Pages

Sunday, February 17, 2013

တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း

သို့
 
နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
 
" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း "
 
 
အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။
 
 
ယနေ့ ညဦးပိုင်းခန့်က ၉ မိုင် Golf ကွင်းတွင် အဆိုတော် Playboy (ဦး) သန်းနိုင် နှင့် မိတ်ဆွေဟောင်းတစ်ချို့ တေးသီဆိုဖျော်ဖြေမှု အစီအစဉ်တစ်ခု ကျင်းပခဲ့ပါသည်။
 
ထိုအချိန်မှာပင် ဧည့်သည် တစ်ဦးသီဆိုနေစဉ်အတွင်း အဆိုပါ Golf Club ၏ Captain ဆိုသော ရဲချုပ်ဟောင်း စိုးဝင်း ဆိုသူက Stage အောက်နားတွင် ထိုင်နေသော ပွဲစီစဉ်သူ ဦးတင်အောင်မိုး အား ယ္ခုဆိုနေသူပြီးလျင် သူတက်ဆိုမည်ဟု အမိန့်ပေး ညွှန်ကြားခဲ့ပါသည်။
 
သို့သော် သီချင်းပြီးဆုံးချိန်တွင် ထိုကြားဖြတ် စေခိုင်းမှုအား မသိသေးသော ဦးသန်းနိုင်အား သီချင်းသီဆိုပေးပါရန် ၄င်း ၏ မိတ်ဆွေများ အပါအဝင် အခြား ဧည့်သည်များကပါ အားတက်သရော ဝိုင်ဝန်းတောင်းဆိုလာကြသဖြင့် ဦးသန်းနိုင်မှ တက်ရောက်သီဆိုစဉ်မှာပင် ရဲချုပ်ဟောင်းစိုးဝင်း က ၄င်း၏သီချင်းဆိုရန် အလှည့်အား စောင့်နေသည်ကို ဦးသန်းနိုင် မှ ကြားဖြတ်ပါသည်ဟုဆိုကာ ..
 
" ဒီပွဲကို စီစဉ်တာ ငါကွ ဒီကောင်က ဘာမို့လို့ ငါ့နာမည်ကြေငြာထားရဲ့သားနဲ့ တက်ဆိုရအောင် ဘာစောက်ဆင့်ရှိလို့လဲ " ဟုဆဲဆိုလျက် ဦးသန်းနိုင် သီချင်းဆိုနေချိန်အတွင်း စင်ပေါ်ထိတက်ကာ " ဒီသီချင်းဆိုနေတာကို ခုရပ် " ဟု တစ်ချက်လွှတ် အမိန့်ပေးလေတော့သည်။
 
သို့သော် ဦးသန်းနိုင် မှ အနုပညာအရ ဖျော်ဖြေစဉ်တွင် ပရိသာတ်အားလေးစားမှုအရ မရပ်တန့်ပေးခဲ့သည့်အတွက် ဦးသန်းနိုင် စင်ပေါ်မှဆင်းလာသည့်အခါတွင် Captain စိုးဝင်းမှ ရိုင်းစိုင်းစွာ စတင် ဆဲရေးတိုင်းထွာ စော်ကားလေတော့သည်။
 
ထို့ကြောင့် ဦးသန်းနိုင် မှလဲ ရှက်စိတ် မခံချင်စိတ်တို့ဖြင် စင်ပေါ်သို့ပြန်တက်၍ 
 
" ၄င်းသည် ထိုပွဲဖြစ်မြောက်ရေးကို စေတနာဖြင့် ကူညီခြင်းသာဖြစ်ပြီး တန်ဖိုးများသောစက်များကိုလဲ ဈေးပေါပေါဖြင့် စီဆင်ကူညီပေးခဲ့သည့်အကြောင်း "
 
" ယ္ခုလို တေးသီဆိုနေစဉ် စင်ပေါ်မှဆင်းခိုင်းခြင်းကဲ့သို့ အာဏာရှင်ဆန်ဆန် စေခိုင်းခြင်းမှာ အောက်တန်းကျသော အပြုအမူဖြစ်ကြောင်း "
 
" ထိုကဲ့သို့ နောက်နောင် အနုပညာသမား များအား မစော်ကားရန်နှင့် ဒီမိုကရေစီ တည်ဆောက်နေဆဲ အချိန်သမယတွင် အာဏာရှင်ဆန်၍ မရတော့ကြောင်း " 
 
" အဆိုပါ Captain စိုးဝင်း ဆိုသည့်ကောင်ကိုလဲေ#ာက်ဂရုမစိုက်သဖြင့်  --ီး ဘဲ " ဟုဆဲပြီး 
 
" သတ္တိရှိရင်စင်ပေါ်တက်လာပါ တစ်ယောက်ချင်းချမည် " ဟု ပြောဆိုလိုက်သဖြင့် Captain စိုးဝင်း ၏ လက်ပါးစေများက ဦးသန်းနိုင်အား စင်အောက်သို့ အတင်းဆွဲချလေတော့သည်။
 
စင်အောက်ရောက်သွားသည့်အခါ ..
 
" အဲဒီကောင်ကို ဖမ်းကွာ လက်ထိပ်ခပ်လိုက် " ဟု အနီးရှိရဲများကိုအမိန့်ပေးပြီး ရဲများမှ ဦးသန်းနိုင်အား ဖမ်းဆီးပါတော့သည်။
 
သို့သော် ဦးသန်းနိုင်အား ချစ်ခင်လေးစားသော ရဲများမှ ဘာမျှ မလုပ်ခဲ့သဖြင့် ရဲများကိုပါ Captain စိုးဝင်း ၏ အဖွဲ့မှလူက ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းခဲ့ပါသည်။
 
ထို့အပြင် ဦးသန်းနိုင် အား စင်ပေါ်မှ နှင်ချမှုကြောင့် တေးဆိုသူအမျိုးသမီးငယ်များမှ စိုးရိမ် အားနာ သနား စိတ်တို့ဖြင့် တိတ်တစ်ဆိတ် ဝိုင်းဝန်းကြည့်ရှုနေသည်ကို ၄င်း Captain စိုးဝင်း တို့မှ
 
" စောက်ကောင်မတွေ စောက်ပဲမများ နဲ့ အေးဆေးနေ " ဟု ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းသွားသဖြင့် အမျိုးသမီး တေးသံရှင်များအားလုံး ရှက်ဒေါသဖြစ်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့ကြရကြောင်း မျက်မြင်သက်သေ လူဦးရေ အများအပြားက ထွက်ဆိုခဲ့ပါသည်။
 
ယ္ခုလို သက်ကြီးဝါကြီး အနုပညာရှင်တစ်ဦး အား လူပုံအလည်တွင် စော်ကားမော်ကားပြု၍ အာဏာသုံးပြီးမတရား ဖမ်းဆီးခြင်း 
တူမအရွယ် သမီးအရွယ် ဂီတပညာရှင် အမျိုးသမီးငယ်များအား ငွေပေးထားသည့် ပြည့်တန်ဆာကဲ့သို့ ရိုင်းပျစွာ နှိမ့်ချစော်ကားဆက်ဆံခြင်း တို့အား ပြုလုပ်ခဲ့သည့် Captain စိုးဝင်း ဆိုသူ၏ လုပ်ရပ်တို့သည် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကြိုးပန်းတည်ဆောက်နေသည့် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး နှင့် လားလားမှ မညီညွတ်သည့်အပြင်
 
လက်နက်ကိုင်အဖွဲ့အစည်း၏ အာဏာကိုအလွဲသုံးစားပြုခြင်း
အမျိုးကောင်းသမီးတို့အား နှုတ်ဖြင့် အသရေဖျက်ခြင်း 
အလိုမတူဘဲ ကာယိနြေ္ဒပျက်စေခြင်း 
ပြစ်မှုထင်ရှားခြင်းမရှိဘဲ လက်နက်မဲ့ အရပ်သားအား လက်နက်ကိုင်အာဏာသုံး၍ ကိုယ်ထိလက်ရောက် စော်ကားခြင်း စသည်တို့အပါအဝင် အခြား ပုဒ်မ များစွာ နှင့် ငြိစွန်းနေကြောင်း ထင်ရှားပါသဖြင့် တရားခံ ဖြစ်သူ ၉ မိုင် Golf Club Captain ရဲချုပ်/ဗိုလ်မှူးဟောင်း (ဦး) စိုးဝင်းဆိုသူအား တည်ဆဲတရားဥပဒေအရ ထိရောက်စွာအရေးယူပေးပါရန် အများပြည်သူမှတဆင့် နိုင်ငံတော်အစိုးရ တရားဥပဒေ စိုးမိုးရေး ကော်မရှင် သို့ တိုက်ရိုက် အိပ်ဖွင့်အသိပေးလိုက်ပါသည်။
 
မျက်မြင်သက်သေများ ၏ ပြန်လည် ထွက်ဆိုချက်အရ တရားဥပဒေဘောင်အတွင်းမှပြည်သူများ ၏ ကိုယ်စား
 
 
မျိုးချစ်မြန်မာ
 
(တရားဥပဒေစိုးမိုးရေးသည် မြန်မာအမျိုးသားအားလုံး၏တာဝန်ဖြစ်သည်)
by Myo Chit Myanmar

သို့

နိုင်ငံတော်သမ္မတ
ပြည်သူ့လွှတ်တော်ဥက္ကဌ
တရားဥပဒေစိုးမိုးရေးကော်မရှင်ဥက္ကဌ
မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ

" တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင် အား ဗိုလ်မှုးဟောင်း (ရဲချုပ်) စိုးဝင်း မှ ပြစ်မှုမထင်ရှားဘဲ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် အာဏာအလွဲသုံးစားပြု၍ ဖမ်းဆီးခြင်းအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားခြင်း "


အခင်းဖြစ်ပွားသည့်နေရာ။ ၉ မိုင် Golf Club | ရန်ကုန် ၊ ၁၆ ရက် ဖေဖေါ်ဝါရီလ ၂၀၁၃ ခုနှစ် ။

အိုစမာဘင်လာဒင်အားနှိမ်နှင်းခဲ့ သော Navy SEAL Team 6 အကြောင်း သိကောင်းစရာ

Sunday, February 17, 2013

ပုံမှာ ပြထားတာကတော့ ရုပ်ရှင်ထဲက Navy SEAL ပါ။ တကယ့် အပြင်မှာ အိုစမာဘင်လာဒင်ကို တိုက်ခိုက်နှိမ်နှင်းသွားတဲ့ Navy SEAL နဲ့ Team 6 တို့ရဲ့  အချက်အလက်အချို့ က အောက်ပါအတိုင်း ဖြစ်ပါတယ်။ - Navy SEALs ကို အမေရိကန်သမ္မတ John F. Kennedy မှ ၁၉၆၂ ခုနှစ်မှ စတင် ဖန်တီးခဲ့ပါတယ်။ အမေရိကန်မှ အတော်ဆုံး ကွန်မန်ဒိုစစ်သားများ မွေးထုတ်ပေးပြီး စစ်ပွဲတွေမှာ အသုံးပြုဖို့ ဖြစ်ပါတယ်။

သာကေတမြို့နယ်တွင် အစ္စလာမ်ဘာသာရေးစာသင်ကျောင်းအား ၀ိုင်းဝန်းဖျက်ဆီးခြင်း နောက်ဆက်တွဲ (၂)

သာကေတမြို့နယ်၊ မာန်ပြေ ၁၈x၁၉ လမ်းကြားရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်း ၃၀၀-ခန့်ရှိ လူအုပ်စုကြီးမှ ဒီနေ့ မနက်ပိုင်းမှစတင်၍ ၀ိုင်းဝန်းဖျက်ဆီးကြပြီး နေ့လည်ပိုင်းတွင် လာရောက်တားဆီးသော မွတ်စလင်မ်တချို့အား ၀ိုင်းဝန်းရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ်အား စုံစမ်းရာ သာကေတမြို့နယ် မာန်ပြေ ၁၈x၁၉ လမ်းကြားတွင်ရှိသော အစ္စလာမ်ဘာသာရေးဝတ်ပြုကျောင်းသည်ယခင်ကတည်းက တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် ခေါင်မိုးပျက်စီးလာ၍ စည်ပင်သာယာသို့ ပြင်ဆင်ခွင့်တောင်းခံခဲ့ရာ ပြင်ဆင်ခွင့်ရခဲ့၍ ခေါင်မိုးအားပြင်ဆင်ခဲ့သည်။

သာကေတ နောက်ဆက်တွဲ သတင်း

ပတ်ဝန်းကျင်တွင် ရဲကား ၄ စီးခန့်ရှိသော်လည်း တစ်စုံတစ်ရာ တားဆီးခြင်းမရှိကြောင်း ယခုအချိန်တွင် အကြမ်းဖက်သမားများက ၀တ်ပြုဆောင် အထက်ပိုင်း ရှိပြန်လည်ပြုပြင်ထားသောအပိုင်းများအား ဖျက်ဆီးလျက် ရှိနေကြောင်း ရပ်ကွက် NLD မှ ဦးကျော်ထွေး အပါအ၀င် NLD အဖွဲ့ဝင် အချို့ နှင် နိုင်ကျဉ်း ကျောင်းသားများ မှ အခြေအနေကို လာရောက်ထိမ်းသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
Sunday, February 17, 2013 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကန့်ကွက်စာကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်မှ ယာဉ်ရောင်းဝယ်ရေးစခန်းကို မပြောင်းရွှေ့ပါကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းကို မူလလုပ်ငန်းများ ရှိတဲ့နေရာတွင် အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သွားဖြစ်ကြောင်း၊ စီမံကိန်းလုပ်သည့် အချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းထဲရှိ ကားနှင့်ဈေးဆိုင်များကို ဘေးတွင်ရွှေ့ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးသွားပါက နေရာများကို တန်ရာတန်ကြေးနှင့် ပြန်ပေးမည်ဟု ကတိပေးစကား ပြောထားကြောင်း ၄င်းက ဆက်လက်ပြောပါသည်။

“၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်းကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်
ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ” ဟု မပြောင်းရွှေ့ရေး
ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။

သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့်အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက် ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာ ပါရှိပါတယ်။
မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားပါသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်းရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။

Eleven Media Group

Sunday, February 17, 2013

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ


ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ
Sunday, February 17, 2013 

ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်းကစားဝိုင်းများ
ရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း 
သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်
သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများဆုံးဖြစ်ပေါ်
နေကြောင်း အဆိုပါမြို့နယ်နေသူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏
ပြောကြားချက်များအရသိရသည်။  

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကို
လျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မ
ပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေ
သိထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ
တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာ
လည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့
မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့
ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေး
ကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ 
CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုး
ဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်း
အနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်
အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍  ငွေကြေးများ
ရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot News

Sunday, February 17, 2013

ရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး တွင် လောင်း
ကစားဝိုင်းများရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေ
မှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း သိရသည်။

ဘာသာရေးစာသင်ကျောင်း အမည်ခံ ဗလီဆောက်မှု ဟုဆို ကာ The Voice Weekly သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်း ဖြစ်စေရန် သွေးထိုးလှုံ့ဆော်

The Voice Weekly မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်းဖြစ်စေရန် သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။ ထိုသတင်းအမှားကို Facebook စာမျက်နှာမှ ပြန်လည်ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

The Voice Weekly မှ ၎င်းတို့၏ Facebook စာမျက်နှာတွင် သတင်းအမှားတင်ကာ ဘာသာရေးအဓိကရုန်း
ဖစ်စေရန် သွေးထိုးလှုံ့ဆော်ပေးခဲ့သည်။ ထိုသတင်းအမှားကို Facebook စာမျက်နှာမှ ပြန်လည်ဖျက်သိမ်း
လိုက်ပြီဖြစ်သည်။ 

ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီးထွားအောင် ဖန်တီးနေကြမှုကြောင့် ပြည်သူလူထုအချင်းချင်း ပြဿနာတွေ မဖြစ်စေရန် အထူးသတိပြုကြပါ

ပဋိပက္ခတွေ ဖြစ်ပွားအောင် ကြီးထွားအောင် ဖန်တီးနေကြမှုကြောင့် ပြည်သူလူထုအချင်းချင်း ပြဿနာတွေ မဖြစ်စေရန် အထူးသတိပြုကြပါ။ 

လက်ရှိ သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်။

သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်မှာ  - ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာန်ပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈)
အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း သာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုး ဖျက်ဆီးခဲ့ပါသည်။ ထို့နောက် သတင်းထောက် တစ်ဦးနှင့် အစ္စလာမ် သာသနာရေးရာကောင်စီဌာနချုပ် အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်းနှင့် ဦးဇော်မင်းလတ်တို့အား လူ (၅) ဦးခန့်က ၀ိုင်းဝန်းထိုးကြိတ်၍ လက်ကိုင်ဖုန်းကို အကြမ်းဖက် လုယူခဲ့ကြသောကြောင့် ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါသည်။

The Voice Weekly သတင်းဂျာနယ်ရဲ့ Facebook စာမျက်နှာမှာ ရေးထားသလို ဗလီဆောက်လုပ်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ The Voice က သက်သက်ဖွတာပါ။ ဒါ ကလေးတွေကို အခြေခံ သင်ကြားပေးနေတဲ့ ဘာသာရေး စာသင်ကျောင်းပါ။ နောက်ပြီး အမိုးပြုပြင်တယ်ဆိုတာကလည်း ခွင့်ပြုမိန့်အရ လုပ်တာပါ။ ဥပဒေပြင်ပလုပ်တာ တစ်ခုမှ မရှိပါဘူးဟု သာကေတမြို့နယ်နေ သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဏာပိုင်များမှလည်း ခွင့်ပြုမိန့်ပေးထားသော အမိန့်ကို ပယ်ဖျက်၍ ကျောင်းအမိုးကို ပြန်လည်ဖျက်ပေးရန် ညွှန်ကြား၍ လာပါသည်။

သတင်း - Xip Xap။

လက်ရှိ သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်။
သာကေတမြို့နယ်အတွင်းရှိ ဖြစ်ပွားနေသော အဖြစ်အပျက်နှင့် ပတ်သက်၍ သတင်းအမှန်မှာ - ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် မာန်ပြေ ၁၈လမ်းနှင့် ၁၉ လမ်းကြား၊ အမှတ် (၁၁၂၈)
အမှတ်(၃) အစ္စလာမ် ဘာသာရေး စာသင်ကျောင်း အမိုးပြုပြင်ခြင်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်း သာသနာရေး ဦးစီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် အမိုးပြုပြင်နေစဉ် ရပ်ကွက်အတွင်းမှ လူတစ်ချို့ ရောက်ရှိလာပြီး ကျောင်းဆိုင်းဘုတ်နှင့် ခြံစည်းရိုးတို့ကို ရိုက်ချိုး ဖျက်ဆီးခဲ့ပါသည်။

ကိုရီးယားကုမ္ပဏီပိုင် M.V YUJIN ACEပင်လယ်ကူး သင်္ဘောပေါ်တွင် မြန်မာသင်္ဘောသား မောင်အောင်ကိုကိုဇင်သည် လွန်ခဲ့သော မေ ၂၉ ရက်မှ စတင် ပျောက်ဆုံးနေ