Pages

Friday, November 16, 2012

အမေရိကန် F-22 တိုက်လေယာဉ် ဖလော်ရီဒါတွင် ပျက်ကျ

အမေရိကန် F-22 တိုက်လေယာဉ် ဖလော်ရီဒါတွင် ပျက်ကျ

အမေရိကန် လေတပ်မှ F-22 တိုက်လေယာဉ် တစ်စင်းသည် ကြာသပတေးနေ့က ဖလော်ရီဒါတွင် ပျက်ကျ
ခဲ့ကြောင်း သိရှိရသည်။ Raptorဟု လူသိများသည့် အမေရိကန်လေတပ် မဟာဗျူဟာမြောက် တိုက်လေ
ယာဉ်သည် ဖလော်ရီဒါရှိ တင်ဒေါလ် လေတပ်အခြေစိုက် စခန်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်မှူးသည် ဘေး
အန္တရာယ် ကင်းရှင်းစွာ ထွက်ခွာ လွတ်မြောက်ခဲ့ကြောင်း အခြေစိုက်စခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား

အစ္စရေးက အရန်စစ်မှုထမ်းများကို တပ်လှန့်ထား

အစ္စရေး ကာကွယ်ရေး ဝန်ကြီးဖြစ်သူ အီဟွတ်ဘာရတ်က နိုင်ငံအတွင်းရှိ အရန်စစ်မှုထမ်း (၃၀၀၀၀)ကျော်
ကို တပ်လှန့်မှု ပြုလုပ်ထားလိုက်ကြောင်း သိရှိရသည်။ ဂါဇာဒေသတွင် မြေပြင်ထိုးစစ် စတင်ရန် လိုအပ်မည့် အလားအလာများ ပေါ်ပေါက်လာသည့်နောက်ဘာရက်ကအရန်တပ်များကိုစုစည်းထားရန် စေခိုင်းခဲ့ခြင်း ဖြစ်
သည်။

Visa ကတ်များကို ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်

Visa ကတ်များကို ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်

Visa ကတ်များကို အသုံးပြုနိုင်မည်ဆိုပါက လတ်တလောတွင် ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်
ကြာင်း သိရသည်။ အဆိုပါ Visa ကတ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်အသုံးပြုနိုင်ရန် ဆောင်
ရွက်လျက်ရှိကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အလွဲသုံးစား ပြည်သူ့ဘဏ္ဍာများ ပြန်မပေးလျှင် ၀န်ကြီးဌာနများ တရားစွဲခံရမည်

ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထားသည် (ဓာတ်ပုံ – ဧရာဝတီ)
အစိုးရ၀န်ကြီးဌာန ၁၅ ခုက ယမန်နှစ်ဘဏ္ဍာနှစ်အတွင်း အလွဲသုံးစား ထားသောပြုလုပ်ထား ပြည်သူ့ဘဏ္ဍာ များကိုနိုင်ငံတော်သို့ပြန်လည်ပေးသွင်းခြင်းမရှိပါက၀န်ကြီးဌာနများကိုတရားစွဲဆိုသွားမည် ဖြစ်ကြောင်း ပြည်
ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြောဆိုလိုက်သည်။

ဝက်ဘ်ဆိုက်များ ဖြုတ်ချပေးဖို့၊ ရေးသားသူများ၏ ကိုယ်ရေးအချက်အလက်များ ထုတ်ပြန်ပေးဖို့ ကမ္ဘာ့အစိုးရများက ဂူဂဲလ်ထံ မေတ္တာရပ်ခံနှုန်းများ သိသိသာသာ မြင့်တက်လာ

ကမ္ဘာတစ်ဝန်းမှ အစိုးရများသည် ၎င်းတို့ မနှစ်သက်သည့် အချက်အလက်များ ပါရှိသော ၀က်ဘ်ဆိုက်များကို ဂူဂဲလ်ကရှာဖွေဖော်ပြခြင်းမပြုဘဲဖုတ်ချပေးရန်၊အစိုးရများမနှစ်သက်သော ၀က်ဘ်ဆိုက်များကို ရေးသားသူ
များ၏ကိုယ်ရေးအချက်အလက်များကို ဂူဂဲလ်က သက်ဆိုင်ရာ အစိုးရများအား ထုတ်ပေးရန်ဟူ၍ ဂူဂဲလ်ကို ကမ္ဘာတစ်ဝန်းအစိုးရများကအကြောင်းကြားမှု၊မေတ္တာရပ်ခံမှု၊အကျပ်ကိုင်ခဲ့မှုပေါင်းသည်၂၀၁၂ပထမခြောက်
လအတွင်း အကြိမ်ပေါင်း ၂၁၀၀၀ နီးပါးထိရှိခဲ့ကြောင်းသိရသည်။ တစ်ရက်လျှင် ပျမ်းမျှ ၁၁၅ ကြိမ်နီးပါး ဖြစ်
သည်။

ခင်မောင်တိုး (သို့မဟုတ်) ငတိုး အမှတ်တရ

အမေရိကား ဖျော်ဖြေပွဲ ခရီးစဉ်တုန်းက ခင်မောင်တိုး (ဓာတ်ပုံ- စန္ဒယား အောင်ဝင်း / Facebook)
ငတိုးလို့ ခေါ်တဲ့ ကျနော့်သူငယ်ချင်း ခင်မောင်တိုးကို စသိရတာ ၁၉၆၆ ခုနှစ် ရန်ကုန်စက်မှုတက္ကသိုလ်(RIT) ပထမနှစ် စတက်တုန်းကပါ။ အဲဒီတုန်းက သမိုင်းဝင်း နတ်မောက်ဆောင်မှာ အတူနေရတာ၊ နောက် ဒုတိယနှစ်မှာ အင်းလေးဆောင်၊ တတိယနှစ် RIT ကျောင်းဝင်းထဲပြောင်း တော့လည်း အတူတူနေပေါ့။

ယနေ့ မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော်သမ္မတရုံး၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ၊ အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် နိုင်ငံတော်သမ္မတကြီးမှတွေ့ဆုံ

နိုင်ငံတော်သမ္မတကြီးသည် ယနေ့ မွန်းလွဲ(၂)နာရီတွင် နိုင်ငံတော်သမ္မတရုံး၌ နိုင်ငံတော်ဗဟိုသံဃာ့ဝန်
ဆာင်ဆရာတော်ကြီးအမှူးပြုသောဆရာတော်ကြီးများ၊အစ္စလာမ်ဘာသာဝင် အကြီးအကဲများနှင့် တွေ့ဆုံ
ကာ ရခိုင်ပြည်နယ်ဖြစ်စဉ်အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဂါဇာကမ်းမြှောင် ဒေသမှ ဟားမတ်စ်တို့ ပစ်လွှတ်နေသော ဒုံးပျံများကို အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေး စနစ်က လေထဲတွင် တားဆီး ဖျက်ချနေ

အစ္စရေးသည်ယခုအခါဟားမတ်စ်တို့၏ရန်လိုမှုအတွက် တုံ့ပြန်ရန် မြေပြင်တပ်များကို အသင့်ပြင်ဆင်ထားပြီး ဂါဇာကိုထိုးဖောက်ဝင်ရောက်ရန်အသင့်ရှိနေသည်။စစ်သွေးကြွများသည်အစ္စရေးတောင်ပိုင်းရှိ တဲလ်အဗစ်
ဗ်နှင့်အခြားသောမြို့များသို့ရည်ရွယ်ပြီးဒုံးကျည်များပစ်ခတ်နေရာယင်းကိုအစ္စရေး၏ ဒုံးကျည်ကာဒိုင်း စနစ်က
 ကာကွယ်ဖျက်ဆီးနေရခြင်း ဖြစ်သည်။

သံတွဲမှဆရာဝန်တစ်ဦး အစာအဆိပ်သင့်ကာသေဆုံး

Thandwedoctor



သံတွဲမြို့နယ်၊ ကျီးကန်းရဲရွာမှ ဒေါက်တာဦးရဲလွင်မှာ နိုဝင်ဘာ(၁၅) ရက်နေ့ကအစာအဆိပ်သင့်ကာ သေဆုံး
သွားကြောင်းသတင်းရရှိသည်။ဒေါက်တာရဲလွင်ဇနီးမောင်နှံနှစ်ဦးမှာ နိုဝင်ဘာ(၁၄)ရက်နေ့ကသံတွဲမြို့မှအပြန်
လမ်းတွင် ဇလွန်ကျေးရွာရှိ ကိုညီလေး ထမင်းဆိုင်တွင် စားသောက်ခဲ့ကြောင်းသိရသည်။

မိမိကိုယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံသားဟု ခံစားမိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အိန္ဒိယသိုမကြာမီကအလည်အပတ်ရောက်ရှိနေခဲ့သောမြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစု
ကြည်ကမိမိသည်အိန္ဒိယနှင့်ဝေးကွာသည်ဟုတစ်ခါမှမခံစားခဲ့မိကြောင်း၊မိမိကိုယ်ကိုတစ်စိတ် တစ်ပိုင်းအား
ဖြင့်အိန္ဒိယနိုင်ငံသားတစ်ဦးဟု ခံစားမိကြောင်း ပြောကြား လိုက်သည်။

ဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက်

ဂါဇာကမ်းမြောင်ဒေသတွင်အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုအတွင်းဟားမတ်စ်စစ်ရေးခေါင်းေ ဆာင် သေ ဆုံး သွားပြီးနောက် ဟားမတ်စ်နှင့် အစ္စရေးတို့အကြား အပြန်အလှန် တိုက်ခိုက်မှုများ မြင့်တက် လာသည်။ဟားမတ်စ်တို့ကအစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ပြီးစ္စရေးလေတပ်က
လည်းဂါဇာကမ်းမြောင်ရှိဟားမတ်စ်အခြေစိုက်စခန်းဖစ်နိုင်ဖွယ် နေရာများကိုလကြောင်းမှ ဗုံးကြဲတိုက်ခိုက်
လျက်ရှိကြောင်CNN သတင်းက ထုတ်လွှင့်ပြသသည်။

အိုဘားမားခရီးစဉ် ကြိုတဲ့ မြန်မာ့မီဒီယာ

အမေရိကန်သမ္မတ ဘာရပ်အိုးဘားမား မြန်မာနိုင်ငံကို ရောက်လာမယ့် ရက် နီးကပ်လာတာနဲ့အမျ မြန်မာသတင်းမီဒီယာတွေမှာ အမေရိကန်သမ္မတခရီးစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာသလို သမ္မတဆိုက်ရောက်လာမယ့် ရန်ကုန်မြို့မှာလည်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

တရုတ်ခေါင်းဆောင်သစ် ရာထူး Xi Jinping ကို ပေးအပ်

ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌလည်းဖြစ်၊ တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေအထွေအတွင်းရေးမှူးအဖြစ် တရုတ်ခေါင်းဆောင် သစ် နေရာ ရာထူးကို Xi Jinping ကို ပေးအပ်လိုက်ပါပြီ။ ဒုသမ္မတ မစ္စတာ Xi ဟာ ရာထူးကနေ အနားယူတော့မယ့် သမ္မတ Hu Jintao ပြီးရင် ပါတီရဲ့ခေါင်းဆောင် ရာထူးကို ဆက်ခံမဲ့သူဖြစ်တယ်ဆိုတာကိုတော့  အချိန်အတော်ကြာကြာ ကတည်းက မျှော်လင့်ထားပြီးဖြစ်ပါတယ်။