Pages

Friday, December 27, 2013

မော်စီတုန်း နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ၍ တရုတ်ကျင်းပ

Photo: မော်စီတုန်း နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ အကုန်အကျခံ၍ တရုတ်ကျင်းပ
Friday, December 27, 2013

တရုတ်အာဏာပိုင်များသည် တိုင်းပြည်၏ သမိုင်းဝင် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော မော်စီတုန်း၏ နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် အကုန် အကျခံ၍ ကျင်းပခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်အာဏာပိုင်များသည် တရုတ် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သည့် ဥက္ကဋ္ဌမော်၏ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲကို ၎င်း၏ ဇာတိဖြစ်သော ဟူနန်ပြည်နယ် ရှောင်ရှန်းမြို့တွင် ခမ်းခမ်းနားနား ကျင်းပပြီး ဂုဏ်ပြုခဲ့သည်။

ထိုအထိမ်းအမှတ် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနှံ့အပြားမှ ပြည်သူ အများအပြား ပါဝင် ဆင်နွှဲကြသော်လည်း ကွန်မြူနစ် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် မော်စီတုန်း၏ မွေးနေ့ပွဲကို ထိုကဲ့သို့ ငွေကြေးများစွာ အကုန်အကျခံ၍ ကျင်းပခြင်းမှာ သင့်လျော်ခြင်း မရှိဘဲ ထိုငွေများကို အခြား လိုအပ်နေသည့် နေရာများတွင် သုံးစွဲသင့်သည်ဟု ဝေဖန်သူများလည်း ရှိသည်။

“နှစ်စဉ်နှစ်တိုင်း ဥက္ကဋ္ဌမော်ရဲ့ မွေးနေ့ ကျရောက်တဲ့နေ့မှာ ကျွန်တော်တို့ရဲ့ သူ့အပေါ်ထားရှိတဲ့ လေးစားမှုကို ထုတ်ဖော် ပြသလေ့ ရှိပါတယ်။ နှစ်သစ်ကူးပွဲတော်ရဲ့ ပထမဆုံး နေ့မှာတောင် ကျွန်တော်တို့ရဲ့ ဆိုင်ရာဘိုးဘွားတွေကို မကန်တော့မီ ပထမဆုံး ဥက္ကဋ္ဌမော်ကို ကန်တော့လေ့ ရှိပါတယ်။ ကျွန်တော်တို့ သူ့ကိုဘယ်လောက် ကြည်ညို လေးစားတယ်ဆိုတာ အဲဒါကို ကြည့်ရင် သိနိုင်ပါတယ်” ဟု မော်စီတုန်းရှချန်ဟု အမည်ရသည့် ရှောင်ရှန်းမြို့သား တစ်ဦးက ပြောကြားသည်။

မော်စီတုန်း၏ မွေးနေ့ပွဲသို့ တက်ရောက် လာကြသူများသည် မော်စီတုန်း ရင်ပြင်ရှိ ဥက္ကဋ္ဌမော်၏ ရုပ်တုရှေ့တွင် သုံးကြိမ် ဦးညွတ်၍ ဂါရဝ ပြုခဲ့ကြပြီး မော်စီတုန်းက သူတို့၏ လိုအင်ဆန္ဒများ ပြည့်ဝအောင် ဖြည့်ဆည်း ပေးလိမ့်မည်ဟု ယုံကြည်ကြသူ များလည်း ရှိသည်။

ဟူနန်ပြည်နယ် အစိုးရသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ဥက္ကဋ္ဌမော်၏ နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် အခမ်းအနားကို ယခုကဲ့သို့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံ၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုကုန်ကျစရိတ်ထဲတွင် ကမ္ဘာလှည့် ခရီးသွား စင်တာတစ်ခု ပြန်လည် ပြင်ဆင်သည့် ကုန်ကျစရိတ်နှင့် ဥက္ကဋ္ဌမော်၏ နေအိမ်အဟောင်းကို ပြုပြင်ထိမ်းသိမ်းသည့် စရိတ်တို့လည်း ပါဝင်လျက် ရှိသည်။

ထို့ပြင် ဥက္ကဋ္ဌမော်၏ ဇာတိမြို့ကို လာရောက် လည်ပတ်သူ ပိုမိုများပြား လာစေရန်အတွက် အမြန်လမ်းမများနှင့် အမြန်ရထားလမ်း များကိုလည်း ဖောက်လုပ်လျက် ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်မှု များကြောင့် ခရီးသွားဧည့်သည် အများအပြား ဝင်ရောက် လာသော်လည်း စီးပွားရေး အခြေအနေမှာမူ သမ္မတ ရှီကျင့်ဖျင်၏ ခြိုးခြံချွေတာရေး မူဝါဒကြောင့် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

လေ့လာသူများကမူ မော်စီတုန်းအပေါ် ကြည်ညို လေးစားမှုကို အမှန်တကယ် ဖော်ပြလိုလျှင် ယခုကဲ့သို့ ငွေကြေးများစွာ ကုန်ကျသည့် အခမ်းအနားမျိုး မကျင်းပဘဲ ခြိုးခြံချွေတာရေး လမ်းစဉ်ကို အားပေးသည့် လုပ်ဆောင်ချက် များကိုသာ ပြန်လည် လုပ်ဆောင်သင့်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

The Voice Weekly

RangonNewsDaily:: December . 27 .2013
တရုတ်အာဏာပိုင်များသည် တိုင်းပြည်၏ သမိုင်းဝင် ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သော မော်စီတုန်း၏
နှစ် (၁၂၀) ပြည့် မွေးနေ့ပွဲကိုအမေရိကန်ဒေါ်လာ၂ ဒသမ ၅ ဘီလီယံကျော် အကုန် အကျခံ၍ ကျင်းပခဲ့သည်
ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ တရုတ်အာဏာပိုင်များသည် တရုတ် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်ခဲ့သည့် ဥက္ကဋ္ဌမော်၏ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်သော နှစ် (၁၂၀) ပြည့်မွေးနေ့ပွဲကို ၎င်း၏ ဇာတိဖြစ်သော ဟူနန်ပြည်နယ် ရှောင်
ရှန်းမြို့တွင် ခမ်းခမ်းနားနား ကျင်းပပြီး ဂုဏ်ပြုခဲ့သည်။

ထိုအထိမ်းအမှတ် မွေးနေ့ပွဲကို တရုတ်နိုင်ငံ အနှံ့အပြားမှ ပြည်သူ အများအပြား ပါဝင် ဆင်နွှဲကြသော်လည်း ကွန်မြူနစ် ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့် မော်စီတုန်း၏ မွေးနေ့ပွဲကိုထိုကဲ့သို့ ငွေကြေးများစွာ အကုန်
အကျခံ၍ ကျင်းပခြင်းမှာ သင့်လျော်ခြင်း မရှိဘဲထိုငွေများကိုအခြားလိုအပ်နေသည့် နေရာများတွင် သုံးစွဲသင်
သည်ဟု ဝေဖန်သူများလည်း ရှိသည်။

“နှစ်စဉ်နှစ်တိုင်း ဥက္ကဋ္ဌမော်ရဲ့ မွေးနေ့ ကျရောက်တဲ့နေ့မှာ ကျွန်တော်တို့ရဲ့ သူ့အပေါ်ထားရှိတဲ့ လေးစားမှုကို ထုတ်ဖော် ပြသလေ့ရှိပါတယ်။နှစ်သစ်ကူးပွဲတော်ရဲ့ပထမဆုံး နေ့မှာတောင် ကျွန်တော်တို့ရဲ့ ဆိုင်ရာဘိုးဘွား
တွေကိုမကန်တော့မီပထမဆုံးဥက္ကဋ္ဌမော်ကိုကန်တော့လေ့ရှိပါတယ်။ကျွန်တော်တို့သူ့ကိုဘယ်လောက်ကြည်
ညို လေးစားတယ်ဆိုတာအဲဒါကို ကြည့်ရင်သိနိုင်ပါတယ်”ဟု မော်စီတုန်းရှချန်ဟုအမည်ရသည့် ရှောင်ရှန်း
မြို့သား တစ်ဦးက ပြောကြားသည်။

မော်စီတုန်း၏ မွေးနေ့ပွဲသို့ တက်ရောက် လာကြသူများသည် မော်စီတုန်း ရင်ပြင်ရှိ ဥက္ကဋ္ဌမော်၏ ရုပ်တုရှေ့
တွင် သုံးကြိမ် ဦးညွတ်၍ ဂါရဝ ပြုခဲ့ကြပြီး မော်စီတုန်းက သူတို့၏ လိုအင်ဆန္ဒများ ပြည့်ဝအောင် ဖြည့်ဆည်း
 ပေးလိမ့်မည်ဟု ယုံကြည်ကြသူ များလည်း ရှိသည်။

ဟူနန်ပြည်နယ် အစိုးရသည် ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်ရန်အတွက် ဥက္ကဋ္ဌမော်၏ နှစ် (၁၂၀)
ပြည့် မွေးနေ့ပွဲ အထိမ်းအမှတ် အခမ်းအနားကို ယခုကဲ့သို့ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံ၍ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ထိုကုန်ကျစရိတ်ထဲတွင် ကမ္ဘာလှည့် ခရီးသွား စင်တာတစ်ခု ပြန်လည်
ပြင်ဆင်သည့် ကုန်ကျစရိတ်နှင့် ဥက္ကဋ္ဌမော်၏ နေအိမ်အဟောင်းကို ပြုပြင်ထိမ်းသိမ်းသည့် စရိတ်တို့လည်း ပါ
ဝင်လျက် ရှိသည်။

ထို့ပြင် ဥက္ကဋ္ဌမော်၏ ဇာတိမြို့ကို လာရောက် လည်ပတ်သူ ပိုမိုများပြား လာစေရန်အတွက် အမြန်လမ်းမ
များနှင့် အမြန်ရထားလမ်း များကိုလည်း ဖောက်လုပ်လျက် ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်မှု များကြောင့် ခရီးသွားဧည့်သည် အများအပြား ဝင်ရောက် လာသော်လည်း စီးပွားရေး အခြေအနေမှာမူ သမ္မတ ရှီကျင့်ဖျင်၏ ခြိုးခြံချွေတာရေး မူဝါဒကြောင့် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းလျက် ရှိသည်ဟု စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

လေ့လာသူများကမူ မော်စီတုန်းအပေါ် ကြည်ညို လေးစားမှုကို အမှန်တကယ် ဖော်ပြလိုလျှင် ယခုကဲ့သို့ ငွေ
ကြေးများစွာ ကုန်ကျသည့် အခမ်းအနားမျိုး မကျင်းပဘဲ ခြိုးခြံချွေတာရေး လမ်းစဉ်ကို အားပေးသည့် လုပ်
ဆောင်ချက် များကိုသာ ပြန်လည် လုပ်ဆောင်သင့်သည်ဟု သုံးသပ် ပြောကြားခဲ့သည်။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment