Pages

Thursday, March 14, 2013

လှည်းတန်းခုံးကျော်တံတား ဧပြီ ၁ဝ ရက်တွင် စတင်အသုံးပြုခွင့်ရမည်

လှည်းတန်းခုံးကျော်တံတား ဧပြီ ၁ဝ ရက်တွင် စတင်အသုံးပြုခွင့်ရမည်
Thursday, March 14, 2013

ဧပြီလ ၁ဝ ရက်နေ့တွင် လှည်းတန်းခုံးကျော်တံတားပေါ်မှ ကားများ
စတင် ဖြတ်သန်းနိုင်တော့မည်ဟု ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။

အဆိုပါ တံတား စတင်အသုံး ပြုနိုင်ပါက ပြည်လမ်းတွင် သွားလာ နေသော ယာဉ်များကြောင့် ယာဉ် ကြောကျပ်မှု ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိ လျော့ကျသွားရန်ရှိ ကြောင်း၊ ယင်းအပြင် နာနတ်တော မီးပွိုင့်ကိုပါ စနစ်ပြောင်းလဲရန်လို ကြောင်း၊ လှည်းတန်းမှ ဆင်းလာ သည့်ကားများ သည် မြေနီကုန်းတွင် သွားရောက်ပိတ်ဆို့နေသည့်အ တွက် မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန် လိုအပ်ကြောင်း အများ ပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်
အဖွဲ့မှ ဥက္ကဋ္ဌ ဦးကြည် သိန်းက ပြောသည်။

အလုံမြို့နယ်နေ အငှားယာဉ် မောင်းတစ်ဦးကလည်း ''လှည်းတန်း တံတားက နာနတ်တောမီးပွိုင့် ကို မကျော်လို့ ပြည်လမ်းမကြီးအတိုင်း မြို့ထဲကို လာတဲ့ကားတွေဆို နာနတ်တောမီးပွိုင့်မှာ ပိတ်ဦးမှာပဲ။ အင်းစိန်ကနေ မြို့ထဲကိုလာတဲ့ကား တွေကတော့ အဆင်ပြေသွားမယ်'' ဟု လှည်းတန်းခုံးကျော်တံတား ပြီး စီးပါက ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ပြောသည်။

ဧပြီလတွင် စတင်အသုံးပြုနိုင် မည့် လှည်းတန်းခုံးကျော်တံတား
ပေါ်တွင် ကွန်တိန်နာကားများမောင်း နှင်ခွင့် ပေးမည်မဟုတ်ပေ။
ရန်ကုန်မြို့၏ ယာဉ်ကြောပိတ် ဆို့မှု ပြေလည်စေရန် လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံတိုင် လမ်းဆုံ အပြင် မြေနီကုန်းနှင့် တာမွေလမ်း ဆုံတို့တွင်လည်း ခုံးကျော်တံတား များ တည်ဆောက်သင့်သည်ဟု ဦးကြည်သိန်းက ထပ်လောင်းပြော သည်။

လှည်းတန်း ခုံးကျော်တံတား ကို ၂ဝ၁၂ ခုနှစ်ဖေဖော်ဝါရီမှ စတင်ကာ
ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခဲ့ပြီး တည် ဆောက်စရိတ်
၁၄ ဒသမ ၄၈၇ ဘီလျံအကုန်ကျခံ ဆောက်လုပ်နေ ခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေးကို ကုမ္ပဏီမှ ဦးစွာ စိုက်ထုတ်ဆောင်ရွက်ပြီး ရန်ကုန် စည်ပင်မှ ပြန်လည်ပေးချေ သွားမည်ဖြစ်ကာ ပြည်သူများထံမှ တံတားဖြတ်သန်းခ ကောက်ခံမည် မဟုတ်ပေ။

ယင်းတံတားသည် ရန်ကုန်မြို့ ၌ ၂ဝ၁၂ ခုနှစ်အတွင်း စတင် တည်ဆောက် ခဲ့သည့် ခုံးကျော် တံတားသုံးစင်းအနက် ပထမဦးစွာ ပြီးစီးမည့် တံတား
ဖြစ်သည်။

ဝေမာထွန်း
Popular Myanmar News Journal

Thursday, March 14, 2013
ဧပြီလ ၁ဝ ရက်နေ့တွင် လှည်းတန်းခုံးကျော်တံတားပေါ်မှ ကားများ စတင် ဖြတ်သန်းနိုင်တော့မည်ဟု ရန်ကုန်စည်ပင်မှ သတင်းရရှိသည်။ အဆိုပါ တံတား စတင်အသုံး ပြုနိုင်ပါက ပြည်လမ်းတွင် သွားလာ နေသော ယာဉ်များကြောင့် ယာဉ် ကြောကျပ်မှု ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိ လျော့ကျသွားရန်ရှိ ကြောင်း၊ ယင်းအပြင် နာနတ်တော မီးပွိုင့်ကိုပါ စနစ်ပြောင်းလဲရန်လို ကြောင်း၊ လှည်းတန်းမှ ဆင်းလာ သည့်ကားများ သည် မြေနီကုန်းတွင် သွားရောက်ပိတ်ဆို့နေသည့်အ တွက် မြေနီကုန်း လမ်းဆုံတွင်လည်း ခုံးကျော်တံတား တစ်စင်းတည်ဆောက်ရန် လိုအပ်ကြောင်း အများ ပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့မှ ဥက္ကဋ္ဌ
 ဦးကြည် သိန်းက ပြောသည်။

အလုံမြို့နယ်နေ အငှားယာဉ် မောင်းတစ်ဦးကလည်း ''လှည်းတန်း တံတားက နာနတ်တောမီးပွိုင့် ကို မကျော်လို့ ပြည်လမ်းမကြီးအတိုင်း မြို့ထဲကို လာတဲ့ကားတွေဆို နာနတ်တောမီးပွိုင့်မှာ ပိတ်ဦးမှာပဲ။ အင်းစိန်ကနေ မြို့ထဲကိုလာတဲ့ကား တွေကတော့ အဆင်ပြေသွားမယ်'' ဟု လှည်းတန်းခုံးကျော်တံတား ပြီး စီးပါက ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေကို ပြောသည်။

ဧပြီလတွင်စတင်အသုံးပြုနိုင်ည့်လှည်းတန်းခုံးကျော်တံတားပ်ါတွင် ကွန်တိန်နာကားများမောင်း နှင်ခွင့်
ပးမည်မဟုတ်ပေ။ရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုပြေလည်စေရန်လှည်းတန်း၊ ဘုရင့်နောင်နှင့် ရွှေဂုံ
တိုင်လမ်းဆုံအပြင်မြေနီကုန်းနှင့်တာမွေလမ်းဆုံတို့တွင်လည်းခုံးကျော်တံတားများ တည်ဆောက်သင့်သည်
ဟု ဦးကြည်သိန်းက ထပ်လောင်းပြော သည်။

လှည်းတန်းခုံးကျော်တံတားကို၂ဝ၁၂ခုနှစ်ဖေဖော်ဝါရီမှစတင်ကာရွှတောင်ကုမ္ပဏီမှ တာဝန်ယူဆောက်
လုပ်ခဲ့ပြီး တည် ဆောက်စရိတ် ၁၄ ဒသမ ၄၈၇ ဘီလျံအကုန်ကျခံ ဆောက်လုပ်နေ ခြင်း ဖြစ်သည်။

အဆိုပါ ငွေကြေးကို ကုမ္ပဏီမှ ဦးစွာ စိုက်ထုတ်ဆောင်ရွက်ပြီး ရန်ကုန် စည်ပင်မှ ပြန်လည်ပေးချေ သွားမည်ဖြစ်ကာ ပြည်သူများထံမှ တံတားဖြတ်သန်းခ ကောက်ခံမည် မဟုတ်ပေ။

ယင်းတံတားသည် ရန်ကုန်မြို့ ၌ ၂ဝ၁၂ ခုနှစ်အတွင်း စတင် တည်ဆောက် ခဲ့သည့် ခုံးကျော် တံတားသုံးစင်းအနက် ပထမဦးစွာ ပြီးစီးမည့် တံတား ဖြစ်သည်။

ဝေမာထွန်း
Popular Myanmar News Journal
Rangonnewsdaily
RND:  :14.3.2013

0 comments:

Post a Comment