Pages

Monday, July 1, 2013

အကြမ်းဖက်မှုများ ရှိခဲ့သည့် သံတွဲ၌ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်နေ

Photo: အကြမ်းဖက်မှုများ ရှိခဲ့သည့် သံတွဲ၌ လုံခြုံရေးဆိုင်ရာ အစည်းအဝေး ပြုလုပ်နေ
Monday, July 01, 2013

ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီးမီးလောင်ခံခဲ့ပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် သံတွဲမြို့၌   ပြည်နယ်အဆင့်တာဝန်ရှိသူများ လာရောက်ကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေကြောင်း   ဒေသခံများထံမှ သိရသည်။ 

ဇွန်လ(၃၀)ရက်နေ့ညက သံတွဲမြို့တွင် ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီး မီးလောင်ခံခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ထိုနေ့ ညနေက ကောလာဟလတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သံတွဲရဲစခန်းကို လူစုလူဝေးဖြင့် ၀ိုင်းခံခဲ့ရကာ ညဘက်တွင် သံတွဲမြို့ တစ်ဖက်ကမ်းရှိ ဒွါရာဝတီမြို့သစ်မှ အိမ်တစ်ချို့ ဖျက်ဆီးခံခဲ့ခြင်းဖြစ်သည်။ 

ည ၈ နာရီခန့်တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သော်လည်း  အိမ်တစ်ချို့ မီးရှို့ခံရပြန်သဖြင့် ည ၁၂နာရီတွင် ပုဒ်မ ၁၄၄ ကို ထပ်မံ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍  သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ သံတွဲခရိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ယခုကဲ့သို့ဆိုသည်။ 

 “ ဒါက နောက်ကွယ်မှာ ခိုင်းစေတဲ့သူ ရှိနေတယ်။ လိုက်လုပ်တဲ့ အဖွဲ့တွေလည်း ရှိတယ်။ဘာမဟုတ်တဲ့ ကိစ္စကို အကြောင်းပြပြီး လုပ်ကြတာပါ။ ဒါမဟုတ်ရင်လည်း နောက်အကြောင်းတစ်ခုပြကြဦးမယ်“ ဟု ဥက္ကဋ္ဌ၊ ဦးဝင်းနိုင်က ပြောသည်။ 

၎င်းက ဆက်လက်ပြီး “ သံတွဲမှာ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ ညီလိုအစ်ကိုလို အတူတူနေ လာခဲ့တာ နှစ်ပေါင်းရာချီခဲ့ပြီ။ ဗုဒ္ဓတရားတော် အတိုင်းနေထိုင်ကြရင် ဘာပြဿနာမှ ဖြစ်စရာ အကြောင်းမရှိဘူး” ဟုလည်း သူက ဆိုသည်။ 

ဖျက်ဆီးခံရသော အိမ်ရှင်တစ်ဦးက “ အနားမှာ စစ်တပ် လုံခြုံရေး ရှိတယ်။ ရဲတွေလည်း ရှိတယ်။ သူတို့က ဘာမှ မလုပ်ပေးကြဘူး” ဟု ပြောသည်။ 

ဖျက်ဆီးခံရမှုကြောင့် ကားဂိတ်တစ်ခု အပါအ၀င် အိမ် ၇ လုံး ပျက်စီးခဲ့ပြီး အိမ် ၅ လုံးမီးလောင်ကာ ကားနှင့် ဆိုင်ကယ်အချို့လည်း ပျက်စီးခဲ့ရသည်။

ပျက်စီးဆုံးရှုံးမှုနှင့် အရေးယူထားမှုများအား သိရှိနိုင်ရန် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းလိုင်းဆက်သွယ်ရေး မကောင်းသောကြောင့် ယခုအချိန်ထိ ဆက်သွယ်၍ မရသေးပေ။ 

ယမန်နှစ်က ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများကြောင့် သံတွဲမြို့နယ်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာလတွင် ပျက်ပြယ်ခဲ့သဖြင့် ယခုအကြိမ် ထုတ်ပြန်မှုမှာ ဒုတိယအကြိမ်ဖြစ်သည်။

http://myitmakhamediagroup.com/detail.php?newid=5010

Monday, July 01, 2013

ဆူပူအကြမ်းဖက်မှုကြောင့် အိမ်အချို့ ဖျက်ဆီးမီးလောင်ခံခဲ့ပြီး ပုဒ်မ ၁၄၄ထုတ်ပြန်ထားသည့် သံတွဲမြို့၌
ပြည်နယ်အဆင့်တာဝန်ရှိသူများ လာရောက်ကာ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်နေကြောင်း
ဒေသခံများထံမှ သိရသည်။

အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း

Photo: အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေပြဋ္ဌာန်း
Monday, July 01, 2013

အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

(၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃။)

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟုခေါ်တွင်စေရမည်။

၂။ အထူးကာလစည်းကမ်းသတ်နှင့် အတိုးကန့်သတ်ရေးအက်ဥပဒေ (၁၉၅ဝ ပြည့်နှစ်၊ အက်ဥပဒေအမှတ် ၁၉) ကို ဤဥပဒေဖြင့် ရုပ်သိမ်း
လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်


Monday, July 01, 2013

အထူးကာလစည်းကမ်းသတ်နှင့်အတိုးကန့်သတ်ရေးအက်ဥပဒေကိုရုပ်သိမ်းသည့်ဥပဒေ(၂ဝ၁၃ခုနှစ်၊ ပြည်
ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၃။)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း

Photo: ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Monday, July 01, 2013

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ(တ) ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(တ)နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနကဖြစ်စေ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖြစ်စေ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်
အရဖြစ်စေ၊ ကျန်းမာရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းပညာရပ် များကို သင်ကြားပေးရန် ဖွင့်လှစ်သော သင်တန်း၊ ကျောင်း၊သိပ္ပံ၊ကောလိပ် သို့မဟုတ် တက္ကသိုလ်က အပ်နှင်းသည့် လက်မှတ်၊ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ်
ဒီဂရီရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပကအပ်နှင်းပြီး ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုသည့်လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့
သို့မဟုတ် ဒီဂရီရရှိ သူလည်း ပါဝင်သည်။''

၃။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ၊ ပုဒ်မခွဲ (င)ကို
အောက်ပါအတိုင်း အစားထိုးရမည်-

''(င)ပြင်ပလူနာကိုဖြစ်စေ၊ အတွင်းလူနာကိုဖြစ်စေ ခွဲစိတ်မွေးဖွားခြင်း မဟုတ်သော သတ်မှတ်ခွင့်ပြုထား သည့်မွေးဖွားခြင်းများ ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့် အခန်းနှင့် လိုအပ်သောပစ္စည်း ကိရိယာများ ထားရှိခြင်း၊''

၎။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ တွင်-

(က)ပုဒ်မခွဲ (ဇ) ကို ပယ်ဖျက်ရမည်။

(ခ)ပုဒ်မခွဲ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ)၊ (တ) နှင့် (ထ) တို့ကို ပုဒ်မခွဲ (ဇ)၊ (ဈ)၊ (ည)၊ (ဋ)၊ (ဌ)၊ (ဍ)၊ (ဎ)၊ (ဏ) နှင့် (တ) တို့ အဖြစ် ပြောင်းလဲအမှတ်စဉ် ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်
လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

http://www.president-office.gov.mm/zg/hluttaw/law/2013/06/29/id-3834

Monday, July 01, 2013

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂ဝ၁၃ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)

၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း

Photo: ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြဋ္ဌာန်း
Monday, July 01, 2013

၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း
ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅။)

၁၃၇၅ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ဤဥပဒေကို ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ) ၏ နောက်တွင် ပုဒ်မခွဲ (ဃ) နှင့် (င) တို့ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

''(ဃ)ဗဟိုကောင်စီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း ဗဟိုကောင်စီကို ဆိုသည်။

(င)ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ကိုဆိုသည်။''

၃။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေတွင် ပုဒ်မ ၂၇၊ ပုဒ်မခွဲ (က)၌ ပါရှိသော ''မိမိ၏ အလုပ်အမှုဆောင်အဖွဲ့'' ဆိုသည့် စကားရပ် နှင့် ပုဒ်မ ၂၉ ၌ ပါရှိသော'' ဗဟိုကောင်စီ၏ အမှုဆောင်အဖွဲ့'' ဆိုသည့် စကားရပ်တို့ကို '' ဗဟိုအလုပ်အမှုဆောင်အဖွဲ့'' ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။

၎။မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၇၊ ၈၊ ၉ နှင့် ၁ဝ တို့ကို အောက်ပါအတိုင်း အစားထိုးရမည်-

''၇။ကျန်းမာရေးဝန်ကြီးဌာနသည် ဗဟိုကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်စေလျက် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဖွဲ့စည်းရမည်-

(က)ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ်တစ်ဦး ဥက္ကဋ္ဌ

(ခ)ပြည်ထောင်စုအစိုးရအဖွဲ့က ခန့်ထားသော ပုဂ္ဂိုလ် ၁၄ ဦး အဖွဲ့ဝင်

(ဂ)တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မိခင်နှင့် ကလေး
စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ၁၄ ဦး အဖွဲ့ဝင်

(ဃ)နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှု
ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ အဖွဲ့ဝင်

(င)စေတနာ့ဝန်ထမ်း လုပ်ငန်းကို စိတ်ပါဝင် စားသူ ငါးဦး အဖွဲ့ဝင်

၈။ဗဟိုကောင်စီတွင် ဥက္ကဋ္ဌမှအပ ဒုတိယဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ တွဲဖက်အတွင်းရေးမှူး နှစ်ဦး၊ ဘဏ္ဍာရေးမှူးတစ်ဦးနှင့် စာရင်းစစ်
တစ်ဦးတို့ကို ဗဟို ကောင်စီဝင်များက မိမိတို့အထဲမှ ရွေးချယ် တင်မြှောက်
ရမည်။

၉။ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ဗဟိုကောင်စီဥက္ကဋ္ဌက ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပုဒ်မ ၈ အရ ရွေးချယ် တင်မြှောက်ခြင်း ခံရသော ပုဂ္ဂိုလ်များသည် ယင်းတို့၏ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် ရာထူးအတိုင်း လည်းကောင်း၊ ဗဟိုကောင်စီဝင်များက ရွေးချယ် တင်မြှောက်သော အခြား ဗဟိုကောင်စီဝင် ခုနစ်ဦးသည် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်စေလျက် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်။

၁ဝ။ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းပြီးနောက် ဂုဏ်ထူးဆောင် နာယကများကို သတ်မှတ်ခြင်း နှင့် ရွေးချယ် တင်မြှောက်ခြင်း ပြုလုပ်နိုင်သည်။''

၅။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေ ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-

''(ခ)မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ ဇနီးကဖြစ်စေ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး၌ ဇနီးမရှိလျှင် မြို့နယ်အသင်း ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် မြို့နယ်အဆင့် ကျန်းမာရေး ဘက်ဆိုင်ရာ ပြန်တမ်းဝင် အရာရှိတစ်ဦး၏ ဇနီး သို့မဟုတ် မြို့နယ်အသင်း ဥက္ကဋ္ဌက တာဝန်ပေးအပ်သည့် စေတနာ့ဝန်ထမ်း လုပ်ငန်းကို စိတ်ပါ ဝင်စားသော ပြင်ပဆရာဝန် တစ်ဦးကဖြစ်စေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ရမည်။''

၆။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေ ပုဒ်မ ၁၆ ကို အောက်ပါ အတိုင်း အစားထိုးရမည်-

''၁၆။ဗဟိုကောင်စီ၊ မြို့နယ်အသင်းနှင့် အသင်းခွဲအသီးသီး၏ အမှုဆောင်
အဖွဲ့ သက်တမ်းသည် ငါးနှစ်ဖြစ်သည်။''

၇။မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥပဒေပုဒ်မ ၃၈ ကို
အောက်ပါ အတိုင်း အစားထိုးရမည်-

''၃၈။ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်
ရာတွင်-

(က)ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့်
စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ)ကျန်းမာရေးဝန်ကြီးဌာနနှင့် ဗဟိုကောင်စီတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။''

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။



(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Monday, July 01, 2013

၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂ဝ၁၃ 
ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅။)

ဂီတခရီးသည် ထူးအိမ်သင်ရဲ့ မျိုးဆက် ထာဝရသမီးလေးမိကွန်ထော

Photo: ဂီတခရီးသည် ထူးအိမ်သင်ရဲ့ မျိုးဆက် ထာဝရသမီးလေးမိကွန်ထော
Monday, July 01, 2013

မြန်မာပြည်စတီရီယိုဂီတလော ကတွင် ဂီတချစ်သူတိုင်း မမေ့နိုင်စ ရာ ပုဂ္ဂိုလ်တစ်ဦးရှိသည်။ သူကား ထူးအိမ်သင်ပင်ဖြစ်သည်။ သူသည် ကမ္ဘာမြေတွင် ၄၁နှစ်တာ သက်တမ်း မျှပင် နေထိုင်သွားခဲ့ရသော်လည်း သူရှင်သန်ရာကာလတစ်လျှောက် တွင် သူယုံကြည်ရာအနု ပညာဖြင့် လောကကို အလှဆင်ခဲ့သူဖြစ်သည်။ သူသည် ဆယ်ကျော်သက် အရွယ်မှာ ပင် သီချင်းများကို အားကောင်း မောင်းသန်ရေးသားနေပြီး ဂီတအနု ပညာကို နှလုံးသားနှင့်တစ်သား တည်း ပူးကပ်ခဲ့သူဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သော သူသည် ယခုရှိမည်ဆိုလျှင် နှစ်ငါးဆယ်ရွှေ ရတု တိုင်ရောက်ရှိနေပြီဖြစ်သည်။

၂ဝ၁၂ခုနှစ်၊ဇူလိုင် ၁ရက်နေ့ ထူးအိမ်သင်မွေးဖွားခြင်း အထိမ်း အမှတ်၄၉နှစ်ဖြစ်သည်။ဇွန်လ အစ တွင်မွေးဖွားလာခဲ့သူ ကျော်မြင့်လွင် ဆိုသော လူငယ်လေးတစ်ယောက် သည် မြန်မာတစ်ပြည်လုံး၏ ဂီတနှလုံးသားဝိ ညာဉ်ကို စွဲဆုပ်ကိုင် နိုင်ခဲ့လိမ့် မည်ဟုကြိုတင်နိမိတ် ဖတ် ခဲ့ ခြင်း မရှိ သော် ငြား သူ၏ ဂီတမှော်ဖြင့် ပရိ သတ်အရွယ်စုံကို ညှို့ငင် နိုင်ခဲ့သည်ကိုတော့ မည် သူမျှ ငြင်းမရသည့် အချက်ပင်ဖြစ် သည်။ ခေတ် ပေါ်ဂီတကို အကျွမ်းတဝင် ရှိသလို၊ ရိုး ရာဂီတနှင့် တူရိယာ များ ကိုလည်း လေ့လာစူး စမ်းကာ အချိုးညီ ပေါင်း စပ် နိုင်စွမ်းသော ထူး အိမ် သင် ကို တေးရေး၊ တေး ဆို ဆို သည့် ဂုဏ်ပုဒ် ထက်သာမက ကဗျာဆရာ၊ ဂီတပညာရှင်၊ အနုပညာ ဈာန်ဝင် စားနိုင် စွမ်းဆုံးသူဟု ပင် ဆိုရမည်။

ယခုနှစ် ၂ဝ၁၃တွင် ထူးအိမ်သင်ဟုခေါ်တွင်သော ဂီတ ဂန္ထဝင် သီချင်းသည်သည် နှစ် ၅ဝ ရွှေရတုမွေးနေ့သို့ ရောက်ရှိပြီဖြစ် သည်။သို့ရာတွင် သူကားသက်ရှိ ထင် ရှားမရှိတော့။ သို့သော် သူ့ကိုချစ်ခင် မြတ်နိုးကြသော ဂီတအသိုင်းအဝိုင်း တစ် ခုလုံးကသူ့အတွက်
အမှတ်တရ များနှစ်စဉ်ပြုလုပ်ကြသည်။ သူ့မိသားစု ကလည်း နှစ်စဉ်ပ င်ကောင်းမှုကု သိုလ် များပြုလုပ်ကာ သူ့အတွက် ဆုတောင်းကြ သည်။ ပေါ်ပြူလာဂျာနယ် အနေဖြင့်လည်း စာပေအနုပညာ ဂျာ နယ်ဖြစ်သည့် အား လျော် စွာ ထူးအိမ် သင်၏ မွေး နေ့ အမှတ် တရ
ရောက်ရှိ ချိန်တိုင်း သူ့ အတွက် အမှတ် တရဂုဏ်ပြု အစီ အစဉ်များဖြင့် အနု ပညာသူရဲကောင်း တစ်ဦးကို ဂုဏ်ပြုခဲ့ ကြသလို၊ ထူးအိမ် သင်၏ မွေးလ ဇွန်လသည်ပင်လျှင် ပေါ်ပြူလာ၏ သန္ဓေတည်ရာ ကာလအချိန် အခါဖြစ် သောကြောင့်ဖွားဖက် တော်များလည်း ဖြစ်နေပေသည်။

ပြီးခဲ့သည့် နှစ် ၂ဝ၁၂က ထူး အိမ်သင် ၄၉နှစ်ပြည့်မွေးနေ့ဖြစ် ရာ သူ၏မိသားစုဝင်များက စမ်းချောင်း ရှင်စောပုလမ်းရှိ ဓမ္မစေတီရွှေ ကျင် ကျောင်းတိုက်တွင် ရွှေရတုအကြို အမှတ်တရမွေးနေ့အထိမ်း အမှတ်ပွဲ ပြုလုပ်ခဲ့ကြရာ ထူးအိမ်သင်၏ အနု ပညာအပေါ် ချစ်ခင်လေး စားကြသူ မိတ်ဆွေအပေါင်းအသင်းများက ထူး အိမ်သင်အမှတ်တရစကား များ ပြန် ပြောင်းပြောဆိုကာ ဂီတငှက်ကိုလွမ်း ဆွတ်ခဲ့ကြသည်။ ထိုအမှတ်တရ အခမ်း အနားမှာပင် ပေါ်ပြူလာအဖွဲ့သား များကလည်း ထူးအိမ်သင်အမှတ်တရ စာစောင်များလက်ကမ်းဝေငှကာ ထူး အိမ်သင်အတွက်ဂုဏ်ပြုပေးခဲ့ကြသည်။

ယခုနှစ်တွင်တော့ ဂန္ထဝင်သီ ချင်းသည် တစ်ဦး၏ ရွှေရတုမွေးနေ့ ဖြစ်သော ဇူလိုင်၁ရက်နေ့တွင် ဂီတ ငှက်ရွှေရတုအဖြစ် ဓမ္မစေတီ ရွှေ ကျင်ကျောင်းတိုက်တွင်ပင် အမှတ် တရဆွမ်းကျွေးအလှူပြုလုပ် ကြပေဦး မည်။ ထူးအိမ်သင်ကို ချစ် မြတ်နိုးကြသူအပေါင်းလည်းသူ၏ ရွှေရတုမွေး နေ့ တွင်သူ့ကိုသက်ရှိထင်ရှားရှိနေ စေချင် စိတ်ဖြင့်လွမ်းဆွတ်တမ်းတ အမှတ်တရ များစွာ တသသဖြစ်နေပေ ဦးမည်။

၄၁ နှစ်အရွယ် ထူးအိမ်သင် ကွယ်လွန်ချိန်မှာဇနီးဖြစ်သူနှင့် အတူ သမီးငယ်လေးမိကွန်ထောလည်း ကျန်ရစ်ခဲ့ပါသည်။ မိကွန်ထောလေး သည် အခုဆိုလျှင် တက္ကသိုလ်ဝင်တန်း ကို ဂုဏ်ထူးငါးဘာသာနှင့် အောင် မြင် ထားပြီး၊ နိုင်ငံခြားဘာသာတက္က သိုလ်(UFL)တွင် အင်္ဂလိပ်စာ ပထမ နှစ်ကျောင်း သူတစ်ဦးဖြစ်နေပြီဖြစ် သည်။ ထို့အပြင် ဂီတမိတ်မှာ လည်းဂီတနှင့်ပတ်သက်ပြီးသင်တန်းတက် နေပါသေးသည်။ဖခင်ဖြစ်သူ၏မြန်မာနိုင်ငံ ရဲ့ဂီတသူရဲကောင်းတွေထဲမှတစ်ဦး ဖြစ်သည် ကိုအရွယ်ရောက် လာစဉ်မှာ သိရသည့်အတွက် ဂုဏ်ယူမိသော မိကွန်ထောလေးက
အဖေ့ကြောင့် ဘယ်နေရာသွားသွားမျက်နှာပန်းလှကြောင်း ဆိုပါတယ်။

"UFL စတက်တုန်းက သူငယ် ချင်းတွေက သမီးကို ဖေဖေ့သမီးမှန်း မသိဘူး။ ပြောရင်လည်းစတယ်ပဲ ထင်ကြတယ်။ ဒါပေမဲ့ ထူးအိမ်သင် သမီးဆိုပြီး မျက်နှာပန်းလှတယ်။ အဲ့ ဒီအတွက်လည်း ဂုဏ်ယူမိတယ်" ဟု မိကွန်ထောကပြောပါတယ်။မိကွန်ထော က ၈နှစ်သမီးအရွယ်မှာ ဆုံးပါးသွား သော ဖေဖေထူးအိမ်သင်နဲ့ သမီးငယ်မိ ကွန်ထောကြားတွင် အမှတ်တရတွေ အများကြီးရှိခဲ့ကြသော်လည်း ထိုထဲက တစ်ခုကို မိကွန်ထောပြန်ပြောပြသည် မှာ "ဖေဖေကသမီးကိုမဆူဘူး။ လေသံ မာမာလည်းမပြောဘူး။အပြင်မှာ သူ ငယ်ချင်းမိတ် ဆွေတွေနဲ့ဘယ် လိုပဲ ပြောပြောစိတ်ပဲတိုတိုသမီးကိုမဆူဘူး။ လေသံအေးအေးပဲပြောတယ်။အဲ့ဒါလေး တော့အမှတ်ရတယ်" ဟု မိကွန်ထောက ပြောသည်။

မိကွန်ထောကသီချင်းတွေ နားထောင် တာကြိုက်သော်လည်း
ကိုယ်တိုင်ဆိုဖို့တော့စိတ်ကူးထားတာ မရှိပါဘူးဟုပြောသည်။ဂီတမိတ်မှာ
တက်နေသောမိကွန် ထောကသင်တန်း တွင်သူ့၏သင်တန်းဆရာကလည်း သူ့ အဖေ ထူးအိမ်သင်ရဲ့ ပရိသတ်ပဲဟု သိရပါတယ်။"ဖေဖေ့ကို မမေ့ကြဘဲ ဖေဖေ့ အကြောင်းတွေ ပြောကြတုန်း၊ ဖေဖေ့သီချင်းတွေ နားထောင်ကြ တုန်း ဖေဖေ့ကိုအမှတ်တရတွေရှိနေကြ တုန်းဖြစ်တဲ့အတွက် သမီးလည်း ဝမ်း သာဂုဏ်ယူမိပါတယ်" ဟုပြောပြသော မိကွန်ထော၏ ထူးအိမ်သင်နှစ် ၅ဝရွှေ ရတုမွေးနေ့မှာအမှတ်တရပြောစကား တွေ ကို ဖော်ပြပေးလိုက်ရပါသည်။

Popular Journal

Monday, July 01, 2013

မြန်မာပြည်စတီရီယိုဂီတလော ကတွင် ဂီတချစ်သူတိုင်း မမေ့နိုင်စ ရာပုဂ္ဂိုလ်တစ်ဦးရှိသည်။သူကားထူးအိမ်
သင်ပင်ဖြစ်သည်။သူသည်ကမ္ဘာမြေတွင်၄၁နှစ်တာသက်တမ်း မျှပင် နေထိုင်သွားခဲ့ရသော်လည်း သူရှင်သန်
ရာကာလတစ်လျှောက် တွင် သူယုံကြည်ရာအနု ပညာဖြင့် လောကကို အလှဆင်ခဲ့သူဖြစ်သည်။

" ကမ္ဘာကိုတုန်လှုပ်စေခဲ့သော သတင်းများ "

Photo: " ကမ္ဘာကိုတုန်လှုပ်စေခဲ့သော သတင်းများ "
Monday, July 01, 2013

► ဟစ်တလာသေဆုံးခြင်းသတင်း

ဂျာမန်ဖက်ဆစ်အာဏာ ရှင် တစ်ဦးဖြစ်သော ဟစ်တလာ (၁၈၈၉- ၁၉၄၅) နှင့် သူ၏ချစ် ဇနီး အီဗာတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း သတင်းသည် ကမ္ဘာတုန်လှုပ်ခဲ့သော သတင်း ဖြစ်ခဲ့သည်။ ၁၉၄၅ ခုနှစ်၊ ဧပြီ လ ၃ဝရက်နေ့တွင် ဟစ်တလာ နှင့် အီဗာတို့အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းကို အမေ ရိကန် သတင်းစာကြီးတစ်ခုဖြစ်သော The Star and
Stripes သတင်းစာကြီးက Hitler Dead' ဟူသော မျက်နှာဖုံးသတင်းအဖြစ် ၁၉၄၅ ခုနှစ်၊ မေလ ၂ ရက်နေ့တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

► ပထမဆုံးစွမ်းအင်သုံး လေယာဉ်ပျံ ပျံသန်း

၁၉ဝ၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရိုက်ညီအစ်ကို ခေါ် Orville (1871- 1948) နှင့် Wibar (1867- 1912) ညီအစ်ကို နှစ်ယောက်တို့သည် အမေရိကန်နိုင်ငံ၊ မြောက်ကာ ရိုလိုင်းနားပြည်နယ် Kill Devil တောင်ကုန်းတွင် ကမ္ဘာ့ပထမ ဆုံး စွမ်းအင်သုံး လေယာဉ်ပျံ စမ်းသပ်ပျံသန်းခဲ့သည်။ နောက် နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကမ္ဘာကျော် London Herald သတင်းစာကြီးက အပျော်တမ်းဓာတ်ပုံဆရာ John T.Daniels ရိုက်ကူးခဲ့သော ရိုက်ညီနောင် ၏ပထမဆုံးစက် တပ် လေယာဉ်ပျံသန်းပုံ ဓာတ်ပုံနှင့်အတူ Fly-ing machine
takes to the air' ဟူသော သတင်းခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း တင်ပြနိုင်ခဲ့ သည်။

►ကမ္ဘာ့အမြင့်ဆုံးတောင်
ဧဝရက် တောင်ထိပ်သို့ ရောက်ခြင်း

၁၉၅၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသား Edmund Hillary နှင့် နီပေါနိုင်ငံသား enzing Norgay တို့ပေပေါင်း ၂၉ဝ၂၉ မြင့်သည့် ကမ္ဘာ့ အမြင့်ဆုံးတောင်ဖြစ် သောဧဝရက် (Mount Everest) တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြသည်။ ယင်းသတင်းကို London Herald သတင်းစာကြီးက ၁၉၅၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ဟီလာရီ ကိုယ်တိုင်ရိုက်ကူးခဲ့သောဓာတ်ပုံဖြင့် Everest Conquered' ဟူသော သတင်းခေါင်းစဉ်ဖြင့် ဖော်ပြနိုင်ခဲ့သည်။

► သမ္မတကနေဒီ လုပ်ကြံခံရခြင်း

အမေရိကန်နိုင်ငံ၏ ၃၅ ယောက်မြောက်သမ္မတ ကနေဒီ John F.Kennedy (1917- 1963) သည် ၁၉၆၃ ခုနှစ်၊ နို ဝင်ဘာလ ၂၂ ရက်၊ ဒေသစံ တော်ချိန် နေ့လယ် ၁၂ နာရီ မိနစ်
၃ဝအချိန်တွင် တက္ကဆက် ပြည်နယ်အတွင်း နိုင်ငံရေး ခရီးစဉ်အဖြစ် လှည့်လည်စဉ် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ ခြင်း ခံခဲ့ရသည်။ ယင်းသတင်းကို London Herald သတင်း
စာကြီးအပါအဝင်သတင်းစာများစွာကကနေဒီ လုပ်ကြံမခံရမီ မိနစ်ပိုင်းအလိုဓာတ်ပုံဖြင့် ဖော်ပြပေးခဲ့သည်။

► ဘာလင်တံတိုင်းကြီးကို ဖြိုချခြင်း

ကမ္ဘာ့သမိုင်းတွင် အလွန် အရေးပါသော ဘာလင်တံတိုင်း ကြီးကို ၁၉၈၉၊ နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖြိုချခဲ့သည်။ ယင်း ဂျာမနီနိုင်ငံရှိ ဘာလင် တံတိုင်းကြီးကို ဆိုဗီယက်ရုရှ လက်အောက်ခံအရှေ့ ဂျာမနီ အစိုးရက အနောက်ဂျာမနီနှင့်အဆက်အသွယ်ဖြတ်ရန် ရည်ရွယ်၍ ၁၉၆၁ ခုနှစ်၊ သြ ဂုတ်လ ၁၃ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၉၆ မိုင် ကျော်
ရှည်လျား၍ ၁၂ ပေ မြင့်သည်။ ယင်းသတင်းသည် အင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ရုရှတို့ ဦးဆောင်ဆင် နွှဲနေသောစစ်အေးကာလ (Cold War) အဆုံးသတ်ခြင်းလည်းဖြစ်သည်။ ယင်းသတင်းကိုလည်း ကမ္ဘာ့သတင်းစာကြီးများက အလေးပေးဖော်ပြခဲ့သည်။

► လကမ္ဘာပေါ်သို့ လူတို့ခြေချခြင်း

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂ဝရက်နေ့တွင် အာကာသ ယာဉ်အပိုလို ၁၁ (Apollo 11) ၏ အမေရိကန် အာကာသ သူရဲ ကောင်းများဖြစ်ကြသော နီးလ်အမ်းစထရောင်း (Neil Arm-strong )၊အက်ဒရင် (Buzz Al- drin) နှင့် ကောလင်း (Michael Collin) တို့ လပေါ်သို့ ပထမဆုံး ခြေချနိုင်ခဲ့သည်။ ယင်းသတင်း ကိုထိုနေ့မှာပင် ကမ္ဘာ့သတင်းစာကြီးများက 'Moon Walk', 'Men Walk on Moon', 'Leap for mankind' စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဂုဏ်ယူစွာဖော်ပြခဲ့ကြသည်။

► တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခြင်း

၁၉၁၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် ဗြိတိသျှခရီးသည် တင်သင်္ဘောကြီးဖြစ်သော တိုက်တန်းနစ် (RMS Titanic) သင်္ဘောကြီးသည်အတ္တလန္တိတ် သမုဒ္ဒရာအတွင်းတွင် ရေခဲတုံး
ကြီးနှင့် ဝင်တိုက်မိပြီးနစ်မြုပ်ခဲ့ သည်။ ယင်းကြောင့် လူပေါင်း ၁၅၁၂ ယောက် အသက် ဆုံးရှုံးခဲ့ရသည်။ ယင်းသတင်းကို ကမ္ဘာ့သတင်းစာကြီးများက 'Titanic Sinks Great Loss of Life', 'Titanic- The Tra-gic Story', 'Titanic- 9 hours to hell' စသည်ဖြင့် မျက်နှာဖုံး သတင်းအဖြစ်ဖော်ပြခဲ့ကြသည်။

► နိုင်း/အလဲဗင်း (9/11) နှင့် အိုစမာဘင်လာဒင်နိဂုံး

၂၁ ရာစု အစပိုင်း၌ ကမ္ဘာပေါ်တွင်တုန်လှုပ်ခြောက် ခြားစရာအကောင်းဆုံး အကြမ်း ဖက်မှုကြီးမှာ ၂ဝဝ၁ခုနှစ်၊ စက် တင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံ၊နယူးယောက် မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး စင် တာကြီးကို အကြမ်းဖက်သမား များ အပိုင်စီးလာကြသည့် ခရီး သည်တင် လေယာဉ်ကြီးနှင့် အသေခံ ဝင်တိုက်ဖျက်ဆီးပစ်ခဲ့ ခြင်းဖြစ်သည်။ ယင်း လူ ၃ဝဝဝ နီးပါး သေဆုံးသော အကြမ်း ဖက်မှုကြီးကို ဦးဆောင်ခဲ့သူမှာ သန်းကြွယ်သူဌေးကြီး အိုစမာ ဘင်လာဒင် (၁၉၅၇- ၂ဝ၁၁) ဆိုသူဖြစ်ပြီး သူ့ကိုလည်း လူအများက သိရှိခဲ့ကြသည်။

ယင်း ခြောက်ခြားဖွယ် သတင်းကြီးကို နိုင်ငံတကာ ရုပ် သံမီဒီယာများ၊ သတင်းစာများ၊ စာနယ်ဇင်းများက အချိန်နှင့် တစ်ပြေးညီ သတင်းများ ဖော်ပြခဲ့ကြသည်။ 'Apocalypse', 'Terror in America', 'US attacked', 'War on America', 'Terroe' စသည်ဖြင့် မျက်နှာဖုံးသတင်းများ ဖော်ပြခဲ့ကြသည်။

အကြမ်းဖက်ခေါင်းဆောင် ကြီး အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့မှ ၂ဝ၁၁ ခုနှစ်၊ မေလ ၂ ရက်နေ့ တွင် ပါကစ္စတန်နိုင်ငံ၌ အသေပစ်ခတ်နှိမ်နင်းခဲ့သည်။ ယင်း သတင်းကို ဝါရှင်တန်ပို့စ် သတင်း စာကြီးက တရားသဖြင့်စီရင်လိုက်ပြီ (Justice has been done) ဟူ၍လည်းကောင်း၊ Daily News သတင်းစာကြီးကငရဲသား (Rot in hell)
ဟူ၍လည်းကောင်း၊နယူးယောက်ပို့စ် ကမိပြီ (Got him) ဟူ၍ လည်းကောင်းအသီးသီးဖော်ပြခဲ့ကြသည်။

အလင်းဆက် (IR)

Popular Journal

Monday, July 01, 2013

► ဟစ်တလာသေဆုံးခြင်းသတင်း

ဂျာမန်ဖက်ဆစ်အာဏာ ရှင် တစ်ဦးဖြစ်သော ဟစ်တလာ (၁၈၈၉- ၁၉၄၅) နှင့် သူ၏ချစ် ဇနီး အီဗာတို့ ကိုယ့်
ကိုယ်ကိုယ် သတ်သေခြင်း သတင်းသည် ကမ္ဘာတုန်လှုပ်ခဲ့သော သတင်း ဖြစ်ခဲ့သည်။၁၉၄၅ ခုနှစ်၊ဧပြီလ ၃ဝ
ရက်နေ့တွင် ဟစ်တလာ နှင့် အီဗာတို့အဆုံးစီရင်ခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်းကို အမေ ရိကန် သတင်းစာကြီး
တစ်ခုဖြစ်သော The Star andStripes သတင်းစာကြီးက Hitler Dead'ဟူသောမျက်နှာဖုံးသတင်းအဖြစ် ၁၉၄၅ 
ခုနှစ်၊ မေလ ၂ ရက်နေ့တွင်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံ မီးပွိုင့်အနီး ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား