Pages

Wednesday, October 16, 2013

ဂျာမနီနှင့် ဆွီဒင်ပွဲတွင် အိုဇေးလ် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့

Photo: ဂျာမနီနှင့် ဆွီဒင်ပွဲတွင် အိုဇေးလ် ဒူးခေါင်းဒဏ်ရာ ရရှိခဲ့
Wednesday, October 16, 2013

အာဆင်နယ် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ်အိုဇေးလ်သည် ဂျာမနီနှင့် ဆွီဒင် ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် ကစားသမားသည် အထက်ပါ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် ၈၂ မိနစ်တွင် ဂျူလီယန် ဒရက်ဇ်လာနှင့် ချက်ချင်း လူစားလဲခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းသို့ တစ်ဆက်တည်း ၀င်ရောက်သွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် အိုဇေးလ်သည် ဂျာမနီအသင်းအတွက် ပထမဦးဆုံး ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးတွင် ဂျာမနီ အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားသော သတင်းများအရ ရော်ဘင်ဗန်ပါစီသည် အစ္စတန်ဘူလ်၌ တူရကီကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ပထမပိုင်းအပြီးမှာပင် နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသည် ဒဏ်ရာကြောင့် နှုတ်ထွက် ခဲ့ခြင်းဖြစ်သော်လည်း ပွဲအပြီးတွင် ကွင်းအတွင်းသို့ ၀င်ရောက်ကာ နယ်သာလန်အသင်းဖော်များနှင့် အောင်ပွဲခံခဲ့သည်။

Soccer Myanmar

RangonNewsDaily:: October. 16 .2013
အာဆင်နယ် ကွင်းလယ်တိုက်စစ် ကစားသမား မီဆွတ်အိုဇေးလ်သည် ဂျာမနီနှင့် ဆွီဒင် ပွဲစဉ်တွင် ဒူးခေါင်းဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ် ကစားသမားသည် အထက်ပါ ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် ၈၂ မိနစ်တွင် ဂျူလီယန် ဒရက်ဇ်လာနှင့် ချက်ချင်း လူစားလဲခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းသို့ တစ်ဆက်တည်း ၀င်ရောက်သွားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် အိုဇေးလ်သည် ဂျာမနီအသင်းအတွက် ပထမဦးဆုံး ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲအပြီးတွင် ဂျာမနီ အသင်းက ၅ ဂိုး ၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အခြားသော သတင်းများအရ ရော်ဘင်ဗန်ပါစီသည် အစ္စတန်ဘူလ်၌ တူရကီကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ပထမပိုင်းအပြီးမှာပင် နှုတ်ထွက်ခဲ့ကြောင်း သိရသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးသည် ဒဏ်ရာကြောင့် နှုတ်ထွက် ခဲ့ခြင်းဖြစ်သော်လည်း ပွဲအပြီးတွင် ကွင်းအတွင်းသို့ ၀င်ရောက်ကာ နယ်သာလန်အသင်းဖော်များနှင့် အောင်ပွဲခံခဲ့သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment