Pages

Friday, December 27, 2013

ရွေးကောက်ပွဲလုံခြုံရေးအတွက် စစ်တပ်ကို အကူအညီတောင်းမည်ဟု ထိုင်းအစိုးရ ပြောကြား

Photo

RangonNewsDaily:: December . 27 .2013
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့အဓိကရုဏ်းများအတွင်း လူ ၂ ဦးသေဆုံးကာ အခြား လူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းအစိုးရက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုင်းအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလတွင် ပြုလုပ်ရန် စီစဉ်ထားသော အထွေထွေရွေးကောက်
ပွဲ လုံခြုံရေးအတွက် စစ်တပ်ကို အကူအညီတောင်းမည်ဟု ယနေ့ ပြောကြားလိုက်သည်။ 
 
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့အဓိကရုဏ်းများအတွင်း လူ ၂ ဦးသေဆုံးကာ အခြားလူ ၁၅၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက်ထိုင်းအစိုးရကထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထိုင်းဝန်
ကြီးချုပ် ယင်လတ်နှင့် အစိုးရအဖွဲ့က ကြာသပတေးနေ့တွင် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ကော်မရှင်၏အဆို
ပြုချက်ကို ပယ်ချခဲ့သည်။ 
 
ကြာသပတေးနေ့က ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး
သေနတ်ပစ်ခံရ၍ သေဆုံးသွားပြီးနောက် ထိုင်းရွေကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် အဆိုပြုခဲ့သည်။

ကြာသပတေးနေ့အဓိကရုဏ်းများအတွင်း အသက် ၃၀ အရွယ် အရပ်သားတစ်ဦးမှာလည်း ဝမ်းဗိုက်ကို သေ
နတ်ထိမှန်ခဲ့ရာ ဆေးရုံတွင်ကုသမှုခံယူစဉ် သောကြာနေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း ကျန်းမာရေး
ဝန်ကြီးဌာနက ပြောကြားသည်။ 
 
အဓိကရုဏ်းများအတွင်း ဒဏ်ရာရှိသူ ၁၅၃ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၃၈ မှာ ဆေးရုံတွင် ကုသမှု ခံယူနေဆဲ
ဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရသည်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆူရာပွန်က ၎င်းအနေဖြင့် စနေနေ့တွင် ပြုလုပ်ရမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်မှု အစီအစဉ်အတွက် စစ်
တပ်အကြီးအကဲထံ လုံခြုံရေးအကူအညီတောင်းခံမည်ဟု ပြောကြားသည်။ 
 
ထို့အတူ လာမည့် ဖေဖေါ်ဝါရီ ရွေးကောက်ပွဲတွင်လည်း လုံခြုံရေးအတွက် စစ်တပ်အနေဖြင့် အကူအညီပေး
ရန် အဆိုပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြား
သည်။

ဝန်ကြီးချုပ်ယင်လတ်အစိုးရသည်ထိုင်းမြောက်ပိုင်းဒေသများတွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှုအကြီး
အကျယ်ရရှိနေဆဲဖြစ်ပြီးထိုထောက်ခံအားပေးမှု ပမာဏမှာ နိုင်ငံ၏ထက်ဝက်ခန့်ပင်ရှိသည်။ သို့သော် ဘန်
ကာက်မြို့နှင့်ပတ်ဝန်းကျင်တွင် နေထိုင်သည့်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများက ယင်လတ်အစိုးရအား ရက်
သတ္တပတ်ပေါင်းအတန်ကြာ စုရုံးဆန္ဒပြနေခဲ့ကြခြင်း ဖြစ်သည်။ 
 
ကြာသပတေးနေ့တွင်မူဆန္ဒပြသူများက ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများမှတ်ပုံတင်မှုပြုလုပ်ရာ အား
ကစားကွင်းကို ကျောက်ခဲများဖြင့် ပစ်ပေါက်ကာ အတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်
ယိုဗုံးများ၊ ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

ဆန္ဒပြသူများအား ဖြိုးခွင်းရာတွင်ကျည်ဆန်အစစ်များအသုံးပြခဲ့ကြောင်းစွပ်စွဲမှုများထွက်ပေါ်လာသော်လည်း
ရဲတပ်ဖွဲ့မူ ငြင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ယင်လတ်၏ အကိုဖြစ်သူ သက်ဆင်အား လွန်ခဲ့သည့် ၇ နှစ်က အာဏာသိမ်းမှုဖြင့် ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း လက်ရှိအခြေအနေသည် သွေးထွက်
သံယို နိုင်ငံရေးအဓိကရုဏ်းများနှင့်အတူ မတည်မငြိမ်ဖြစ်မှု အရှိန်မြင့်လျက်ရှိသည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

Photo

Photo

0 comments:

Post a Comment