Pages

Friday, December 28, 2012

NLD ပညာရေးကွန်ယက် ရန်ပုံငွေပွဲ ပထမနေ့ လှူဒါန်းငွေ ကျပ်သိန်း ၁၅၀၀ ကျော် ရရှိ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ပညာရေးကွန်ယက် ၂ နှစ်ပြည့် ရန်ပုံငွေပွဲ ပထမနေ့ တွင် အလှူငွေ ကျပ် သိန်း ၁၅၀၀ ကျော်ထိ ရရှိကြောင်း NLD ပညာရေး ကော်မတီ တာဝန်ရှိသူ ဒေါက်တာ သိန်းလွင် က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ရန်ပုံငွေပွဲကို­ ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ကျင်းပလျက် ရှိပြီး ၊ ရန်ပုံငွေပွဲ ပထမ နေ့တွင် ဒေါ်အောင်ဆန်းစြု­ကည် ကိုယ်တိုင် ထိုးထားသည့် သိုးမွေးဆွယ်တာ အင်္ကျီကို လေလံတင် ရောင်းချ ခဲ့ရာ ငွေကျပ် ၄၁၅ သိန်း ရရှိခဲ့ပြီး ငွေသား အလှူငွေ စုစုပေါင်း ကျပ်သိန်း ၁၂၀ ရရှိကြောင်း ၄င်းက ထပ်မံပြောကြားသည­်။

ယင်းရန်ပုံငွေပွ­ဲ ကျင်းပရန်အတွက် Sky Net ရုပ်သံ မီဒီယာက ကျပ် သိန်း ၁၃၀၀ ၊ AGD ဘဏ်က ကျပ်သိန်း ၅၀၀ လှူဒါန်းခဲ့ကြော­င်း ၊ အဆိုပါ လှူဒါန်းငွေများ­မှ ကျပ်သိန်း တစ်ထောင်ကို ဘဏ်တွင် အပ်နှံထားပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် ရရှိသည့် ရန်ပုံငွေများ နှင့် ဆိုလျှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ယက် ရန်ပုံငွေ ပေါင်း ကျပ်သိန်း ၁,၅၀၀ ကျော် ရရှိထားပြီးဖြစ်­ကြောင်း ဒေါက်တာသိန်းလွင­် က ပြောသည်။

The Voice Weekly

0 comments:

Post a Comment