RangonNewsDaily:: October. 16 .2013
အာဆင်နယ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့်
အသင်းခေါင်းဆောင် နောက်ခံ ကစားသမား ဗာမယ်လန်က ပွဲထွက်ခွင့်ပျောက်ဆုံးနေသည့်
အာဆင်နယ်မှ ထွက်ခွာရန်
စဉ်းစားနေပြီဖြစ်ကြောင်း
အရိပ်အမြွက်ပြောဆိုလိုက်သည်။ အသက် ၂၇ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံဗဟိုနောက်ခံလူ
ဗာမယ်လန်က အာဆင်နယ်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိသည့်အပေါ် စိတ်ပျက်နေပြီး ယခုအတိုင်းဆိုပါက ၎င်း၏ အနာဂတ်အတွက် စဉ်းစားရတော့မည်ဖြစ်ကြောင်း ဆိုခဲ့သည်။
ဘယ်လ်ဂျီယံအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို အောင်မြင်ထားပြီးဖြစ်ကာ
နောက်ဆုံး ၁၂ နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်ရာ ဗာမယ်လန် အနေဖြင့် အာဆင်နယ်တွင်
ပုံမှန်ပွဲထွက်ကစားခွင့် မရရှိပါက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့်
ဘယ်လ်ဂျီယံအသင်းတွင် နေရာပျောက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ဗာမယ်လန်သည် အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးကို ရယူပြီးနောက်ပိုင်း ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာများ ကြုံတွေ့လာခဲ့ကာ ခြေစွမ်းမပြသနိုင်တော့သောကြောင့်
နည်းပြ အာစင်ဝင်းဂါးက ၎င်းနေရာတွင် ပြင်သစ်နောက်ခံလူ ကိုစီရယ်နီကို
အစားထိုးသုံးစွဲလာခဲ့သည်။
ဗာမယ်လန်သည် အာဆင်နယ်အသင်းခေါင်းဆောင်ရာထူးက
0 comments:
Post a Comment