Monday, June 2, 2014
ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့်ရမည့်အခွင့်အရေးကို အာဆင်နယ်ပယ်ချ
RangonNewsDaily: June . 2 .2014
ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့်ရနိုင်သည့်အခွင့်အရေးရှိနေသော်လည်း အာဆင်နယ်အသင်းက ပယ်ချလိုက်သည်။
အင်္ဂလန်ဘောလုံးလောကသို့ ပြန်လာလိုသော ဖာဘရီဂတ်စ်သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒေါက်တာ Dre ၏ Beats နားကြပ်ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ရန် လန်ဒန်သို့ရောက်ရှိခဲ့ပြီး ၎င်းအား လီဗာပူးလ်နှင့် ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားနေကြသည်။ ဘာစီလိုနာအသင်းအနေဖြင့် ဖာဘရီဂတ်စ်ကို ပေါင်သန်း ၃၀ ဖြင့် ရောင်းချလိုနေပြီး အာဆင်နယ်မှကမ်းလှမ်းမှုပြုပါက လက်ခံသွားမည်ဖြစ်သည်။
အိန္ဒိယ ပြည်နယ်သစ် ကြေညာ
RangonNewsDaily: June . 2 .2014
အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်ကို မွေးဖွား ပေးလိုက်ပြီ ဖြစ်ပါတယ်။အိန္ဒိယ တောင်ပိုင်း အန္ဒရာ ပရာဒေ့
ရှ် ပြည်နယ် ထဲက ခရိုင် ၁ဝ ခုကို ခွဲထုတ်ပြီး တေလင်္ဂ္ဏ ပြည်နယ် ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်ကို မွေးဖွား ပေးလိုက်ပြီ ဖြစ်ပါတယ်။အိန္ဒိယ တောင်ပိုင်း အန္ဒရာ ပရာဒေ့
ရှ် ပြည်နယ် ထဲက ခရိုင် ၁ဝ ခုကို ခွဲထုတ်ပြီး တေလင်္ဂ္ဏ ပြည်နယ် ကို ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။
ကချင် တစ်ကြော့ပြန်စစ် ၃နှစ်မြောက်နေ့တွင် စစ်ပွဲများချက်ခြင်းရပ် Global Campaign ပြုလုပ်မည်
RangonNewsDaily: June . 2 .2014
ကချင် တစ်ကြော့ပြန်စစ် ၃ နှစ်ပြည့်သည့် မေ ၉ ရက်တွင် ပြည်တွင်း၊ ပြည်ပရှိ ကချင် တိုင်းရင်းသားများ နေထိုင်ရာ မြို့များတွင် Global Campaign အဖြစ် စစ်ပွဲများ ချက်ခြင်းရပ်ရန် အဖွဲ့အစည်းများ လက်မှတ်ထိုးထားသော တောင်းဆိုချက်ကို သက်ဆိုင်ရာ နိုင်ငံအစိုးရများထံ ပေးပို့သွားရန် စီစဉ်ထားသည်ဟု ကချင်ငြိမ်ချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက မဇ္ဈိမ ကိုပြောသည်။

ထိုင်းမြန်မာနယ်စပ် အခြေပြုပြီး ငလျှင်ငယ် ထပ်လှုပ်
RangonNewsDaily: June . 2 .2014
ဇွန်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီ ၁၇ မိနစ်က မြန်မာနိုင်ငံ အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ်အနီးက မြန်မာပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၂.၂ ရှိတဲ့ ငလျင်ငယ်တခု လှုပ်သွားခဲ့တယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက တိုင်းတာရရှိခဲ့ကြောင်း မိုး/ဇလပညာရှင် ဒေါက်တာ ဦးထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူကို လှိုင်သာယာ ခ .မ .ရ ၅၃၂ တပ်မှ ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ထားခြင်းအပေါ် ရှင်းလင်းပွဲပြုလုပ်
ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူ ကိုကျော်ထွန်းက ရှင်းပြနေစဉ်
RangonNewsDaily: June . 2 .2014ဧရာဝတီသတင်းဂျာနယ်မှ အကြီးတန်း သတင်းထောက်ဖြစ်သူမှ သတင်းရယူမှုကို လှိုင်သာယာမြို့နယ်ရှိ ခ.မ.ရ ၅၃၂ ခြေမြန်တပ်ရင်းမှ တပ်ပိုင်မြေအတွင်း ၀င်ရောက်မှုဟုဆိုကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့မရဲစခန်း၌ အဆိုပါတပ်မှ တပ်ထောက်ဗိုလ်ကြီး ကျော်စိုးလွင်က တရားလိုပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် အမှုဖွင့်ထားကြောင်း ဇွန် ၁ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။
Subscribe to:
Posts (Atom)