Pages

Thursday, March 14, 2013

ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော် သည် ပါတီမှ မတ်လ ၈ရက်နေ့တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။

၁၀ တန်းစာမေးပွဲ ရခိုင်နှင့်မွတ်စလင် သီးခြား ဖြေဆိုခိုင်းနေ


ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်ပွဲတခုတွင် ရိုးရာ တူရိယာများနှင့်အတူ တွေ့ရသော မြို ၊ ခမီး တိုင်းရင်းသား တချို့(ဓာတ်ပုံ – Van Dhammika)


ရခိုင်ပြည်နယ် အတွင်း မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်စေရန် အတွက်ဟု ဆိုကာ ၁၀ တန်းစာဖြေးပွဲကို ရခိုင်နှင့် မွတ်စလင် သီးခြားစီ ဖြေဆိုကြရကြောင်း သတင်းရရှိသည်။ယခုကဲ့သို့ သီးခြား
စီ စာမေးပွဲဖြေဆိုခြင်းသည် လုံခြုံစိတ်ချရကြောင်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲ တွဲဖက် အထကမှ ကျောင်းဆရာ ဦးသန်းဝင်းက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက် စိစစ်ရေးကော်မတီ အတည်ပြု

နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက် စိစစ်ရေးကော်မတီ အတည်ပြု

သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အဲဒီကော်မတီဟာ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်မှာရှိတဲ့ My Garden စားသောက်ဆိုင်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အခုလို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲကို တတ်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက RFA ကို ခုလိုပြောပြပါတယ်။

"အကျဉ်းကျ နိုင်ငံရေးအကျဉ်းသား စိစစ်တော့မယ်ဆိုရင် ဘယ်လူဘယ်ပုဂ္ဂိုလ်တွေ ဘယ်ပြစ်မှုမျိုးတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်မယ်ဆိုတာ အခြေခံလိုအပ်ချက်ပါ၊ အဲဒါပြီးတော့မှ နိုင်ငံရေးအကျဉ်းသားအရေအတွက် ဘယ်လောက်ရှိလဲ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆက်ပြီးတော့ညှိနှိုင်းရမယ်၊ အခြေခံအကျဆုံးကတော့ နိုင်ငံရေးအကျဉ်းသားကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုတယ်"

အဲဒီဆွေးနွေးပွဲကို ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသား အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံသားမည်သူမည်ဝါမဆို နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးဖြစ်ထွန်းစေမှုကို ယုံကြည်လို့ဖြစ်စေ၊ နစ်နာဆုံးရှုံးနေတယ်ဆိုပြီး ယုံကြည်လို့ဖြစ်စေ၊ နိုင်ငံရေးလှုပ်ရှားမှု ပုံသဏ္ဍာန်အမျိုးမျိုးကိုဆောင်ရွက်လို့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေ၊ အဲဒီဆောင်ရွက်ချက်တွေနဲ့ ဆက်စပ်ပြီး စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူတွေ၊ အစိုးရရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတရပ်ရပ်က နိုင်ငံရေးရည်ရွယ်ချက်နဲ့ ပြစ်မှုကြောင်းအရ အရေးယူခံရသူ မည်သူ့ကိုမဆို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ကြောင်း အဲဒီဆွေးနွေးပွဲအပြီးမှာ အခုလို ထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်သတ်မှတ်ဖွင့်ဆိုချက်ကို နောက်ကျင်းပမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဆွေးနွေးပွဲမှာ တင်ပြသွားမယ်လို့လည်း သိရပါတယ်။

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်ပြီး ၀န်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့  နိုင်ငံရေးပါတီအချို့က တာဝန်ရှိသူတွေပါဝင်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဇန်န၀ါရီလ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။


သမ္မတရုံးက ဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီက နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးဒီကနေ့အတည်ပြုထုတ်ပြန်လိုက်ပါတယ်။အဲဒီကော်မတီဟာ ဒီကနေ့မှာ
နိုင်ငံရေးအကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုချက်ဆွေးနွေးပွဲကိုရန်ကုန်မြို့၊ပည်သူ့ဥယျာဉ်မှာရှိတဲ့MyGarden စား
သာက်ဆိုင်မှာ ကျင်းပခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အခုလို ဆုံးဖြတ်သတ်မှတ်ခဲ့တာပါ။

လက်ပန်တောင်းတောင် တောင်သူလယ်သမားများသို့ အကြံပြုချက်

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ 

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင်၊ ၀မ်ပေါင်နဲ့ အခြား အကျိုးအမြတ် ရရှိနေသူများတွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။ (စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေအတွက် ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြထားပါတယ်။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် - ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ့ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

အပိုဒ်ခွဲ (ခ) လေထုညစ်ညမ်းမှု အခြေအနေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်။ ဒီအပိုဒ် (၇၃) အပိုဒ်ခွဲ (ခ) အရ သေချာဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီ လုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေက ဆွဲထုတ်ပြပြီး စီမံကိန်းအပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံသင့်ပါတယ်။ ( အပိုဒ်ခွဲ - ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍လည်း -

စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု ပါရှိပါတယ်။ ထိုတင်ပြမှုမျိုးမှာ အရေးယူဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြတောင်းဆိုသူတွေအတွက်) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ်။  ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေအရ အရေးယူပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့ မရဘူးလို့ မြင်ပါတယ်။

(၂၀၀၈ အခြေခံဥပဒေ။ အခန်း (၈) ပုဒ်မ၃၄၇။ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထိုအပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူခွင့်ပေးရမည်။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင်တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်)။

အဘယ်သို့ ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့အချိန် တင်ပြအဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည်ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်း စဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံအဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကော်မရှင်ဥက္ကဌ ရာထူးပေး၍ စုံစမ်းစစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံလူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည်မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထုအကြည်ညို ပျက်စေရန်။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာအပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံအဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက်အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာရှိသည်ကို သတိချပ်စေချင်သည်။ (ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူးဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါဟု မည်သူ အာမခံ တာဝန်ယူမလဲ။

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ၊ နောက် ဗုံးကိစ္စတွေကို ပြောကြားရာမှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။ (ထိရောက်ဖို့ အရေးကြီးပါတယ်)။

သို့ပါ၍ ကျွန်တော်တို့ အားလုံးဟာ စိတ်ဓါတ်ပြင်းထန်မှုနှင့်အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာနှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံတရား၊ ပိုင်းခြားဝေဖန်ခြင်း၊ နှံ့ စပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန် မျှော်မြင်သုံးသပ်ခြင်းတို့ကို မမေ့မလျောပဲ တိုက်ပွဲသတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာကျကျ နည်းဗျုဟာမှန်မှန် နဲ့ ဆက်လက်တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲဝင်နေသူတွေ မိမိတို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်းသွားနိုင်ပါတယ်။

စိတ်ဆန္ဒကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ်လိမ္မာ၍ ပညာသားပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း၏ အမြင်ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်

၁၃-၃-၁၃။
အော် ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ တိုင်းပြည်အကျိုးကိုသယ်ပိုးရင်း
ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။ အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။ ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။

ဇီဂျင်ပင်းအား တရုတ်နိုင်ငံသမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်”

တရုတ်နိုင်ငံ၏ ယနေ့ ပြုလုပ်သည့် National People's Congress တွင် အာဏာရပါတီခေါင်းဆောင် ဇီဂျင်ပင်းအား သမ္မတအဖြစ် တရားဝင် အတည်ပြုခန့်အပ်လိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ချက်များ ကို မုံရွာမြို့တွင် ဒေသခံတစ်ရာကျော်က ထောက်ခံကြောင်းအော်ဟစ်၏ အားပေး

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ပြန်အရောက်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ်ရှေ့တွင် ခန့်မှန်းခြေဒေသခံတစ်ရာကျော်ကာစုဝေးစောင့်ဆိုင်းကာသူမ၏လုပ်ရပ်များကိုထောက်ခံကြောင်း အော်
ဟစ်အားပေးခဲ့ကြသည်ဟု ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။

NLD ပါတီမှထုတ်ပယ်ခံထားရသူ ဒေါ်နော်အုံးလှနဲ့ ခွန်ဒီးယမ်း ဘာကွာသလဲ

နော်အုံးလှနဲ့ ခွန်ဒီးယမ်း ဘာကွာသလဲ
Thursday, March 14, 2013

လက်ပံတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကန့်ကွက် ပြော ဆိုမှု များ ရှိလာသည်။ မသိနားမလည်သည့် ရွာသူရွာသားများနှင့် တိုင်းပြည်ဆူပူဖို့သာ ရည်ရွယ်ချက် ရှိေ သာ ၈၈ နှင့် ဗကသတို့ကိုတော့ မပြောလို။ ထိုသို့ ကန့်ကွက် ပြောဆိုကြသည့် အထဲတွင် မှ နော်အုံးလှနှင့် ခွန်ဒီးယမ်း ဆိုသော မိန်းမပျက်တို့အကြောင်းကို သာ ပြောလိုသည်။

( မိန်းမပျက်ဟု အဘယ်ကြောင့် ခေါ်ရ သလဲ ဆိုသော် မိန်းမဟု ပြော လိုက် ၊ ယောက်ျား ဟု ပြောလိုက်၊ Eleven မှ ဝေဖြိုးအပါအ၀င် လူပေါင်း များစွာမှ အတည်ပြု ထားပြီး သိရှိပြီး ဖြစ်သည့် ကိစ္စကိုနာမည်အပျက် ခံပြီး ငြင်းသော ကြောင့် ဖြစ်သည်။)

နော်အုံးလှ ဆိုသည်မှာကား အန်အယ်လ်ဒီပါတီမှ ထုတ်ပယ်ထားခြင်း ခံရသူ အမျိုးသမီး ဖြစ်သည်။ ဒေါ်ေ အာင် ဆန်းစုကြည် အကျယ်ချုပ် ကျစဉ်အ တွင်း ရွှေ တိဂုံ တက်ကာ ဒေါ်စု လွတ်မြောက်ရေး ဆုတောင်း ပေး ခဲ့ သူ ဖြစ်သည်။ မည်သည့် အထောက်အပံ့များဖြင့် လုပ်သည်တော့မပြောတတ် ။ ဒေါ်စု လွတ်မြောက်ပြီး နောက် ပိုင်း တွင် ဆန္ဒပြသည့် ပွဲတိုင်းပါသူ ဖြစ် လာသည်။

နောက်ဆုံး ၀မ်ပေါင်ကုမဏီကို ဆန္ဒပြမှုဖြင့် အဖမ်း ခံရစဉ်က အချုပ် ကား ပေါ်တွင် ပြုံးပျော်ရွှင်မြူးပြီး ဆုတံဆိပ် ရလုနီးနီး ဖြစ်ခဲ့သည်။ ထိုမှတစ်ဖန် လုပ် ကွက် ရှားပါးလာမှု၊ သူများတွေကဲ့သို့ ကချင်ပြည် နယ်အထိလည်း လမ်းမလျှောက်နိုင်မှု တို့ကြောင့် တိုက်ခိုက် စရာ မှာ ဒေါ် အောင် ဆန်း စုကြည်သာ ဖြစ်လာလေတော့သည်။

ယခင်က တစ်မေတည်း မေခဲ့ရာမှ အထောက်အပံ့တို့ လမ်းကြောင်း ပြောင်း သည့်အခါ၊ ဘီဘီစီ တို့ အော်သံ ပြောင်း သည့်အခါ နော်အုံးလှလည်း လမ်းကြောင်း ပြောင်းကာ ဒေါ်စုကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်ေ လတော့ သည်။ နော်အုံးလှ ကဲ့သို့ပင် တစ်ချိန်က တစ်မေတည်း မေခဲ့သော ခွန်ဒီး ယမ်း(ခေါ်) The Ladies ဂျာနယ်မှ အယ်ဒီတာချုပ်ကြီးသည်လည်း NLD နိုင်ငံ လုံး ဆိုင်ရာ ညီလာခံ အစမှ ဒေါ်စု ကို တိုက်ခိုက်မှုများ ပြုလာသည်။

ထို့ပြင် ထို မိန်းမပျက်၏ အကောင့်ခွဲတစ်ခုဖြစ်သော ဒီမိုဖက်တီးတွင် လည်း ဒေါ်စုကို ဆန္ဒပြ ဆူပူရန် မြှောက်ပင့် ၏။ ဒေါ်စု၏ ဓာတ်ပုံများကို တယု တယ ဖော်ပြဖူးသည့် သူမအကောင့်တွင် ၅၀၀ တန် ဒေါ်စုပုံ အား ဘော ပင်ဖြင့် ဆွဲကာ မြေပေါ်ချထားသည့် ပုံများတင်ခဲ့သည်။ယခုတော့ အခြေအနေ များ ပြန်လည် ငြိမ်သက်သည့် အခါတွင်တော့ နော်အုံးလှနှင့် ခွန်ဒီးယမ်း တို့ နှစ်ေ ယာက် တစ်မေတည်း ပြန်မေကြလေပြီ။ ရုတ်တရတ် အမေ့ကို ပြန် ချစ်သော သမီးဝက်များ ပြန်ဖြစ် သွား ကြေ လပြီ။ အဘယ်ကြောင့်ဆိုသော် သူမတို့ မျှော်လင့်ထားသကဲ့သို့ ဒေါ်စုကို ဆန့်ကျင်ကန့်ကွက်မှုများ လိုက် ပါ မလာ သည့် အတွက် ဖြစ်ပေတော့၏။
တတ်လည်းတတ်နိုင်သော ဒီမိုဝက်များပေ တကား။

Myanmar Daily Star

လက်ပံတောင်း ကြေးနီစီမံကိန်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ကန့်ကွက် ပြော ဆိုမှု များ ရှိလာသည်။ မသိနားမလည်သည့် ရွာသူရွာသားများနှင့် တိုင်းပြည်ဆူပူဖို့သာ ရည်ရွယ်ချက် ရှိေ သာ ၈၈ နှင့် ဗကသတို့ကိုတော့ မပြောလို။ ထိုသို့ ကန့်ကွက် ပြောဆိုကြသည့် အထဲတွင် မှ နော်အုံးလှနှင့် ခွန်ဒီးယမ်း ဆိုသော မိန်းမပျက်တို့အကြောင်းကို သာ ပြောလိုသည်။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ လက်ပန်တောင်းတောင် အနီးတ၀ိုက်ရွာများမှ ဒေသခံများနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် ယနေ့တစ်ရွာဝင်တစ်ရွာထွက် သွားရောက်ခဲ့သော ရွာများထဲရွာသစ်၊ဒုံးတော၊ကံကုန်း၊ကျော်ရွာ၊မိုးကြိုးပြင်ရွာများတွင် ကော်မရှင်၏အစီရင်ခံစာအကြောင်း ရှင်းလင်းပြောကြားချက်များကို ကျေနပ်လက်ခံခဲ့ကြပြီး ဆည်တဲရွာဟောင်းတစ်ရွာတွင်သာ လက်မခံခဲ့ကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

Facebook News Feed ဒီဇိုင်းသစ်ယူမယ်

Facebook News Feed ဒီဇိုင်းသစ်ယူမယ်

Facebook က News Feed ဒီဇိုင်းသစ် ပေးတော့မှာပါ။ ဇူကာဘတ် ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ့ ရှင်းလင်းပြသပြီးပြီ ဖြစ်ပါတယ်။ မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ဒါဆိုရင် Facebook က News Feed ဗားရှင်း အသစ်ပေးတဲ့အခါ ကိုယ့်ဟာ လည်း အလိုအလျောက်ပြောင်းသွားမှာပါ။ ထူးခြားတာကတော့ ပုံခပ်ကြီးကြီး ခပ်ရှင်းရှင်းမြင်ရတာမျိုး ဖြစ်ပါတယ်။ မိုဘိုင်းဗားရှင်းနဲ့ ကွန်ပြူတာ ဗားရှင်း ကွာခြားမှု သိပ်မရှိတော့ပါဘူး။ စာထက် ပုံ လိုဂို အသုံးပြုမှုများလာမယ့် ဗားရှင်း အသစ်က မိုဘိုင်းနဲ့တောင် နီးစပ်တယ်လို့ ဆိုကြပါတယ်။

Fresh Feed တို့လို UI လည်းပါလာပြီး ကိုယ် Feed လိုချင်တဲ့ Soure တွေဆီကနေပဲ ရအောင် Option ပေးထားလို့လည်းရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် News Feed ဗားရှင်း အသစ်ကို လိုချင်ရင် အောက်ပါ လခ့်မှာ ဝင်ရောက်၍ Click လုပ်ထားနိုင်ပါတယ်။

https://www.facebook.com/about/newsfeed

-
ရိုးရာလေး နည်းပညာ

Re-Post By ACM 14-3-2013
အေးချမ်းမွန် Credit to >>YoYarLay<< Thank

Facebook က News Feed ဒီဇိုင်းသစ် ပေးတော့မှာပါ။ ဇူကာဘတ် ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ့ ရှင်းလင်းပြသပြီးပြီ ဖြစ်ပါတယ်။ မကြာမီ ရရှိတော့မှာပါ။ ယင်း ဒီဇိုင်းသစ် Timeline ကို အသုံးပြုချင်တယ် ဆိုရင် အောက်ပါ လခ့်မှာ ဝင်လို့ Waiting List ကို cick နှိပ်ထားနိုင်ပါတယ်။

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် ကန့်သတ်သွားမည်

ယခုနှစ် မန်းသင်္ကြန် ကျုံးပတ်လည် မဏ္ဍပ်အရေအတွက် 
ကန့်သတ်သွားမည်
Thursday, March 14, 2013

မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

”စည်းရုံးသိမ်းသွင်းပြီးမှ ဒါကို လုပ်သွားမှာပါ” ဟု ၎င်းက ပြော သည်။နှစ်စဉ်နှစ်တိုင်း မန္တလေး မြို့ တွင်း၌ ရေကစား မဏ္ဍပ် ဆောက်လုပ်မှုမှာ လေးခုထက်မပိုခဲ့သော်လည်း ကျုံးပတ်လည်တွင်ရေကစားမဏ္ဍပ် ဆောက်လုပ်မှုများမှာ မဏ္ဍပ် ၄ဝ နီးပါးအထိ ရှိနေကြောင်း မန်းမြို့ တော် စည်ပင်စာရင်းများအရ သိရ သည်။

”ဒီနှစ် မဟာသင်္ကြန်မှာ ကျုံးဘေးအပြင် မြို့ထဲမှာပါ စည်ကားချင်တယ်။ ဒါက ရည်ရွယ်ချက်။ ငယ်ငယ်ကလေးကတည်းက ကျုံးဘေးက စည်းကားမှုကိုလည်း မပယ်ဖျက်သွားဘူး။ အသေးစိတ်တော့ ဆက်ညှိသွားမယ်” ဟု ဦး သက်နိုင်ထွန်းက ဆက်ပြောသည်။

မန်းစည်ပင် အခွန်ဌာနမှူး ဦးအောင်စိုးက နှစ်စဉ်နှစ် တိုင်း ဆောင်ရွက်နေကျ ဖြစ်သော မဏ္ဍပ်များကို မဲစနစ်ဖြင့် နေရာချ ပြီး မတ်လ ၁၅ ရက်နေ့တွင် စတင်ဆောက်လုပ်ခွင့်ပြုမည်ဟု ပြောသည်။ ”မဏ္ဍပ် အရေအတွက်ကတော့ အတိအကျနဲ့ ဒီအချိန်မှာ ပြောဖို့ ခက်ပါတယ်။ ချထားပေးပြီးမှပဲ သိမယ်” ဟု ဦးအောင်စိုး က ဆိုသည်။မန်းမြို့တော်စည်ပင်က ကျုံး ဘေးပတ်လည် မဏ္ဍပ်ချထားပေး မှုကို ၆၆-လမ်း ကျုံးအရှေ့ဘက်၊ ၂၆-လမ်း ကျုံးတောင်ဘက်၊ လမ်း-၈ဝ၊ ကျုံးအနောက်ဘက် နှင့် ၁၂ လမ်းကျုံးမြောက်ဘက်တို့ တွင် ပြုလုပ်ပြီး ယခုနှစ်တွင် ကန့် သတ်သွားမည့် ပမာဏကိုမူ ထုတ်ဖော် မပြောပေ။

မန္တလေး ဒေသခံတစ်ဦးဖြစ် သူ ကိုဇော်မျိုးက ”နေရာစုံ စည် တော့ ကောင်းတာပေါ့။ ကျုံးဘေး ပတ်လည် အစဉ်အလာ ဖျက်တာ လည်း မဟုတ်ဘူးလေ” ဟု သူ့ အမြင်ကို ပြောသည်။ ၂ဝ၁၃ ခုနှစ် မန်းမဟာသင်္ကြန် ပွဲတော်တွင် မဏ္ဍပ်များကို စည်း ကမ်းတကျ ဖြစ်စေရန် စည်းကမ်း ချက်များကို ထုတ်ပြန်ထားပြီး မလိုက်နာပါက စည်ပင်သာယာ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ကြေညာ ထားသည်။

PN-051
Popular Myanmar News Journal

Thursday, March 14, 2013
မန်းမြို့တော် စည်ပင်က ယခုနှစ် သင်္ကြန်ပွဲတော်တွင် ကျုံးဘေးပတ်လည် မဏ္ဍပ်ဆောက်လုပ်ခွင့်ချထားပေးမှုအပေါ် ကန့်သတ်သွားရန်ရှိကြောင်း တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ထွက်ခွာသွားပြီ

၃ နာရီ ၂၀ မိနစ်အချိန်တွင် နယ်မြေခံသတင်းထောက်၏ သတင်းပေးပို့ချက် အရ ဒေါ်အောင်ဆန်းစုကြည်
သည် စီမံကိန်းဧရိယာများကို သွားရောက် စစ်ဆေးပြီး နေပြည်တော်သို့ ထွက်ခွာသွားကြောင်း သိရသည်။

တပ်မတော် နယ်လှည့် ဆေးကုသရေး မြစ်ရေယာဉ် (ရွှေပုစွန်) ပြန်လည် ရောက်ရှိ

တပ်မတော် နယ်လှည့် ဆေးကုသရေး မြစ်ရေယာဉ် (ရွှေပုစွန်) ပြန်လည် ရောက်ရှိ

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ မြစ်ရေယာဉ် (ရွှေပုစွန်)သည် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များအား တင်ဆောင်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဘိုကလေးမြို့၊ မော်လမြိုင် ကျွန်းမြို့၊ မအူပင်မြို့၊ ရွှေလောင်းမြို့၊ ဝါးခယ်မမြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့တို့သို့ ရောက်ရှိပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဒေသခံ ပြည်သူ ၇၃၃၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

အဆိုပါ မြစ်ရေယာဉ် (ရွှေပုစွန်)သည် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်က ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်သို့ ပြန်လည် ရောက်ရှိရာ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုခဲ့ ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှ မြစ်ရေယာဉ် (ရွှေပုစွန်)သည် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့ များအား တင်ဆောင်၍ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဘိုကလေးမြို့၊ မော်လမြိုင် ကျွန်းမြို့၊ မအူပင်မြို့၊ ရွှေလောင်းမြို့၊ ဝါးခယ်မမြို့၊ မြောင်းမြမြို့၊ ပုသိမ်မြို့တို့သို့ ရောက်ရှိပြီး နယ်လှည့် ဆေးကုသရေး အဖွဲ့များက ဒေသခံ ပြည်သူ ၇၃၃၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ယနေ့ နေ့လည် ၂နာရီ၁၅မိနစ်တွင် ဆည်တဲ ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြခံရ