Pages

Monday, July 1, 2013

ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံ မီးပွိုင့်အနီး ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား

Photo: ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံ မီးပွိုင့်အနီး ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား
Monday, July 01, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ဥက္ကလာ လမ်းဆုံ မီးပွိုင့်အနီးတွင် ဇွန်လ ၃၀ ရက် နံနက် ၉ နာရီက ခရီးသည်တင် ယာဉ်နှစ်စီး အပါအဝင် ကိုယ်ပိုင်ယာဉ် တစ်စီးတို့ ယာဉ်သုံးစီး ဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကိုယ်ပိုင် ယာဉ်ပိုင်ရှင် အမျိုးသား က ပြောကြားသည်။

လသာ-လှည်းကူး ပြေးဆွဲသည့် အမှတ် ၁၄၁ ယာဉ်လိုင်း ခရီးသည်ယာဉ်က သင်္ဃန်းကျွန်း-လှော်ကားသို့ ပြေးဆွဲသည့် ၇၉ အပြာယာဉ်လိုင်း ဒိုင်နာ ခရီးသည်တင် ယာဉ်ကို နောက်မှ တိုက်မိရာက တစ်ဆင့် အရှိန်ဖြင့် ၇၉ ယာဉ်လိုင်းက ကိုယ်ပိုင်ယာဉ် ဟွန်ဒါဖစ်ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၇၉ ယာဉ်လိုင်းပေါ် စီးနင်းလာသူများ အနက် ငါးဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာ ရရှိသူများကို အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသလျက်ရှိကြောင်း မျက်မြင် တွေ့ရှိသူက ရှင်းပြသည်။

"တိုက်တဲ့အရှိန်က ကျွန်တော့်ကားရဲ့ ညာဘက် ရှေ့နောက် တံခါးနှစ်ခု ပိန်ချိုင့်သွားတယ်" ဟု ကိုယ်ပိုင်ယာဉ်ပိုင်ရှင် အမျိုးသားက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှုစစ် ရဲအရာရှိကို ဆက် သွယ် မေးမြန်းရာတွင် ၅၁ လမ်း ယာဉ်ထိန်းရုံးကိုသာ မေးမြန်းပါရန် ပြန် လည် ဖြေကြားသည်။

The Voice Weekly

Monday, July 01, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ဥက္ကလာ လမ်းဆုံ မီးပွိုင့်အနီးတွင် ဇွန်
လ ၃၀ ရက် နံနက် ၉ နာရီက ခရီးသည်တင် ယာဉ်နှစ်စီးအပါအဝင်ကိုယ်ပိုင်ယာဉ်တစ်စီးတို့ယာဉ်သုံးစီး ဆင့်
 တိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကိုယ်ပိုင် ယာဉ်ပိုင်ရှင် အမျိုးသား က ပြောကြားသည်။ လသာ-လှည်းကူး ပြေးဆွဲသည့် အမှတ်၁၄၁ယာဉ်လိုင်း ခရီးသည်ယာဉ်က သင်္ဃန်းကျွန်း-လှော်ကားသို့ ပြေး
ဆွဲသည့် ၇၉ အပြာယာဉ်လိုင်း ဒိုင်နာ ခရီးသည်တင် ယာဉ်ကို နောက်မှ တိုက်မိရာက တစ်ဆင့် အရှိန်ဖြင့် ၇၉ ယာဉ်လိုင်းက ကိုယ်ပိုင်ယာဉ် ဟွန်ဒါဖစ်ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦး
က ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၇၉ ယာဉ်လိုင်းပေါ် စီးနင်းလာသူများ အနက် ငါးဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာ ရရှိသူများကို အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသလျက်ရှိကြောင်း မျက်မြင် တွေ့ရှိသူက ရှင်းပြသည်။

"တိုက်တဲ့အရှိန်ကကျွန်တော့်ကားရဲ့ညာဘက် ရှေ့နောက်တံခါးနှစ်ခု ပိန်ချိုင့်သွားတယ်" ဟုကိုယ်ပိုင်ယာဉ်
ပိုင်ရှင် အမျိုးသားက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှုစစ် ရဲအရာရှိကို ဆက် သွယ် မေးမြန်းရာတွင် ၅၁ လမ်းယာဉ်ထိန်း
ရုံးကိုသာ မေးမြန်းပါရန် ပြန် လည် ဖြေကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 1.7.2013

0 comments:

Post a Comment