Pages

Friday, December 27, 2013

တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ

Photo: တွံတေးမြို့နယ်တွင် လင်မယားနှစ်ဦးအား သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှု အဓိက ဦးဆောင်သူကို မြ၀တီမြို့၌ ဖမ်းဆီးရမိ
Friday, December 27, 2013

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀ ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျူးလွန်သူများအနက် ကျော်ဝင်းစိန် (ခ) ကျင်စိမ်းနှင့် စိုးမင်းဦး (ခ) သံပါးစပ် ဆိုသူမှာ ရဲဘက်ပြေးများဖြစ်ပြီး စိုးမင်းဦးမှာ ထောင်ဒဏ် ၁၇ နှစ်ကျခံပြီး ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူဖြစ်ကာ ကျော်ဝင်းစိန်သည်လည်း ထောင်ဒဏ် ၆၄ နှစ်ကျခံပြီး ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူဖြစ်သည်။
ပြန်ပေးဆွဲမှု ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့် ကိုကျော်မင်းဦးနှင့် ဇနီးဖြစ်သူ မမိုးမိုးအေးတို့သည် မယားညီအစ်ကို ဖြစ်သူ၏ ရုံးချိန်းသို့ သွားရောက်ရန်အတွက် ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် လမ်းတစ်ဝက်၌ အမည်မသိ အမျိုးသား သုံးဦးက ဆိုင်ကယ်အားတားပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက် တစ်ဦးက ဆိုင်ကယ်အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ကာ ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် သိန်း၂၀၀၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့သည်။ ထို့နောက် ပြန်ပေးသမားများက နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့ နှစ်ဦးအား လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အနီးရှိ ချုံပုတ်ထဲတွင် ထားခဲ့ကာ မမိုးမိုးအေး ၀တ်ဆင်ထားသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိသည့် ဆွဲကြိုးတစ်ကုံး အပ်အ၀င် လက်စွပ်၊ နားကပ်တစ်ရံ ဆင်းမ်ကတ်ပါ ဟန်းဆက်တစ်လုံးနှင့် ဆိုင်ကယ်အား လုယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြန်ပေးဆွဲအမှုအား တွံတေးမြို့မရဲစခန်းက (ပ) ၄၀၁ /၁၃၊ ပြစ်မှုပုဒ်မ- ၃၄၇/ ၃၉၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ပြန်ပေးဆွဲသူများကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အလိုရှိဆုံး တရားခံများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
Eleven Media Group
ပြန်ပေးဆွဲမှု ကျူးလွန်ခဲ့သည့် ပိတ်စွယ်ကုန်းကျေးရွာ ကားလမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
RangonNewsDaily:: December . 27 .2013
ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်တွင် နိုဝင်ဘာအတွင်းက လင်မယားနှစ်ဦးအား ငွေကျပ် သိန်း ၂၀၀၀
ဖြင့် ပြန်ပေးဆွဲမှုတွင် အဓိကကျူးလွန်သူ ကထီး (ခ) သူရဇော်ဦး ဆိုသူကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း တွံတေး
မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။အဆိုပါ ပြန်ပေးဆွဲမှုတွင် အဓိကဦးဆောင်သူ ဖြစ်သည့် ကထီး (ခ) သူရဇော်ဦးကို မြ၀တီမြို့နယ်၌ ဒီဇင်ဘာ ၂၅ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ယခင်ဦးစွာ ဖမ်းမိထားသူ သုံးဦးဖြစ်သည့် စိုးမင်းဦး (ခ) သံပါးစပ်၊ သက်
ကိုနှင့် ကျော်မြင့်တို့ကို ဒီဇင်ဘာ ၂၆ ရက်တွင် သန်လျင်မြို့နယ် တရားရုံးသို့ ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရ
သည်။

ယင်းသို့ ကျူးလွန်သူများအနက် ကျော်ဝင်းစိန် (ခ) ကျင်စိမ်းနှင့် စိုးမင်းဦး (ခ) သံပါးစပ် ဆိုသူမှာ ရဲဘက်ပြေး
များဖြစ်ပြီးစိုးမင်းဦးမှာ ထောင်ဒဏ် ၁၇ နှစ်ကျခံပြီးရဲဘက်စခန်းမှထွက်ပြေးခဲ့သူဖြစ်ကာ ကျော်ဝင်းစိန်သည်
လည်း ထောင်ဒဏ် ၆၄ နှစ်ကျခံပြီး ရဲဘက်စခန်းမှ ထွက်ပြေးခဲ့သူဖြစ်သည်။

ပြန်ပေးဆွဲမှု ဖြစ်စဉ်မှာ နိုဝင်ဘာ၆ ရက်မွန်းလွဲပိုင်းက တွံတေးမြို့နယ် ဘုရားကြီးကျေးရွာတွင် နေထိုင်သည့်
ကိုကျော်မင်းဦးနှင့်ဇနီးဖြစ်သူမမိုးမိုးအေးတို့သည်မယားညီအစ်ကို ဖြစ်သူ၏ ရုံးချိန်းသို့သွားရောက်ရန်အတွက်
ဒလမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် လမ်းတစ်ဝက်၌ အမည်မသိ အမျိုးသား သုံးဦးက ဆိုင်ကယ်အားတား
ပြီး ကိုကျော်မင်းဦး၏ မျက်နှာအား ခါးပတ်ဖြင့် ရိုက်ခဲ့ကြောင်း သိရသည်။ 
 
ထိုသို့ ခါးပတ်ဖြင့် ရိုက်သဖြင့် ဆိုင်ကယ်လဲကျသွားစဉ် အဆိုပါ အမျိုးသား သုံးဦးအနက် တစ်ဦးက ဆိုင်ကယ်
အား မောင်းယူသွားခဲ့ပြီး ကျန်နှစ်ဦးက ကိုကျော်မင်းဦးနှင့် ဇနီးတို့အား ကြိုးဖြင့်တုပ်နှောင်၍ လမ်းဘေးတွင် ရပ်ထားသည့် ကားပေါ်သို့ ဆွဲတင်ကာ ကိုကျော်မင်းဦး၏ ခယ်မဖြစ်သူ မမိုးမိုးအောင်ထံသို့ ဖုန်းဖြင့်ဆက်
သွယ်၍ ငွေကျပ် သိန်း၂၀၀၀ ဖြင့် လာရွေးရန် ပြောဆိုခဲ့သည်။ 
 
ထို့နောက် ပြန်ပေးသမားများက နိုဝင်ဘာ၇ ရက်နံနက်ပိုင်းတွင် ကိုကျော်မင်းဦးနှင့် မမိုးမိုးအေးတို့ နှစ်ဦးအား
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန် အနီးရှိ ချုံပုတ်ထဲတွင် ထားခဲ့ကာ မမိုးမိုးအေး ၀တ်ဆင်ထားသည့် အလေးချိန်တစ်ကျပ်သားခန့်ရှိသည့်ဆွဲကြိုးတစ်ကုံး အပ်အ၀င် လက်စွပ်၊ နားကပ်တစ်ရံ ဆင်းမ်ကတ်ပါ ဟန်း
ဆက်တစ်လုံးနှင့် ဆိုင်ကယ်အား လုယူသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ပေးဆွဲအမှုအား တွံတေးမြို့မရဲစခန်းက (ပ) ၄၀၁ /၁၃၊ ပြစ်မှုပုဒ်မ- ၃၄၇/ ၃၉၄ ဖြင့် အမှုဖွင့် စစ်
ဆေးခဲ့ပြီး ပြန်ပေးဆွဲသူများကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အလိုရှိဆုံး တရားခံများအဖြစ် သတ်
မှတ်ခဲ့ကြောင်း သိရသည်။

Eleven Media  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment