Pages

Sunday, February 17, 2013

မကွေးတွင် မြေနံရံထိန်းမြေကြီးပြိုကျ၍ အလုပ်သမား ၃ ဦးသေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ရုံးကုန်းကျေးရွာ ၏ အရှေ့မြောက် (၂)မိုင်ခန့်အကွာတောင်တွင်းကြီး-မလွန် မီးရထားလမ်း ဖောက်လုပ်ရေးလုပ်ငန်းခွင် တွင် ဖေဖော်ဝါရီ၁၅ရက်ညနေ၅နာရီကမြေပြိုကျမှုဖြစ်ပွားခဲ့ရာလူ၃ဦးသေဆုံးခဲ့ကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲ့ မှသိရသည်။ CENTRAL KEY STONE ကုမ္ပဏီမှ ဆောက်လုပ်လျက်ရှိသည့် မီးရထား လမ်းတံတား အမှတ်(၅၁၂၀)အရှည်(၅၀)ပေ၊ အမြင့်(၄၀)ပေရှိတံတားအောက်ခြေတွင် ရေတိုက်စားမှု ခံနိုင်ရန်အတွက် ရေထိန်းနံရံပြုလုပ်ရန် အနက်(၆)ပေ၊ အနံ (၈)ပေ၊ အလျား (၃၂)ပေရှိသည့်
မြောင်းအတွင်း၌ အုတ်ရိုးစီလုပ်ငန်းအား မကွေးမြို့နယ်၊ ကွမ်းအုံတောင်ကျေးရွာနေ မြင့်ဇော်ဝင်း (၃၅)နှစ်ပါအဖွဲ့မှ လုပ်ကိုင်နေစဉ် အမြင့်(၁၅)ပေခန့်မှ မြေနံရံထိန်းမြေကြီးများ ပြိုကျလာခြင်းဖြစ်သည်။

မြေပြိုကျမှုကြောင့် အလုပ်သမား မြင့်ဇော်ဝင်းအပါအ၀င် ၃ ဦး သေဆုံးခဲ့ပြီးကျန်အလုပ်သမား ၂ ဦးမှာ ဖူးရောင် ကျိုးပဲ့ဒဏ်ရာများ ရရှိခဲ့သဖြင့် မကွေးဆေးရုံသို့ တင်ပို့ထားရှိကြောင်း မိကျောင်းရဲစခန်းသေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၃ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

RND:17.2.2013
Popular Myanmar News

0 comments:

Post a Comment