Pages

Saturday, January 19, 2013

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့  အိတ်ဖွင့်စာပေးပို့

တရားရုံးတွေနဲ့ ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့ အိတ်ဖွင့်စာပေးပို့

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲသတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေးရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။

ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

"အိတ်ဖွင့်ပေးစာမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးတွေမှာ အမှုစစ်ဆေးတဲ့အခါ မျှတမှန်ကန်မှုမရှိတာတွေ နောက်ပြီးတော့တစ်ခါ ကိုဖြိုးဝေအောင်အနေနဲ့ အမှန်တရားအတွက် ဖွေရှာတဲ့အခါမှာ ထိုက်သင့်တဲ့တရားမျှတမှုကို ခံစားခွင့်မရှိပဲနဲ့ ဆုံးရှုံးခဲ့တယ်ဆိုတာတွေကို ဖော်ပြပြီးတော့ ကျနော်တို့ လွတ်တော်ဆိုင်ရာ အဖွဲ့အစည်းလေးခုရယ် နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရယ်ကို ကျနော်တို့ပေးပို့ပါတယ်"

ကိုဖြိုးဝေအောင်ရဲ့အမှုကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးခွဲမှုတွေနဲ့စွပ်စွဲပြီး အပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ဒီအမှုဟာမကျူးလွန်ပါဘဲ အပြစ်ပေးခံရတဲ့အမှုဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမှုအတွက် အယူခံထားတဲ့ တရားရုံးက ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်၊ နိုင်ငံတော်သမ္မတရဲ့အမိန့်ကို မထိခိုက်စေဘဲ အမှုကိုမူလဆုံးဖြတ်ထားတဲ့အတိုင်း အဆုံးအဖြတ် အတည်ဖြစ်တယ်ဆိုပြီး ချမှတ်လိုက်တာကြောင့် အမှုမှန်ပ်ါပေါက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က တရားရုံးများအနေနဲ့ ကွယ်လွန် သွားပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်ဟာ မကျူးလွန်တဲ့ပြစ်မှုအတွက် အပြစ်ပေးခံရသူဖြစ်ပြီး သူရဲ့အမည် သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်ကြောင်း ပြန်လည် စီစစ်မူတွေ ပြုလုပ်သင့်ကြောင်းစသဖြင့် တောင်းဆိုထားပါတယ်။

RFA

မြန်မာနိုင်ငံက တရားရုံးတွေရဲ့ ချို့ယွင်းချက်များ၊ ရဲစခန်းများမှာ တရားခံများကို ပြုမှုဆောင်ရွက်ပုံတွေ၊၊ ရဲ
သတင်းတပ်ဖွဲ့ရဲ့ တရားဥပဒေမဲ့ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ပြည်သူ့လွတ်တော် ဆပ်ကော်မတီလေး
ရပ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ကို အာရှလူ့အခွင့်အရေးကော်မရှင်အဖွဲ့က အိတ်ဖွင့်ပေးစာတစ်စောင် ဒီ
ကနေ့ နေ့စွဲနဲ့ ပေးပို့လိုက်ပါတယ်။
ဒီစာကို ပေးပို့ရာမှာ ၂၀၁၀ခုနှစ် ရန်ကုန်သင်္ကြန် X20 မဏ္ဍပ်ဗုံးခွဲမှုနဲ့ စွပ်စွဲပြီး အဖမ်းခံရတဲ့ ကိုဖြိုးဝေအောင်
ရဲ့အမှုကို ဥပမာပေးပြီး ပေးပို့တာဖြစ်ပြီး၊အိတ်ဖွင့်ပေးစာနဲ့ ပက်သက်လို့အာရှလူ့အခွင့်အရေးအဖွဲ့က ရှေ့နေ
ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။

"အိတ်ဖွင့်ပေးစာမှာကတော့ ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရားရုံးတွေမှာ အမှုစစ်ဆေးတဲ့အခါ မျှတမှန်ကန်မှုမရှိတာတွေ နောက်ပြီးတော့တစ်ခါ ကိုဖြိုးဝေအောင်အနေနဲ့ အမှန်တရားအတွက် ဖွေရှာတဲ့
အခါမှာ ထိုက်သင့်တဲ့တရားမျှတမှုကို ခံစားခွင့်မရှိပဲနဲ့ ဆုံးရှုံးခဲ့တယ်ဆိုတာတွေကို ဖော်ပြပြီးတော့ ကျနော်တို့ လွတ်တော်ဆိုင်ရာ အဖွဲ့အစည်းလေးခုရယ် နောက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးရယ်ကို ကျနော်တို့ပေးပို့ပါတယ်"

ကိုဖြိုးဝေအောင်ရဲ့အမှုကို နိုင်ငံတော်ပုန်ကန်မှု၊ ဗုံးခွဲမှုတွေနဲ့စွပ်စွဲပြီး အပြစ်ဒဏ်ချမှတ်ထားတာဖြစ်ပြီး ဒီအမှုဟာမကျူးလွန်ပါဘဲ အပြစ်ပေးခံရတဲ့အမှုဖြစ်တယ်လို့ဆိုပါတယ်။

ဒီအမှုအတွက် အယူခံထားတဲ့ တရားရုံးက ကိုဖြိုးဝေအောင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးတဲ့နောက်၊ နိုင်
ငံတော်သမ္မတရဲ့အမိန့်ကို မထိခိုက်စေဘဲ အမှုကိုမူလဆုံးဖြတ်ထားတဲ့အတိုင်း အဆုံးအဖြတ် အတည်ဖြစ်
တယ်ဆိုပြီး ချမှတ်လိုက်တာကြောင့် အမှုမှန်ပ်ါပေါက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

အာရှလူ့အခွင့်အရေးအဖွဲ့က တရားရုံးများအနေနဲ့ ကွယ်လွန် သွားပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်ဟာ မကျူးလွန်
တဲ့ပြစ်မှုအတွက် အပြစ်ပေးခံရသူဖြစ်ပြီး သူရဲ့အမည် သန့်သန့် ရှင်းရှင်းဖြစ်အောင် ဆောင်ရွက်ပေးသင့်
ကြာင်း ပြနလည် စီစစ်မူတွေ ပြုလုပ်သင့်ကြောင်းစသဖြင့် တောင်းဆိုထားပါတယ်။

RFA

0 comments:

Post a Comment