Pages

Sunday, February 17, 2013

မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းတွင် စပစ်ဖိုင်းယားလေယာဉ်များ မြှပ်နှံထားခဲ့ခြင်း မရှိ

မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းတွင် 
စပစ်ဖိုင်းယားလေယာဉ်များ မြှပ်နှံထားခဲ့ခြင်း မရှိ

ရန်ကုန်- ဖေဖေါ်ဝါရီ ၁၇
              ဒုတိယကမ္ဘာစစ်ပွဲကာလ ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည့် 
မည်သည့်သေတာကိုမျှ မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့ ပိုဆောင်စေခြင်း၊ မြုပ်နှံခဲ့ခြင်း မရှိခဲ့ကြောင်း လေယာဉ်ရှာဖွေရေး ကုန်ကျစရိတ်ထောက်ပံ့သော
 ဂိမ်းကုမဏီ Wargaming Ltdက ထုတ်ပြန်ထားသည်။
             ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း     မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့  သင်္ဘော သုံးစင်းဖြင့် တင်ပို့ ခဲ့သော စပစ်ဖိုင်းယား လေယာဉ်အစီး ၃၇စီးသာ
 ရောက်ရှိခဲ့ပြီး လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်ဆိုသော မည်သည့်သေတ္တာကိုမျှ မပို့ ဆောင်ခဲ့ကြောင်း  အထောက်အထားများကို ကိုးကားကာ
 ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
           " ဘယ်သေတာမှာမှ စပစ်ဖိုင်းယားလေယာဉ်( အစိတ်အပိုင်းတွေ) မပါဘူး၊ပြီးတော့ လေယာဉ်တော်တော်များများကိုလည်း ၁၉၄၆ နွေဦးကာလမှာ (ဗြိတိန်ကို)
 ပြန်ပို့ ခဲ့တယ်လို့ ယူဆရပါတယ်" ဟု  ထုတ်ပြန်ချက်တွင် ပါရှိသည်။
          ထို့ အတူ ရှေးဟောင်းသုတေသန ပညာရှင်များ ၊ သမိုင်းပညာရှင်များ နှင့် သိပံပညာရှင်များပါဝင်သော လေယာဉ် ရှာဖွေတူးဖေါ်ရေးအဖွဲ့ ကလည်း 
မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းနေရာတွင်  တစ်လကျော်မျ ရှာဖွေတူးဖေါ်ခဲ့ပြီးနောက် မည်သည့်လေယာဉ် အစိတ်အပိုင်းမျ မတွေ့ရှိခဲ့ ကြောင်း ထုတ်ဖေါ်ဝန်ခံခဲ့သည်။     KYL           ဓာတ်ပုံ-     ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် များရှာဖွေသည့်အဖွဲ့

ရန်ကုန်- ဖေဖေါ်ဝါရီ ၁၇
ဒုတိယကမ္ဘာစစ်ပွဲကာလ ၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း ဗြိတိသျှစပစ်ဖိုင်းယားလေယာဉ် အစိတ်အပိုင်း
များထည့်သွင်းထားသည့်မည်သည့်သေတာကိုမျှမင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့ပိုဆောင်စေခြင်း၊ မြုပ်နှံ
ခဲ့ခြင်း မရှိခဲ့ကြောင်း လေယာဉ်ရှာဖွေရေး ကုန်ကျစရိတ်ထောက်ပံ့သောဂိမ်းကုမဏီ Wargaming Ltdကထုတ်
ပန်ထားသည်။
၁၉၄၅ နှင့် ၁၉၄၆ ခုနှစ်များအတွင်း မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းသို့  သင်္ဘော သုံးစင်းဖြင့် တင်ပို့ ခဲ့သော စပစ်ဖိုင်းယား လေယာဉ်အစီး ၃၇စီးသာရောက်ရှိခဲ့ပြီး လေယာဉ် အစိတ်အပိုင်းများ ထည့်သွင်းထားသည်
ဆိုသော မည်သည့်သေတ္တာကိုမျှ မပို့ ဆောင်ခဲ့ကြောင်း အထောက်အထားများကို ကိုးကားကာထုတ်ပြန်
ခဲ့ခြင်း ဖြစ်သည်။

" ဘယ်သေတာမှာမှ စပစ်ဖိုင်းယားလေယာဉ်( အစိတ်အပိုင်းတွေ) မပါဘူး၊ပြီးတော့ လေယာဉ်တော်တော်
များများကိုလည်း ၁၉၄၆ နွေဦးကာလမှာ (ဗြိတိန်ကို)ပြန်ပို့ ခဲ့တယ်လို့ ယူဆရပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ အတူ ရှေးဟောင်းသုတေသန ပညာရှင်များ ၊ သမိုင်းပညာရှင်များ နှင့် သိပံပညာရှင်များပါဝင်သော လေ
ယာဉ် ရှာဖွေတူးဖေါ်ရေးအဖွဲ့ ကလည်း မင်္ဂလာဒုံတော်ဝင်လေတပ်စခန်းနေရာတွင် တစ်လကျော်မျ ရှာဖွေ
တူးဖေါ်ခဲ့ပြီးနောက် မည်သည့်လေယာဉ် အစိတ်အပိုင်းမျ မတွေ့ရှိခဲ့ ကြောင်း ထုတ်ဖေါ်ဝန်ခံခဲ့သည်။
 RND:17.2.2013
Popular Myanmar News Journal

0 comments:

Post a Comment