Pages

Saturday, January 19, 2013

တရုတ် နိုင်ငံမှ မီးခိုးမြူများ တောင်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်

တရုတ် နိုင်ငံမှ မီးခိုးမြူများ တောင်ကိုရီးယား နိုင်ငံအတွင်း ဝင်ရောက်

တရုတ်နိုင်ငံ ပေကျင်းမှ လေထု ညစ်ညမ်းစေသည့် မီးခိုး မြူများသည် တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ဌာနများမှ သုတေသီ များက ပြောကြား ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်များ အတွင်းက တောင်ကိုရီးယား ရှိအဓိက မြို့ကြီးများ၏ လေထု အတွင်း၌ ပါဝင်သည့် ဆာဖာ အောက်ဆိုက်နှင့် နိုက်ထရိုဂျင် အောက်ဆိုက် ပမာဏသည် လေထု အတွင်းရှိ သင့်သည့် ပမာဏထက် နှစ်ဆပိုမို များပြားလျက် ရှိသောကြောင့် အာဏာပိုင် များက ကျန်းမာရေး ဆိုင်ရာ သတိပေး ချက်များ ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော မီးခိုး မြူများသည် တရုတ် နိုင်ငံမှ ဖြစ်ပြီး လေထု ညစ်ညမ်းစေသည့် အရာများနှင့် ရေခိုး ရေငွေ့များ ရောယှက်နေကြောင်း အမျိုးသား ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သုတေသန ဌာနမှ ညွှန်ကြားရေးမှူး ကင်ဂျောင်ချွန်းက ဆိုသည်။

ပေကျင်းမြို့သည် မကြာ သေးမီက မီးခိုးမြူများ ဖုံးလွှမ်း ခဲ့သောကြောင့် မြို့တော်အတွင်း နေထိုင်သူ များသည် လေထု ညစ်ညမ်းမှုနှင့် ကြုံတွေ့ ခဲ့ရပြီး မီတာ ၂ဝဝ အောက်တွင်သာ မြင်ရသည့် အတွက် လိမ္မော်ရောင် အဆင့်ရှိ သတိ ပေးချက်ကို ပထမဆုံး အကြိမ်အဖြစ် ထုတ်ပြန် ခဲ့ရကြောင်း သိရသည်။

၎င်းမီးခိုး မြူထဲတွင် ပါဝင်သည့် ဒြပ်ထုများသည် အသက်ရှူ ကျပ်ခြင်း ဝေဒနာကို ဖြစ်ပွားစေပြီး မြေသားနှင့် ရေများတွင် ပါဝင်နေသော ဒြပ်ပါဝင်မှု ပမာဏ ကိုလည်း စစ်ဆေးသွားရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ဆိုသည်။

ထို့ပြင် ယခုလက်ရှိ ဖြစ်ပွားနေသော လေထု ညစ်ညမ်းမှု၊ ကျန်းမာရေး ထိခိုက်မှုနှင့် စပ်လျဉ်း၍ တောင်ကိုရီးယား နိုင်ငံ တစ်နိုင်ငံတည်း မဖြေရှင်းဘဲ အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် ဂျပန် နှင့်တရုတ်တို့ ကပါ ပါဝင်၍ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်သင့်ကြောင်း Friends of the Earth Korea အဖွဲ့မှ ဒါရိုက်တာ ချွိုင်ဂျွန်ဟိုက ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု သိရသည်။

http://www.myawady.net.mm/allnews/global/item/4785-2013-01-19-08-57-17#.UPpGIp28B8E

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

တရုတ်နိုင်ငံ ပေကျင်းမှ လေထု ညစ်ညမ်းစေသည့် မီးခိုး မြူများသည် တောင်ကိုရီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက် လာခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ ဌာနများမှ သုတေသီ များက ပြောကြား ခဲ့သည်ဟု သိရသည်။

တစ်နာရီ မိုင် ၁၀၀၀ ပြေးမည့် Bloodhound SSC

တစ်နာရီ မိုင် ၁၀၀၀ ပြေးမည့် Bloodhound SSC

Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။

ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၁၀၀၀ (တစ်နာရီ ၁၆၀၉ ကီလိုမီတာ) အထိ မောင်းနှင်မှာ ဖြစ်ပါတယ်။ Rolls-Royce ကုမ္မဏီထုတ် ဂျက်လေယာဉ် က တာဘိုလေစက်တပ် EJ200 အင်ဂျင်၊ Falcon ထုတ် HTP ဟိုင်းဘ ရစ် ရော့ကတ်အင်ဂျင်၊ Cosworth ထုတ် ၂၀၁၀ မော်ဒယ် ဖော်မြူ လာဝမ်း အင်ဂျင် V8 APU အစရှိသဖြင့် ဂျက်လေယာဉ် အင်ဂျင်၊ ရော့ကတ် အင်ဂျင် နဲ့ ဖော်မြူလာဝမ်းက အားအပြင်းဆုံး အင်ဂျင် စုစုပေါင်း သုံးခုတောင် တပ်ဆင်ထားပါတယ်။

ဒါကြောင့် တစ်နာရီ မိုင် ၁၀၀၀ ပြေးဖို့ဆိုတာ အကောင်အထည်ဖော် လာ မယ့် စီမံကိန်း ဖြစ်ပါတယ်။ ယင်း စီမံကိန်းကို လုပ်မယ့်သူကတော့ Bloodhound Project အဖွဲ့ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကလည်း တစ်နာရီ ၇၆၃ မိုင်ပြေးတဲ့ ThrustSSC နဲ့ စံချိန် တင်ခဲ့ပါ သေးတယ်။ ကမ္ဘာ့ပထမဆုံး Sound barrier (အသံလိုင်းဖြတ်) ကား အဖြစ် စံချိန်တင်ခဲ့ပါသေးတယ်။

ယခုတစ်ခါတော့ မိုင် ၁၀၀၀ ဖြစ်ပြီး ဖော်မြူလာဝမ်း အင်ဂျင်ထက် ၆ ဆပြင်းတဲ့ အားနဲ့ စံချိနင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: Bloodhound
ရိုးရာလေး မော်တော်ယာဉ်

http://www.yoyarlay.com/science-tech/134-inventions/33922-the-world-fastet-car

အေးချမ်းမွန်မှ  YoYarLay တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Bloodhound SSC ကို ၂၀၁၃-၂၀၁၄ မှာ ဂင်းနစ်စံချိန်တင်မယ့် ကား ဖြစ်ပါ တယ်။
ရည်ရွယ်ချက်က ကမ္ဘာ့အမြန်ဆုံး မြေပေါ်သွား စက်တပ်ယာဉ် ဖြစ်ဖို့ ဖြစ်ပါ တယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ပြီး ယခု အပြီးသတ်နေပြီလို့ သိရပါတယ်။

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

ကားနှင့်ပတ်သတ်သော ဝန်ဆောင်မှုအားလုံး ရရှိမည့် အကြီးဆုံးကားဈေးကွက် ဖြစ်လာမည့် သီရိမင်္ဂလာဈေးဟောင်း

ရန်ကုန်၊ ဇန်န၀ါရီ ၁၉။

ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊
ကားဝပ်ရှော့များ စသော ပတ်သတ်သော ၀န်ဆောင်မှုများ အား
လုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်
အဖြစ် သီရိမင်္ဂလာဈေးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်း
သိရသည်။

“ကျွန်တော်တို့ Farmer Auto ကနေပြီးတော့ သီရိမင်္ဂလာ
ဈေးဟာင်း မြေညီထပ်တစ်ခုလုံးကို နှစ်ရှည် ဌားရမ်းထားပါ
တယ်။ ကျွန်တော်တို့ အခု ကား၁၀၀ကျော်လောက်ကို ပြသ
ထားပါတယ်။ ကျွန်တော်တို့ Show room တွေမှာ နေရာ
အခက်အခဲရှိတယ် ဟိုမှာက ကျယ်တော့ ကားတော် တော် များများပြသဖို့ဆန်.တယ်။ နောက်ပိုင်း ကားအစီးရေ ၅၀၀၊ ၁၀၀၀လောက်ထိထားဖို့တော့ရည်ရွယ်ထားတယ်။ တကယ်လို့
ကျွန်တော်တို့ Show room ဆီမှာ လာပြပြီးရောင်းချင်တဲ့သူတွေ ရှိရင်လည်း ကားပြဖို့ ဝန်ဆောင်ခကိုယူပြီး ရောင်းပေးဖို့တော့
ရှိပါတယ်” ဟု Farmer Auto ကားအရောင်းပြခန်းမှ မန်နေဂျာ ကိုအောင်စည်သူက ပြောကြားသည်။

“ဒီသီရိမင်္ဂလာဈေးဟောင်းမြေနေရာမှာ ကားနဲ့ပတ်သတ်တဲ့
ရောင်းတာ ၊ ၀ယ်တာ ၊ ကားအလှဆင်တာ၊ ကားရေဆေးဆီ
ထိုး၊ ကားဝပ်ရှော့ တွေ အကုန်ဖွင့်လို့ရအောင်စီစဉ်နေပါတယ်။ အခုမြေညီထပ်မှာတော့ Farmer က ကားပြခန်းဖွင့်ထားတယ်။
ကျန်တဲ့ ကားနဲ့ ပတ်သတ်တဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ဖို့ပြင်ဆင်
နေကြပြီ။ ဒီဈေးကွက်ကြီးတစ်ခုလုံး စပြီးလှုပ်ရှားနိုင်ရင်တော့
မြန်မာနိုင်ငံမှာ ကားနဲ့ပတ်သတ်ရင် တစ်နေရာတည်းမှာ ရရှိနိုင် တဲ့ ဈေးကွက်ကြီးဖြစ်လာမှာပါ” ဟု သီရိမင်္ဂလာဈေးဟောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် ဖြစ်ပေါ်လာမည့် ကား
ဈေး ကွက်နှင့်ပတ်သတ်ပြီး “ ဒီဈေးကွက်ကို အများကြီး မျှော်လင့် ထားပါတယ်။ ကားနဲ့ပတ်သတ်ရင်တစ်နေရာတည်းမှာ အကုန်
လုပ်နိုင်မယ့် Automobile Shopping Centreကြီး တစ်ခု
ဖြစ်လာဖို့မျှော်လင့်ပါတယ်” ဟု Farmer Auto မှ မနနေဂျာ ကိုစည်သူအောင်က ပြောကြားသည်။

အဆိုပါ ကားဈေးကွက်တွင် ကားအရောင်းပြခန်းများ၊ ကား အလှဆင်ပစ္စည်းဆိုင်ခန်းမျယား၊ ကားဝပ်ရှော့များ အပါအ၀င် စားသောက်ဆိုင် ခန်းများ၊ ကျန်းမာရေးစင်တာနှင့် အလှပြင်
ဆိုင်များကို ဖွင့်လှစ်ရန်လည်းရှိကြောင်း သိရသည်။

ဆုဝေ

အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ရန်ကုန်၊ ဇန်န၀ါရီ ၁၉။
ကားအရောင်းပြခန်းများ၊ ကားအလှဆင်နှင့် ကားအပိုပစ္စည်းများ၊ကားဝပ်ရှော့များ စသောပတ်သတ်သော
ဝန်ဆောင်မှုများ အားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည့် အကြီးဆုံးကားဈေးကွက်အဖြစ် သီရိမင်္ဂလာ
ဈးဟောင်းကို ပြုလုပ်တော့မည်ဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

ထိုင်းနိုင်ငံမှ ရေပေါ် ရုပ်ရှင်ရုံ

ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noi ကျွန်းမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်ပြည် ရှန်ဟိုင်းမှာ နေထိုင်တဲ့ ဂျာမနီ လူမျိုး ဒီဇိုင်နာတစ်ဦးက သူ့စိတ်ကူးနဲ့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ယင်းနေရာမှာ ဖူးခက်ကျွန်း ရုပ်ရှင်ပွဲတော်တွေလည်း နှစ်စဉ် ကျင်းပပေးတယ်လို့ ဆိုပါတယ်။ ရာသီဥတုကြောင့် ရေတက်လာရင်လည်း မြှုပ်မသွားနိုင်အောင်၊ ပုံမှန်အတိုင်း ကြည့်လို့ရအောင် အတိမ်အနက်ကိုလညး တွက်ချက်ထားပါတယ်။ အပေါ်မြင့် ယူလို့ ရသလို၊ အောက်လည်း ချလို့ ရပါတယ်။

 ပင်လယ်ရေပြင်ပေါ်မှာ ရုပ်ရှင်ကြည့်လို့ ရအောင် ဖန်တီးပေးလိုက်နိုင်တဲ့ ဂျာမနီ ဒီဇိုင်နာရဲ့  စိတ်ကူးဟာ ကမ္ဘာကျော်သွားပြီး Kudu Noi ကို အလည် လာ သူအများစုဟာ ရေပေါ်က ရုပ်ရှင်ရုံကို လာရောက် အားပေးလျက် ရှိတယ်လို့ သိရပါတယ်။
--
Ref: huffingtonpost
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post_18.html

--

ပေါ်မှာ ပြုလုပ်ထားတဲ့ ရုပ်ရှင်ရုံ တကယ် ရှိပါတယ်။ ထိုင်းနိုင်ငံ ဖူးခက် ကျွန်းအနီး Kudu Noiကျွန်းမှာ ပြုလုပ်
ထားတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်အသင်း ဥက္ကဌအဖြစ်မှ နှုတ်ထွက်

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကို မနေ့က တောင်းခံခဲ့ပါတယ်။ 

အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံရဲ့ ကျောက်မျက်လုပ်ငန်း တင်ပို့ရောင်းဝယ်ရေးဆိုင်ရာ အဆိုတစ်ရပ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်သွင်းခဲ့အပြီး အခုလို နှုတ်ထွက်ခွင့်တောင်းခံခဲ့တာဖြစ်ပါတယ်။

နှုတ်ထွက်ခွင့်တောင်းခံတဲ့စာကို ဦးတေဇက သမ္မတဆီ ပိုခဲ့ပြီး၊ အဆိုတင်သွင်းခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့မကွေးတိုင်ဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ဆီကိုလည်း မိတ္တူတစ်စောင် မနေ့က ပေးပို့ခဲ့တယ်လို့ ဦးလှဆွေက အတည်ပြုပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်၊ နိုင်ဝင်ဘာလ အမေရိကန်ပြည်ထောင်စုက နောက်ဆုံးကြေညာခဲ့တဲ့ တားမြစ်ပိတ်ဆို့ခံ ရသူ လူပုဂ္ဂိုလ်စာရင်းထဲမှာ ဦးတေဇ နဲ့ ဦးထွန်းမြင့်နိုင် တို့ပါဝင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့် ဦးတေဇ က သူ့အနေနဲ့ ဆက်မလုပ်သင့်ဘူးလို့ ယူဆတဲ့အတွက် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ရာထူးကနေ နှုတ်ထွက်ခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက် တင်ပို့ရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၆၀)ရာခိုင်နှုန်းဟာ ခရိုနီ လို့ခေါ်နေကြတဲ့ စစ်တပ် နဲ့ အာဏာပိုင်တွေနဲ့ နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ လက်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ဦးတေဇဟာ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှာ ဥက္ကဌ သက်တမ်း ၃ကြိမ် ဆက်တိုက် တာဝန်ယူခဲ့ပါတယ်။

မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတေဇဟာ အသင်းကနေ နှုတ်ထွက်ခွင့်ကိုမနေ့
က တောင်းခံခဲ့ပါတယ်။

မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း


မိန်းကလေးတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

by Vicky Mandra on Saturday, January 19, 2013 at 10:57am

ဝဲလောင်ရွာသူတဦးကို အလိုမတူပဲ ၀န်ကြီးဟောင်း ဦးအောင်သောင်း မယားငယ်ပြုထားခြင်း

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်
အညာကျေးလက်သူတဦးကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟုစုံစမ်းသိရသည်။

တရားဝင်မယားကြီး ဒေါ်ခင်ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်း
ဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေသည့် မယားငယ်ဖြစ်သူမှာတောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

မအေးမို့မို့လှိုင်နှင့်အခြား မိန်းကလေများကို ၀န်ကြီး
ဦးအောင်သောင်းအိမ်တွင် အိမ်ဖော်လုပ်ရန်ဆိုသည့် ခေါင်းစဉ်ဖြင့်
ဝဲလောင်ရွာမြောက်ဘက် ခံပင်ကွေ့ရွာနေ ဒေါ်ဒေါင်းသမီးနှင့်အဖွဲ့က
လူကုန်ကုးသည့်ပုံစံမျိုးဖြင့် စုဆောင်းပေးခဲ့ခြင်းဖြစ်သည်။

ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို အိမ်ဖော်မလုပ်ခိုင်းပဲ
ဝန်ကြီး၏တယ်လီလီဖုန်းကိုင်သူ ကိုယ်ရေးအရာရှီအဖြစ်ထားရှိပြီးနောက်
ဇနိးမယားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု မအေးမို့မို့လှိုင်၏
ဆွေမျိုးတဦးကပြောသည်။

အိမ်ဖော်မိန်းကလေး မည်မျှ ဦးအောင်သောင်း
ဖျက်ဆီးခဲံသည်ကိ တိတိကျကျ မသိရသေးသဖြင့် စုံစမ်းနေဆဲဖြစ်သည်။

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် မအေးမို့မို့လှိုင်ကို
တရားဝင်မဟုတ်သည့် မယားငယ်သဘော ပေါင်းသင်းပြီး နေပြည်တော်မှာ
တိုက်ခန်းနှင့်ထားသည်ဟု မရေမရာ သတင်းကြားသော်လည်း ၁၀နှစ်ကျော်
ပျောက်ဆုံးနေသည့် မအေးမို့မို့လှိုင်အတွက် ဆွေမျိုးများကစိတ်ပူပြီး
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ သမ္မတ ဦးသိန်းစိန်ထံ စာရေးတိုင်မည်ဟု သိရသည်။

မအေးမို့မို့လှိုင်နှင့် ရသည့်ကလေး (ယောကျားလေး) ကို ဦးအောင်သောင်း၏
ရန်ကုန်အိမ်မှာ ထားရှိသည်။ အသက် ၈၀နီးသည့်တိုင် အညာဒေသမှ
မိန်းကလေးများကို ဖျက်ဆီးနေသည့် ဦးအောင်သောင်းကို တောင်သာ နယ်ခံများအော့နှလုံးနာနေသည်ဟု သိရသည်။

Posted From Vicky Mandra

အေးချမ်းမွန်မှ  Thit Htoo Lwin blog တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

အသက် ၇၀ကျော် ၀န်ကြီးဟောင်း ဦးအောင်သောင်းသည် အသက် ၃၀ကျော်အညာကျေးလက်သူတဦး
ကို မယားငယ်အဖြစ် တရားမ၀င် အဓမ္မ ပေါင်းသင်းနေသည်ဟုစုံစမ်းသိရသည်။တရားဝင်မယားကြီး ဒေါ်ခင်
ရီရှိပါလျက် အသက် ၇၀ကျော် ၀န်ကြီးဟောင်းဦးအောင်သောင်း တရားမ၀င် အလိုမတူပဲ ပေါင်းသင်းနေ
သည့် မယားငယ်ဖြစ်သူမှာတောင်သာမြို့နယ် ၀ဲလောင်ရွာနေ အသက် ၃၀ကျော် မအေးမို့မို့လှိုင် ဖြစ်သည်။

MPT သို့

MPT မှ ဂုတ်သွေးစုပ်ခရိုနီကြီးများခင်ဗျား....။

ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လိုအပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစားပေးပါအုံး။

၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေနဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အတွက် အမှန်တကယ်လိုအပ်ပါတယ်)

၂) ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို Second call အနေနဲ့ လက်ခံပြောဆိုလို့ရနိုင်တဲ့ (Call waiting) ၀န်ဆောင်မှု။ ဒါမှမဟုတ် ဖုန်းပြောနေတဲ့အချိန်မှာ ၀င်လာတဲ့ Incoming call တွေကို ဖုန်းပြောပြီးတဲ့အချိန်မှာ miss call အနေနဲ့ notification ပြန်လုပ်ပေးတဲ့ ၀န်ဆောင်မှု။

၃) message ပို့ရင် delivery report ကို on ထားတဲ့အခါမှာ တဖက်လူက လက်ခံရရ/မရရ၊ ဖုန်းပိတ်ထားရင်တောင်မှ ပေးပို့ပြီးပါပြီ (delivered) လို့ လိမ်ညာဖြေကြားမှု။ (နိုင်ငံတကာမှာ အရေးကြီးအကြောင်းအရာတွေကို short message အသုံးပြုပြီးပို့ကြသလို တဖက်လူကကျိန်းသေလက်ခံရရှိတယ်ဆိုတာကို ဖုန်းထဲက delivery report ကိုကြည့်ပြီး အမှတ်အသားပြုကြပါတယ်။ ဖုန်းပိတ်ထားရင်တောင်မှ ဖုန်းဖွင့်ပြီး message ကိုဖတ်တဲ့အချိန်မှ delivered ဆိုတဲ့ delivery report ကို ပြပါတယ်။ )

၎) message ပို့လိုက်တဲ့အခါမှာ ပို့တဲ့ဖုန်းထဲကထွက်သွားပြီး ပိုက်ဆံဖြတ်သွားပေမယ့် တဖက်လက်ခံတဲ့ဖုန်းထဲကို မရောက်ရှိဘဲ လမ်းမှာတင်ပျောက်ပြီး ပိုက်ဆံလိမ်လည်ဖြတ်တောက်မှု။

၅) တခါတရံ မနက်ကပို့တဲ့ message ဟာ ညနေမှ လက်ခံတဲ့ဖုန်းထဲကို ၀င်ရောက်လာမှု။ (အရေးကြီးတဲ့အကြောင်းအရာကို message အနေနဲ့ပို့ရင် ဘယ်အချိန်ကပို့ပါတယ်ဆိုပြီး ပို့တဲ့အချိန်ပါထည့်ထည့်ရေးပေးနေရပါတယ်။)


အထက်ပါဝန်ဆောင်မှုတွေကို နိုင်ငံတကာမှာ ကလေးမုန့်ဖိုးလောက်နဲ့ ၀ယ်လို့ရနိုင်တဲ့ ဖုန်းဆင်းကဒ်တခုဝယ်သုံးရင် ပိုက်ဆံထပ်မပေးရဘဲ ၀န်ဆောင်ပေးနေပါတယ်။ နိုင်ငံတကာစံနှုန်းနှင့်အညီ လို့ တွင်တွင်ဆိုနေကြသူများ ဒါလေးတွေကိုလည်း နိုင်ငံတကာစံနှုန်းညီအောင် ကြိုးစားပေးကြပါအုံး။

အေးချမ်းမွန်မှ  Mg Pala တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

ဖုန်းကဒ်တွေကိုပဲ မတန်တဆဈေးတွေနဲ့ နင်းကန်ရောင်းမနေပါနဲ့အုံး။ services အတွက် အမှန်တကယ်လို
အပ်နေတဲ့ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေကိုလည်း ၀န်ဆောင်မှုအပြည့်ပေးနိုင်အောင် ကြိုးစား
ပးပါအုံး။၁) ဖုန်းပိတ်ထားတဲ့အချိန် (သို့) ဆက်သွယ်မှုဧရိယာပြင်ပရောက်နေတဲ့အချိန်တွေမှာ ၀င်ထားတဲ့
အ၀င်ကော (Incoming call) တွေကို ဖုန်းပြန်ဖွင့်တဲ့အချိန်နဲ့ ဖုန်းလိုင်းမိတဲ့အချိန်တွေမှာ notification အနေ
နဲ့ ပြန်ကြည့်လို့ရနိုင်တဲ့ ၀န်ဆောင်မှု။ (များသောအားဖြင့် ရန်ကုန်ကျော်ရင် လိုင်းမမိတာက များနေတဲ့အ
တွက် အမှန်တကယ်လိုအပ်ပါတယ်)

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ်


နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ်သံဃာ နာယက အဖြစ်မှ ထုတ်ပယ် 

Friday, 18 January 2013 16:44

နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

သံဃာနာယက အဖွဲ့၏ အကျိုးတော်ဆောင်လည်း ဖြစ်သူ ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်သည့် ဆုံးဖြတ်ချက်အား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နေ့တို့တွင် ကျင်းပခဲ့သည့် ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့၏ ၄၇ ပါး စုံညီ အဋ္ဌာရသမ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာတော် ဦးပါမောက္ခအား ထုတ်ပယ်ရေး ကိစ္စနှင့် ပတ်သက်ြပီး ဇန်န၀ါရီလ ၁၈ ရက် နေ့လည်ပိုင်းက ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခအား ခေါ်ယူခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသည့် လူပုဂ္ဂိုလ်များ လာရောက်ခြင်း မရှိခြင်းကြောင့်ဟု ဆိုကာ တိုင်းသံဃာ နာယက ဥက္ကဋ္ဌက ဆရာတော် ဦးပါမောက္ခအား ရက်သတ္တပတ် အကြာတွင် ပြန်လည် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတော် သံဃာနာယက အဖွဲ့မှ ထုတ်ပယ်ခြင်း ခံရသော ဆရာတော် ဦးပါမောက္ခက “နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ပြောတဲ့ အရည်အချင်း ပျက်ယွင်းမှု ဆိုရာမှာ မြို့နယ် သံဃာနာယက အရည်အချင်း ၁၀ ချက်ထဲမှာ ဘုန်းကြီးအနေနဲ့ တစ်ချက်မှ ငြှိစွန်းတာမျိုး မရှိဘူး။ ဘုန်းကြီးက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် ဆန္ဒထုတ်ဖော်ခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့က ဆန္ဒမထုတ်ဖော်ဖို့ လက်မှတ် ထိုးခိုင်းတယ်။ အဲဒီအချိန်တုန်းက ဘုန်းကြီးက လက်မှတ် မထိုးခဲ့ဘူး။ အဲဒီတုန်းက သူတို့က ပြောတာက မြို့နယ် သံဃာနာယကသည် တိုင်းသံဃာနာယကရဲ့ စကားကို နားထောင်ရမယ်တဲ့။ ဘုန်းကြီးက ဓမ္မ ၀ိနိယနဲ့ ညီရင် ကိုရင်လေးရဲ့ စကားကိုတောင် နားထောင်မှာပါ” ဟု မိန့်ကြားခဲ့ပါသည်။

“ဘုန်းကြီးအနေနဲ့ အမျိုးဘာသာ သာသနာ ကောင်းစားဖို့ လုပ်သင့် လုပ်ထိုက်တာ လုပ်မှာပါ။ အမျိုးဘာသာ သာသနာ စိတ်ဓာတ်ရှိတယ် ဆိုရင် နိုင်ငံတော် သံဃာမဟာ နာယက အဖွဲ့က ဆရာတော်များက မြန်မာနိုင်ငံမှာ OIC ရုံး မစိုက်ထူရန် သူတို့ ကိုယ်တိုင် တားမြစ်ရမှာပါ။ ဘုန်းကြီး အနေနဲ့ကတော့ ဘာသာ သာသနာ အတွက်ဆိုရင် ရာထူးက ထုတ်ပယ် ခံရရုံတင်မက အသက်ပါ သေပါစေ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု မကွေးဆရာတော် ဦးပါမောက္ခက ဆက်လက် မိန့်ကြားခဲ့ပါသည်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခသည် မြန်မာနိုင်ငံတွင် OIC ရုံး မစိုက်ထူရန်နှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရဟန်းသံဃာတော်များအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းခဲ့သည့် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သံဃာတော်တစ်ပါး ဖြစ်သည်။

ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဗဟန်းမြို့နယ်ရှိ တိုင်းသံဃာ နာယကအဖွဲ့ရုံးသို့ ဆရာတော် ဦးပါမောက္ခ ဇန်န၀ါရီလ ၁၈ ရက်နေ့က ရောက်ရှိလာစဉ်
နိုင်ငံတော် သံဃာမဟာ နာယကအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအား အရည်အချင်း ပျက်ယွင်းသည်ဟု ဆိုကာ မြို့နယ် သံဃနာယက အဖြစ်မှ လည်းကောင်း မြို့နယ် သံဃာ့ဝန်ဆောင် အဖြစ်မှ လည်းကောင်း ထုတ်ပယ်ရေး တိုင်းသံဃနာယက အဖွဲ့သို့ ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်

ခန္ဓာကိုယ် ကြီးထွား လွန်မှုကို မထိန်းချုပ် နိုင်သူ အမျိုးသမီး ၁၃ နှစ်ကြာ ဝေဒနာ ခံစားပြီး အသက် ၃၄ နှစ်တွင် ကွယ်လွန်


ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါသည် ဆေးပညာ အတွေ့ အကြုံများ အရ ဖြစ်ခေါင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေ အနေ တစ်ရပ်ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု လက်စ်ဗီးဂတ်စ် မြို့မှ အသက် ၃၄ နှစ် အရွယ် တန်ယာအန်ဂတ်စ် အမည်ရှိ ၎င်းအမျိုး သမီးသည် ငယ်ရွယ် လှပစဉ် အချိန်က သရုပ်ဆောင် တစ်ဦးဖြစ်လာရန် စိတ်ကူး ယဉ်ခဲ့သူ ဖြစ်သည်။ သို့သော် သူမသည် ဆေးပညာ အရ ရှားပါးသည့် ပုံမှန် မဟုတ်သော ခန္ဓာကိုယ် မရပ်မနား ကြီးထွားမှု ရောဂါ၏ ရိုက်ခတ်မှုကို ခံခဲ့ရသည်။

သူမသည် အသက် ၂၁ နှစ် မတိုင်မီ အရပ်မှာ ပုံမှန် ၅ ပေ ၁၁ လက်မသာ ရှိပြီး ကိုယ်အလေး ချိန် ၁၁၅ ပေါင်ရှိကာ သွယ်လျသော ခန္ဓာကိုယ် ရှိသူဖြစ်သည်။ သူမသည် ဖက်ရှင်အလှ ပြပွဲများတွင် ပါဝင် ခဲ့ဖူးပြီး အကကိုလည်း နှစ်သက် ခုံမင်သူ ဖြစ်ကာ သူမ၌ ချစ်သူတစ်ဦး ရှိခဲ့ ဖူးလေသည်။သို့သော် အသက် ၂၁ နှစ် အရောက်တွင် သူမ၏ လက်များ ကြီးထွား လာသည်ကို စတင် သတိထားမိ လာခဲ့သည်။ထို့နောက်တွင် တန်ယာသည် ၂၂ နှစ်သို့ ရောက်ရှိလာသော အခါ သူမ၏ ကိုယ်ခန္ဓာမှာ သုံးလက်မ ပို၍ကြီးထွား လာခဲ့သည်။တန်ယာ၏ ရောဂါမှာ ကင်ဆာ မဟုတ်သော ဂလင်းအကျိတ် အဖုမှ ခန္ဓာကိုယ် ကြီးထွား စေသည့် ဟော်မုန်းများ အလွန်အမင်း ထွက်စေသည့် acromegaly ရောဂါ ဖြစ်သည်ကို အထူးကု ဆရာဝန် တစ်ဦးက  ဖော်ထုတ် နိုင်ခဲ့သည်။

တန်ယာ၏ ပစ်ကျူ ထရီဂလင်း ဝန်းကျင်တွင် အကျိတ် အဖုများ ဖြစ်ပေါ်လာပြီး ၎င်းအကျိတ် အဖုများက သူမ၏ ခန္ဓာကိုယ် တွင်းသို့ ကြီးထွား ဟော်မုန်းများ အဆမတန် ထုတ်လွှတ် မှုကြောင့် ခန္ဓာကိုယ်မှာ အလွန်အမင်း ကြီးထွား လာခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန် နိုင်ငံထုတ် သတင်းစာကြီး တစ်စောင်တွင် ဖော်ပြထားသည်။သူမ၏ ရောဂါ အခြေ အနေသည် မစ်ချီဂန် ပြည်နယ်၌ Walmart ကုမ္ပဏီ၏ ကြီးကြပ်ရေးမှူး တစ်ဦးအဖြစ် တာဝန် ယူစဉ်နှင့် သူမ ချစ်သူနှင့် လမ်းခွဲခဲ့သည့် အချိန်တွင် ပို၍ ဆိုးရွား လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန်မှ  မြ၀တီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ကမ္ဘာ့ အဆိုး ရွားဆုံးနှင့် ကြုံတောင့်ကြုံခဲ ဖြစ်သည့် ခန္ဓာကိုယ် ကြီးထွားလွန်မှု ရောဂါခံစား နေရသည့် အမျိုးသမီး တစ်ဦးသည် ၎င်းဝေဒနာအား ၁၃ နှစ်ကြာ ခံစား ခဲ့ရပြီးနောက် ဇန်နဝါရီ ၁၄ ရက်က သေဆုံးခဲ့ကြောင်း သိရသည်။

ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေ


ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေပါတယ်။ ဒီကနေ့ ဘားကမ့်
ဖွင့်ပွဲကို မနက် ဂနာရီခွဲကျော်တွင် ဦးခွန်ဦး၊ ဦးသောင်းစုငြိမ်းနဲ့ ကိုရာဗီ တို့က ဖွင့်လှစ်ပေးခဲ့ပါတယ်။

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့  အိတ်ဖွင့်စာပေးပို့