Pages

Wednesday, October 16, 2013

ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး

Photo: ဖိလစ်ပိုင်ငလျင် ၇၀ ထက်မနည်း သေဆုံး
Wednesday, October 16, 2013

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ဒေသမှာ ဒီကနေ့ အစောပိုင်းက အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်တာကြောင့် လူ ၇၃ ယောက်ထက် မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

ပြင်းအား ၇ ဒဿမ ၂ ရှိတဲ့ ငလျင်ဟာ ဘိုဟိုလ်ကျွန်းနားမှာ ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူအများစုဟာ အဲဒီဒေသမှာဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်ငယ် အများအပြားကြောင့် အဆောက်အဦးတွေပြိုကျ၊ လမ်းတွေပျက်စီးကုန်ပြီး ထိတ်လန့် ကြောက်ရွံ့နေတဲ့ ဒေသခံတွေဟာ အိမ်တွေ ရုံးတွေထဲကနေ ထွက်ပြေးခဲ့ကြပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒီကနေ့ ဆက်လုပ်နေကြတာနဲ့ အမျှ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ငလျင်ဒဏ်ကြောင့် ဆိုင်တွေ၊ လမ်းတွေ အပြင်းအထန် ပျက်စီးသွားတာကို လူမှုဆက်သွယ်ရေး ကွန်ယက် အင်တာနက်စာမျက်နှာတွေမှာ တင်ထားတဲ့ ပုံတွေမှာတွေ့ရပါတယ်။ 

အဲဒီဒေသက သမိုင်းဝင် အဆောက်အဦး အများအပြား ထိခိုက် ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။

VOA

RangonNewsDaily:: October. 16 .2013
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံးသွားတဲ့ဒေသမှာ ဒီကနေ့ အစောပိုင်းက အင်အားပြင်းတဲ့ ငလျင်တခု လှုပ်ခတ်တာကြောင့် လူ ၇၃ ယောက်ထက် မနည်းသေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရသွားပါတယ်။

"အဆိုတော် စန္ဒီ အတွက် ၀မ်းနည်းစကားဆိုတဲ့ သြရသ"

Photo: "အဆိုတော် စန္ဒီ အတွက် ၀မ်းနည်းစကားဆိုတဲ့ သြရသ"
Wednesday, October 16, 2013

ကျွန်တော့်ကို ဒီနေ့မနက် ၁ နာရီလောက် ကတော့ သူ့အမေက ဖုန်းဆက်သေး တယ်။ 

စန္ဒီ အမောတွေ ဖောက်နေလို့တဲ့။ ကျွန်တော်ကလည်း ညကမှ ဘန်ကောက်က ပြန်ရောက်တာ။ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး မနက်ပိုင်းလောက်က ဆုံးတယ်ပြောတယ်။ သူ့အတွက် နှမြောမိပါတယ်။ 

သူ ပရိသတ်ကို အားပါးတရ သူ့သီချင်းတွေနဲ့ ဖျော်ဖြေဖို့ ကြိုးစားနေဆဲ မှာပဲ ခုလို ဖြစ်သွားတာ စိတ်မကောင်းဘူး။ သူနဲ့ ကျွန်တော် တွဲဆိုထားတဲ့ " လက်ခုပ်နှစ်ဖက်" သီချင်းကလည်း ပရိသတ် လက်ခံအားပေးမှု ရထားတော့ အရင်ကတော့ ဒီသီချင်း ဆိုရင် ပျော်ပျော်ရွှင်ရွှင် နဲ့ ဆိုဖြစ်တယ်။ ခု ဒီသီတင်းကျွတ် မှာ ဒီသီချင်းကို ဘယ်လိုပုံစံ နဲ့ ဆိုရမလဲ ကိုယ့်ကို ကိုယ်မသိဘူး။ 

ညီမလေးအတွက် တကယ်ဝမ်းနည်းပါတယ်။

Popular Journal

RangonNewsDaily:: October. 16 .2013
ကျွန်တော့်ကို ဒီနေ့မနက် ၁ နာရီလောက် ကတော့ သူ့အမေက ဖုန်းဆက်သေး တယ်။

တေးသံရှင် အဆိုတော် စန္ဒီ ၁၅၀၀ ကွယ်လွန်....

Photo: စန္ဒီ ၁၅၀၀ ကွယ်လွန်....

R.I. P

အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ
ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။စန္ဒီရဲ့မိခင်က´´
သမီးလေးက အစာအိမ်ဖြစ်နေတာကြာပြီ။နည်းနည်းလေးကောင်းလိုက်ပြန်
ထလိုက်ဖြစ်နေတာ။အဲဒီအချိန်မှာအသားဝါ ၀င်တာနှစ်ပတ်လောက်ရှိသွား
ုပြီ။ဒီမနက်တော့ ဆုံးသွားတာပါ´´လို့ပြောပြပါတယ်။စန္ဒီရဲ့ရုပ်အလောင်းကို
သောကြာနေ့ ၄ နာရီ၊ ရေးဝေးသုဿန်မှာ သဂြိုဟ်မယ်လို့သိရပါတယ်။သူမ
ဟာ၂၀၁၁ ခုနစ်က ´၁၅၀၀´ VCD ထွက်ရှိခဲ့ပြီးဒုတိယအခွေအတွက်ပြင်
ဆင်လျက်ရှိကာ သီချင်း ၈ ပုဒ်ခန့်ပြီးစီးသွားချိန်မှာပဲ ဆုံးပါးသွားတာဖြစ်ပါ
တယ်။စန္ဒီရဲ့ မိသားစုနဲ့ထပ်တူ၊ပရိသတ်တွေနဲ့ထပ်တူ Sunday journal ကလည်းဝမ်းနည်းမိပါတယ်....။ 

Sunday journal

RangonNewsDaily:: October. 16 .2013
အဆိုတော် သြရသနဲ့ တွဲဖက်သီဆိုတဲ့´လက်ခုပ်နှစ်ဖက်´ သီချင်း၊´၁၅၀၀ ´သီချင်းတွေ သီဆိုအောင်မြင်ခဲ့တဲ့ အဆိုတော် စန္ဒီဟာ ဒီမနက် ၁ နာရီမှာ ပဲကျွန်းတောလမ်း နေအိမ်မှာ ဆုံးသွားပြီလို့သိရပါတယ်။

ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ် လူ၈၅ဦးသေ

Photo: ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ် လူ၈၅ဦးသေ
Wednesday, October 16, 2013

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များ အများ ဆုံးလာရောက်ရာမြို့ဖြစ်သော ဆီဘူမြို့၌ အောက်တိုဘာ၁၅ရက် က ရဒသမ၁မဂ္ဂနီကျုအင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်း ဆုံးလူ၈၅ဦး သေဆုံးခဲ့ပြီး ငလျင် လှုပ်ခတ်ခဲ့သော နယ်မြေတစ်ဝိုက် တွင် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဆီဘူမြို့ ငါးဈေးတစ်ခု၌ လူလေးဦးသေဆုံးခဲ့ပြီး ကျန်တစ် ဦးမှာ ငါးဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်ကာ ကလေးငယ်တစ်ဦး မှာလည်း ကြောက်လန့်တကြား ထွက်ပြေးကြသော လူအုပ်များ ကြား နင်းပိသေဆုံးခဲ့သည်ဟု သိ ရသည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၈နာရီ၁၂မိနစ် ( 0012 GMT ) တွင် ဘာလီလီဟန် ဒေသအရှေ့ဘက်သုံးမိုင်(၅ကီလို မီတာ)အကွာ မြေအောက်အနက် ၁၂မိုင်(ကီလိုမီတာ၂၀)မှ စတင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

သတင်းဓာတ်ပုံများတွင် ဖော်ပြချက်အရ ဘုရားကျောင်း အိုကြီးများ၊ အဆောက်အအုံသစ် များနှင့် တက္ကသိုလ်တစ်ခုပါ ပြိုကျ ပျက်စီးခဲ့သည်ကိုတွေ့ရပြီး အဓိက ကားလမ်းမတချို့မှာလည်း ပျက် စီးခဲ့လေသည်။ ပြည်တွင်းသတင်း ဖော်ပြချက်များအရ ဆီဘူမြို့ဆေး ရုံကြီးများတွင် ငလျင်ကြောင့်ထိ ခိုက်ဒဏ်ရာရသူများနှင့် ပြည့်နှက် နေပြီး ဆေးရုံများမှာလည်း ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုများရှိ ခဲ့သည်ဟု သိရသည်။

ထို့အပြင် အစိုးရသက်ဆိုင် ရာ အာဏာပိုင်များမှာလည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဖုန်း လိုင်းများ၊ ပြတ်တောက်နေသော ကြောင့် အခင်းဖြစ်ရာနေရာများ သို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိ ခဲ့ဟု သိရသည်။ပစိဖိတ်ဆူနာမီစောင့်ကြည့် ရေးစင်တာသည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ဆူနာမီဖြစ်ပေါ်နိုင်သည့် အခြေအနေကို ကြေညာထားခဲ့ ခြင်းမရှိပေ။ ဘာလီလီဟန်ဒေသ တွင် နေထိုင်သူလူဦးရေမှာ ၁၈၅၀၀ ခန့်ရှိသည်ဟု မြို့တော်အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိရ သည်။

Yangon Media Group

RangonNewsDaily:: October. 16 .2013
ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များ အများ ဆုံးလာရောက်ရာမြို့ဖြစ်သော ဆီဘူမြို့၌ အောက်
တိုဘာ၁၅ရက် က ရဒသမ၁မဂ္ဂနီကျုအင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်း ဆုံးလူ၈၅ဦး သေဆုံးခဲ့ပြီး ငလျင် လှုပ်ခတ်ခဲ့သော နယ်မြေတစ်ဝိုက် တွင် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ် များလာသောကြောင့် ရန်ကုန်ဘူတာကြီးတွင် အရပ်ဝတ်လုံခြုံရေးအင်အားတိုးမြှင့်

Photo: ဗုံးပေါက်ကွဲမှုဖြစ်စဉ် များလာသောကြောင့် ရန်ကုန်ဘူတာကြီးတွင် အရပ်ဝတ်လုံခြုံရေးအင်အားတိုးမြှင့် 
Wednesday, October 16, 2013

ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ နှင့် အခြားသောမြို့ များတွင် ဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိ နေမှုကြောင့် တစ်နေ့လျင် ခရီးသည်ဦးရေ  ၉သောင်းခန့် သွားလာလျက်ရှိသော ရန်ကုန်မြို့  ဘူတာကြီးတွင် အရပ်ဝတ် လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ကြောင်း ရထားရဲတပ်ဖွဲ့ အမှတ်(၁၃) တပ်ခွဲ ရန်ကုန်မီးရထား ရဲစခန်းမှ သိရသည်။

အရပ်ဝတ်လုံခြုံရေး အင်အားတိုးချဲ့ ချ ထားရာတွင် ရန်ကုန်မြို့   မြို့ ပတ်ရထား နှင့် ရထားလမ်းတစ်လျောက်ရှိ လမ်းဘူတာများတွင် ၂၄ နာရီ Round လှည့်ကာ တာဝန်ချထားကြောင်း အမှတ် (၁၃)  ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ပြောသည်။

“လက်ရှိအခြေအနေကြောင့် ကျွန်တော်တို့ အနေနဲ့  ရဲယူနီဖောင်းနဲ့ကော အရပ်ဝတ် လုံခြုံရေး အင်အားကိုပါ တိုးမြှင့် ချထားတယ်။ လှည့်ကင်းတွေကို အင်အားကော၊ အချိန်ကောပါ တိုးမြင့်ထားပါတယ် ကျွန်တော်တို့ချထားတဲ့ လုံခြုံရေး အင်အားကိုကျွန်တော်တို့ အနေနဲ့ တာဝန်အရ ပြောပြလို့ မရပါဘူး”ဟု အောင်ကျော်ဦး က ဆိုသည် ။

ယင်းကဲ့သို့ မကြာခဏ ဗုံးတွေမှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်နေခြင်းကြောင့် အထက်မှ ယခင်ထက်လုံ ခြုံရေးအင်အား တိုးမြင့်ရန် တာဝန်ပေးအပ်ထားကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

“ဒီဖြစ်စဉ်မတိုင်မီထဲက ကျွန်တော်တို့တွေ လုပ်နေရတာ ရှိပါတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အခါမှာ ကျွန်တော်တို့တွေ ပိုပြီးတော့ လုပ်လာရတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ တပ်ခွဲမှူးကနေပြီးတော့ လုံခြုံရေးတွေကို တိုးမြင့်ချ ထားဖို့တာဝန်ချထားတဲ့ ကင်းတွေကိုစစ်ဖို့ ခေါ်ပြောတာတော့ ရှိပါတယ်’’ဟု အမှတ်(၁၃) ရန်ကုန် ရထားရဲစခန်းမှ စခန်းမှူး အောင်ကျော်ဦးက ထပ်လောင်း ပြောဆိုသည်။

လက်ရှိတွင် ဖြစ်ပေါ်နေသော ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ရှိများကြောင့် ရန်ကုန်တိုင်း ဒေသကြီးအား နိုင်ငံတော်အဆင့် လုံခြုံရေးသို့ တိုးမြင့်ထားပြီး ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့  ရန်ကုန်တိုင်းဒေသကြီး အနေဖြင့်လည်း ဗုံးအန္တရာယ်အား သတိထားရန် သတင်းထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ အသိပေးထုတ်ပြန်ထားစဉ်အတွင်း အောက်တိုဘာလ  ၁၅ ရက်နေ့  များတွင် ရန်ကုန်မြို့ နှင့်စစ် ကိုင်းတိုင်းဒေသကြီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။


နှင်းနွယ်
မြန်မာ့ခေတ်

RangonNewsDaily:: October. 16 .2013
ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ နှင့် အခြားသောမြို့ များတွင် ဖြစ်ပေါ်နေသည့် ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိ နေမှုကြောင့် တစ်နေ့လျင် ခရီးသည်ဦးရေ ၉သောင်းခန့် သွားလာလျက်ရှိသော ရန်ကုန်မြို့  ဘူတာကြီးတွင် အရပ်ဝတ် လုံခြုံရေးအင်အား တိုးမြှင့်ချထားလိုက်ကြောင်း ရထားရဲတပ်ဖွဲ့ အမှတ်(၁၃) တပ်ခွဲ ရန်ကုန်မီးရထား ရဲစခန်းမှ သိရသည်။

အားကစားကို အာရုံစိုက်လိုသဖြင့် အချစ်ရေးကို အဆုံးသတ်ခဲ့သည့် ကြယ်ပွင့်နှစ်ဦး

Photo: အားကစားကို အာရုံစိုက်လိုသဖြင့် အချစ်ရေးကို အဆုံးသတ်ခဲ့သည့် ကြယ်ပွင့်နှစ်ဦး
Wednesday, October 16, 2013

အားကစား ကဏ္ဍကို ပိုမို အာရုံစိုက်လိုသဖြင့် ထိပ်တန်းအဆင့် အားကစား မောင်မယ်နှစ်ဦး၏ အချစ်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း သိရှိရသည်။ မြောက်အိုင်ယာလန်သား ရိုရီမက်အီလိုရီသည် ကမ္ဘာ့
အဆင့်(၁) ဂေါက်သီး အားကစားသမား ဖြစ်လာရန် မျှော်မှန်းနေပြီးနောက် ၎င်း၏ ပုံစံကောင်းကို အာရုံစူးစိုက် တည်ဆောက်နိုင်ရန် ကာရိုလင်း
ဝေါ့ဇ်နီရက်ကီကို လမ်းခွဲစကား ပြောဆိုခဲ့ကြောင်း သတင်းများက
ဖော်ပြသည်။

ဒိန်းမတ်သူ တင်းနစ်မယ်သည် ကမ္ဘာ့အဆင့်(၁) နေရာတွင် ယခင်က သီတင်းပတ်များစွာ ဦးဆောင် ရပ်တည်ခဲ့ဖူးသည်။ အဓိက ပြိုင်ပွဲကြီး (၂)ရပ်တွင် ဗိုလ်စွဲဖူးသည့် အသက်(၂၄)နှစ်ရှိ ဂေါက်သီးကြယ်ပွင့်၏ ဆုံးဖြတ်ချက်သည် ဝေါ့ဇ်နီရက်ကီကို တုန်လှုပ် ဝမ်းနည်းစေခဲ့ကြောင်းလည်း နီးစပ်သူများက ပြောကြားခဲ့သည်။

အသက်(၂၃)နှစ်ရှိ တင်းနစ်မယ်သည် မက်အီလိုရီ၏ သဘောထားကိုမူ နားလည်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ယင်းစုံတွဲနှင့် နီးစပ်သူများက "ဟုတ်ပါတယ်။ သူတို့နှစ်ယောက် ဇာတ်လမ်းက ပြီးသွားပါပြီ။ နှစ်ယောက်
စလုံးအတွက် ခက်ခဲလွန်းတဲ့ အခြေအနေပါပဲ။ ဒါပေမဲ့ ရေရှည်အတွက်တော့ ဒီဆုံးဖြတ်ချက်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်"ဟု ပြော
ကြားခဲ့သည်။

ဝေါ့ဇ်နီရက်ကီ၏ သူငယ်ချင်း တစ်ဦးက "မျက်ရည်မဆည်နိုင်စရာ အခြေအနေတွေ အများကြီးပါ။ ဝေါ့ဇ်နီရက်ကီဟာ သူ့ရဲ့ Social Network Accountတွေမှာ နှစ်ယောက်တူတူ ပျော်ရွှင်ခဲ့တုန်းက ဓာတ်ပုံတွေကို Profile Picture အနေနဲ့ တင်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောနိုင်တာ သူတို့နှစ်ယောက်ဟာ ခုချိန်မှာ တသီးတခြား ဖြစ်နေပြီ ဆိုတာပါပဲ"ဟု အတည်ပြုခဲ့သည်။ မက်အီလိုရီ၏ မိတ်ဆွေ တစ်ဦးက "သူက ဝေါ့ဇ်နီရက်ကီ
အပေါ် တကယ့်ကို လေးစား တန်ဖိုးထားပါတယ်။ သူတို့နှစ်ယောက် အတူတွဲ ဖြတ်သန်းခဲ့တဲ့ အချိန်တွေကလည်း ပျော်စရာပါပဲ။ သူ့ဆန္ဒက
ဝေါ့ဇ်နီရက်ကီကို အကောင်းဆုံးကလွဲလို့ ဘာနဲ့မှ မနီးစပ်စေချင်ဘူးလေ"ဟု
ပြောဆိုသွားခဲ့သည်။

Planet Myanmar Network


RangonNewsDaily:: October. 16 .2013
အားကစား ကဏ္ဍကို ပိုမို အာရုံစိုက်လိုသဖြင့် ထိပ်တန်းအဆင့် အားကစား မောင်မယ်နှစ်ဦး၏ အချစ်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း သိရှိရသည်။

အရှေ့လေပွေလှိုင်းဟာ အစဉ်အလာအရတော့ မြန်မာနိုင်ငံအောက်ပိုင်းကိုဖြတ်ကျော်ပြီး မိုးပေးလေ့ရှိတယ်လို့ပြောပြတဲ့ ဆရာဦးထွန်းလွင်

RangonNewsDaily:: October. 16 .2013
တိုင်ဖွန်းNari ဟာ (၁၅)ရက်နေ့ န့နက်ပိုင်းကစတင်ပြီး ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို စတင်ဖြတ်

ကျော်ခဲ့ပါတယ်။အခုအချိန်မှာကုန်းတွင်းပိုင်းကိုရောက်နေပြီးအနောက်ဖက်ကိုဆက်လက်ရွေ့လျှားနေပ
တယ်။ကုန်းတွင်းပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အားပျော့လာနေပါတယ်။

ကြည့်ုမြင်တိုင် မြို့နယ်တွင် နေအိမ်ပေါ်အထိ တက်၍ သတ်ဖြတ်မှုတွင် လူသတ်သမားအဖြစ် သံသယရှိသူကို ဖမ်းမိပြီ

RangonNewsDaily:: October. 16 .2013
ကြည့်ုမြင်တိုင်၌ အိမ်ပျော်နေသည့် လူတစ်ဦးအား နေအိမ်ပေါ်အထိတက်၍ သတ်ဖြတ်ခဲ့မှုတွင် လူသတ်သမားအဖြစ် သံသယရှိထားသူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်လိုက်သည်။အဆိုပါ လူသတ်မှုမှာ ကြည့်မြင်တိုင် အောက်ရုံရပ်ကွက်တွင် အောက်တိုဘာ ၁၃ ရက် ည ၉ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနှင့် ဆွီဒင်ပွဲတွင် အိုဇေးလ် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့

Photo: ဂျာမနီနှင့် ဆွီဒင်ပွဲတွင် အိုဇေးလ် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့
Wednesday, October 16, 2013

အာဆင်နယ် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ်အိုဇေးလ်သည် ဂျာမနီနှင့် ဆွီဒင် ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ကစားသမားသည် အထက်ပါ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် ၈၂ မိနစ်တွင် ဂျူလီယန် ဒရက်ဇ်လာနှင့် ချက်ချင်း လူစားလဲခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းသို့ တစ်ဆက်တည်း ၀င်ရောက်သွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် အိုဇေးလ်သည် ဂျာမနီအသင်းအတွက် ပထမဦးဆုံး ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးတွင် ဂျာမနီ အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားသော သတင်းများအရ ရော်ဘင်ဗန်ပါစီသည် အစ္စတန်ဘူလ်၌ တူရကီကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ပထမပိုင်းအပြီးမှာပင် နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသည် ဒဏ်ရာကြောင့် နှုတ်ထွက် ခဲ့ခြင်းဖြစ်သော်လည်း ပွဲအပြီးတွင် ကွင်းအတွင်းသို့ ၀င်ရောက်ကာ နယ်သာလန်အသင်းဖော်များနှင့် အောင်ပွဲခံခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 16 .2013
အာဆင်နယ် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ်အိုဇေးလ်သည် ဂျာမနီနှင့် ဆွီဒင် ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး

RangonNewsDaily:: October. 16 .2013
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင်တွင် HIV/AIDS ရောဂါပိုး ကူးစက်ခံရ၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ကုသမှု ခံယူသူမှာ တစ်လလျှင် ပျမ်းမျှ ၅၀ ဦးခန့် တိုးလျက်ရှိကြောင်း မိတ္ထီလာမြို့နယ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာအေးအေးကျော်က The Voice သို့ ပြောကြားသည်။

ဒလမြို့နယ်တွင် အကြောရောဂါသည် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရ

RangonNewsDaily:: October. 16 .2013
ဒလမြို့နယ်တွင် ကျန်းမာရေး မကောင်းသော အကြောရောဂါဝေဒနာရှင် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရဟုဆိုကာ အမှုဖွင့် တိုင်တန်းမှု တစ်ခုကို အောက်တိုဘာ ၁၄ ရက်တွင် ရဲစခန်းက အမှုဖွင့်စစ်ဆေးနေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရလဒ်နှင့် တွေ့ကြုံစေ မည်ဟု မော်ရစ်ဆင် ဆို

Photo: မန်ချက်စတာစီးတီးကို စိတ်ပျက်ဖွယ်ရလဒ်နှင့် တွေ့ကြုံစေ မည်ဟု မော်ရစ်ဆင် ဆို
Wednesday, October 16, 2013

စနေနေ့တွင် မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားသည့် အခါတွင် ပြိုင်ဘက်အသင်းကို စိတ်ပျက်ဖွယ် ရလဒ်နှင့် တွေ့ကြုံစေရန် ရည်ရွယ်ထားကြောင်း ၀က်စ်ဟမ်း လူငယ်ကစားသမား ရာဗယ် မော်ရစ်ဆင်က ပြောကြားလိုက်သည်။

မော်ရစ်ဆင်သည် ယခုနှစ် ဘောလုံးရာသီတွင် ၀က်စ်ဟမ်းအသင်း၌ ခြေစွမ်းပြသနေပြီး အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်းတွင်လည်း ခြေစွမ်းပြသနေသူ ဖြစ်သည်။

“မန်ချက်စတာစီးတီးနဲ့ ပွဲအတွက် အရမ်းကို စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်ဟာ မန်ချက်စတာယူနိုက်တက် အတွက် ကစားခဲ့ဖူးတယ်ဆိုပေမယ့် မန်ချက်စတာစီးတီးရဲ့ ပထမ ဆယ့်တစ်ယောက် အသင်းနဲ့ တစ်ခါမှ မကစားဖူးသေးပါဘူး။ တော့တင်ဟမ်နဲ့ ပွဲကလို တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အကောင်းဆုံး ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ တွေ့ကြုံစေမှာပါ” ဟု မော်ရစ်ဆင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၂၀ နှစ်အရွယ် ကွင်းလယ်ကစားသမားသည် အင်္ဂလန်က လစ်သူယေးနီးယားကို ၅ ဂိုးပြတ်ဖြင့် အနိုင်ခဲ့သည့် အသက် ၂၁ နှစ်အောက် ပွဲစဉ်တွင် လှပသည့် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 16 .2013
စနေနေ့တွင် မန်ချက်စတာစီးတီးနှင့် ယှဉ်ပြိုင်ကစားသည့် အခါတွင် ပြိုင်ဘက်အသင်းကို စိတ်ပျက်ဖွယ် ရလဒ်နှင့် တွေ့ကြုံစေရန် ရည်ရွယ်ထားကြောင်း ၀က်စ်ဟမ်း လူငယ်ကစားသမား ရာဗယ် မော်ရစ်ဆင်က ပြောကြားလိုက်သည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ(ဥရောပဇုန်) အကျဉ်းချုပ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ(ဥရောပဇုန်) အကျဉ်းချုပ်

၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်နောက်ဆုံးခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက်မှာဘော့စနီးယားအသင်းဟာ ဂိုးကွာခြားချက်နဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့သလို နာမည်ကြီး အင်္ဂလန်လည်း တိုက်ရိုက်ခြေစစ်ပွဲအောင်သွားခဲ့တာပါတယ်။ နောက်ဆုံးပွဲစဉ်မှာ
ပေါ်တူဂီအသင်း အသင်းနိုင်ပွဲ ရခဲ့ပေမယ့် လိုအပ်သလောက် ဂိုးမပြတ်ခဲ့သလို ရုရှားအသင်းကလည်း သရေတစ်မှတ် ရခဲ့တာကြောင့် ရှုံးထွက်ပွဲစဉ် ကစားရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ရလဒ်၊ တိုက်ရိုက်ခြေစစ်ပွဲအောင် အသင်းတွေနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမယ့် အသင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

နောက်ဆုံးပွဲစဉ်ရလဒ်များ

ဆိုက်ပရပ် 0 - 0 အယ်ဘေးနီးယား

ဂရိ 2 - 0 လစ်ခ်ျစတိန်း

လစ်သူရေ။နီးယား 0 - 1 ဘော့စနီးယား

အဇာဘိုင်ဂျန် 1 - 1 ရုရှား

အစ္စရေး 1 - 1 မြောက်အိုင်ယာလန်

ပေါ်တူဂီ 3 - 0 လူဇင်ဘတ်

နော်ဝေ 1 - 1 အိုက်စလန်

ဆွစ်ဇာလန် 1 - 0 စလိုဗေးနီးယား

ဟန်ဂေရီ 2 - 0 အန်ဒိုရာ

ရိုမေးနီးယား 2 - 0 အက်စ်တိုးနီးယား

တူရကီ 0 - 2 ဟော်လန်

လတ်ဗီးယား 2 - 2 ဆလိုဗက်ကီးယား

ဘူလ်ဂေးရီးယား 0 - 1 ချက်

ဒိန်းမတ် 6 - 0 မော်လ်တာ

ဆားဗီးယား 5 - 1 မက်ဆီဒိုးနီးယား

အိုင်ယာလန် 3 - 1 ကာဇတ်စတန်

ဆွီဒင် 3 - 5 ဂျာမနီ

ဖာရိုးကျွန်းစု 0 - 3 သြစတြီးယား

အီတလီ 2 - 2 အာမေးနီးယား

ပြင်သစ် 3 - 0 ဖင်လန်

စပိန် 2 - 0 ဂျော်ဂျီယာ

ဆန်မာရီနို 0 - 8 ယူကရိန်း

မွန်တီနီဂရိုး 2 - 5 မော်လ်ဒိုဗာ

အင်္ဂလန် 2 - 0 ပိုလန်

ဘယ်ဂျီယံ 1 - 1 ဝေးလ်

စကော့တလန် 2 - 0 ခရိုအေးရှား

တိုက်ရိုက်ခြေစစ်ပွဲအောင်အသင်းများနဲ့ ရှုံးထွက်ပွဲစဉ် ကစားရမယ့် အသင်းများ

*ဘယ်ဂျီယံ ခရိုအေးရှား

*အီတလီ ဒိန်းမတ်

*ဂျာမနီ ဆွီဒင်

*ဟော်လန် ရိုမေးနီးယား

*ဆွစ်ဇာလန် အိုက်စလန်

*ရုရှား ပေါ်တူဂီ

*အင်္ဂလန် ယူကရိန်း

*စပိန် ပြင်သစ်

*ဘော့စနီးယား ဂရိ
(*)တိုက်ရိုက်ခြေစစ်ပွဲအောင် အသင်းများ

ခြေစစ်ပွဲတွင် ဂိုးအများဆုံး သွင်းယူခဲ့တဲ့ကစားသမားများ

ဗန်ပါစီ 11ဂိုး

ဒီဇီကို 10ဂိုး

အိုင်ဘီစီဗစ် 8ဂိုး

အိုဇဲလ် 8ဂိုး

ရွန်နီ 7ဂိုး
http://yoyarlay.com/sport/football/38349-2013-10-16-08-02-36
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: October. 16 .2013 ၂၀၁၄ ကမ္ဘာ့ဖလား ဥရောပဇုန်နောက်ဆုံးခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက်မှာဘော့စနီးယား
အသင်းဟာ ဂိုးကွာခြားချက်နဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့သလို နာမည်ကြီး အင်္ဂလန်လည်း တိုက်ရိုက်ခြေ
စစ်ပွဲအောင်သွားခဲ့တာပါတယ်။

အာဆင်နယ်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိပါက အသင်းပြောင်းရွှေ့ရန် စဉ်းစားရတော့မည်ဟု ဗာမယ်လန်း ထုတ်ဖော်

RangonNewsDaily:: October. 16 .2013
အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် အသင်းခေါင်းဆောင် နောက်ခံ ကစားသမား ဗာမယ်လန်က ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့် အာဆင်နယ်မှ ထွက်ခွာရန်
စဉ်းစားနေပြီဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုလိုက်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံဗဟိုနောက်ခံလူ ဗာမယ်လန်က အာဆင်နယ်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိသည့်အပေါ် စိတ်ပျက်နေပြီး ယခုအတိုင်းဆိုပါက ၎င်း၏ အနာဂတ်အတွက် စဉ်းစားရတော့မည်ဖြစ်ကြောင်း ဆိုခဲ့သည်။