Pages

Friday, December 28, 2012

စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် ယနေ့ညနေပိုင်းမှစပြီး လုံခြုံရေးအင်အားတိုးမြင့်ချထား

ယနေ့ညနေပိုင်းတွင် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် လုံခြုံေ၇းအင်အားတိုးမြင့်ချထားကြောင်း ဒေသ
ခံများကပြောပြသည်။ညနေ၅နာရီလောက်မှာ ရဲအင်အား ၅၀လောက် ရောက်လာတာတွေ့ရတယ်ဟုအောင်
မင်္ဂလာဒေသခံတစ်ဦးကပြောသည်။

အစ္စရေးတွင် နှစ်ပေါင်း ၂၇၅၀ သက်တမ်းရှိ ဘုရားကျောင်းနေရာ တွေ့ရှိ

အစ္စရေးတွင် နှစ်ပေါင်း ၂၇၅၀ သက်တမ်းရှိ ဘုရားကျောင်းနေရာ တွေ့ရှိ

အစ္စရေး နိုင်ငံတွင် မနုဿဗေဒ ပညာရှင်များသည် သက်တမ်း နှစ်ပေါင်း (၂၇၅၀)မျှ ရှိနေပြီဖြစ်သည့် ဘုရား
ကျောင်း နေရာဟောင်း တစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်။ ဂျေရုဆလင် မြို့အနီးတွင် အဆိုပါ နေရာဟောင်းကို
 တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စဉ့်နှင့် မြေထည် ပစ္စည်းဟောင်း အချို့ကိုလည်း တွေ့ရှိခဲ့ရသည်။

အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား

အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား

ဒေးဗစ်ဘက်ဟမ်းက ၎င်းသည် အနာဂတ်အတွက် တိတိကျကျ ကလပ်အသင်း တစ်ခုကို ရွေးချယ်ခြင်း မရှိ
သေးကြောင်းထုတ်ဖော် ပြောကြားလိုက်သည်။အမေရိကန်ကလပ် လော့စ်အန်ဂျလိစ်ဂလက်စီ အသင်းတွင် (၆)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဘက်ဟမ်းသည် နောက်ထပ်အတွေ့အကြုံသစ်တစ်ခုကိုရှာဖွေရန် အသင့်
ရှိနေသည်။

ငြိမ်းချမ်းရေးနှင့် စစ်ဘေးစစ်ဒဏ်



thn-26-12-12-6
ကချင်ပြည်နယ်က သေနတ်သံ အမြောက်သံတွေဟာ ၂၀၁၂ ကို နှုတ်ဆက်ကာ ၂၀၁၃ ကို ကြိုဆိုနေပြီဖြစ်ပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်ဟာ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ၀ါးမျိုခံလိုက်ရပါပြီ။ ဒါဟာ အခုမှ ဖြစ်တာမဟုတ်လို့ အထူးအဆန်းကြီးလို့တော့ မဆို နိုင်ပါဘူး။ ပြည်ထောင်စုသား တိုင်းရင်းသား နိုင်ငံသူနိုင်ငံသားများ အားလုံး စစ်ဘေးစစ်ဒဏ်ခံခဲ့ရတာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပါပြီ။ဒါပေမဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့စစ်ပွဲကြီးတွေဟာ သမားရိုးကျထက် ဖြစ်ရိုးဖြစ်စဉ် ထက်ပိုပြီး ပြင်းထန်ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက် ကမ္ဘာပျက်မယ်ဆိုတဲ့နေ့မတိုင်မီ ၄ ရက် အလိုမှာကတည်းက တိုင်းရင်းသားပြည်သူတွေ ကမ္ဘာပျက်ခဲ့တာ ဖြစ်ပါတယ်။

ဂီတပွဲတော်၊ ရန်ပုံငွေနှင့် ခရိုနီတို့ ကခုန်ခြင်း

 
thn-22-12-12-5

နိုဝင်ဘာလ ၁၁ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်သင့် ရွှေဘိုမြို့နယ်ကျေးရွာတစ်ရွာရှိ ယာယီစာသင်ကျောင်း တစ်ကျောင်းကိုတွေ့ရစဉ်

အနုပညာရှင်များ၏ စိတ်အားထက်သန်စွာ ပါဝင်မှုများနှင့်အတူ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဝန်းကျင်တွင် ရန်ပုံငွေဂီတပွဲတော်များ ခေတ်စားလာခြင်းသည် လူမှုအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ရန်ပုံငွေရှာဖွေရေးကို အတန်အသင့် ပံ့ပိုးပေးခဲ့သည်။ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်းများမှ ကမကထပြုသော ရန်ပုံငွေဂီတပွဲတော်များတွင် အလှူငွေ သိန်းထောင်ချီရရှိသည်အထိ အောင်မြင်ခဲ့သဖြင့် ဂီတပွဲတော်သည် ရန်ပုံငွေရှာဖွေရေး ကိရိယာတစ်ခု ဖြစ်လာခဲ့သည်။

ပခုက္ကူမြို့တွင် ပုဂ္ဂလိကကုမ္ပဏီခွဲများမှ ၀န်ထမ်းသစ်များ ခေါ်ယူမှု များပြားလာသော်လည်း အလုပ်လက်မဲ့ ဘွဲ့ရလူငယ် အများအပြားရှိနေသေး


ha-26-12-5
ပုဂ္ဂလိကဘဏ်တစ်ခုတွင် လူတွေ့ဖြေဆိုရန် စောင့်ဆိုင်းနေသော လူငယ်များအား မြင်တွေ့ရစဉ်

ပခုက္ကူမြို့တွင် ၂၀၁၂ ခုနှစ်အတွင်း လူသုံးကုန်ပစ္စည်း ကုမ္ပဏီခွဲများ လာရောက်ဖွင့်လှစ်ခြင်းနှင့် ဘဏ်ခွဲများဖွင့်လှစ်မှု များပြားလာသည့်အတွက် ၀န်ထမ်းသစ်ခေါ်ယူမှုများကြောင့် ဒေသခံလူငယ်များကြား အလုပ်အကိုင်ရရှိရေး မျှော်လင့်လာကြောင်း သိရှိရပါသည်။

အိုးအိမ်နှင့် မော်တော်ယာဉ် ဈေးရောင်းပွဲတော် HOUSING, LIVING & AUTOMOBILE 2013 ကိုကျင်းပပြုလုပ်တော့မည်


Advertisement

အိုးအိမ်နှင့် မော်တော်ယာဉ် ဈေးရောင်းပွဲတော်
HOUSING, LIVING & AUTOMOBILE 2013

နေရာ   - တပ်မတော်ပြခန်း၊ ရန်ကုန်၊ မြန်မာ။
နေ့ရက် - ဇန်နဝါရီလ ၁၀ ရက် မှ ၁၃ ရက်။ 

ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာအဆောက်အအုံအရောင်းပြခန်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ခေတ်မီပရိဘောဂပစ္စည်းများ ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများ ၊ အရည်အသွေးအဆင့်မီအိမ်သုတ်ဆေးများ ၊ စက်မှုလက်မှု လုပ်ငန်းသုံး ပစ္စည်းများ ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ ၊မိုဘိုင်းဖုန်းများ ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများ ၊ စာရေးကိရိယာများ ၊ ပြည်တွင်းပြည်ပမှ ဆေးဝါးများ ၊ အလှကုန်နှင့် ဆက်စပ်ပစ္စည်းများ ၊ အ၀တ်အထည်နှင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ ၊ ပညာရေးဝန်ဆောင်မှု သင်တန်း ကျောင်းများ ၊ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု ဘဏ်လုပ်ငန်းတို့ ဈေးကွက်အတွင်းနှင့် သုံးစွဲပြည်သူလူထုအတွင်း အရှိန်အဟုန်ပြင်းစွာ ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်စေရန် ရည်ရွယ်၍ စီစဉ် ကျင်းပမည့်ပွဲ ဖြစ်ပါသည်။

ဤပွဲတွင် ထူးခြားသော ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြည်သူလူထု စိတ်ဝင်စားသော ကားအရောင်းပြခန်းများ ၊ ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်ရထားသော ကုမ္ပဏီများ ၊ မော်တော်ယာဉ် ထုတ်လုပ်ရောင်း ချသူများ ၊ စက်ဆီချောဆီများ ၊ ကားဘက်ထရီများ ၊ ကားတာယာများ ၊ ကားအလှဆင်ပစ္စည်းများ ၊ ကားအော်ဒီယို နှင့် ဆက်စပ်ပစ္စည်းများ ၊ ကားအင်ဂျင် အပိုပစ္စည်းများ နှင့် အခြားဆက်စပ်ပစ္စည်းတို့လည်း ၀င်ရောက်ပြသမည့်ပြပွဲဖြစ်ပါသည်။
---

နေရာ - တပ်မတော်ပြခန်း၊ ရန်ကုန်၊ မြန်မာ။
နေ့ရက် - ဇန်နဝါရီလ ၁၀ ရက် မှ ၁၃ ရက်။

ပြပွဲတွင် ပြည်တွင်းပြည်ပမှ အိမ်ရာအဆောက်အအုံအရောင်းပြခန်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ခေတ်မီပရိဘောဂပစ္စည်းများ ၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံးပစ္စည်းများ ၊ အရည်အသွေးအဆင့်မီအိမ်သုတ်ဆေးများ ၊ စက်မှုလက်မှု လုပ်ငန်းသုံး ပစ္စည်းများ ၊ အီလက်ထရောနစ်နှင့် လျှပ်စစ်ပစ္စည်းများ ၊မိုဘိုင်းဖုန်းများ ၊

"အကယ်ဒမီပွဲပြီးမှ ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"

"အကယ်ဒမီပွဲပြီးမှ  ဒူဘိုင်းကို ဟန်းနီးမွန်း ထွက်မယ့် ချောရတနာတို့ ဇနီးမောင်နှံ"

ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။ 
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲမှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 
"အခု လောလောဆယ် ရိုက်ကွင်းခဏနားထားတယ်။ သရုပ်ဆောင်မှု အပိုင်း ကို အရင်တုန်းကလောက် လုပ်ဖြစ်တော့ မှာမဟုတ်ဘူး။ အကျိုးပြုဇာတ်လမ်း တို့၊ လူမှုရေး ဇာတ် လမ်းတို့လောက်ပဲ ရိုက်ကူးဖြစ်တော့မယ်။ အခု ဟာက အိမ်ထောင်သည်ဖြစ်သွားတဲ့အတွက် ကိုယ်တစ်ယောက်တည်း စိတ်နဲ့ နေလို့ မရ တော့ဘူး။ ကိုယ့်ရဲ့ခင်ပွန်းဖြစ်သူနဲ့ ညှိညှိ နှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင် လုပ်ရမယ်။ တစ် ယောက်တည်း စိတ်နဲ့သွားလို့ မရတော့ နှစ်ယောက်ပေါင်း ပြီး စိတ်တစ်ခုနဲ့မှ အဆင်ပြေမှာလေ။ 

အခုလောလောဆယ် အကယ်ဒမီ ပွဲပြီးရင် ဟန်းနီးမွန်း ခရီး ထွက်ဖို့ စီစဉ်နေ ပါတယ်။ ဒူဘိုင်းကို သွားဖြစ်ဖို့များတယ်"လို့ ပြောပါတယ်။ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သက်ပြီး ချောရတနာ က
"ဒီ နှစ် အကယ်ဒမီပေးပွဲ ကိုတော့ တက်ဖြစ်မှာပါ။ အဝတ်အစား ဒီဇိုင်းပိုင်းကို မျိုးမင်းစိုးက တာဝန်ယူပေးထားပါတယ်။ ချိတ်လုံချည်ကို သိင်္ဂီကျော်ပိုးထည် တိုက်က စပွန်ဆာပေး ထား တာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲ ရန်ကုန်မှာ ကျင်းပတဲ့အတွက် ပိုပြီးတော့ အဆင်ပြေ သွားတယ်။ ဒီနှစ် အကယ်ဒမီဆုကို တကယ် အနုပညာ ပိုင်းမှာ တော်တဲ့သူတွေကို ရစေချင်ပါတယ်။ သက်မွန်မြင့် ရမယ်လို့လည်း ကြားနေပါတယ်။ အကယ်ဒမီ ဆုကို ဘယ်သူပဲ ရရပါ" လို့ ပြောပါတယ်။ 

ထွဋ်မြတ်၊
 ဓာတ်ပုံ-အောင်ဇော်မင်း


ကြည်နူးပျော်ရွှင်မှု များစွာ နဲ့ ဒီဇင်ဘာ ၁ရက်နေ့ မှာ မင်္ဂလာဆောင်ခဲ့တဲ့ ကိုကျော်လင်း နဲ့ မချောရတနာ တို့ကို ပရိသတ်တွေက စိတ်ဝင်တစားရှိ လှပါတယ်။
"အဖေ့ ကျောင်း"ဇာတ်ကား မိတ်ဆက်ပွဲ
မှာ ညီမဖြစ်သူ သန္တာဗို နဲ့အတူ တက်ရောက်လာတဲ့ ချောရတနာက.. 

Eleven Media Group မှ အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ဇန်န၀ါရီ (၁) ရက်နေ့ကနေ စတင်မယ်

ပြည်တွင်းသတင်းမီဒီယာတခုဖြစ်တဲ့ အလဲဗင်း မီဒီယာဂရုဖ်က အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ကို လာမယ့် ဇန်န၀ါရီ (၁) ရက်နေ့ကနေ စ တင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာပါတယ်။ သူတို့ရဲ့ Web TV အစီအစဉ်မှာ နိုင်ငံရေး စီးပွားရေးသတင်းတွေနဲ့ အတူ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်း၊ အနုပညာသတင်း၊ အားကစား သတင်းနဲ့ ဥရောပ လိဂ်ပြိုင်ပွဲ ပွဲကြိုသုံးသပ်ချက်တွေကို ထုတ်လွှင့်မယ်လို့ ဆိုပါတယ်။ အလဲဗင်းမီဒီယာဂရုဖ်ဟာ web TV အစီအစဉ် ထုတ်လွှင့်တဲ့ ပထမ ဦးဆုံး ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်လည်း ဖြစ်ပြီး လက်ရှိ first eleven, premier eleven, weekly eleven, bi weekly eleven ဂျာနယ် ၄ စောင်ကို ထုတ်ဝေနေတဲ့ သတင်းမီဒီယာ တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ Web TV ကို www.news-eleven.com ကနေ တဆင့် အခမဲ့ ၀င်ရောက်ကြည့်ရှုနိုင်ကြမှာလဲဖြစ်ပါတယ်။


အေးချမ်းမွန်မှ DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


ပြည်တွင်းသတင်းမီဒီယာတခုဖြစ်တဲ့ အလဲဗင်း မီဒီယာဂရုဖ်က အင်တာနက် လိုင်းကနေ ရုပ်သံထုတ်လွှင့်မှု အစီအစဉ် (web TV) စမ်းသပ်ထုတ်လွှင့်မှု ကို လာမယ့် ဇန်န၀ါရီ (၁) ရက်နေ့ကနေ စ တင်မယ်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလာပါတယ်။

တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေတဲ့ ပေ၇ာ်ဖက်စာတစ်ဦး

တမလွန်ဘဝ ရှိကြောင်း သက်သေပြရန် ကိုယ့်ကိုယ်ကို သက်သေခဲ့ 

ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။ 

သေကြောင်းကြံတဲ့ ရည်ရွယ်ချက်ကတော့ နောက်ဘဝ (Afterlife) ဆိုတာ တကယ်ရှိတယ်ဆိုတာကို သက်သေပြဖို့ ဖြစ်ပြီး သေတဲ့အခါ လူ့လောကက လူတွေနဲ့ ဆက်သွယ်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။ ဒီအတွက် အခန်းတံခါးအလုံပိတ်၊ ဂက်စ်မီးဖိုက ဂက်စ်များ အပြည့် လွတ်စေပြီး ကိုယ်တိုင် သေကြောင်းကြံခဲ့ပါတယ်။ ဒီအတွက် ကူညီပေးသူ အမျိုးသမီး Ruth Doran ကို လာဆက်သွယ်ပြမယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ 

အမေရိကန်ပြည်တွင်း သတင်းစာ၊ ဂျာနယ်များကလည်း စိတ်ဝင်တစားနဲ့ စောင့်ဆိုင်း ကြည့်ရှုခဲ့ပေမယ့် Ruth Doran ဆီက ဘာသံမှ မကြားခဲ့ပါဘူး။ Bradford ဟာ သေဆုံးပြီး တကယ်ပဲ ဘယ်သူနဲ့မှ မဆက်သွယ်နိုင်ဘူးဆို တာကိုသာ ဝမ်းနည်းစွာပဲ လေ့လာတွေ့ရှိခဲ့ပါတယ်။ 

ဒါကြောင့် တမလွန်ဘဝ ရှိတယ်မရှိတယ်ဆိုတာကို ကိုယ့်ကိုယ်ကို သေကြောင်းကြံပြီး လက်တွေ့စမ်းသပ်ပြရဲခဲ့တဲ့ Bradford ရဲ့  လုပ်ရပ်ဟာ ယနေ့တိုင် ရာဇဝင်တွင် ကျန်ရှိစေခဲ့ကြောင်း သိရပါတယ်။ 
--
ref:wiki
International news for myanmar
http://www.innewsmyanmar.com/2012/12/blog-post_9601.html


----

အေးချမ်းမွန်မှ  International news for myanmar တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။


ကမ္ဘာကျော် ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ မစ်ချီဂန်းပြည်နယ်၊ ဒတ်ထရွိုက်မြို့ မှာ ဖြစ်ပြီး Thomas Lynn Bradford အမည်ရ ပရော်ဖက်ဆာ တစ်ဦး က ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့တာ ဖြစ်ပါတယ်။

လူ့အသက်ပေါင်းများစွာစတေးခံအ ရင်းတည်ပြီးမိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်း ဆောင်းများသို့ ....(ဆောင်းပါး)


လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။
လက်နက်ကြီးပစ်ကူ...။
လူ့အသက်ပေါင်းများစွာ အစတေးခံအရင်းတည်ပြီး
မိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော 
မြန်မာ့တပ်မတော်ခေါင်းဆောင်များသို့ .....။
----------------------------------------------------------------------------------

ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။

--------------------------------------------------------------------------------------
ခင်ဗျားတို့ လေကြောင်းပစ်ကူသုံးတယ်....။ 
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး .....အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်...။

ခင်ဗျားတို့ သုံးတဲ့လေယာဉ်တွေက .........
ကျုပ်တို့တတွေ မီးအပျက်ခံ.....။ ကျောင်းစာအုပ် အလာက်မငှတဲ့ဒဏ်ခံ၊
ဆေးရုံမှာ ဆေးဝါးမရှိခဲ့ဒဏ် ....။ မ၀ရေစား စားခဲ့ရတဲ့ ဒဏ် .. နောက်ဆုံးဗျာ.....
နိုင်ငံခြားမှာ ကျွန်ခံလုပ်ပြီး အခွန်ဆောင်ခဲ့ရတဲ့ ဘဏ္ဍာငွေတွေကို 
စစ်သုံးစရိတ် အဖြစ် ဘတ်ဂျက် ရှင်းတမ်းအများဆုံးနဲ့ ....။
ခင်ဗျားတို့ သုံးစွဲခွင့်ပြုခဲ့တာ...... .. 
----------------------------------------------------------------------------------------

ခင်ဗျားတို့ လက်နက်ကြီးမျိုးစုံသုံးတယ်....။
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။

ခင်ဗျားတို့သုံးတဲ့ လက်နက်ကြီး/ကျည် တွေက
ကျုပ်တို့မြေမှာ ...
တရုတ်က လာပြီး ဂုတ်သွေးအစုပ်ခံ၊
အလကားနီးပါး .. စီမံကိန်းတွေ လာလုပ်၊ ပြုကျင့်ခြင်းတိုင်းပြုကျင့်..။
သယံဇတတွေကို မတန်တဆ ရောင်း၊ ဖဲသမား ရွှေပေါင်သလို ရတာလေးကို ...
ခင်ဗျားတို့ သုံးဖို့ အတွက် ဘတ်ဂျက်ချမှတ်ပေးခဲ့တာ....။

-------------------------------------------------------------------------------------------
ခင်ဗျားတို့ လူအင်အား၊ ရဲဘော်ပေါင်းများစွာ၊ ပြည်သူပေါင်းများစွာ ရဲ့ သွေး/ချွေးတွေကို စတေးခဲ့တယ်..
အဲဒီအတွက် ..ခင်ဗျားတို့ကို ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်...။
အပြစ်တင်ခွင့်လည်းရှိတယ်..။

ခင်ဗျားတို့ စတေးခဲ့တဲ့ အသက်တွေက ..
ကျုပ်တို့တတွေ မွေးဖွား ပျိုးထောင်ခဲ့ရတဲ့ လူငယ်တွေ၊ အနာဂတ်အတွက် အားကိုးရသူတွေ၊
တချိန်မှာ နိုင်ငံအကျိုးအတွက်အတွက် မြုပ်နှံထားတဲ့ ရင်းနှီးမှုတွေကို...
ခင်ဗျားတို့ တလွဲဆံပင်ကောင်း အညွန့်ချိုး ... အသုံးချခဲ့တယ်....။ စတေးခဲ့တယ်..။
--------------------------------------------------------------------------------

တစ်ဦးတစ်ယောက်ရဲ့ လမ်းညွှန်မှုကြောင့်ပဲဖြစ်ဖြစ် ..။
အစိုးရနဲ့ အာဏာ လွန်ဆွဲချင်လို့ပဲဖြစ်ဖြစ် .....။
တစ်နိုင်ငံ/တစ်ဦးတစ်ယောက်/အဖွဲ့အစည်း တစ်ခုရဲ့ ဆန္ဒ/အကျိုးစီးပွားကြောင့်ပဲဖြစ်ဖြစ်...။
အခြေခံဥပဒေ အားကိုးနဲ့ပဲဖြစ်ဖြစ် .... ကေအိုင်အေကို အင်အားအလွန်အကျွံသုံးတိုက်ခိုက်နေခဲ့တာဟာ...

တပ်မတော် အား ပြည်သူမှု ယုံကြည်ကိုးစားမှု ....
တိုင်းရင်းသားများရဲ့ ယုံကြည်ကိုးစားမှုနဲ့ ......
နိုင်ငံတကာ အလယ်မှာ ခေတ်မီတပ်မတော်ဖြစ်လာဖို့ .. အလားအလာရှိလာမယ့် ...
နိုင်ငံတကာနဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ ရရှိမှု
အစရှိတဲ့ မျှော်လင့်ချက်တွေကို .....

ခင်ဗျားတို့ဘာသာ ရိုက်ချိုးလိုက်တာပဲလို့ .... ယူဆပါတယ်....။
-----------------------------------------------------------------------------------------------------------------------------
ခင်ဗျားတို့ကို ဖခင်ကြီး မှာသွားတဲ့ စကားကိုလည်း သတိရကြပါဦး..။

ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကိုညှဉ်းဘို့မဟုတ်။ 
လက်နက်အားကိုးတန်ခိုးပြဘို့မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့အစေခံ မဖြစ်ရဘူး။
ဒါက စကားရိုင်းရိုင်းနဲ့နားလည်အောင်ပြောပြတာ ပဲ။ 
ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။
 နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။
အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲအားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ 
အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကိုလက်နက်အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင်အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။
ငါတို့က ဒီလိုမဟုတ်အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကိုမတရားရင်မကြောက်။ အားကြီးတဲ့အခါလည်းအားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်းလုပ်ချင်တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့အစေခံဖြစ်တယ်လို့ ပြောတာဘဲ။
နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီးနိုင်ငံရဲ့အမှုကို ဘယ်ခါမဆိုထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။
(ဗိုလ်ချုပ်အောင်ဆန်း)
------------------------------------------------------------------------------------------------------------------------------------
အဲဒီတော့ ...
အခုလို စစ်ပွဲတွေ ဖြစ်နေတာကို ....

ခင်ဗျားတို့ကို ...
ကျုပ်တို့ ..အပြစ်တင်ခွင့်ရှိတယ်....။
ရှုတ်ချပိုင်ခွင့်ရှိတယ်..။
ကန့်ကွက်ပိုင်ခွင့်ရှိတယ်...။
တောင်းဆိုပိုင်ခွင့်ရှိတယ်....။
တားမြစ်ပိုင်ခွင့်ရှိတယ်....။

ဘာ့ကြောင့်လဲဆိုတော့ ... ခင်ဗျားတို့ဟာ ကျုပ်တို့လစာစားနေရတဲ့ ပြည်သူ့အစေခံတွေပဲ.....။

လေယာဉ်/ရဟတ်ယာဉ် လေကြောင်းပစ်ကူ...။လက်နက်ကြီးပစ်ကူ...။လူ့အသက်ပေါင်းများစွာစတေးခံအ
ရင်းတည်ပြီးမိမိတိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေကိုတိုက်ခိုက်နေသော မြန်မာ့တပ်မတော်ခေါင်း
ဆောင်းဆောင်များသို့ .....။
----------------------------------------------------------------------------------
ခင်ဗျားတို့ကို .... ကျုပ်တို့ ပိုပြီး အပြစ်တင်တယ်.....။
တင်ခွင့်ရှိတယ်....။
ခင်ဗျားတို့ကို ကျုပ်တို့ လစာပေးထားတာ.....။
ခင်ဗျားတို့ .. ကျုပ်တို့ ပြည်သူ့လစာ စားနေတာ...။
ခင်ဗျားတို့ အင်းဝဘဏ်က ထုတ်သမျှ ငွေတိုင်းက ဦးပိုင်ငွေမဟုတ်ဘူး..။ ပြည်သူ့ဘဏ္ဍာ..။

--------------------------------------------------------------------------------------
ခင်ဗျားတို့

ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake

ရေကန် တစ်ဖြစ်လဲ ပန်းခြံ - Green Lake

သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီ ဆိုရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lake လို့ အမည်ပေး ထားပါတယ်။

Green Lake ဟာ ဆောင်းရာသီဆိုရင် ပတ်ဝန်းကျင်ဒေသကော တောင်တွေ  မှာပါ အေးခဲနေတဲ့ အတွက် သာမန်ပန်းခြံတစ်ခုလိုပါပဲ။ မြေနိမ့် တဲ့ နေရာမှာ အလွန်ဆုံးရှိလှ ရေ ၁ မီတာထက် မပိုပါဘူး။ သို့ပေမယ့် နွေရာသီ ရောက်ရင်တော့ တောင်ပေါ် က ရေခဲများ အရည်ပျော်ပြီး ယင်းပန်းခြံကို ရေတွေ ပြည့်စေ ပါတယ်။ ၁၂ မီတာ လောက်အထိကို ရေမြင့် တက်စေတယ် လို့ သိရပါတယ်။ 

ဒါကြောင့် Green Lake ဟာ နွေရာသီမှာလည်း လှပတဲ့ ရေအောက် ပန်းခြံ လို ရှိနေပြီး လာရောက်လည်ပတ်သူ၊ လေ့လာသူများ များပြား လှကြောင်း သိရပါတယ်။
--
Ref: mase-place
International news for myanmar

http://www.innewsmyanmar.com/2012/12/green-lake.html


--\


သြစတေးရီးယား နိုင်ငံ၊ Styria ပြည်နယ် Tragoss မြို့ အနီးမှာ ရှိတဲ့ ပန်းခြံ ဖြစ်ပါတယ်။ ဆောင်းရာသီဆို

ရင် ပန်းခြံ ဖြစ်ပြီး နွေရာသီ ဆိုရင် ရေကန်ကြီး တစ်ခု ဖြစ်ပါတယ်။ Green Lakeလို့အမည်ပေးထားပါတယ်။

မြန်မာစစ်တပ်က KIA, အားဓါတုလက်နက်ဖြင့်အသုံးပြုတိုက်ခိုက်နေ

 
မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ 
========================
ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
=========================
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။ 
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
 မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊ 
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း 
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ 
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း 
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)

လဂျားယန်သို့ထိုးစစ်ဆင်လာသောန်မာအစိုးရတပ်ဖွဲ့ဝင်တို့သည်ဓါတုဓါတ်ငွေ့ပါသော လက်နက်ကြီးကို
အသုံးပြုလာကြောင်းသိရှိရသည်။ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေတိုက်ပွဲတွင် မြန်မာအစိုး
ရ တပ်ဖွဲ့မှ ပစ်ခတ်သော-------

“ရွှေ” နှင့်ပတ်သတ် လို့ ဗဟုသုတ (ဆောင်းပါး)