Pages

Wednesday, October 16, 2013

ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ် လူ၈၅ဦးသေ

Photo: ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်လှုပ် လူ၈၅ဦးသေ
Wednesday, October 16, 2013

ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များ အများ ဆုံးလာရောက်ရာမြို့ဖြစ်သော ဆီဘူမြို့၌ အောက်တိုဘာ၁၅ရက် က ရဒသမ၁မဂ္ဂနီကျုအင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်း ဆုံးလူ၈၅ဦး သေဆုံးခဲ့ပြီး ငလျင် လှုပ်ခတ်ခဲ့သော နယ်မြေတစ်ဝိုက် တွင် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။

ဆီဘူမြို့ ငါးဈေးတစ်ခု၌ လူလေးဦးသေဆုံးခဲ့ပြီး ကျန်တစ် ဦးမှာ ငါးဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်ကာ ကလေးငယ်တစ်ဦး မှာလည်း ကြောက်လန့်တကြား ထွက်ပြေးကြသော လူအုပ်များ ကြား နင်းပိသေဆုံးခဲ့သည်ဟု သိ ရသည်။ အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၈နာရီ၁၂မိနစ် ( 0012 GMT ) တွင် ဘာလီလီဟန် ဒေသအရှေ့ဘက်သုံးမိုင်(၅ကီလို မီတာ)အကွာ မြေအောက်အနက် ၁၂မိုင်(ကီလိုမီတာ၂၀)မှ စတင် ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု သိရသည်။

သတင်းဓာတ်ပုံများတွင် ဖော်ပြချက်အရ ဘုရားကျောင်း အိုကြီးများ၊ အဆောက်အအုံသစ် များနှင့် တက္ကသိုလ်တစ်ခုပါ ပြိုကျ ပျက်စီးခဲ့သည်ကိုတွေ့ရပြီး အဓိက ကားလမ်းမတချို့မှာလည်း ပျက် စီးခဲ့လေသည်။ ပြည်တွင်းသတင်း ဖော်ပြချက်များအရ ဆီဘူမြို့ဆေး ရုံကြီးများတွင် ငလျင်ကြောင့်ထိ ခိုက်ဒဏ်ရာရသူများနှင့် ပြည့်နှက် နေပြီး ဆေးရုံများမှာလည်း ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုများရှိ ခဲ့သည်ဟု သိရသည်။

ထို့အပြင် အစိုးရသက်ဆိုင် ရာ အာဏာပိုင်များမှာလည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဖုန်း လိုင်းများ၊ ပြတ်တောက်နေသော ကြောင့် အခင်းဖြစ်ရာနေရာများ သို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိ ခဲ့ဟု သိရသည်။ပစိဖိတ်ဆူနာမီစောင့်ကြည့် ရေးစင်တာသည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ဆူနာမီဖြစ်ပေါ်နိုင်သည့် အခြေအနေကို ကြေညာထားခဲ့ ခြင်းမရှိပေ။ ဘာလီလီဟန်ဒေသ တွင် နေထိုင်သူလူဦးရေမှာ ၁၈၅၀၀ ခန့်ရှိသည်ဟု မြို့တော်အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိရ သည်။

Yangon Media Group

RangonNewsDaily:: October. 16 .2013
ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြား ကမ္ဘာလှည့်ခရီးသည်များ အများ ဆုံးလာရောက်ရာမြို့ဖြစ်သော ဆီဘူမြို့၌ အောက်
တိုဘာ၁၅ရက် က ရဒသမ၁မဂ္ဂနီကျုအင်အားရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်း ဆုံးလူ၈၅ဦး သေဆုံးခဲ့ပြီး ငလျင် လှုပ်ခတ်ခဲ့သော နယ်မြေတစ်ဝိုက် တွင် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဆီဘူမြို့ငါးဈေးတစ်ခု၌လူလေးဦးသေဆုံးခဲ့ပြီးကျန်တစ် ဦးမှာငါးဈေးအနီးတွင် သေဆုံးခဲ့ ခြင်းဖြစ်ကာကလေး
ငယ်တစ်ဦး မှာလည်း ကြောက်လန့်တကြား ထွက်ပြေးကြသော လူအုပ်များ ကြားနင်းပိသေဆုံးခဲ့သည်ဟုသိ 
ရသည်။ 
 
အဆိုပါငလျင်သည် ဒေသစံတော်ချိန် ၈နာရီ၁၂မိနစ် ( 0012 GMT ) တွင် ဘာလီလီဟန် ဒေသအရှေ့ဘက်
သုံးမိုင်(၅ကီလို မီတာ)အကွာ မြေအောက်အနက် ၁၂မိုင်(ကီလိုမီတာ၂၀)မှ စတင်ဗဟိုပြုကာလှုပ်ခတ်ခဲ့ခြင်း
ဖြစ် သည်ဟု သိရသည်။

သတင်းဓာတ်ပုံများတွင် ဖော်ပြချက်အရ ဘုရားကျောင်း အိုကြီးများ၊ အဆောက်အအုံသစ် များနှင့် တက္ကသိုလ်
တစ်ခုပါ ပြိုကျ ပျက်စီးခဲ့သည်ကိုတွေ့ရပြီး အဓိက ကားလမ်းမတချို့မှာလည်း ပျက် စီးခဲ့လေသည်။
 
 ပြည်တွင်းသတင်း ဖော်ပြချက်များအရ ဆီဘူမြို့ဆေး ရုံကြီးများတွင် ငလျင်ကြောင့်ထိ ခိုက်ဒဏ်ရာရသူများ
နှင့် ပြည့်နှက် နေပြီး ဆေးရုံများမှာလည်း ငလျင် ကြောင့် ထိခိုက်ပျက်စီးမှုများရှိ ခဲ့သည်ဟု သိရသည်။

ထို့အပြင် အစိုးရသက်ဆိုင် ရာ အာဏာပိုင်များမှာလည်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဖုန်း လိုင်းများ၊ ပြတ်
တောက်နေသော ကြောင့် အခင်းဖြစ်ရာနေရာများ သို့ အချိန်မီရောက်ရှိနိုင်ခြင်းမရှိ ခဲ့ဟု သိရသည်။
 
ပစိဖိတ်ဆူနာမီစောင့်ကြည့် ရေးစင်တာသည် ပစိဖိတ်သမုဒ္ဒရာ အတွင်း ဆူနာမီဖြစ်ပေါ်နိုင်သည့် အခြေ
အနေကို ကြေညာထားခဲ့ ခြင်းမရှိပေ။ ဘာလီလီဟန်ဒေသ တွင် နေထိုင်သူလူဦးရေမှာ ၁၈၅၀၀ ခန့်ရှိသည်
ဟု မြို့တော်အစိုးရ ဝက်ဘ်ဆိုက်မှတစ်ဆင့် သိရှိရ သည်။

Yangon Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment