Pages

Friday, December 28, 2012

အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား

အနာဂတ်အတွက် အသင်းရွေးချယ်ခြင်း မရှိသေးကြောင်း ဘက်ဟမ်း ပြောကြား

ဒေးဗစ်ဘက်ဟမ်းက ၎င်းသည် အနာဂတ်အတွက် တိတိကျကျ ကလပ်အသင်း တစ်ခုကို ရွေးချယ်ခြင်း မရှိ
သေးကြောင်းထုတ်ဖော် ပြောကြားလိုက်သည်။အမေရိကန်ကလပ် လော့စ်အန်ဂျလိစ်ဂလက်စီ အသင်းတွင် (၆)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် ဘက်ဟမ်းသည် နောက်ထပ်အတွေ့အကြုံသစ်တစ်ခုကိုရှာဖွေရန် အသင့်
ရှိနေသည်။
၎င်းသည် မေဂျာလိဂ် ဖလားကို ဂလက်စီ အသင်းအတွက်ဒုတိယအကြိမ်မြောက် ရယူပေးပြီးနောက် အသင်း
မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

အသက်(၃၇)နှစ် ရှိပြီဖြစ်သော အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းက မိမိအတွက် စိတ်ဝင်
စားစရာ အလေးအနက် ကမ်းလှမ်းမှု အချို့ ရှိနေဆဲဟု ဝန်ခံခဲ့သည်။ဘက်ဟမ်းကိုအင်္ဂလန်၊ ပြင်သစ်၊ တရုတ်
နှင့် ဩစတြေးလျမှ ကလပ်အသင်း အချို့က ချိတ်ဆက်နေသည်။ ဘက်ဟမ်း၏ စီမံရေးရာ အဖွဲ့က "အလေး
အနက် ကမ်းလှမ်းလာတာတွေ အများကြီး ရှိပါတယ်။

ကမ္ဘာအနှံ့က ကလပ်အသင်းတွေဆီက ဖြစ်ပါတယ်။ဘက်ဟမ်းအနေနဲ့အလျင်စလို ဆုံးဖြတ်စရာ အကြောင်း
တော့ မရှိပါဘူး။ မှန်ကန်တဲ့ အခြေအနေ တစ်ခုကို ရွေးချယ်ဖို့ပဲ လိုပါတယ်။ သူဟာ ဘောလုံးသမား ဘဝမှာ အမြဲတမ်း အောင်မြင်ခဲ့ပြီးသူ တစ်ယောက်လည်း ဖြစ်ပါတယ်"ဟု ကြေညာသွားခဲ့သည်။

လတ်တလောတွင် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးယဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းကို ပြင်သစ် ဒုတိယ
တန်းကလ် မိုနာကိုက အလေးအနက် ဆက်သွယ်နေကြောင်း သိရသည်။ ချယ်လ်ဆီး မန်နေဂျာဟောင်း က
လော်ဒီယို ရာနေရာရီ ကိုင်တွယ်နေသော အသင်းသည် ရုရှား အသင်းပိုင်ရှင် ဒီမီထရီ ရီဘိုလော့ဗ်လက်ဗ်၏
ထောက်ပံ့မှုဖြင့် ပထမတန်း ပြန်တက်ရန် ကြိုးပမ်းနေရာဘက်ဟမ်းထံမှအတွေ့အကြုံကောင်းများကအသင်း
အတွက် ကောင်းကျိုးဖြစ်ထွန်းရန် မျှော်လင့်နေကြောင်း သတင်းများက ဖော်ပြသွားသည်။

Source: SkySports

0 comments:

Post a Comment