Pages

Friday, November 16, 2012

Visa ကတ်များကို ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်

Visa ကတ်များကို ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်

Visa ကတ်များကို အသုံးပြုနိုင်မည်ဆိုပါက လတ်တလောတွင် ATM စက်များတွင်သာ အသုံးပြုနိုင်ဦးမည်ဖြစ်
ကြာင်း သိရသည်။ အဆိုပါ Visa ကတ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်အသုံးပြုနိုင်ရန် ဆောင်
ရွက်လျက်ရှိကြောင်း သမ၀ါယမဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဘဏ်သုံးဘဏ်နဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး အဲဒီဘဏ်သုံးဘဏ်ရဲ့ ATM မှာပဲ သုံးနိုင်ဦး
မှာဖြစ်ပါတယ်။ MPU Network မှာ အသုံးပြုနိုင်ဦးမှာမဟုတ်ဘူး” ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံရှိ က
မ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့နှင့် Visa တို့ ပထမဆုံးလိုင်စင် သဘောတူညီချက်
များကို နိုဝင်ဘာလ ၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်အရ Visa ငွေထုတ်ကတ်များကို မြန်မာနိုင်ငံအတွင်း တရားဝင် လက်ခံသုံးစွဲနိုင်
ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။ Visa ကတ်များကို ATM စက်များနှင့် Point of Sale နေရာများတွင် လက်ခံအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိသဘောတူထားသော ဘဏ်များနှင့်အတူ အီလက်ထရွန်နစ် ငွေပေးချေမှုများကို နိုင်ငံအနှံ့ လုပ်
ဆောင်နိုင်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း Visa အဖွဲ့၏ အရှေ့တောင်အာရှနှင့် သြစတြေးလျ-အာရှဆိုင်ရာ မန်နေဂျာ ပီတာမေဟာကပြောကြားသည်။

မကြာသေးခင်က ကောက်ယူခဲ့သော Visa ကမ္ဘာလှည့် ခရီးသွားရည်ရွယ်ချက်များ စစ်တမ်းအရ ၆၄ ရာခိုင်နှုန်းသော နိုင်ငံတကာခရီးသည်များသည် အာရှပစိဖိတ်ဒေသ အတွင်း ခရီးသွားသည့်အခါ ကတ်ဖြင့်ငွေပေးချေခြင်းကို ပိုမိုလိုလားကြကြောင်း၊ ၅၃ ရာခိုင်နှုန်းသော စစ်တမ်းဖြေသူတို့က ၎င်းတို့သွားရောက်သည့် နိုင်ငံများတွင် အဆင်သင့်ရှိခဲ့လျှင် ATM စက်မှ ငွေထုတ်ယူချင်ကြောင်း သိရှိရသည်။

ထွန်းထွန်း

Internet Jouranal

0 comments:

Post a Comment