Pages

Thursday, March 14, 2013

လက်ပန်တောင်းတောင် တောင်သူလယ်သမားများသို့ အကြံပြုချက်

ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။

အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ 

ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။

ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင်၊ ၀မ်ပေါင်နဲ့ အခြား အကျိုးအမြတ် ရရှိနေသူများတွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။ (စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေအတွက် ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြထားပါတယ်။

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် - ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ့ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည် နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

အပိုဒ်ခွဲ (ခ) လေထုညစ်ညမ်းမှု အခြေအနေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်။ ဒီအပိုဒ် (၇၃) အပိုဒ်ခွဲ (ခ) အရ သေချာဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီ လုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေက ဆွဲထုတ်ပြပြီး စီမံကိန်းအပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံသင့်ပါတယ်။ ( အပိုဒ်ခွဲ - ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍လည်း -

စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု ပါရှိပါတယ်။ ထိုတင်ပြမှုမျိုးမှာ အရေးယူဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြတောင်းဆိုသူတွေအတွက်) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ်။  ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေအရ အရေးယူပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့ မရဘူးလို့ မြင်ပါတယ်။

(၂၀၀၈ အခြေခံဥပဒေ။ အခန်း (၈) ပုဒ်မ၃၄၇။ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထိုအပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူခွင့်ပေးရမည်။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင်တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်)။

အဘယ်သို့ ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့အချိန် တင်ပြအဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည်ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်း စဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံအဝန်းမှ ချစ်ခင် ယုံကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကော်မရှင်ဥက္ကဌ ရာထူးပေး၍ စုံစမ်းစစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံလူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည်မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထုအကြည်ညို ပျက်စေရန်။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာအပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံအဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက်အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အစဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓကများစွာရှိသည်ကို သတိချပ်စေချင်သည်။ (ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်ဘူးဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမလိုအပ်ပါဟု မည်သူ အာမခံ တာဝန်ယူမလဲ။

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ၊ နောက် ဗုံးကိစ္စတွေကို ပြောကြားရာမှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေကတော့ ကျွန်တော်တို့ ပြောချင်တာတွေကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေကို မလှုပ်သာအောင် တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။ (ထိရောက်ဖို့ အရေးကြီးပါတယ်)။

သို့ပါ၍ ကျွန်တော်တို့ အားလုံးဟာ စိတ်ဓါတ်ပြင်းထန်မှုနှင့်အတူ မိမိရင်ထဲ ရှိနေသော အစိုင်အခဲကို ချက်ချင်း ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာနှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံတရား၊ ပိုင်းခြားဝေဖန်ခြင်း၊ နှံ့ စပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန် မျှော်မြင်သုံးသပ်ခြင်းတို့ကို မမေ့မလျောပဲ တိုက်ပွဲသတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာကျကျ နည်းဗျုဟာမှန်မှန် နဲ့ ဆက်လက်တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ်လို့ မျှော်လင့်ပါတယ်။ တိုက်ပွဲဝင်နေသူတွေ မိမိတို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်းဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်းက အသွင်ပြောင်းသွားနိုင်ပါတယ်။

စိတ်ဆန္ဒကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ်လိမ္မာ၍ ပညာသားပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း၏ အမြင်ဖြစ်ပြီး ဗကသများ အဖွဲ့ချုပ်၏ အာဘော် မဟုတ်ကြောင်း၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်

၁၃-၃-၁၃။
အော် ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ တိုင်းပြည်အကျိုးကိုသယ်ပိုးရင်း
ဒေသခံတို့ နှင့် တိုက်ပွဲဝင်သူများသို့ အကြံပြုချက်။ အစီရင်ခံစာကို ကျကျ နန စေ့စေ့ စပ်စပ် ဖတ်ကြည့်စေချင်ပါတယ်။ဒီလိုပြောလို့ ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေ လစ်လျုပြောတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး စာကို ဆုံးအောင် ဖတ်စေချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် လက်တွဲတိုက်ပွဲဝင်ခဲ့တဲ့ ဒီတိုက်ပွဲ အပေါ် ရှုမြင်ထားတဲ့ စေတနာအမြင်နဲ့ အကြံပေးကြည့်တာပါ။ ကျွန်တော့်အမြင်တော့ ပညာသားပါတဲ့ အစီရင်ခံစာလို့ မြင်တယ်။ ဖော်ပြချက်တွေကို လိုက်နာ ပြုပြင်နိုင်စွမ်း မရှိရင် ( ရပ် ) လို့ မပြောယုံတမယ်ပဲ။ ကျင်ကြီး စွန့်ချင်စွန့် ကျင်ငယ် မစွန့်ရလို့ ခွင့်ပြုသလို ဖြစ်နေတဲ့ အစီရင်ခံစာမို့ ဝမ်ပေါင် ဦးပိုင် ခေါင်းစားစရာတွေ အများကြီး ပါပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အစီရင်ခံစာရဲ့ အကြံပေးချက်တွေကို ဦးပိုင်၊ ၀မ်ပေါင်နဲ့ အခြား အကျိုးအမြတ် ရရှိနေသူများတွေ မလုပ်ချင်တဲ့ အရာတွေ များပါတယ်။ ဒီအချက်တွေ လုပ်မပေးခဲလို့ ခုလို ဒေသခံတွေရဲ့ နစ်နာမှုတွေ ဖြစ်ပေါ်လာတာပါပဲ။ (စီမံကိန်း ဆက်လုပ်သင့် ဆိုတာမျိုး ) လက်မခံနိုင်စရာအချို့ ပါကောင်းပါလည်း ဒေသခံတွေအတွက် ဆောင်ရွက်ပေးရမယ့် လုပ်ငန်းတွေ အပါအဝင် စီမံကိန်း ဆက်လုပ်ရင် လိုအပ်တာတွေရော ဖော်ပြထားပါတယ်။
အော် ခံယူချက် ယုံကြည်ချက် အပြည့်နဲ့ တိုင်းပြည်အကျိုးကိုသယ်ပိုးရင်း

လွဲမှားတဲ့အယူအဆလေးကို စေတနာနဲ့ ပြုပြင်ရှင်းလင်းပြသဘို့ အညာနွေပူ

ကို အရွယ်နဲ့မမျ အံတုရင်း ကြိုးစားရှာပေမယ့် အယူလွဲမှားသူများ၏ တုံ့ပြန်

မှုတွေက စိတ်မကောင်းစရာပါလား

အသေအချာပြန်တွေးကြည့်ကြပါ

အမေအရွယ်ရှိတဲ့ သူမ ခင်ဗျာမှာ အပူတောထဲတိုး လူတောထဲတိုး

 ခေါင်းမရှောင်တဲ့ ကောင်းဆောင်ကောင်းပါ

သူမကို  ဒီလိုပုံမျိုးမမြင်ချင်တာအမှန်ပါ


အေးချမ်းမွန်

Photo From: Popular Myanmar News Journal

နမူနာ ဆွဲထုတ်ပြရလျှင် အစီရင်ခံစာတွင် - ပတ်ဝန်းကျင် သိပ္ပံ အဖွဲ့၏ လေ့လာတွေ့ ရှိချက်အဖြစ် -

စာပိုဒ် ၇၀။ အပိုဒ်ခွဲ (က) ဂေဟစနစ် မှာ အထူးသဖြင့် ကံကုန်းကျေးရွာရှိ ရေတွင်းများမှ မြေအောက်ရေသည်

 နိုင်ငံတကာက သတ်မှတ်ထားသော သောက်သုံးရေ စံနှုန်းထက် နိမ့်ကျသည်ကို တွေ့ရှိရကြောင်း။

အပိုဒ်ခွဲ (ခ) လေထုညစ်ညမ်းမှု အခြေအနေ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေဝန်းကျင်တွင် ဖုန်မှုန့်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကို တွေ့ရှိရကြောင်း။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ၊ အပိုဒ် (၇၃) အပိုဒ်ခွဲ (ခ)။ ဘာသာရပ်နှင့် ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်။ ဒီအပိုဒ် (၇၃) အပိုဒ်ခွဲ (ခ) အရ သေချာဖတ်ကြည့်လျှင် ဒီ ကြေးနီစီမံကိန်းသည် နိုင်ငံတော်အဆင့် ဥပဒေနှင့်အညီ လုပ်ဆောင်နေသော စီမံကိန်း မဟုတ်ကြောင်း ပေါ်လွင်နေတယ်။ အားနည်းချက်တွေ အများကြီး ထောက်ပြထားပါတယ်။

ဖော်ပြပါရှိသလို အခြားအချက်များကို တိုက်ပွဲဝင်သူတွေက ဆွဲထုတ်ပြပြီး စီမံကိန်းအပေါ် မေးခွန်းထုတ်ပြီး အချက်ကျကျ တိုက်ပွဲဝင်နိုင်ရန် စီမံသင့်ပါတယ်။ ( အပိုဒ်ခွဲ - ဃ မှာလည်း အားနည်းချက်တွေ တွေ့ရှိရတာကို ဖော်ပြထားပါတယ်။)

သပိတ်စခန်းနှင့် ပတ်သက်၍လည်း -

စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု ပါရှိပါတယ်။ ထိုတင်ပြမှုမျိုးမှာ အရေးယူဆောင်ရွက်ရာတွင် (အရေးယူပေးရန် ဆန္ဒပြတောင်းဆိုသူတွေအတွက်) အကောင်းဆုံး သက်သေ ရလာဒ်လို့ မြင်ပါတယ်။ ဤအချက်ကို ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသလို တိုက်ပွဲဝင်သူများဘက်မှ တရားဥပဒေအရ အရေးယူပေးရန် တရားရုံးကို ဦးတိုက်လျှောက်လျှင် အရေးမယူပဲ နေလို့ မရဘူးလို့ မြင်ပါတယ်။

(၂၀၀၈ အခြေခံဥပဒေ။ အခန်း (၈) ပုဒ်မ၃၄၇။ ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်။ ထိုအပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူခွင့်ပေးရမည်။) လို့ ပါရှိပါတယ်။

ဒီနေရာမှာ စဉ်းစားသင့်တာက တိုက်ပွဲ ဝင်နေသူတွေ ကိုယ်တိုင်ပါပဲ။

စီမံကိန်းကို မရပ်တန့်တာကို မကျေနပ်တာလား ။

စီမံကိန်းလုပ်နေတဲ့ ဝမ်ပေါင် နဲ့ ဦးပိုင်တို့ကို မကျေနပ်တာလား ။

(၂) ခုလုံးကို မကျေနပ်တာလား ( စီမံကိန်း လုံးဝ ရပ်ဆိုင်းရန်)။


အဘယ်သို့ ဖြစ်စေချင်တယ်ဆိုတဲ့ ဆန္ဒကို ကျကျနန အချက်အလက် ထောင့်စေ့စွာ တင်ပြဖို့ အခွင့်အရေး ရနေတဲ့အချိန် တင်ပြအဖြေရှာနိုင်ရန် အကျိုးရှိစွာ အသုံးချသင့်သည်ဟု ယူဆပါသည်။

နောက်ထပ် ထပ်သွင်း စဉ်းစားသင့်တာက မူလပထမက လက်ပံတောင်းဒေသနှင့် နိုင်ငံအဝန်းမှ ချစ်ခင် ယုံ

ကြည် အားကိုးတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်းတဲ့ အချက်တွေပါ ။

၁။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကော်မရှင်ဥက္ကဌ ရာထူးပေး၍ စုံစမ်းစစ်ဆေးပါ ဆိုကတည်းက လူထုနှင့် ဆက်ဆံရေး ကို အန္တရာယ်ရှိ လမ်းကြောင်းပေါ်သို့ ပညာသားပါစွာ တင်ပေးခြင်းဆိုတာ လက်ခံပါသလား ။

၂။ အကယ်၍ ၎င်းတို့ မျှော်မှန်းထားသည့် အတိုင်း ဒေသခံလူထုမှ လက်မခံလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့်

 ဒေသခံလူထု ဆက်ဆံရေး ထိခိုက်လျက် -

(က) ဒေါ်အောင်ဆန်းစုကြည်မှ အားနည်းချက် တစုံတရာဖြစ်လျှင် လူထုအကြည်ညို ပျက်စေရန်။

(ခ) ဒေါ်အောင်ဆန်းစုကြည် ပါဝင်သော အစီရင်ခံစာအပေါ် မကျေနပ်ဘူး ဆိုသော ဒေသခံတို့အား ဒေါ်

အောင်ဆန်းစုကြည်ကို ကြည်ညိုသော နိုင်ငံအဝန်းမှ လူထုက လက်ပံတောင်းလှုပ်ရှားသူတို့၏ တိုက်ပွဲကို ဆက်လက်အားပေးခြင်းမှ ရပ်တန့်သွားစေရန်။

(၃) နိုင်ငံ့အရေးကိစ္စများသည် အလွန်ပရိယာယ်များကြောင်း ခေါင်းဆောင်တိုင်း သိကြမည် ထင်ပါသည်။ အ

စဉ်အဆက် သပ်လျို သွေးခွဲမှု လမ်းစဉ်ကို နည်းအမျိုးမျိုး နဲ့ သုံးစွဲ၍ ဖြိုခွဲခဲ့ကြသည်ကို သမိုင်းတွင် သာဓက
များစွာရှိသည်ကို သတိချပ်စေချင်သည်။ (ယခုလည်း အစီရင်ခံစာ လက်ခံ လက်မခံ နှစ်ဘက် ဝိရောဓိတွေ စနေပြီ မို့လား၊ ဒါ ဘယ်သူ့ အကြိုက်လည်း စဉ်းစားစေချင်၏)

(၄) အရေးကြီးဆုံးက (အားလုံးကို မေးတာပါ) ဒီကနေ့ နိုင်ငံတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်

ဘူးဆိုလျှင် ယုံကြည်ရတဲ့သူ မည်သူရှိသလဲ။ ရှေ့ဆက်ရမယ့် ကာလများမှာ ဒေါ်အောင်ဆန်းစုကြည် လုံးဝမ
လိုအပ်ပါဟု မည်သူ အာမခံ တာဝန်ယူမလဲ။

(၅) လတ်တလော ဒီစီမံကိန်းရဲ့ အားနည်းချက်တွေ၊ နောက် ဗုံးကိစ္စတွေကို ပြောကြားရာမှာ ဘယ်သူပြောတာဖြစ်ဖြစ် အရေးစိုက်ခံရခြင်း မရှိခဲ့ဘူး ဆိုတာ အားလုံးအသိပါပဲ။

ဒီအစီရင်ခံစာထဲက စီမံကိန်းအပေါ် အားနည်းချက်တွေ ၊ ဗုံးကိစ္စတွေကတော့ ကျွန်တော်တို့ ပြောချင်တာ

တွကို ဦးပိုင်၊ ဝမ်ပေါင် နဲ့ သက်ဆိုင်ရာတွေကို မလှုပ်သာအောင်တရားဝင် ကမ္ဘာသိ ပြောကြားပေးထားတာ ဆိုတာ ထည့်စဉ်းစာရမှာပါ။ (ထိရောက်ဖို့ အရေးကြီးပါတယ်)။

သို့ပါ၍ ကျွန်တော်တို့ အားလုံးဟာ စိတ်ဓါတ်ပြင်းထန်မှုနှင့်အတူ မိမိရင်ထဲ ရှိနေသောအစိုင်အခဲကိုချက်ချင်း

 ဖြေဖျောက်ရန် မစွမ်းသာသော်လည်း မိမိတို့၏ လိုရာနှင့် အခြေအနေကို ဆောင်ရွက်ရာတွင် ဆင်ခြင်တုံတ
ရား၊ ပိုင်းခြားဝေဖန်ခြင်း၊ နှံ့ စပ်စွာ သိနားလည်ခြင်း၊ ရှေ့ဆက်နိုင်ရန် မျှော်မြင်သုံးသပ်ခြင်းတို့ကို မမေ့မလျော
ပဲ တိုက်ပွဲသတိဖြင့် ပန်းတိုင်ကို ချီတက်သင့်ပါတယ်။

မဟာဗျုဟာကျကျ နည်းဗျုဟာမှန်မှန် နဲ့ ဆက်လက်တိုက်ပွဲ ဝင်တတ်ရင် ကျေနပ်စရာတွေ ရလာမယ်လို

့ မျှော်လင့်ပါတယ်။ တိုက်ပွဲဝင်နေသူတွေ မိမိတို့ အလိုရှိရာကို အစီရင်ခံစာပါ အချက်တွေ ကိုင်စွဲပြီး တောင်း
ဆိုနိုင်ရင် ကျေနပ်စရာ အောင်ပွဲ ရနိုင်ပါတယ်။ အစီရင်ခံစာ အချက်တွေ ဆောင်ရွက်ပေးနိုင်ရင် ဒီစီမံကိန်း
က အသွင်ပြောင်းသွားနိုင်ပါတယ်။

စိတ်ဆန္ဒကို အလိုပြည့်အောင် ဘယ်လို ဖြည့်စည်းရမလဲဆိုတာ မိမိတို့၏ ကံ၊ ဥာဏ်၊ ဝရီယ အပေါ်မှာလည်း မူတည်ပါတယ် ။

ကျွန်တော် လေးစားသော လက်ပံတောင်းတောင် တိုက်ပွဲဝင် ရဲဘော်များသည် ပါးနပ်လိမ္မာ၍ ပညာသားပါပါ မိမိတို့ လိုရာကို ချီတက်နိုင်ရန် ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားပေးနိုင်ရန် အကြံပေးခြင်း ဖြစ်ပါသည်။

ဤစာစုပါ အကြံပေးချက်များသည် ကျွန်တော်တစ်ဦးတည်း၏ အမြင်ဖြစ်ပြီးဗကသများအဖွဲ့ချုပ်၏ အာဘော်

 မဟုတ်ကြောင်း၊ ကိုယ်စားပြုပြောကြားခြင်း မဟုတ်ကြောင်း သိစေအပ်ပါသည်။

ကိုရဲရင့်ကျော်
၁၃-၃-၁၃။

Rangonnewsdaily

0 comments:

Post a Comment