Pages

Saturday, January 19, 2013

ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေ


ဝက်ဘ်နဲ့ အိုင်တီနည်းပညာတွေကို အဓိကထားဖလှယ်တဲ့ ဘားကမ့် ၂ဝ၁၃ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park မှာ ဒီနေ့ ဇန်နဝါရီ ၁၉နဲ့ ၂ဝရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပနေပါတယ်။ ဒီကနေ့ ဘားကမ့်
ဖွင့်ပွဲကို မနက် ဂနာရီခွဲကျော်တွင် ဦးခွန်ဦး၊ ဦးသောင်းစုငြိမ်းနဲ့ ကိုရာဗီ တို့က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ပြီးနောက် ကွန်ပျူတာအသင်းချုပ် ဥက္ကဌ ဦးခွန်ဦး၊ ကိုရာဗီနဲ့ မစ် အယ်မလီ တို့က မိန့်ခွန်းပြောကြားခဲ့ပါ
တယ်။ဘားကမ့်ဆိုတာ ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲနဲ့ တွေ့ဆုံပွဲလိုဟာတွေကို ကြိုတင်စီမံထားတဲ့  ခေါင်းစဉ်
တွမထားရှိဘဲ တက်ရောက်လာသူတွေက ပြောလာတဲ့အကြောင်းအရာတွေကို တချိန်ထဲ တပြိုင်နက်ထဲမှာ တင်ပြပေးနိုင်တဲ့ နေရာတွေကို ဖန်တီးပေးတဲ့ပွဲတစ်ခုဖြစ်ပါတယ်။ 
 
တက်ရောက်လာသူတွေက မိမိတို့ပြောလို၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကိုသီးသန့်တင်ပြနိုင်အောင်
လည်း အခန်းတွေစီစဉ်ပေးထားလို့ သိရပါတယ်။ ပထမအကြိမ် ဘားကမ့်ကို မြန်မာနိုင်ငံမှာ ၂ဝ၁ဝခုနှစ်က စတင်ကျင်းပခဲ့ပြီး၊ ၂ဝ၁၁ခုနှစ် ဘားကမ့်မှာတော့ တက်ရောက်သူဦးရေ ၄၇ဝဝကျော်နဲ့ ဘားကမ့်သမိုင်းမှာ တက်ရောက်သူအများဆုံးအဖြစ် စံချိန်ချိုးသွားခဲ့ပါတယ်။ 

0 comments:

Post a Comment