Pages

Thursday, March 14, 2013

ဒေါ်အောင်ဆန်းစုကြည်လုပ်ဆောင်ချက်များ ကို မုံရွာမြို့တွင် ဒေသခံတစ်ရာကျော်က ထောက်ခံကြောင်းအော်ဟစ်၏ အားပေး

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့သို့ပြန်အရောက်တွင် တည်းခိုရာ ၀င်းယူနတီ ဟိုတယ်ရှေ့တွင် ခန့်မှန်းခြေဒေသခံတစ်ရာကျော်ကာစုဝေးစောင့်ဆိုင်းကာသူမ၏လုပ်ရပ်များကိုထောက်ခံကြောင်း အော်
ဟစ်အားပေးခဲ့ကြသည်ဟု ထိုနေရာမှ သတင်းထောက်က သတင်းပေးပို့သည်။ “အမေစုလုပ်ရပ်ကို လုံးဝထောက်ခံတယ်”၊ “ အမေစုလုံးဝ မှန်ကန်တယ်” ဟု ကြွေးကြော်ကာ အားပေးခဲ့ကြသည်ဟု သတင်းထောက်က ပြောကြားသည်။ 
လာရောက်စောင့်ဆိုင်းခဲ့သောဒေသခံများထဲမှမုံရွာမြို့ခံအသက်၃၅နှစ်အရွယ် ကိုကျော်အောင်က“အေ
မစုကတိုင်းပြည်အတွက်မကောင်းတကာကိုလုပ်မယ့်သူမဟုတ်ပါဘူး၊ဒေသခံတွေအကျိုးအတွက်လုပ်မယ့်သူ
ဆိုတာယုံကြည်တယ်။ 
ဒါကြောင့်သူ့လုပ်ရပ်ကို လက်ခံတယ်။ အခုဆန္ဒပြနေတာတွေကို လက်မခံပါဘူး ”ဟုပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း လာရောက်စောင့်ဆိုင်းသူ မုံရွာဒေသခံများကို နှုတ်ဆက်ကာ ပေးသော ပန်းများကိုလက်ခံရယူခဲ့သည်။
7days News:
Rangonnewsdaily
RND:  :14.3.2013 

0 comments:

Post a Comment