမီးများအတွက် အချိန်
ပးခြင်းကသာ သူ့ဘ၀အတွက် ပို၍အရေးကြီးပါကြောင်း ဗြိတိန်မဂ္ဂဇင်းတစ်စောင်သို့ ထုတ်ဖော်ပြောကြားခဲ့
သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်


kolatt(PBDN): December . 30 .2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

(ခ) သက်ဆိုင်ရာ တရားရုံးများရှိ ကြားနာ စစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်းပြီး တရားခံ များအား အမှုမှ ချက်ချင်း လွှတ်ရမည်။

(ဂ) စုံစမ်း အရေးယူဆဲ ဖြစ်သော အမှုများကို ဆက်လက် အရေးယူခြင်း မပြုဘဲ ပိတ်သိမ်းရမည်။

၃။ ဤအမိန့်အရ အောက်ပါ ပြစ်မှုများ၌သာ ပြစ်ဒဏ် ခံနေရသူများ၊ ကြားနာ စစ်ဆေးဆဲ ခံနေရသူများနှင့် စုံစမ်း အရေးယူဆဲ ခံနေရသူများ ပါဝင်သည်-

(က) မတရားအသင်း အက်ဥပဒေပါ ပြစ်မှုများ၊

(ခ) နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၂)၊

(ဂ) အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄-က)၊

(ဃ) နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊

(င) ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊

(စ) အများပြည်သူ၏ အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅)၊

(ဆ) ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများ။

၎။ ဤအမိန့်အရ ပေးအပ်သော အခွင့်အရေးသည် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ပိုင်းတွင် ကျူးလွန်သော အပိုဒ် (၃)ပါ ပြစ်မှုများနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

MOI Webportal ::--

RangonNewsDaily:: December . 30 .2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်

Photo: ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုအပေါ် ကယ်လီဘရွတ်ခ် ဝေဖန်
Monday, December 30, 2013

ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်

သူမအနေဖြင့် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုမျိုး လုံးဝခံယူသွားမည် မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားကြောင်း ကယ်လီဘရွတ်ခ်က ထုတ်ဖော် ပြောကြားလိုက်သည်။ ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေသ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်။ ဟောလီးဝုဒ်တွင် မျက်နှာနှင့် ခန္ဓာကိုယ် အလှအပအတွက် ခွဲစိတ်မှုများ တဖြည်းဖြည်း ခေတ်စားကျယ်ပြန့်လာသော်လည်း Piranha 3Dစတား မော်ဒယ်လ် မင်းသမီးက သူမသည် ပလစ်စတစ် ဆာဂျရီ ခွဲစိတ်ပြုပြင်မှုများကို ဆန့်ကျင်သည့် အမာခံတစ်ဦးဟု ပြောဆိုခဲ့သည်။ ထို့အပြင် သူမကိုယ်တိုင် အတွက်လည်း ယင်းကဲ့သို့ ခွဲစိတ်မှုမျိုးဖြင့် မိမိကိုယ်ကိုယ် ပိုမိုကျေနပ်မိမည် မထင်ကြောင်း ကယ်လီက သုံးသပ်သွားသည်။

"ကျွန်မက ကျွန်မကိုယ်ကျွန်မပဲ ဆင်တူချင်တယ်။ ဘယ်သူနဲ့မှ မတူချင်ဘူး။ ပြီးတော့ ကျွန်မရဲ့ မျက်နှာဟာ ပလပ်စတစ် Versionတစ်ခု ပြောင်းနေတာမျိုးလည်း မလိုလားဘူး။ တကယ်တမ်းကျတော့ နှာခေါင်းအသစ် ပုံစံပြောင်းသွားလို့ လူတွေက ဟယ်၊ ဒီနှာခေါင်းလေးနဲ့ သိပ်ကြည့်ကောင်းတာပဲလို့ ပြောကြမှာ မဟုတ်ပါဘူး။ ခွဲစိတ်မှု ခံယူပြီး ပုံပြောင်းလိုက်ပြီ ဆိုတာကိုပဲ ထောက်ပြကြလိမ့်မယ်"ဟု ကယ်လီက ဆိုသည်။ သူမက "ရှင့်အနေနဲ့ နှုတ်ခမ်းကို ခွဲစိတ်တာဖြစ်ဖြစ်၊ ရင်သားကို ခွဲစိတ်တာပဲဖြစ်ဖြစ် အဲဒီအရာ အားလုံးဟာ ကိုယ့်တန်ဖိုးကိုယ် ယုံကြည်မှု မရှိတဲ့ လက္ခဏာရပ်တွေပါပဲ"ဟုလည်း ထောက်ပြခဲ့သည်။

အသက်(၃၃)နှစ်ရှိ ကယ်လီက သူမအနေဖြင့် ယခုခန္ဓာကိုယ် အချိုးအဆက်ထက် ပိန်သွယ်သင့်ကြောင်း ဝေဖန်မှုများကိုလည်း အရေးမထားကြောင်း ဆိုသည်။ "ကိုယ်ပိုင် အရေပြားထဲမှာ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝ ရှိနေတယ်။ ဒါကို ယုံကြည်မှု အပြည့်ရှိတယ်။ ကျွန်မဟာ တကယ့် ပါးပါးလှပ်လှပ် ကောင်မလေး မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မမှာ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်။ ကျွန်မရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ကျွန်မရဲ့ အသွင်အပြင်ကို ကျွန်မ ကျေနပ်တယ်။ လူတိုင်းဟာ ကိုယ့်ဘဝပေး ကုသိုလ်အတိုင်း ရထားတဲ့ ခန္ဓာကိုယ်အပေါ် ကျေနပ်ရမှာပါပဲ"ဟုလည်း ကယ်လီက ပြောကြားသွားသည်။ 

Planet Myanmar Network


RangonNewsDaily:: December . 30 .2013
ပလပ်စတစ် ဆာဂျရီ ခွဲစိတ်မှုဖြင့် အလှအပ ပြုပြင်ခြင်းသည် မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်း၏ ဝိသေ
သ လက္ခဏာ တစ်ရပ်ဟုလည်း ကယ်လီက ဝေဖန်ခဲ့သည်

နံပါတ်တစ်လုံးထဲနှိပ်ရုံနဲ့ဖုန်းခေါ်ပေးမယ့် - PixelPhone PRO v3.1.8 APK

RangonNewsDaily:: December . 30 .2013
ကျွန်တော်အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အတော်လေးကိုလန်းပါတယ်ဗျာ။ ဘယ်လိုပုံစံမျိုး လည်းဆိုတာ ကျွန်တော်ပြောပြချင်ပါတယ်။

ALCATEL one touch 918 အား firmware ပြန်တင်ခြင်း

RangonNewsDaily:: December . 29 .2013
ကျွန်တော်ရဲ့ RangonNewsDaily ဆိုဒ်မှာ SeaGame အစကတည်းက ဖုန်းနဲ့ပတ်သတ်တာတွေသိပ်မတင်ဖြစ်
ပါ။ အဓိကတော့ အင်တာနက်ကော်နက်ရှင်အထက်အခဲကြောင့်ပါပဲ ။ ခုနောက်ပိုင်းဆော့ဝဲလေးတွေ ပြန်
တင်ပေးပါပြီ။

Samsung Galaxy Naot 2 Android Ves=rsion 4.3 အတွက် Root &Myanmar Font ရပြီ

 
RangonNewsDaily:: December . 29 .2013
Note 2 4.3 အတွက် Root &Mm Font ရပါပြီ ။ကျွန်တော် ဖုန်းစမ်းဖို့ Cuastomer မလာသေးလို့ စာအတိုင်း
ပဲရေးပေးလိုက်ပါတယ် ။ ကျွန်တော့်ကို နားလည်ပေးပါဗျာ လွယ်လွယ်လေးပါ ။ အရင်အတိုင်းပါပဲ ။

Sunday, December 29, 2013

မြစ်ဆုံစီမံကိန်း ဆုံးဖြတ်ချက် သမ္မတ ပြင်ဆင်မည်မဟုတ်ဟုဆို

RangonNewsDaily:: December . 29 .2013
ရန်ကုန်- သမ္မတဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ၎င်း၏ သမ္မတ သက်တမ်းအတွင်း ဆိုင်းငံ့ထားမည့် ဆုံးဖြတ်ချက်ကို ပြင်ဆင်မည်မဟုတ်ဘဲ တစ်ဖက်ကုမ္ပဏီက ဥပဒေကြောင်းအရ စွဲဆိုလာပါကလည်း ပြည်သူ့ဆန္ဒကိုမူတည်၍ နိုင်ငံတကာစံနှုန်းများ၊ ဥပဒေများနှင့်အညီ အစိုးရက တုံ့ပြန်သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

နယ်စပ်က အကြီးဆုံး ဒုက္ခသည်စခန်း မီးလောင်

Photo
မီးလောင်ကျွမ်းခဲ့သည့် မယ်လဒုက္ခသည်စခန်းဇုံ C ရပ်ကွက် ၃ (ဓာတ်ပုံများ - မန်းမျိုးမြင့်)
RangonNewsDaily:: December . 29 .2013
သောကြာနေ့က ထိုင်းနိုင်ငံရှိအကြီးဆုံး မြန်မာဒုက္ခသည်စခန်းဖြစ်သည့်
မယ်လစခန်းတွင်မီးလောင်ရာ အိမ်ခြေ ၁၀၀ ခန့် မီးလောင်သွားသဖြင့် ဒုက္ခသည် တထောင်ခန့်ထပ်မံဒုက္ခရောက်သွားသည်။

ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ

Photo: ပြည်တော်ပြန် ၁ဝ ဦး မြန်မာနိုင်ငံသား ပြန်ဖြစ်ပြီ 
Sunday, December 29, 2013

ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပါတော့မယ်တဲ့။

ဒီ ၁ဝ ဦးဟာ ဘယ်သူတွေဆိုတာ လဝက အရာရှိတဦးက ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။ ကျန်တဲ့ ၃၃ ဦး ကို လည်း နိုင်ငံသား ပြန်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေက စိစစ်ဆဲဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြည်တော်ပြန်များထဲက ဦးမိုးသီးဇွန်ရဲ့ နိုင်ငံသားလျှောက်လွှာကိစ္စ ဘယ်လိုအနေအထား ရောက်နေသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။

လဝက ဝန်ကြီး ဦးခင်ရီက ပြောထားတာက မည်သို့ပင်ဆိုစေ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ နိုင်ငံသားအဖြစ်နဲ့ ခံယူထားသူ ဒါမှ မဟုတ် အထောက်အထား စာရွက်စာတမ်းကိုင်ဆောင်ထားသူတွေဟာ အလိုအလျောက် 
မြန်မာနိုင်ငံသား အဖြစ်က ပျက်ပြယ်သွားပြီးဖြစ်တယ်လို့ ဆိုထားတာပါ။ 

အကယ်လို့ နိုင်ငံတော်ရဲ့ အကျိုးငှာ မြန်မာနိုင်ငံသား ပြန်လည်လျှောက်ထားသူတွေကို ပြည်ထဲရေး ဝန်ကြီး ဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန၊ သမ္မတရုံး တို့ကနေ 
ပြန်လည်စိစစ်ပြီး သမ္မတရဲ့ လုပ်ပိုင်ခွင့်နဲ့သာ မြန်မာနိုင်ငံသားအဖြစ် ပြန်လည် အသိအမှတ်ပြုကာ သက် ဆိုင်ရာ အထောက်အထားတွေကို ပြန်လည် ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

အခု မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားကြသူတွေဟာ အခု သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး 
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာကာ အားလုံးပါဝင်ရေးဆိုတဲ့ ပြောဆိုချက်နဲ့အတူ ပြည်ပရောက် 
မြန်မာနိုင်ငံသားဟောင်းတွေကို ပြည်တော်ပြန်လာဖို့ ဖိတ်ခေါ်ပြီးနောက် မြန်မာနိုင်ငံကို ပြန်သွားသူတွေပါ။ 

၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံအသီးသီးကို ထွက်ခွာသွားကြရတဲ့ မြန်မာနိုင်ငံသား
ထောင်နဲ့ ချီရှိပြီး အထူးသဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အတော်များများ ပါဝင်ကြတာပါ။ 

ဒီအထဲက တချို့ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မြန်မာပြည်ပြန် သွားကြသူတွေထဲက နိုင်ငံသား ပြန်လည် လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။ အခု နိုင်ငံသား ပြန်လည် အသိအမှတ်ပြုခံရတဲ့ ပြည်တော်ပြန်တွေဟာ နိုင်ငံသား စိစစ်ရေးကတ်ပြား ( မှတ်ပုံတင် ကတ်ပြား) တွေလည်း အဆင့်ဆင့်လုပ်ဆောင်ပြီး ပြန်ရမှာ ဖြစ်သလို မြန်မာနိုင်ငံကူး လက်မှတ်စာအုပ်တွေလည်း ပြန်ရကြမှာဖြစ်ပါတယ်။ 

ဒါပေမယ့် နိုင်ငံသား ပြန်လည်လျှောက်ထားသူတွေဟာ တချိန်က မြန်မာနိုင်ငံသား ဖြစ်ခဲ့ဖူးတဲ့ အထောက် အထားတွေကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနတွေကို တင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံခြားသား အဖြစ် ခံယူထားပြီး မြန်မာနိုင်ငံသား ပြန်လည်မလျှောက်ထားပဲ မြန်မာနိုင်ငံမှာ အမြဲတမ်း နေ ထိုင်ခွင့် (PR) စနစ်ကိုလည်း လဝက ဝန်ကြီး ဦးဆောင်ပြီး ရေးဆွဲနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသေးစိပ် ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေတော့ မပေါ်ထွက်လာသေးပါဘူး။

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ မြန်မာနိုင်ငံ ပြန်လာနိုင်ရေး အစိုးရက မကြာခဏ ဖိတ်ခေါ် ခဲ့ပေမယ့် မကြာသေးခင်ကပဲ ၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ လက်ရှိ နော်ဝေနိုင်ငံသား ခံယူထားသူ ကိုသူရိန်ရဲ့ ပြည်တော်ပြန်ဖို့ ကိစ္စ စင်ကာပူရှိ မြန်မာသံရုံးက ဗီဇာ မပေးလို့ အခက်အခဲဖြစ်နေပါတယ်။  

တချို့လည်း ပြည်တော်ပြန်ရေး အဆင်ပြေပေမယ့် တချို့လည်း အဆင်မပြေဘူး ဆိုတဲ့ အသံတွေလည်း ကြားနေရပါတယ်။ 

အိမ့်သံစဉ် ~
ဧရာဝတီblog


ပြီးခဲ့တဲ့နှစ်ဒီအချိန်က ရန်ကုန်လေဆိပ်ရောက် မိုးသီးဇွန်နဲ့ ကြိုဆိုသူများ၊ သတင်းထောက်များ (ဓာတ်ပုံ - ဧရာဝတီ)

ပြီးခဲ့တဲ့နှစ်ဒီအချိန်က ရန်ကုန်လေဆိပ်ရောက် မိုးသီးဇွန်နဲ့ ကြိုဆိုသူများ၊ သတင်းထောက်များ (ဓာတ်ပုံ - ဧရာဝတီ)
RangonNewsDaily:: December . 29 .2013
ပြည်ပမှာ နေထိုင်းပြီး နိုင်ငံခြားသား အဖြစ်ခံယူထားသူ သို့မဟုတ် သက်ဆိုင်ရာနိုင်ငံရဲ့ ခိုလှုံခွင့်နဲ့ Travel Document ကိုင်ဆောင်ထားသူ ပြည်တော်ပြန် ၄၃ ဦးထဲက ၁ဝ ဦးကတော့ မြန်မာနိုင်ငံသား ပြန်ဖြစ်ပါတော့မယ်တဲ့။

၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံကွင်းတွင် အနုပညာရှင်များအားပေးအပ်ချီးမြင့်

Photo: ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရှင်များ

၁။အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု - ၀င်းကို ( မွေခံထိုက်စေ)

၂။အကောင်းဆုံးအသံဆု- တိုနီ (လင်း) ( ကယန်းအလှ )

၃။အကောင်းဆုံတည်းဖြတ်ဆု - ဇော်မင်းဟံသာမြေ ( ဥ )

၎။ ရုပ်ရှင်ဓာတ်ပုံဆု - အောင်ကိုလတ် (ကယန်းအလှ)

၅။ကလေးသရုပ်ဆောင် အထူးဆု - ယွန်းယွန်း (တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ)

၆။အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (လက်ပံ )

၇။အမျိုးသမီးဇတ်ပိုဆု - ချောရတနာ (ဥ ဇတ်ကား )

၈။ အမျိုးသမီးဇတ်ဆောင်ဆု -ဖွေးဖွေး ( လက်ပံ )

၉။အကောင်းဆုံး ဒါရိုက်တာဆု - ကိုဇော် (အာရုဏ်ဦး)၊ (ဥ)

Popular Myanmar News Journal

RangonNewsDaily:: December . 29 .2013
၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက် ညနေတွင် ရန်ကုန်
မြို့ သုဝဏ္ဏ မိုးလုံလေလုံကွင်းပေးအပ်ချီးမြင့်ခဲ့ကြောင်းသတင်း၇ရှိပါသည်။

၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

Photo: အကယ်ဒမီသို့ တက်ရောက်အားပေးခဲ့သော အဆိုတော် မေဆွိ နှင့် အကယ်ဒမီ မြင့်မြင့်ခင်

Popular Journal

RangonNewsDaily:: December . 29 .2013
၂၀၁၂ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၂၉ရက် ညနေတွင် ရန်ကုန်
မြို့သုဝဏ္ဏမိုးလုံလေလုံကွင်းတွင် ကျင်းပခဲ့ရာအခမ်းအနားဖွင့်လှစ်အပြီးတွင် ပြန်ကြားရေးဝန်ကြီးဌာနပြည်
ထောင်စုဝန်ကြီး ဦးအောင်ကြည်က အဖွင့်စကား ပြောကြားအပြီးတွင် ရုပ်ရှင်ထူးချွန်ဆုရရှိသူများကို ဆုများ
ပေးအပ်ချီးမြင့်ခဲ့ကြောင်းသတင်းရရှိပါသည်။

၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ

Photo: ၂ဝ၁၂ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆု ပေးပွဲ
ဗန်းကိုင် ရှစ်ဦး၏ ရင်ခုန်စကားသံများ 
Sunday, December 29, 2013

၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

ယခုနှစ်အတွက် အကယ်ဒမီ ဗန်းကိုင်ရွေးချယ်မှုတွင် ပုံစံပြောင်း လဲမှုနှင့် စတင်ရွေးချယ်ခဲ့သလို အကဲ ဖြတ်အမှတ်ပေးစနစ်များဖြင့် ရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ အကယ်ဒမီ ဗန်းကိုင်လျှောက်လွှာတင်ခဲ့သည့် ၉ဝကျော်ထဲကမှ ပြန်လည်စိစစ်ရွေးထုတ်၍ ပဏာမ ၅၈ဦး၊ ထို့နောက် ဆန်ခါတင် ၁၅ဦးထဲမှ ရှစ်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အကယ်ဒမီစင်မြင့်ပေါ်မှာ လျှောက်လှမ်းကြမည့် အကယ်ဒမီဗန်းကိုင်ရှစ်ဦး၏ ရင်ခုန်စကားသံတွေကို စုစည်းဖော်ပြပေးလိုက်ပါသည်။
ဆောင်းဝတ်ရည်မေ (အသက်-၁၈နှစ်)

" အကယ်ဒမီဗန်းကိုင်ကို ငယ် ငယ်ကတည်းက ရူးသွပ်ခဲ့တာပါ။ အကယ်ဒမီဗန်းကိုင်ဆိုတာကလည်း အကယ်ဒမီဆုပေးပွဲ အခမ်းအနားကြီးအတွက် တစ်စိတ်တစ်ဒေသ အရေးပါပြီးတော့ တာဝန် နည်းနည်းကြီးတဲ့အထဲမှာပါမယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို တအားပီတိဖြစ် မိနေပါတယ်။ "

ခိုင်သဇင်သင်း(ခ) ပန်းရောင် (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်က တည်းက ဝါသနာပါပါတယ်။ အဲဒါ ကြောင့်လည်း အခုပထမဦးဆုံးခြေလှမ်းအနေနဲ့ အကယ်ဒမီကို ဝင်ပြီးတော့ လျှောက်ဖြစ်ခဲ့တာပါ။

ဒီအကယ်ဒမီဆုဆိုတာ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေထဲကမှ ထူးချွန်တဲ့ သူတွေကို ချီးမြှင့်တဲ့ဆုတစ်ခုပါ။ ဒါကြောင့်မို့လို့ ခုလို ထူးချွန်တဲ့ အနုပညာရှင်တွေကို ဆုပေးတဲ့ပွဲမှာ အကယ်ဒမီဗန်းကိုင် တစ် ယောက်ဖြစ်ခွင့်ရတဲ့အတွက် တအားကို ဂုဏ်ယူမိတယ်။ "

မေစူးနိုင်း(အသက်-၁၉နှစ်)

အကယ်ဒမီဗန်းကိုင်လျှောက် ဖြစ်ခဲ့တာက အနုပညာနဲ့ ပတ်သက် ရင် ပထမဦးဆုံးခြေလှမ်းပါ။ ပြိုင်ပွဲ တစ်လျှောက်မှာလည်း စိတ်လှုပ်ရှားနေခဲ့တာပါ။

ဒီလိုအခမ်းအနားကြီးမျိုးမှာ အကယ်ဒမီ ဆုအတွက် ဗန်းကိုင်ခွင့်ရမှာဆိုတော့ အရမ်းကို ဂုဏ်ယူနေမိပါတယ်။ အခု အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာနဲ့
အတူတတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားသွားပါမယ်။ အနုပညာနယ်ပယ်ကို အခုမှ စဝင်တာဖြစ်တဲ့အတွက် အနုပညာနဲ့ပတ်သက်ရင် အစွမ်းကုန်ကြိုး စားသွားချင်တယ်။

လမင်းအိနြေ္ဒ (အသက်- ၁၉ နှစ်)

ဒီဟာက လမင်းအတွက် တတိယအကြိမ်မြောက် အကယ်ဒမီ ဗန်းကိုင်လျှောက်ဖြစ်ခဲ့ခြင်းပါ။ ၂ဝ၁ဝ၊ ၂ဝ၁၂ မှာ ပြိုင်ခဲ့ဖူးပါတယ်။ ဒီနှစ်မှ အရွေးချယ်ခံခဲ့ရတာပါ။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာမိတယ်။ ဒီလိုဆုဆိုတာဟာလည်း တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တွေကိုပေးတာမို့ တအားကို လည်း နတ်ကြီးတဲ့ဆုကြီးလို့ ပြောရမှာပေါ့။ အဲဒါကြောင့် ဒီလိုဆုပေပွဲ မျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် တအားကိုပျော်ရွှင်ပြီး ဂုဏ်ယူမိ နေပါတယ်။

အင်ကြင်းထူး (အသက်-၁၉နှစ်)

မနှစ်ကတည်းက အကယ်ဒမီဗန်းကိုင်အတွက် ယှဉ်ပြိုင် ဖို့ လုပ်ခဲ့ သေးပေမယ့် မပြိုင်ဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှပဲ ပြန်လည် ယှဉ်ပြိုင်ခဲ့တာ။ ခမ်းနားတဲ့ ဆုပေးပွဲကြီးမှာ ကိုယ်က ဗန်းကိုင်ဖြစ်ခွင့်ရတာဆိုတော့ ကိုယ်ဟန်အလှ ပြရုံတင် မဟုတ်ဘဲနဲ့ ကိုယ်လုပ် ဆောင်ရမယ့် တာဝန်ကို အမှား အယွင်းမရှိဘဲနဲ့ အကောင်းဆုံး ဖြစ်အောင် အခမ်း အနားကို
နှောင့်နှေးမှုမရှိဘဲ အဆင်ပြေချောမွေ့ အောင် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရတယ်ဆို တော့ အနုပညာလမ်းကြောင်း ပွင့်လာဖို့ မျှော်လင့် ထားတော့ ဒီကနေပဲ ရပ်တန့်နေမှာမဟုတ်ပါဘူး။ ဆက်ပြီးတော့ကြိုးစားနေဦးမှာ။ အနုပညာ လျှောက်လမ်းထဲမှာပေါ့။

နှင်းဆီဝိုင်(အသက်- ၁၉ နှစ်)

အကယ်ဒမီဗန်းကိုင်ကို လျှောက်ခဲ့ တာ အခုဆိုရင် သုံးနှစ်ရှိ သွားပါပြီ။ ဘာရည်ရွယ်ချက်နဲ့ လျှောက်ဖြစ်ခဲ့ ရတာလဲဆိုရင် အနုပညာလမ်း ကြောင်း ကို လျှောက်လှမ်းချင်တဲ့ရည်ရွယ်ချက်ပါ။ အခု ဗန်းကိုင်ထဲမှာ ပါဝင်ခွင့်ရတာဟာ လည်း ကံတရားပါပဲ။ အကုန်လုံးက အကောင်း ဆုံးယှဉ်ပြိုင်ခဲ့ကြတဲ့အထဲမှာ ကိုယ်ရခဲ့ တယ် ဆိုတာက ကံတရားနဲ့လည်းဆိုင်ပါမယ်။ အကယ် ဒမီဗန်းကိုင်ဖြစ်ခွင့်ရတာကို ဂုဏ်ယူ မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကယ်ဒမီဆုပေးပွဲကို တစ်တိုင်း

ပြည်လုံးမှာရှိတဲ့သူတွေ အကုန်လုံးက ကြည့်ကြတာလေ။ အဲဒီတော့ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဟာလည်း ပေါ့ပြက်ပြက်စိတ်နဲ့ လုပ်လို့မရဘူး။ ကိုယ့်ကိုပေးအပ်လာမယ့် တာဝန်ကို အကောင်းဆုံးကျေပွန် အောင်ဆောင်ရွက်ရပါမယ်။

မေမြင့်မိုရ် (အသက်(၁၈)နှစ်)

အရင် အကယ်ဒမီဗန်းကိုင်တုန်းကလည်းလျှောက်ဖြစ် ခဲ့ပါသေးတယ်။ ဒါပေမဲ့ The Sign of Love Season-3 ကိုကလောမှာ ရိုက်နေရတဲ့အချိန်ဖြစ်နေ တယ်။ အဲဒီတုန်းက

ပထမအကြိမ်ခေါ်တော့ ကလောကနေ လာဖြစ်သေးတယ်။ ဒါပေမဲ့ နောက်တစ်ခေါက်ကျတော့ အဆင်မပြေလို့ ပြန်မလာဖြစ်ခဲ့ဘူး။ အဲဒါကြောင့် ဒီနှစ်မှာ ပြန်လျှောက်ပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါ။ အကယ်ဒမီဆုကြီးကို ပေးအပ်ရမယ့် အကယ်ဒမီရွှေစင်ရုပ်တု ရဲ့ ဗန်းကိုင်ဖြစ်မယ်ဆိုတော့ တအားကို ပျော်ရွှင်မိတယ်။ MRTV- 4 မှာ လွှင့်နေတဲ့ "ပန်းနုသွေး" နဲ့ ပရိသတ်အားပေးမှု အနည်းငယ်ရှိနေပေမယ့် အကယ်ဒမီဗန်းကိုင်ကို ဘာလို့ ဝင်ပြိုင်ဖြစ်သလဲဆိုရင် အကယ်ဒမီဗန်းကိုင်က ငယ်စဉ်ကတည်းက အိပ်မက်မို့လို့ ဝင်ပြိုင်ခဲ့တာပါ။

ရှင်ဝေနိုင်ဦး (အသက်-၁၉နှစ်)

" အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါတော့ အနုပညာ နဲ့ဆိုင်တဲ့ ကျောင်းတွင်းလှုပ်ရှားမှု အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မယ်ပြိုင်ပွဲတွေလည်း ပြိုင်ဖူးခဲ့ပေမယ့် အကယ်ဒမီ ဗန်းကိုင်ကိုတော့ အခုနှစ်မှ ဝင်ရောက်ယှဉ်ပြိုင် ပြီး အရွေးချယ် ခံခဲ့ရတာပါ။ အနုပညာလောကရဲ့ အကြီးကျယ်ဆုံး ဆုပေးပွဲကြီးမှာ အကယ်ဒမီဗန်းကိုင်ဖြစ်ခွင့်ရမယ့်အတွက် တအားကို ဂုဏ်ယူနေ မိပါတယ်။

အကယ်ဒမီဗန်းကိုင်တစ်ယောက်ဖြစ်ခွင့်ရလာ တဲ့အတွက် အနုပညာလျှောက်လမ်းမှာ လမ်းကြောင်း တစ်ခု ပွင့်လာတယ်လို့ မျှော်လင့်မိပါတယ်။ အနုပညာက ညီမအတွက် ဘဝအစိတ်အပိုင်း တစ်ခုလိုပါပဲ။ နောက်ပိုင်းမှာလည်း အနုပညာနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားပါမယ်။

ထက်လူုလူ
Popular Myanmar News Journal

RangonNewsDaily:: December . 29 .2013
၂ဝ၁၂ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်း အနားအတွက် ဆုဗန်းကိုင်သူများ၏ အရည်
အချင်းစစ် ဆေးခြင်းကို ဒီဇင်ဘာ ၁၁နှင့် ၁၂ ရက်တို့က အပြီးသတ်ရွေးချယ်ခဲ့ရာ ယခုနှစ် အတွက် အကယ်
ဒမီဗန်းကိုင်ရှစ်ဦး ပေါ်ထွက်လာခဲ့သည်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ

Photo: ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးအပေါ် ပရိသတ်များ၏ ရင်တွင်း စကားသံများ
Sunday, December 29, 2013

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။ ဒါ့ကြောင့် ကြယ်စင်မော်ကွန်းကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ များကိုလည်း ယခုလိုတင်ပြလိုက် ရပါတယ်။

ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ကြည့်ရှုဖို့စောင့်မျှော်နေတဲ့ ပရိသတ်များရဲ့ ရင်တွင်းစကားသံ တွေကတော့-

ဦးခင်မြင့်

''ကျွန်တော်က ဒီကားကို တီဗွီမှာ ကြော်ငြာပြကတည်းက ကြည့်ချင်နေတာ။ ဇာတ်လမ်းကလည်း ကောင်းမယ့်ပုံလေ။ ပြီးတော့ မင်းသား၊ မင်းသမီးတွေလည်း စုံတယ်။ ဗိုလ်ချုပ် အကြောင်း လည်းပါတော့ လာကြည့်ဖြစ်တာပါ။''

ကျောင်းသူလေးတစ်ဦး

''သူငယ်ချင်းတွေက ပြောတယ်။ အရမ်းကောင်းတယ်ဆိုလို့။ ပြီးတော့ သမီးကြိုက်တဲ့ မင်းသားလူမင်း တစ်ယောက်နဲ့ တစ်ယောက်ကအကြိုက်ချင်း မတူပေမဲ့ ဒီကားလေး ကိုတော့ အစ်မတို့ကြိုက်ပါတယ်။ ခေတ်ကာလပြောင်းလဲ ပုံတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။''

ရှေ့ဆောင် ရုပ်ရှင်ရုံကြီးရှေ့တွင် ဈေးရောင်းနေသည့် အန်တီ တစ်ယောက်ကလည်း-

''အန်တီတို့ ဈေးရောင်းနေတဲ့ ကာလမှာ ဒီလိုလူများများ လာကြည့်တာ မတွေ့ဖူးဘူး။ အင်္ဂလိပ်ကားတွေ တင်ထားတဲ့ ရုံတွေမှာတောင် လူမရှိပါဘူး။ ဒီမှာ မနက် ၉ နာရီကတည်းက လူတွေပြည့်နေတာ။ တကယ်ကိုလဲ ဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ ဇာတ်ကားတွေကို ပရိသတ်အားပေးမှုကဒီ လောက်တောင်များတယ်ဆိုတာ တွေ့ရတော့ အရမ်းကို ဝမ်းသာစရာပါပဲ''ဟု ပြောပြခဲ့သည်။

ကိုသူရ

''ကျွန်တော်ကတော့ ဒီကားကို အရမ်းကြိုက်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေ အတွက်လည်း ဗဟုသုတတွေ ရစေပါတယ်။ ကျွန်တော် တို့အရင်က မသိခဲ့တဲ့ သမိုင်းတွေကို လည်း ဒီကားကြည့်လိုက် ရတဲ့အတွက် သိလာရတယ်။ တကယ်ကိုကောင်း တဲ့ကားပါ။''

မမြတ်မွန်

''ဇာတ်ကားက ပီပီပြင်ပြင်ရိုက် ကူးတင်ဆက်ထားတဲ့ အတွက်ကြည့် ရတာအရမ်းကို ကောင်းပါတယ်။ မျိုးဆက်သစ် လူငယ်လေးတွေအတွက် အကောင်းဆုံးရိုက်ကူးပေး ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ နောက်ထပ်ကြည့်မယ့် ပရိသတ်တွေ အနေနဲ့ ကြည့်သင့်တဲ့ကားပါ လို့ ပြောချင်တယ်။ ခေတ်ကာလ ပြောင်းလဲပုံတွေကိုလည်း တစ်ဆင့် ပြီးတစ်ဆင့် ရိုက်ကူးထားတဲ့အတွက် အရမ်းကိုကောင်းတဲ့ ဇာတ်လမ်း လေးပါပဲ။''

ပရိသတ်များကြားထဲတွင် သူတို့၏ရင်တွင်း စကားသံများကို နားထောင်နေသည့် ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ပန်းချီစိုးမိုးကိုလည်း တွေ့ရှိခဲ့ရသည်။

ဒါရိုက်တာ ပန်းချီစိုးမိုး

ဆရာမင်္ဂလာပါ

ဆရာ့အနေနဲ့ ဆရာဖန်တီးခဲ့တဲ့ ဇာတ်ကားကြီးကို ပရိသတ်တွေ တစ်ခဲနက် အားပေး နေတာတွေ့ရတော့ ဆရာရဲ့ ခံစားချက်လေးက။

မြန်မာ့ရုပ်ရှင် ကျဆုံးနေတဲ့ အချိန်မှာ ဒီလိုရုံပြည့်ပြီး မှောင်ခိုလက်မှတ် ဖြစ်တယ်ဆိုတဲ့ အဆင့်က အင်မတန်ကို ဝမ်းသာဖို့ကောင်းပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို စိတ်ဝင်စားတာ အင်မတန် ဝမ်းသာစရာပါ။ ဦးရဲ့စိတ်ထဲမှာလဲ ဝမ်းသာပါတယ်။ ဇာတ်ကားတစ်ကားက ပိုက်ဆံရတာနဲ့ မပြီးပါဘူး။ ပရိသတ်အကြိုက် ဖြစ်ဖို့က အဓိကပါ။ ဆရာ့အနေနဲ့ ဒီကားကြီးအောင် မြင်မှုအပေါ် ခံစားချက်က။

ဒီကားကတော့ ရုပ်ရှင်လောက မှာ အောင်မြင်တဲ့ကားတစ်ကားလို့ ပြောလို့ရပါတယ်။ 

မြ၀တီ

RangonNewsDaily:: December . 29 .2013
ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးကို ရုံတင်ပြသသော ဒီဇင်ဘာ ၂၇ ရက်နေ့မှာပင် ပရိသတ်အများအပြား လာရောက်ကြည့်ရှုအားပေး တာကို တွေ့ရှိခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကမှာ မထင် မှတ်ထားဘဲ ပရိသတ်အားပေးမှု ကိုရရှိခဲ့တဲ့ ဇာတ်ကားကြီးပင်ဖြစ် ပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေး မီဒီယာများ ဝင်ရောက်ခွင့် ပိတ်ပင်

RangonNewsDaily:: December . 29 .2013
နေပြည်တော်၌ ပြုလုပ်နေသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အစည်းအဝေးတွင် ယင်း ပါတီက ထုတ်ဝေသော ပြည်ထောင်စု နေ့စဉ်သတင်းစာ သတင်းထောက်မှလွဲ၍ ပြည်တွင်းပြည်ပ မီဒီယာများကို ဝင်ရောက် သတင်းယူခွင့် ပိတ်ပင်ထားကြောင်း ပြည်တွင်း ပြည်ပ သတင်းထောက်များက တညီတညွတ်တည်း ပြောဆိုကြသည်။

Saturday, December 28, 2013

နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည်ဖြစ်ပြီး ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်

နှစ်သစ်ကူးနေ့ညတွင် အင်းလျားကန်ပေါင်ကို ည ၁၁ နာရီအထိ ဖွင့်မည်ဖြစ်ပြီး ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဖြင့် အရေးယူမည်


kolatt(PBDN): December . 28 .2013

နှစ်သစ်ကူးနေ့ညတွင် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် နှစ်ခုစလုံးကို ည ၁၁ နာရီအထိ ဖွင့်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သတင်းရရှိသည်။
::
ပုံမှန်အားဖြင့် အင်းလျားကန်ပေါင် နှစ်ခုစလုံးတွင် နေ့စဉ် နံနက် ၄ နာရီမှ ည ၉ နာရီအထိသာ တက်ရောက်ခွင့် ပြုထားကြောင်း၊

 နှစ်စဉ်နှစ်သစ်ကူးနေ့ ညများတွင် အင်လျားကန်ပေါင် နှစ်ခုစလုံးကို ပုံမှန် ညကိုးနာရီ၊ ၁၀ နာရီအထိ ဖွင့်လှစ်ပေးထားလေ့ရှိပြီး ယင်းအချိန်နောက်ပိုင်း ကန်ပေါင်ပေါ်သို့ မည်သူ့ကိုမျှ တက်ခွင့်မပေးတော့ကြောင်း၊ ယခုနှစ်တွင် ည ၁၁ နာရီအထိ တက်ခွင့်ပေးမည်ဖြစ်ပြီး ၁၁ နာရီ နောက်ပိုင်း ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
::
ယင်းနေ့ညတွင် ကန်ပေါင်နှစ်ခုစလုံး၌ ပုံမှန်လုံခြုံရေး အတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး တိုးမြှင့်ထားခြင်း မရှိကြောင်း၊ 

အပျော်လွန်၍ ကန်ပေါင်ပေါ်ရှိ ခုံတန်းများ၊ အမှိုက်ပုံးများ စသည်တို့ကို ဖျက်ဆီးပါက ပြည်သူပိုင်ပစ္စည်းများ ဖျက်ဆီးမှုပုဒ်မဖြင့် အရေးယူသွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
::
ယခုနှစ် ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန် အင်းလျားကန်ပေါင် (ပြည်လမ်း)ပေါ်ရှိ အမှိုက်ပုံးများနှင့် အမှိုက်ပုံးတင် စင်များအား ဖျက်ဆီးခဲ့သူ လူငယ်နှစ်ဦးအား ကန်ပေါင်လုံခြုံရေး ၀န်ထမ်းများ၊ ကန်ပေါင်ပေါ်ရှိ ဆိုင်အလုပ်သများနှင့် အများပြည်သူအချို့မှ ၀ိုင်းဝန်းဖန်းဆီးခဲ့သဖြင့် ဖမ်းမိခဲ့ပြီး ညတွင်းချင်း လှိုင်မြို့နယ် ရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန)မှ အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။
::
ယင်းနေ့ညတွင် ရန်ကုန်မြို့ရှိ အခြားအပန်းဖြေ ဥယျာဉ်နှင့် ပန်းခြံများကိုလည်း ဖွင့်မည်မဟုတ်ကြောင်း ယင်းတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

(ပြည်လမ်းရှိ အင်းလျားကန်ပေါင်တွင် ညပိုင်းလာရောက် အပန်းဖြေ နေသူများအား တွေ့ရစဉ် (ဥာဏ်ဝင်းရှိန်))

Eleven Media ::--
(ပြည်လမ်းရှိ အင်းလျားကန်ပေါင်တွင် ညပိုင်းလာရောက် အပန်းဖြေ နေသူများအား တွေ့ရစဉ် (ဥာဏ်ဝင်းရှိန်))
RangonNewsDaily:: December . 28 .2013
နှစ်သစ်ကူးနေ့ညတွင် ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ရှိ အင်းလျားကန်ပေါင် နှစ်ခုစလုံးကို ည ၁၁ နာရီအထိ ဖွင့်ထားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနမှ သတင်းရရှိသည်။

ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသော သင်္ဘော ဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်

Photo: ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသော သင်္ဘော ဂဟေဆော်ရာမှ ပေါက်ကွဲမှုဖြစ်
Saturday, December 28, 2013

မန္တလေး မြို့ မဟာအောင်မြေမြို့ နယ် သန်လျက်မှော် အနောက်ရပ် ကွက် ရတနာပုံသင်္ဘောကျင်း အနောက် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် ကျောက် တင်  တွဲသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂ရရက်က ပေါက်ကွဲမှုဖြစ်ပွား ရာမှ လူတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး လေးဦး ဒဏ်ရာများ အ သီးသီးရရှိသွားကြောင်း နယ်မြေ ခံ အမှတ်(၇)ရဲစခန်းမှသိရသည်။

အဆိုပါကျောက်တင်တွဲ သင်္ဘောသည် အလျား ပေ၂၀၀၊ အနံ ၄၅ပေကျယ် ဝန်းပြီး ကျင်း ၁၈ဝခန့်ပါဝင်သည့် ကျောက် သေးများတင်ဆောင်၍ သူရိန် ကျော်စိုးဝင်း(၈)တွဲတွင် သင်္ဘော တွဲလျက် ဆိုက်ကပ်ထားစဉ် ကျောက်တင်တွဲ၏ ရှေ့ပိုင်း ကျောက်ဆူး ချသည့် ကျောက် ထိန်းကွင်းပျက်စီးနေသဖြင့် အ သစ်လဲလှယ်ပြင်ဆင်မှု ပြုလုပ် ရန် ဂဟေဆော်လုပ်သား လွင် မိုးအောင်နှင့် အာနိုးတို့မှ လေ အိုးတစ်လုံး၊ ဂက်စ်အိုးတစ်လုံး တို့နှင့်အတူ သင်္ဘောပေါ်သို့ ဒီ ဇင်ဘာ ၂ရရက် နံနက် ၈နာရီ တွင် ရောက်ရှိလာသည်။ ဂဟေ ဆော်ခြင်းလုပ်ငန်း လုပ်ကိုင်ရန် အတွက် ရေယာဉ်အုပ် ဦးသန်း နိုင်မှ လိုအပ်သောသံပြားများ အား ကုန်းပေါ်သို့ လိုက်လံရှာ ဖွေပြီး ၈နာရီ ၄၅မိနစ်တွင် ဂ ဟေဆော်လုပ်သားများဖြစ်ကြ သည့် လွင်မိုး အောင်၊ အာနိုးနှင့် သင်္ဘောလုပ်သား လင်းဦးနှင့် မျိုးနိုင်တို့က ဂဟေဆော်နေစဉ် ၉နာရီ ၁၅မိနစ်တွင် ဂဟေ ဆော်ရာမှ ထွက်ပေါ်လာသည့် မီးပွားများနှင့် ဂက်စ်အိုးမှ ထွက်ပေါ်လာသည့် ဂက်စ်ငွေ့ တို့ပေါင်းစပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပွား ခြင်းဖြစ်သည်။

''ဒီဆိပ်ကမ်းမှာ နှစ်ပေါင်း များစွာ အလုပ်လုပ်လာတာ ဒီ လိုမျိုး ကြီးမားတဲ့ပေါက်ကွဲမှုမျိုး မကြုံဖူးသေးဘူး''ဟု ပေါက်ကွဲ မှုဖြစ်စဉ်အနီးတွင်ရှိနေသည့် ကျောက်သယ်လုပ်သားကြီး ဦးလှမြင့်က ရန်ကုန်တိုင်းမ်နေ့ စဉ်သတင်းစာသို့ ပြောသည်။  ပေါက်ကွဲ မှုကြောင့် ကျောက်တွဲကိုယ်ထည် ပွင့်ထွက် သွားပြီး ကျောက်တွဲနောက်ခန်း အဆောက်အအုံမှာလည်း လွင့် ထွက်သွားကာ သင်္ဘောမှာလည်း ရေထဲသို့ နစ်မြုပ်သွားသည်။

အခင်းဖြစ် ကျောက်တွဲသင်္ဘော နှင့် ပေ၂ဝဝခန့်အကွာရှိ လူတ ချို့ကိုလည်း လွင့်စဉ်လာသည့် ကျောက်စများနှင့် သံပြားစ များထိမှန်ခဲ့ရာ မသီသီမြင့် ၄၃ နှစ် ဓမ္မကျကျေးရွာ ပုသိမ်ကြီး မြို့နယ်နေသူမှာ နေရာတွင် ပင်ပွဲချင်းပြီး သေဆုံးသွားသည်။ မသီရိဇော် ၊ ခြောက်နှစ်၊ မျိုးနိုင် ၂၄နှစ်၊ လင်းဦး ၂၄နှစ်တို့မှာ လည်း ပွန်းပဲ့ဒဏ်ရာနှင့် မီး လောင်ဒဏ်ရာများရရှိသွားပြီး မစိုးရိမ်ရသည့်အခြေအနေဖြစ် သော်လည်း လွင်မိုးအောင် ၁၈ နှစ်တို့မှာ ကိုယ်ခန္ဓာတစ်ခုလုံး မီးလောင်သွားသဖြင့် သတိမ ရသေးဘဲ အခြေအနေစိုးရိမ်ရ ကြောင်း သိရသည်။ ဂဟေဆော် ရာတွင်ပါဝင်သည့် လုပ်သား အာနိုးမှာ ပျောက်ဆုံးနေဆဲဖြစ် သဖြင့် ကယ်ဆယ်ရေးအဖွဲ့များ က ရှာဖွေနေကြပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ရေယာဉ်အုပ် ဦးသန်းနိုင် ၃၈နှစ် မြစ်ငယ်မြို့ နေသူ အား နယ်မြေခံရဲစခန်း တွင် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ခွန်စိုင်းအောင်

ပေါက်ကွဲမှုဖြစ်ပွားသော ကျောက်တင်တွဲသင်္ဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်
Yangon Media Group
ပေါက်ကွဲမှုဖြစ်ပွားသော ကျောက်တင်တွဲသင်္ဘောအား တွေ့ရစဉ်။ ဓာတ်ပုံ - ခွန်စိုင်းအောင်
RangonNewsDaily:: December . 28 .2013
မန္တလေး မြို့ မဟာအောင်မြေမြို့ နယ် သန်လျက်မှော် အနောက်ရပ် ကွက် ရတနာပုံသင်္ဘောကျင်း အနောက် ဧရာဝတီမြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် ကျောက် တင် တွဲသင်္ဘောတစ်စင်း ဒီဇင်ဘာ ၂ရရက်က ပေါက်
ကွဲမှုဖြစ်ပွား ရာမှ လူတစ်ဦး ပွဲချင်းပြီးသေ ဆုံးပြီး လေးဦး ဒဏ်ရာများ အ သီးသီးရရှိသွားကြောင်း နယ်မြေ ခံ အမှတ်(၇)ရဲစခန်းမှသိရသည်။

အစ်မဖြစ်သူအတွက် အကယ်ဒမီ ရင်ခုန်ပေးနေတဲ့ သန္တာဗို

Photo: အစ်မဖြစ်သူအတွက် အကယ်ဒမီ ရင်ခုန်ပေးနေတဲ့ သန္တာဗို
Saturday, December 28, 2013

သန္တာဗိုက အခုလတ်တလော မှာတော့ သီချင်း ခွေအတွက် အချိန် ပေး စီစဉ်ဖြစ်နေပြီး သရုပ် ဆောင်ရော၊ အဆိုဘက်ကိုပါ မျှတပြီး ကြိုးစား လုပ် ဆောင်သွားမှာပါလို့ ဆိုပါတယ်။

“သီချင်းတွေကို နယ်မှာသွား ပြီးဆို ဖြစ်နေတယ်။ အဆိုဘက်ကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်နေတာတော့မဟုတ်ပါဘူး။ အနု ပညာနဲ့ပတ်သက်ပြီး ကိုယ့်ကိုကမ်းလှမ်း လာတဲ့အပေါ်မှာ အားလုံးကိုမျှတပြီး လုပ်ဖြစ်နေပါတယ်။ ကိုယ့်ရဲ့အခွေလေး ထွက်တော့လည်း ပရိသတ်တွေရဲ့ အား ပေးသံတွေရော၊ ဝေဖန်သံတွေရော ကြား ရပါတယ်။ အဲဒီအတွက် လည်း ဝမ်းသာ ပါတယ်။ ဗီစီဒီကိုလည်း အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ။ အနု ပညာအလုပ်ဆိုတာကတော့ သူ့ဟာနဲ့ သူ အခက်အခဲတွေတော့ ရှိပါတယ်။ ဒါပေမဲ့ကိုယ့်ဘက်က အကောင်း ဆုံး ဖြစ်အောင် ကြိုးစားဖို့ပဲလိုပါတယ်။ ဒီသီချင်းခွေလေးကလည်း ညီမဆယ် တန်းပြီးကတည်းက ထွက်ဖို့စိတ်ကူး ရှိခဲ့တယ်။ ငယ်ငယ်ကတည်းက ရည်မှန်းချက်နဲ့ အခုလို အခွေ လေးထုတ်နိုင်တဲ့အတွက် ရည် မှန်းချက်နဲ့ တစ်ထပ်တည်းကျ တယ် လို့ ပြောလို့ရပါတယ်။ ကိုယ် တိုင်ဖန်တီးထားတဲ့ အနုပညာမှတ် တိုင်တစ်ခုလို့လည်း ပြောလို့ရပါ တယ်” လို့ဆိုပါတယ်။ အစ်မဖြစ်သူ ချောရတနာက အခုနှစ်အကယ်ဒမီ အတွက် အသံကြားနေရတဲ့ အပေါ် မှာလည်း အတိုင်းမသိ ဝမ်းသာရပါ တယ်လို့ဆိုတဲ့သန္တာဗိုက

“ဒီနှစ်အကယ်ဒမီမှာ ညီမရဲ့ အစ်မဖြစ်သူ က အကယ်ဒမီ စာရင်းဝင် ဆန် ခါတင်ထဲမှာပါတဲ့အတွက် တအား လည်းဝမ်းသာ ပါတယ်။တအား လည်းသူ့ကိုဆုရစေ ချင်ပါ တယ်။ သူက လက်ရှိမှာလည်းကိုယ် ဝန်ရှိနေတဲ့အ ချိန်လည်းဖြစ် နေတော့ ဆုသာရခဲ့ရင် အစ်မအတွက်ဆုနှစ်ဆုရ သလိုဖြစ်ပြီးနှစ်ဆုစာ ဝမ်းသာပေးရမှာပါ”လို့ပြော ပါတယ်။

လွင်လွင်ထွန်း
Popular Journal

RangonNewsDaily:: December . 28 .2013
သန္တာဗိုက အခုလတ်တလော မှာတော့ သီချင်း ခွေအတွက် အချိန် ပေး စီစဉ်ဖြစ်နေပြီး သရုပ် ဆောင်ရော၊ အဆိုဘက်ကိုပါ မျှတပြီး ကြိုးစား လုပ် ဆောင်သွားမှာပါလို့ ဆိုပါတယ်။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ဓာတ်လှေကား ချို့ယွင်းရာမှ နှလုံးရောဂါ လူနာတစ်ဦး သေဆုံး

RangonNewsDaily:: December . 28 .2013
လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၂၀ ခန့်က ဓာတ်လှေကား စက်ချို့ယွင်းရာမှ အသက် ၂၆ နှစ်အရွယ် နှလုံးရောဂါလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။

ထိုင်းနိုင်ငံရေးအခြေအနေ စစ်တပ်က စတင်သတိပေးပြီ

Photo: ထိုင်းနိုင်ငံရေးအခြေအနေ စစ်တပ်က စတင်သတိပေးပြီ 
Saturday, December 28, 2013

ဘန်ကောက် ၊ ဒီဇင်ဘာ ၂၇ ။ ။ ထိုင်း နိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် ပရာယုသ်ချန်အိုချာ က တိုင်းပြည်အတွင်း အစိုးရ နှင့်ဆန့်ကျင်သူ များ တည်ငြိမ် ထိန်းချုပ်မှုကိုပြသကြရန် တိုက် တွန်းပြောကြားခဲ့သည်ဟု သိ ရသည်။

ထိုင်းနိုင်ငံ၏ လက်ရှိနိုင်ငံ ရေးအခြေအနေအပေါ် တပ်မ တော်အနေဖြင့် ပါဝင်ဆောင် ရွက်လာဖွယ် ရှိ မရှိကို သတင်း ထောက်များမေးမြန်းရာတွင် ဗိုလ်ချုပ်ပရာယုသ်က သောကြာ နေ့တွင် ယင်းသို့တိုက်တွန်းပြော ကြားခဲ့ခြင်းဖြစ်ပြီး တပ်မတော် ၏ရှေ့ဆက်နိုင်ငံရေး မတည် ငြိမ်မှုများတွင် ပါဝင်လာနိုင်ခြင်း ရှိ မရှိအပေါ် အသေးစိတ်ပြော ကြားခဲ့ခြင်းမရှိဟု သိရသည်။ 

ဗိုလ်ချုပ်ပရာယုသ်သည် နိုင်ငံ တွင်း သဘောထားကွဲလွဲနေသော အစိုးရနှင့် ဆန္ဒပြပြည်သူများ နှစ်ဦးနှစ်ဖက်လုံး တည်ငြိမ်မှုရှိ ကြရန် မီးနီပြခဲ့ ပြီဖြစ်ကြောင်း ပြောကြား ခဲ့ပြီး လမ်းပေါ်တက် ဆူပူသောင်းကျန်းမှု များကို အ ဆုံးသတ်ရန် တောင်းဆိုခဲ့ကာ ယင်းလုပ်ရပ်များသည် မည်သည့် ဘက်အတွက်မှအသာရ အကျိုး အမြတ်ရှိခြင်းမရှိကြောင်း ပြော ကြားခဲ့သည်ဟု သိရသည်။ 

ထိုင်းတပ်မတော်သည် နိုင်ငံသမိုင်းတစ်လျှောက်တွင် ၁၁ကြိမ် အထိ အောင်မြင်စွာ အာဏာသိမ်းမှု ပြုလုပ်နိုင်ခဲ့ခြင်း ကြောင့် အားလုံးက စိတ်ဝင် တစားစောင့်ကြည့်နေကြခြင်း ဖြစ်သည်။

Ref: AP
Yangon Media Group

RangonNewsDaily:: December . 28 .2013
ထိုင်း နိုင်ငံ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် ပရာယုသ်ချန်အိုချာ က တိုင်းပြည်အတွင်း အစိုးရ နှင့်ဆန့်ကျင်သူ များ တည်ငြိမ် ထိန်းချုပ်မှုကိုပြသကြရန် တိုက် တွန်းပြောကြားခဲ့သည်ဟု သိ ရသည်။

မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်

Photo: မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အစီအစဉ်
Saturday, December 28, 2013

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃နာရီအချိန်တွင် စတင်ကျင်းပမည်ဖြစ်သည်။

၎င်းအကယ်ဒမီပေးပွဲတွင် အစီအစဉ်ခုနစ်ချက်ပါဝင်ကြောင်း သိရသည်။

အစီအစဉ်(၁)တွင် 'မြန်မာ့မြန်မာ့ရုပ်ရှင်' တေးသီချင်းဖြင့် ပဏာမ ဖျော်ဖြေ မည်ဖြစ်ပြီး ညီထွဋ်ခေါင်၊ စည်ဖြိုး၊ စိုးရန်အောင်၊ဇေရဲထက်၊ ကောင်းပြည့်၊ ဂျွန်ဂို၊ ထိုက်စံမော့စ်၊ စူးရှ၊ ချမ်းမေမြတ်နိုး၊ ဧကရီမှူး ပိုင်၊ဘေဘီမောင်၊ ရှင်ယွန်းမြတ်၊ မီးနို၊ ငြိမ်းစုသာ၊ ထက်ထက်စု လှိုင်နှင့်ရှင်းရှင်းတို့က သီဆိုကြမည်ဖြစ်သည်။ ၄င်းနောက်တွင် The Trees Band နှင့်အတူ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ မေဆွိ၊ ချစ်စနိုးဦး၊ဝိုင်းစု ခိုင်သိန်း၊ ရန်အောင်၊ မြင့်မြတ်၊ မင်းမော်ကွန်း နှင့် စိုးပြည့်သဇင်တို့က သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။

အစီအစဉ်(၂) အဖြစ် ၂ဝ၁၂ခုနှစ်အ တွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို စတင်ကြေညာမည်ဖြစ်သည်။

ထို့နောက်တွင်အစီအစဉ်(၃)အဖြစ်၊ ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးအောင်ကြည်က မိန့်ခွန်းပြောကြား မည်ဖြစ် သည်။

အစီအစဉ်(၄)အရ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး

အစီအစဉ်(၅)အဖြစ်၂ဝ၁၂ခုနှစ်အတွက်အကယ်ဒမီထူးချွန် ဆုရသူ များကို စတင်ကြေညာ ပြီး ဆုပေးအပ်မည်ဖြစ်သည်။ ၄င်း နောက် တွင် အချိန် အကန့်အသတ် အရ မိနစ်၂ဝစာခန့် ရပ်နားမည်ဖြစ် ပြီး ရပ်နားချိန် ၌ ဇော်ဝင်းထွဋ်၊ စိုင်းစိုင်းခမ်းလှိုင်၊ဖြူဖြူကျော်သိန်းတို့အပါအဝင် သဘင် ကဏ္ဍမှတင် မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း၊ ဖိုးချစ်၊ စူးရှ၊ကျော်ကျော်ဗိုတို့ က သူတို့၏ ပါဖောမန့်များနှင့်သီဆိုဖျော်ဖြေပေးမည်ဖြစ်ပြီးအစီအစဉ်၆ အဖြစ် ထူးချွန်ဆုရရှိသူများကိုဂုဏ်ပြုနှုတ်ဆက်ကြမည်ဖြစ်သည်။

Mဘွယ်
Popular Journal

RangonNewsDaily:: December . 28 .2013
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ဒီဇင်ဘာ ၂၉ ရက်၊ မွန်းလွဲ ၃နာရီအချိန်တွင် စတင်ကျင်းပ
မည်ဖြစ်သည်။

လူမင်းရင်ခုန်တဲ့ အကယ်ဒမီ

Photo: လူမင်းရင်ခုန်တဲ့ အကယ်ဒမီ (သန့်ဇင်ဦး)
Saturday, December 28, 2013

လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ထင်ကြေးပေး ခန့်မှန်း ထားကြတဲ့အပေါ် ကိုလူမင်းရဲ့ အကယ်ဒမီ ရင်ခုန်သံလေး ပြောပြပေးပါဦး။

LM : အကယ်ဒမီအတွက် ရမယ်လို့ အသံထွက်တဲ့ နှစ်တွေကတော့ ကိုယ့်ဘဝမှာ ကြုံရတာ များခဲ့ပါပြီ။ ဒီနှစ်မှာလည်း မော်ကင်းဥဒါန်း ဇာတ်ကားနဲ့ အသံ ကျယ်ကျယ်လောင်လောင်တော့ ထွက်နေတာပဲ။ ကိုယ့်အနေနဲ့ကတော့ ဒီနှစ်မှာ အကယ်ဒမီ ပွဲကြီးကို ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ ဘယ်လို ထူးထူးခြားခြား လုပ်ပြရမလဲ ဆိုတာကို ပိုပြီး စိတ်ပူနေမိပါတယ်။
ဒီနှစ်မှာ ဆုရခဲ့ရင်တော့ ကိုယ့်အတွက် အင်မတန် ထူးခြားတဲ့နှစ် ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် အနေနဲ့ တစ်ပြည်လုံးမှာရှိတဲ့ ပရိသတ်တွေကို စကားပြောခွင့်ရမယ်။ တစ်ဆက်တည်း ဆုပါရမယ်ဆိုရင် ဒီနှစ်က ကိုယ့်အတွက် အမှတ်တရ နှစ်တစ်နှစ် ဖြစ်မှာပါ။

Voice : မော်ကင်းဥဒါန်း ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ပြီး ရုံတင် ပြသပြီးတဲ့ အချိန်မှာ ပရိသတ်တွေဆီက ဘယ်လို တုံ့ပြန်မှုတွေ ရခဲ့လဲ။ ကြုံခဲ့ရတဲ့ အမှတ်တရတွေ ရှိရင် ပြောပြပေးပါဦး။

LM : ဒီကားကတော့ ကိုယ့်အတွက် အမှတ်တရတွေ အများကြီးပါပဲ။ တစ်ဖွဲ့သားလုံး ပင်ပန်း ဆင်းရဲခံပြီးတော့ ရိုက်ခဲ့ကြရတဲ့ကား၊ သဘာဝလွန် ဖြစ်ရပ်တွေနဲ့ အားလုံး ကြုံတွေ့ခဲ့ရတဲ့ကား၊ ထူးဆန်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ကား တစ်ကားပါ။ ဒီလို ဝါရင့် သရုပ်ဆောင်ကြီးတွေ၊ သရုပ်ဆောင် အင်အားတွေနဲ့ အဲဒီလို နေရာမျိုးမှာ နောက်တစ်ခါ သွားရိုက်ဖို့ မဖြစ်နိုင်တော့တဲ့ ကားတစ်ကားပါ။ ကိုယ့်ရဲ့ သရုပ်ဆောင်မှုကို ပြန်သုံးသပ်ရင်လည်း အဲဒီ အချိန်တုန်းကတော့ အစ်ကိုတို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ခဲ့တာပဲ။ ဦးကျော်ဟိန်းတို့၊ ဦးညွန့်ဝင်းတို့လို ဝါရင့် သရုပ်ဆောင်ကြီး တွေနဲ့ အပြိုင် သရုပ်ဆောင်ရမယ်ဆိုတော့ ကိုယ့်ဘက်က လျော့လို့မရဘူး၊ အဆမတန် ကြိုးစားရမယ်ဆိုတာ အဲဒီကတည်းက သိတဲ့အတွက် ကိုယ်ကြိုးစားခဲ့တယ်။ ဇာတ်ကား ရုံတင်တဲ့အချိန်မှာ ကိုယ့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး အကယ်ဒမီ ရနိုင်တယ်လို့ ပြောလာကြတဲ့ အချိန်မှာလည်း ကိုယ်ကြိုးစား ခဲ့တာတွေအတွက် ပီတိဖြစ်မိတယ်။

Voice : ဒီဇာတ်ကားမှာ ကိုလူမင်း အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေကို ပြောပြပေးပါဦး။ တခြား ဘယ်သူတွေရော ဒီကားမှာ အကယ်ဒမီ ရနိုင်တယ်လို့ မြင်မိလဲ။

LM : ဒီဇာတ်ကားမှာ ဦးကျော်တို့၊ ဦးညွန့်ဝင်းတို့လည်း ကောင်းတယ်။ သူထူးစံလည်း ကာရိုက်တာ ပေါ်လွင်တာပါပဲ။ ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတွေ ကတော့ ဦးကျော်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ အခန်းတွေရယ်၊ ကိုယ့် အဖေ ပင်လယ်ပြင်မှာ ဆုံးသွားလို့ ပေါက်ကွဲပြီးတော့ ပင်လယ်ပြင်ကြီးကို ဆီလောင်းပြီး မီးရှို့တဲ့ အခန်းတွေကို ကြိုက်ပါတယ်။

Voice : ဒီကားနဲ့သာ အကယ်ဒမီ ရခဲ့ရင် ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက် ဖြစ်လို့ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာနိုင်တယ်လေ။ ဒီအတွက်ရော ကိုလူမင်းရဲ့ စိတ်ကို ဘယ်လိုပြင်ဆင်ထားလဲ။

LM : ဒီကားမှာ အကယ်ဒမီဆုရခဲ့ရင် ကိုယ်နဲ့ တကယ်ထိုက်တန်မှုရှိ မရှိဆိုတာ ကြည့်လိုက်ပေါ့။ ကိုယ်က အစကတည်းက ကိုယ့်စိတ်လေးကို နှစ်ပိုင်း ပိုင်းထားတယ်။ ဒီဥက္ကဋ္ဌ လုပ်တာက တစ်ပိုင်း သတ်သတ်၊ သရုပ်ဆောင်အလုပ်က တစ်ပိုင်း သတ်သတ်ထားထားတယ်။ နဂိုကတည်းကလည်း ကိုယ်က သရုပ်ဆောင် လုပ်လာတာလေ။ ဒီဥက္ကဋ္ဌ လုပ်လိုက်တဲ့အတွက် အဲဒီအရိပ် အာဝါသကြီးက ကိုယ့်ရဲ့ သရုပ်ဆောင် အလုပ်ကိုတော့ အလွှမ်းမိုး မခံဘူး။ ကိုယ့် အနုပညာအလုပ်ကို ဒီဥက္ကဋ္ဌ အရိပ်က လွှမ်းမိုးနိုင်စွမ်း မရှိဘူး။ ကိုယ်ကိုယ်တိုင်လည်း လွှမ်းမိုးမခံဘူး။ ဥက္ကဋ္ဌမို့လို့ အကယ်ဒမီ ရတာပါလို့ ပြောလာခဲ့သူတွေ ရှိရင်လည်း ဇာတ်ကားကို ကြည့်လိုက်ပေါ့။ ကိုယ့်သရုပ်ဆောင်မှုက ဒီဆုနဲ့ မထိုက်တန်ဘူး ဆိုရင် ကြိုက်သလို ဝေဖန်လို့ ရပါတယ်။ ကိုယ့်ကို တိုက်ခိုက်ချင်ရုံ သက်သက်နဲ့ ပြောတာမျိုး ဆိုရင်တော့ ဂရုမစိုက်ပါဘူး။

Voice : အကယ်ဒမီပွဲ အတွက် ကိုလူမင်းတို့ ဇနီးမောင်နှံရဲ့ ဝတ်စားဆင်ယင်မှု ပိုင်းကို ဘယ်လို စီစဉ်ထားလဲ ဆိုတာ ပြောပါဦး။

LM : အကယ်ဒမီပွဲ အတွက် အဝတ်အစား ကတော့ ကိုယ်မဝတ်ဖူးတဲ့ အရောင်ဖြစ်တဲ့ မရမ်းစေ့ရောင်လေး ဝတ်မယ်လို့ ရွေးထားတယ်။ ပိုးထည်ကတော့ မန္တလေး ဒေါ်စောရှင်၊ ဖိနပ်က ဆင်ကိုးကောင်၊ အဝတ်အစား ဒီဇိုင်းကတော့ Vivid ဖက်ရှင်က ချုပ်ပေးလိမ့်မယ်။

The Voice Weekly

RangonNewsDaily:: December . 28 .2013
လာမည့် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပတော့မည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် မော်ကင်းဥဒါန်း ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု အတွက် ထင်ကြေးပေး ခန့်မှန်းထားကြသော မြန်
မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင်လူမင်းနှင့် တွေ့ဆုံ၍ ၎င်း၏ အကယ်ဒမီ ရင်ခုန်သံ၊ မော်
ကင်းဥဒါန်း ဇာတ်ကား ရိုက်ကူးစဉ် ကြုံတွေ့ခဲ့ရသော အမှတ်တရများနှင့် အကယ်ဒမီပွဲတက် ဖက်ရှင်များ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

ခရီးသည်မရှိတဲ့အတွက် နေပြည်တော်ဘန်ကောက်ခရီးစဉ် Air Asia ရပ်ဆိုင်း

RangonNewsDaily:: December . 28 .2013
ထိုင်းနိုင်ငံက TAA Air Asia လေကြောင်းလိုင်းဟာ ခရီးသွားလျော့လာတဲ့အတွက် ဘန်ကောက်-နေပြည်တော် တိုက်ရိုက်ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။
ပုံမှန်ပြေးဆွဲဖို့ ခရီးသည်လုံလောက်မှုမရှိတဲ့အတွက် ခရီးစဉ်စတင်ခဲ့အပြီး တစ်လအကြာမှာ အခုလို ရပ်နားဖို့ ဆုံးဖြတ် လိုက်တာဖြစ်တယ်လို့ လေကြောင်းလိုင်းကို ကိုးကားပြီး ဒီကနေ့ ထိုင်းနိုင်ငံ ထုတ် Bangkok Post သတင်းစာကရေးပါတယ်။

တရားမဝင် ဝင်ရောက် လာသည့် တရုတ်လူမျိုး ငါးဦး ဖမ်းဆီးရမိ

Khin Mg Latt's photo.

RangonNewsDaily:: December . 28 .2013
ဒီဇင်ဘာ ၁၉ရက် နံနက် ၁ဝနာရီခန့်က ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာ အနီးတွင် မသင်္ကာဖွယ်
ရာ လူသုံးဦးအား တပ်မတော် စစ်ကြောင်းက စစ်ဆေး ခဲ့ပါသည်။

" အခြခံဥပဒေ မပြင်လည်း ၂၀၁၅ ရွေးကောက်ပွဲ NLD ဝင်ရောက်ယှဉ်ပြိုင်မည် "

" အခြခံဥပဒေ မပြင်လည်း ၂၀၁၅ ရွေးကောက်ပွဲ NLD ဝင်ရောက်ယှဉ်ပြိုင်မည် "


kolatt(PBDN): December . 28 .2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
::
၂၀၁၅ ရွေးကောက်ပွဲရလဒ်အား ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ရရှိခဲ့သည့် ရလာဒ်ထက်ပိုမိုကောင်းမွန်ရန် ကြိုးစားသွားမည်ဟု NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောသည်။ 

ယင်းအပြင်ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေးအတွက်လည်း အချက်ပေါင်း (၁၆၈) ချက်ကို NLD မှအကြံပြုပေးပို့သွားမည်ဟု NLD ပထမအကြိမ် ဗဟိုကော်မတီ ဒုတိယပုံမှန်အစည်းအဝေးအပြီး မီဒီယာများနှင့် တွေ့ဆုံရာ၌ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်။ 
::
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် (၄၅ )နေရာ၌ (၄၃) နေရာကို NLD မှ အောင်နိုင်
ခဲ့သည်။

Popular Myanmar ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: December . 28 .2013
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါကလည်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တိုက်ရိုက် ထုတ်လွှင့်ပြသပုံများကို Online မှတစ်ဆင့် ကြည့်ရှုနိုင်


RangonNewsDaily:: December . 28 .2013
၂၀၁၂ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၉-၁၂-၂၀၁၃ ရက်နေ့၊ ၁၅၀၀ နာရီ
၌ ရန်ကုန်မြို့ သုဝဏ္ဏအားကစားပြိုင်ပွဲရုံတွင်ကျင်းပပြုလုပ်မည်ဖြစ်ရာအကယ်ဒမီဆုချီးမြှင့်ပွဲအခမ်းအနားကျင်း
ပပုံများကိုမြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ပါသည်။

ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ကွန်မြူနစ်ပါတီ ထုတ်ပြန်

Photo: ဖိလစ်ပိုင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ကွန်မြူနစ်ပါတီ ထုတ်ပြန်
Saturday, December 28, 2013

ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရပ်ဆိုင်းမည်ဟု ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ (CPP) က ပါတီ တည်ထောင်ခြင်း ၄၅ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်လိုက်ကြောင်း Inquirer News သတင်းတွင် ဖော်ပြထားသည်။

သမ္မတအကွီနို၏ အုပ်ချုပ်ရေးအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် လိုလားမှု မရှိခြင်းကြောင့် ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း၊ နောက် အုပ်ချုပ်ရေး အဖွဲ့သစ် လက်ထက်တွင် ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်သွားရန် စောင့်ဆိုင်းသွားမည် ဖြစ်ကြောင်း ဂျာနယ်လစ်များထံသို့ ပေးပို့ သည့် ဖိလစ်ပိုင် ကွန်မြူနစ်ပါတီ၏ အီးမေးလ်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ အာရှဒေသ၏ သတ်တမ်း အရှည်ကြာဆုံး ကွန်မြူနစ် ပုန်ကန်မှု ပေါ်ပေါက်နေပြီး ဆင်းရဲမွဲတေမှု၊ လက်ဝါးကြီးအုပ် ချုပ်ကိုင်အုပ်ချုပ်မှု များကြောင့် ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ပြစ်တင်ထားသည်။

အစ္စလာမ္မစ် လက်နက်ကိုင် အဖွဲ့များ ဖြစ်သော မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေးတပ်ဦး၊ ဘန်ဆာမိုရို အစ္စလာမ္မစ် စစ်သည်အဖွဲ့ စသည့် အဖွဲ့များနှင့် ဖိလစ်ပိုင် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးနေပြီး သဘောတူညီမှု ရရှိနိုင်ခြင်းရှိ မရှိကို CPP က စောင့်ကြည့် အကဲခတ်နေသည်။
“ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးနဲ့ ဘိုးဘွားပိုင် နယ်မြေရရှိရေး ဘန်ဆာမိုရို အဖွဲ့က ဆက်လက် တိုက်ပွဲဝင် သွားမည်လို့ ကျွန်တော်တို့ ရှုမြင်ပါတယ်” ဟု CPP က ပြောကြားသည်။

ထို့အပြင် ၁၉၉၆ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ကို အကွီနို အုပ်ချုပ်ရေးအဖွဲ့က ဖောက်ဖျက်သည်ဟု စွပ်စွဲပြီး မော်ရို အမျိုးသား လွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင်များက ဖိလစ်ပိုင်နိုင်ငံ ဇန်ဘိုဂါမြို့ကို စက်တင်ဘာလအတွင်း တိုက်ခိုက်ခဲ့သည်။

မော်ရို အစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦးနှင့် ဖိလစ်ပိုင် အစိုးရအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်သစ်ကူး ပွဲတော်အပြီးတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် ကျင်းပသွားမည်ဖြစ်ပြီး လက်နက်များ ချရေး၊ ကြားဖြတ် တရားစီရင်ရေးနှင့် အခြားသော အချက်များ ကို ဆွေးနွေးသွားမည် ဖြစ်သည်။

ဖိလစ်ပိုင် ကွန်မြူနစ်ပါတီဝင် အင်အားကို ၂၅၀၀၀ ထိ တိုးချဲ့သွားရန်နှင့် ဖိလစ်ပိုင် တပ်မတော်နှင့် ရင်ဆိုင် တိုက်ခိုက်နိုင်ရန် ပြည်သူ့ တပ်မတော်သစ်ကို အင်အား ၂၅,၀၀၀ ထိ တိုးမြှင့်သွားရန် ကွန်မြူနစ်ပါတီ နောက်လိုက်များကို တိုက်တွန်းထားသည်။

ထို့ပြင် ဖိလစ်ပိုင် ပြည်နယ်ပေါင်း ၈၁ ခုအနက် ၇၁ ခုတွင် ကွန်မြူနစ် ပြောက်ကျား စစ်မျက်နှာပေါင်း ၁၁၀ ထိ ရှိနေပြီး ယင်းစစ်မျက်နှာ အရေအတွက်ကို ၂၀၀ အထိ တိုးမြှင့်သွားရန်လည်း ကွန်မြူနစ်ပါတီက စီစဉ်နေသည်။

စည်းကမ်းများဖြင့် ငွေလွှဲပေးရေး အစီအစဉ်နှင့် ပါနာမာ အသက်မွေးမြူရေး စီမံကိန်းများမှာ အကျင့်ပျက် လာဘ်စားမှုနှင့် ခြိမ်းခြောက်ရေး အစီအမံများဖြစ်ပြီး ပြည်သူ့တပ်မတော်၏ သတင်းရရှိနိုင်ရန် အစိုးရအဖွဲ့က တစ်ဖက်လှည့်ဖြင့် ကျင့်သုံးခြင်း ဖြစ်ကြောင်း ကွန်မြူနစ်ပါတီက ဝေဖန်ထားသည်။

ဖိလစ်ပိုင် တပ်မတော်၏ သောင်းကျန်းသူ နှိမ်နင်းမှု စစ်ဆင်ရေးမှာလည်း ကျဆုံးနေကြောင်း၊ နိုင်ငံတွင်း ဥပဒေမဲ့ ပြုမူနေသည့် သမ္မတအကွီနိုကို ရာထူးမှ ဖြုတ်ချသွားရမည် ဖြစ်ကြောင်း ဖိလစ်ပိုင် ကွန်မြူနစ်ပါတီက တောင်းဆိုထားသည်။

The Voice Weekly

RangonNewsDaily:: December . 28 .2013
ဖိလစ်ပိုင် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုရပ်ဆိုင်းမည်ဟုဖိလစ်ပိုင်ကွန်မြူနစ်ပါတီ (CPP) က ပါတီ
တည်ထောင်ခြင်း ၄၅ နှစ်မြောက် အခမ်းအနားတွင် ထုတ်ပြန်လိုက်ကြောင်း Inquirer News သတင်းတွင်
 ဖော်ပြထားသည်။

ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားများ ဆန္ဒပြပွဲနှင့် ပူးပေါင်းပြီ

Photo: ကမ္ဘောဒီးယား အထည်ချုပ်လုပ်သားများ ဆန္ဒပြပွဲနှင့် ပူးပေါင်းပြီ
Saturday, December 28, 2013

္ကကမ္ဘောဒီးယားမှ ထောင်ပေါင်းများစွာသော အထည်ချုပ်လုပ်သားများသည် လစာတိုးမြှင့်ရေး ဖိအားပေးရန်အတွက် လက်ရှိအချိန်၌် မြို့တော်အနှံ့တွင် ပြုလုပ်နေသော ၀န်ကြီးချုပ် ဟန်ဆန်
ဖြုတ်ချရေး တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင် လိုက်ကြသည်။

ဆန္ဒပြသူများသည် ၀န်ကြီးချုပ်ကိုရာထူးမှ နှုတ်ထွက်စေပြီး 
ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆို ထားကြသည်။
ဒီဇင်ဘာ ၂၆ရက်က မြို့တော်ဖနွမ်းပင်တွင် ဆန္ဒပြပွဲနှင့် ပူပေါင်း
လာကြသော အထည်ချုပ်လုပ်သားမှာ သုံးသိန်း ခန့်ရှိသည်။ အစိုးရနှင့် စက်ရုံပိုင်ရှင်များသည် ယခုပေးနေသည့်လခနှင့် အလုပ်သမားများ မရပ်တည်နိုင်ကြသည်ကို သိသော်လည်း လစာတိုးပေးရန်ကိုမူ သဘောမတူခဲ့ကြပေ။

လက်ရှိအခြေအနေအရ ဆိုလျှင် ကမ္ဘောဒီးယားမှ အထည်ချုပ်စက်ရုံပေါင်း ၅၀၀ ခန့်မှာ ရပ်ထားရမည့် ပုံစံဖြစ်နေသည်။ ကန့်ကွက်ပွဲများကို ဦးဆောင်နေသည့် ကမ္ဘောဒီယားအမျိုးသားလွတ်မြောက်ရေး ပါတီ (CNRP) ကခေါင်းဆောင် ဆမ်ရိန်းဆီက အထည်ချုပ်လုပ်သားများသည် တိုင်းပြည်ကို သက်တမ်းရှည် အုပ်ချုပ်နေသော ဟန်ဆန်နှင့် သူ၏ အဖွဲ့ ပြုတ်ကျရန် ပူးပေါင်းကြခြင်းဖြစ်သည်ဟု ဆိုသည်။ 

နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲကြောင့် ဟန်ဆန်သတ်တမ်းမှာ ၂၈နှစ်တိုင်ခဲ့သော်လည်း အတိုက်အခံပါတီများက မဲအရေအတွက်တွင် မသမာမှုများဖြင့် အနိုင်ရထားခြင်း ဖြစ်ကြောင်း စွတ်စွဲထားသည်။ 
ပါလီမန်ကို သပိတ်မှောက် ထားသည်မှာလည်း ငါးလမျှ ကြာမြင့်နေပြီဖြစ်သည်။

အတိုက်အခံခေါင်းဆောင် ရိန်းစီက အလုပ်သမားများသည် အကူအညီမဲ့ဘ၀ဖြင့် ခက်ခဲမှုများကို ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း ၂၀ကျော်ပြီဖြစ်ကြောင်း၊ ဟန်ဆန်သည် အလုပ်သမားများ၏ အရေးထက် စက်ရုံပိုင်ရှင်များအရေးကိုသာ ပိုကြည့်သူ ဖြစ်ကြောင်း ဆိုသည်။ 

ကမ္ဘောဒီယားအစိုးရက လာမည့်နှစ် ဧပြီလမှ စတင်ကာ အထည်ချုပ်လုပ်သားတို့၏ လစာကို ဒေါ်လာ ၈၀မှ ၉၅ဒေါ်လာသို့ တိုးမြှင့်ပေးမည်ဟု ကြေညာထားသည်။ သို့သော်လည်း အလုပ်သမားများက ယင်းပမာဏမှာ လုံလောက်မှု မရှိသဖြင့် တစ်လလျှင် ဒေါ်လာ ၁၆၀ ဟုသတ်မှတ်ပေးရန် တောင်းဆိုထားသည်။

Ref: AFP
The Myanma Age

RangonNewsDaily:: December . 28 .2013
္ကကမ္ဘောဒီးယားမှ ထောင်ပေါင်းများစွာသော အထည်ချုပ်လုပ်သားများသည် လစာတိုးမြှင့်ရေး ဖိအားပေး
ရန်အတွက် လက်ရှိအချိန်၌် မြို့တော်အနှံ့တွင် ပြုလုပ်နေသော ၀န်ကြီးချုပ် ဟန်ဆန်
ဖြုတ်ချရေး တောင်းဆိုမှုများတွင် ပူးပေါင်းပါဝင် လိုက်ကြသည်။

အလှူပွဲဓာတ်ပုံရိုက်နေသည့် အမေရိကန် နိုင်ငံသူ နှင့် စကားပြန်တို့ ဆိုင်ကယ် အတိုက်ခံရ

RangonNewsDaily:: December . 28 .2013
စစ်ကိုင်းမြို့ တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီက အလှူပွဲ ရှင်လောင်းလှည့် ပြန်လာသူ များကို ဓာတ်ပုံရိုက် နေသည့် အမေရိကန် နိုင်ငံသူ တစ်ဦးနှင့် စကားပြန် အဖြစ် လိုက်ပါ လာသူတို့ကို ဆိုင်ကယ် အတိုက်ခံ ရသဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း စစ်ကိုင်း မြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ မယ်လဒုက္ခသည်စခန်း မီးလောင်မှုဖြစ်ပွား


kolatt(PBDN): December . 28 .2013

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
::
စခန်းထဲက ဇုံအမှတ်(စီ)မှာရှိတဲ့ စာသင်ကျောင်းမှာ လျပ်စစ်ဝါယာကြိုးရှော့ဖြစ်ပြီး လောင်တာလို့ သိရပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်ကား ၂ စီး အချိန်မီရောက်လာတဲ့အတွက် ညနေ ၃ နာရီခွဲလောက်မှာ မီးညွန့်ကျိုးသွားတယ်လို့သိရပါတယ်။

လောလောဆယ်မှာတော့ မီးဘေးဒုက္ခသည်တွေဟာ နီးစပ်ရာ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ တည်းခိုနေရတယ်လို့ ဆိုပါတယ်။
::
မယ်လဒုက္ခသည်စခန်းဟာ မဲဆောက်မြို့ရဲ့မြောက်ဘက် ကီလိုမီတာ ၆၀ အကွာလောက်မှာရှိပြီး၊ လူဦးရေ ၅ သောင်းနီးပါးလောက်ရှိတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်တလျှောက် အကြီးဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

RFA ::--

RangonNewsDaily:: December . 28 .2013
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ကရင်ဒုက္ခသည်တွေ အများစုနေထိုင်ရာ မယ်လဒုက္ခသည်စခန်းမှာ မနေ့နေလည် ၂ နာရီလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် အိမ်ခြေ ၁၀၀ ကျော်လောက် မီးဘေးသင့်ပြီး လူ ၃ ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

Friday, December 27, 2013

SEA Games ပြိုင်ပွဲအပြီး ဝါရင့်လက်ရွေးစင် ကစားသမားအချို့အနားယူ

RangonNewsDaily:: December . 27 .2013
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်

ခဲ့သောလက်ရွေးစင်ကစားသမားအချို့ ပြိုင်ပွဲ ပြီးဆုံးချိန်တွင် အားကစားသမားဘဝက အနားယူရန် ဆုံးဖြတ်
ခဲ့ကြကြောင်း ယင်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ကစားသမား အချို့က ပြောကြားသည်။ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော လက်ရွေးစင်ကစားသမားအများစုသည် ဒေသတွင်း နိုင်ငံများ
မှ ကစားသမားများနှင့် နှိုင်းယှဉ်လျှင် သက်ကြီးကစားသမား ပိုမို များပြားကြောင်း၊

ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး

Photo: ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး
Friday, December 27, 2013

မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပိုမိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခိုးမှု၊ လုယက်မှုများသာ ရှိရာမှ ယခုအခါ လေးခွကဲ့သိုသော လက်နက်ဖြင့် ပစ်ခတ်လုယက်သည်အထိ ဖြစ်လာသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အကြောင်းကြားစာ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့အဆင့် ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်း၌ အကြမ်းဖက်သည့် ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများကို ကင်းလှည့်သည့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနမှ လုံခြုံရေးများကပင် လုံခြုံရေးတာဝန်များ လုပ်ဆောင်ရန် မတတ်နိုင်တော့သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့အချိန် သူတို့လာကြီးကြပ်တဲ့ ခဏပဲ ဒီလိုအကြမ်းဖက် လုယက်မှုတွေ ငြိမ်သွားတာ၊ ပြီးရင် ပြန်ဖြစ်တာပဲ၊ အဲဒါကြောင့် အာဏာပိုင်တွေက ဆောင်ရွက်မှုတစ်ခုခု လုပ်ပေးမှ ဖြစ်မယ်” ဟု ၎င်းကထပ်မံဆိုသည်။

အဆိုပါ ဆိပ်ကမ်း၌ ခိုးမှုများသည် ယခင်က လူမသိ၊ သူမသိ ခိုးမှုအဆင့်သာရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုတစ်ကြိမ်၊ ဒီဇင်ဘာလတွင် ခိုးမှု ၂ ကြိမ် ဖြစ်ပွားပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ခိုးမှုမှာ သင်္ဘောလုံခြုံရေးများ ထိခိုက်မှုရှိခဲ့ပြီး လုယက်သည့် ပစ္စည်းများ ပြန်မရရှိသဖြင့် အမှတ် ၇ ရဲစခန်းသို့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အထက်ပါအရာရှိက ပြောကြားသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရဲစခန်းသို့အမှုဖွင့် တိုင်ကြားခြင်း၊ အကြောင်းကြားစာ ပေးပို့ခြင်းများ ပြုလုပ်ပါက လိုအပ်သည့် အခြေအနေပေါ်လိုက်၍ လုံခြုံရေး အနေအထားများ တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်
ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပို
မိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူ
တစ်ဦးက ပြောကြားသည်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်တပ်ကို အကူအညီတောင်းမည်ဟု ထိုင်းအစိုးရ ပြောကြား

Photo

RangonNewsDaily:: December . 27 .2013
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့အဓိကရုဏ်းများအတွင်း လူ ၂ ဦးသေဆုံးကာ အခြား လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။