Pages

Thursday, March 14, 2013

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသော အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို

အပြေးသမား အော်စကာ သေကြောင်းကြံသည့်သတင်းအား မိသားစုက ငြင်းဆို
Thursday, March 14, 2013 

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ် အနေဖြင့် ထောင်ထဲတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအား မိသားစုက ငြင်းဆိုခဲ့သည်။

အော်စကာသည် ၎င်း၏ ချစ်သူ နာမည်ကျော် မော်ဒယ်လ် ရီဗာစတင်းကမ့်ပ်ကို သေနတ်နှင့် ပစ်သတ်မှုအတွက် စွဲချက်တင် ခံထားရသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ရေချိုးခန်းအတွင်း ရီဗာကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းမှာ နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးဟု အထင်မှားမိ၍ ဖြစ်ကြောင်း အော်စကာက ထွက်ဆိုထားသည်။

၎င်းသည် ခြေထောက် နှစ်ဖက်လုံး မရှိဘဲ သတ္တုပြား ခြေတုဖြင့် အပြေးပြိုင်ကာ မသန်စွမ်း အိုလံပစ်တွင် ဗိုလ်စွဲခဲ့ပြီး လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲထိ ရောက်ရှိခဲ့သည်။

Planet Myanmar Network

Thursday, March 14, 2013

လူသတ်မှုနှင့် စွဲချက်တင်ခြင်း ခံထားရသည့် တောင်အာဖရိက မသန်စွမ်း အားကစားသမား အော်စကာ ပစ္စတိုရီးရပ်စ် အနေဖြင့် ထောင်ထဲတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံရန် ကြိုးပမ်းခဲ့ကြောင်း သတင်းများအား မိသားစုက ငြင်းဆိုခဲ့သည်။ အော်စကာသည် ၎င်း၏ ချစ်သူ နာမည်ကျော် မော်ဒယ်လ် ရီဗာစတင်းကမ့်ပ်ကို သေနတ်နှင့် ပစ်သတ်မှုအတွက် စွဲချက်တင် ခံထားရသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ရေချိုးခန်းအတွင်း ရီဗာကို သေနတ်နှင့် ပစ်သတ်ခဲ့ခြင်းမှာ နေအိမ်အတွင်း ကျူးကျော် ဝင်ရောက်လာသူ တစ်ဦးဟု အထင်မှားမိ၍ ဖြစ်ကြောင်း အော်စကာက ထွက်ဆိုထားသည်။


၎င်းသည် ခြေထောက် နှစ်ဖက်လုံး မရှိဘဲ သတ္တုပြား ခြေတုဖြင့် အပြေးပြိုင်ကာ မသန်စွမ်း အိုလံပစ်တွင် ဗိုလ်စွဲခဲ့ပြီး လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် အကြိုဗိုလ်လုပွဲထိ ရောက်ရှိခဲ့သည်။

Planet Myanmar Network
Rangonnewsdaily
RND:  :14.3.2013

0 comments:

Post a Comment