Pages

Sunday, March 10, 2013

တိုင်းပြည်တိုးတက်ရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြား

2013-03-10

NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တက်ရောက်ခဲ့တာဟာ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးအတွက် ပါတီတိုင်းကို မိတ်ဖက်ပါတီအဖြစ် သဘောထားတဲ့ အတွက် သွားရောက်ခဲ့တာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက ပြောကြားပါတယ်။

NLD ပါတီ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ဖွဲ့စည်း

NLD ပါတီ ညီလာခံကနေ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ရွေးချယ်ဖွဲ့စည်း
2013-03-10

NLD ပါတီ သက်တမ်း (၂၅) နှစ်တာ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။

" ဗဟိုကော်မရှင်ကနေပြီး ကျွန်မကို ဥက္ကဌ အဖြစ် ရွေးချယ်ပေးတဲ့အခါကျတော့၊ ကျွန်မအနေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်မ မူလေးတွေကို ရှင်းပြဖို့လိုမယ်လို့ ထင်ပါတယ်၊ အဓိကအားဖြင့် ကျွန်မအချက် သုံးချက်ပေါ်မှာ အခြေခံပါတယ်၊ တစ်ချက်ကဘာလဲဆိုတော့ ကျွန်မတို့ဟာ အတိတ်နဲ့ ပစ္စုပ္ဗန်နဲ့ အနာဂတ်ကို ဆက်နွယ်မှုရှိရမယ်၊ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တစ်စိုက်မတ်မတ်လုပ်လာတဲ့ ပုဂ္ဂိုလ်ကြီးများဟာ ဆက်ပြီးတော့ အချိန်ကာလတစ်ခုအထိ တာဝန်တွေ ထမ်းဆောင်သွားဖို့လိုတယ်ဆိုပြီးတော့ ကျွန်မယုံကြည်ပါတယ်၊ တိုင်းပြည်အတွက် အလုပ်တွေကို ပီပီပြင်ပြင်လုပ်နိုင်ဖို့အတွက် အရည်အချင်းနဲ့ ပြည့်စုံတဲ့ အဖွဲ့ဝင်တွေ လိုအပ်မယ်လို့ ကျွန်မတို့ သတ်မှတ်ပါတယ်၊ ဒီအထဲမှာဆိုလို့ ရှိရင် ကျွန်မတို့ဟာ တိုင်းရင်းသားလူမျိုးစုများ ပါဝင်ရေး အမျိုးသမီးများ ပါဝင်ရေးကိုလည်း စဉ်စားပါတယ်၊ မျိုးဆက်သစ် လူငယ်တွေ ပါဝင်ရေးကိုလည်း စဉ်းစားပါတယ်"

တစ်ဆက်တည်းမှာပဲ အသစ်ပြန်လည်ရွေးချယ်ထားတဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအနေနဲ့လည်း၊ ရရှိ နေတဲ့ အခွင့်အရေးတွေကို မလွတ်တမ်းဆုပ်ကိုင်ပြီး တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်သွားဖို့ လိုကြောင်း၊ ဒီအခွင့်အရေးတွေ လက်လွတ်ဆုံးရှုံးသွားတာနဲ့ သမိုင်းတရားခံတွေ ဖြစ်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

NLD ပါတီဝင်တွေထဲကနေ အသစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရသူတွေကတော့ ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ အဖြစ် ဦးဥာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဦးဝင်းမြင့်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ အောင်မိုးညို၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကျော်ခင်၊ ဦးညီပု၊ ဒေါက်တာဦးမျိုးအောင်တို့ဖြစ်ပြီး အရန် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဦးမန်းဂျော်နီ၊ ဒေါက်တာသိန်းလွင်၊ ဦးအောင်စိုး၊ ဦးဇိုဘွဲနဲ့ ဒေါ်ဖြူဖြူသင်းတို့ကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။

2013-03-10

NLD ပါတီ သက်တမ်း (၂၅) နှစ်တာ အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကနေ မျိုးဆက်သစ် လူငယ်တွေ၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသမီးတွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းလိုက်ကြောင်း NLD ပါတီ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း

Malaysia Relif Association NGO အဖွဲ့ မှ ရခိုင်မှ ဒုက္ခသည်များ အတွက် ထပ်မံ သွားရောက် လှူဒါန်း
================================================
MRA(Malaysia Relif Association)  ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။

ထိုအဖွဲ့သည် အောင်မင်္ဂလာ၊ သဲချောင်း၊ တာပိုင်၊ သက်ကယ်ပြင်၊ ရွှေစေတီ၊ စက်ရုံစုနှင့် မင်းဂံ စသည့် ဒုက္ခသည် စခန်းများသို့ သွားရောက်၍ အကူအညီများပေးအပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ ဒုက္ခသည် စခန်းများရှိ အိမ်ထောင်စုပေါင်း ၆၀၀ ခန့်သည် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ပဲ၊ ကြက်သွန်၊ ထင်း စသည့် ထောက်ပံရေးပစ္စည်းများကို ရရှိကြပြီး၊ ကလေးငယ်များ ဆက်လက် ပညာ သင်ကြားစေနိုင်ရန် အတွက် ရွှေစေတီနှင့် သက်ကယ်ပြင် ဒုက္ခသည်စခန်းရှိ ကလေးငယ် ၄၈၀၀ခန့်ကိုလည်း စာအုပ်များ၊ ခဲတံများဝေငှခဲ့ကြကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ကူညီထောက်ပံမှုများ အပြင် MRA အဖွဲ့သည် ရေရှည် ကူညီမှု အစီအစဉ်များအတွက် အခွင့်အလမ်း ရှာဖွေခဲ့ပြီး ဒေသခံအာဏာပိုင် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက်လည်း မျှော်လင့်ထားကြောင်း သိရသည်။

News@M-Media

MRA(Malaysia Relif Association) ရဲ့ ဥက္ကဌ ဒါတွတ် ဒေါက်တာ အဗ်ဒူလ် ရာဇတ်ကေချစ်က်(Dato ‘Dr. Abdul Razak Kechik) ဦးဆောင်သညှ် ကူညီထောက်ပံရေး အဖွဲ့ တစ်ခုကို ရခိုင်ပြည်နယ်သို့ မတ်လ ၃ ရက်နေ့က စေလွှတ်ခဲ့သည်။

KIO နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်တွေ ရွှေလီမြို့ ကိုရောက်ရှိ

2013-03-10
အစိုးရနဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့ မတ်လ ၁၁ ရက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် နှစ်ဖက် ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံရွှေလီမြို့ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ အတူ တပ်မတော်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ လိုက်ပါလာကြပြီး KIO ဘက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နဲ့ အရာရှိတွေ တက်ရောက်မှာ ဖြစ် သလို တရုတ်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့လည်း လေ့လာသူတွေ အဖြစ်တက် ရောက်မှာဖြစ်ကြောင်း၊

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ

ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လက်ဂျားယန်မှ ရှေ့ဆက်သွားခွင့် မရ
Re-Post By ACM 10-3-2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။

မြင်းခြံအဖွဲ့ဟာ မနေ့ညနေ ၃ နာရီလောက်ကတည်းက လိုင်ဇာမြို့နဲ့ ၇ မိုင်လောက်အကွာ လက်ဂျားယန် တံတားထိပ်ကို ရောက်နေခဲ့ကြတာပါ။

နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ လမ်းလျှောက်အဖွဲ့ ဦးဆောင်ပါဝင်သူ ကိုသန့်စင်က အခုလိုပြောပါတယ်။

" ကျွန်တော်တို့ မနေ့ကတည်းက ခုချိန်ထိပါပဲ လက်ဂျားယန် တံတားထိပ်မှာ မကူးရသေးဘူး၊ အဓိကကတော့ ဟိုဘက်က ထောင်ထားတဲ့ မိုင်းရော ဒီဘက်က ထောင်ထားတဲ့မိုင်းရော အန္တရာယ်ရှိတယ်၊ မသွားစေချင်ဘူး မစွန့်စားစေချင်ဘူးလို့ ပြောတာပေါ့ တားတာမဟုတ်ပါဘူးလို့လည်းပြောတယ်၊ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်နေတဲ့ သူတွေကို အေးအေးဆေးဆေး ဖွင့်ပေးသင့်တယ် လမ်းမှာ မိုင်းတွေရှိရင်လည်း ရှင်းပေးသင့်တယ်လို့ တော့မြင်တာပဲ၊ သူတို့က ပုခုံးမှာအပွင့်တပ်မထားဘူးဗျ၊ ပြောလည်းမပြောဘူး၊ ထင်ရတာတော့ အရာရှိစီနီယာနဲ့တူတယ်"

မြင်းခြံအဖွဲ့မှာ အမျိုးသမီး ၁၁ ယောက် ၊ သံဃာတော် ၉ ပါး အပါအဝင်စုစုပေါင်း ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မနေ့ညက လက်ဂျားယန်တံတားထိပ်မှာ ဖြစ်သလို အိပ်ကြရပြီး သံဃာတွေ အတွက်တော့ စစ်တပ်က အခင်းတွေ လာပို့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ ပါလာတဲ့ အစားအသောက်တွေ သိပ်မကျန်တော့ပဲ တချို့က အစာငတ်ခံဆန္ဒပြသဘောမျိုးနဲ့ အစာမစားကြတော့ဘူးလို့ ကိုသန်စင်က ပြောပါတယ်။

" နေ့လည်စာမှာ ကျွန်တော်တို့ လူတွေအားလုံး ထမင်းမစားဘူး ဘုန်းကြီး ၂ ပါး ဆွမ်းဘုန်းမပေးဘူးပေါ့၊ ကျွန်တော်တို့ နောက်က ထမင်းလာပို့တာလည်း မရှိဘူး၊ လမ်းဘေး ထမင်းဆိုင်လည်း မရှိဘူးပေါ့၊ ကျွန်တော်တို့ ပါတဲ့ဟာပဲ ချွေတာပြီးတော့ စားနေရတယ်၊ အလုံအလောက်တော့မရှိတော့ဘူးပေါ့၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလားလို့ သွားတာပဲလေ၊ ငြိမ်းချမ်းရေးလိုလားသူတွေကို အနှောက်အယှက် ပြုတာလို့ပဲမြင်တယ်၊ ကျွန်တော်တို့ လိုင်ဇာမရောက်မချင်းသွားမှာပါ"

လိုင်ဇာမြို့ လူထုနဲ့ ကေအိုင်အို အဖွဲ့တွေကတော့ ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေ ရောက်လာမယ် အထင်နဲ့ မနေ့ညနေကတည်းက အစားအသောက်၊ နေရေးထိုင်ရေးနဲ့ သွားရေးလာရေး လုံခြုံရေးတွေ စီမံထားပြီး အဆင်သင့် ကြိုဆိုနေကြကြောင်း သိရတယ်လို့ ကိုသန့်စင်က ပြောပါတယ်။

ကိုသန့်စင်နဲ့အဖွဲ့ဟာ မြင်းခြံမြို့ကနေ ဖေဖေါ်ဝါရီလ ၇ ရက်နေ့က စတင်လမ်းလျှောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

အေးချမ်းမွန် Credit to >> RFA Burmese<< Thank

ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း မြင်းခြံမြို့ကနေ လမ်းလျှောက်ခဲ့ကြတဲ့ အဖွဲ့ဟာ မနေ့က လိုင်ဇာမြို့ကို မရောက်ခင် လက်ဂျားယန် အစိုးရတပ်စခန်းက ရှေ့ဆက်သွားခွင့် မပေးတာကြောင့် အခုအချိန်အထိ လက်ဂျားယန် မိုးလဲချောင်းတံတားထိပ်မှာရှိနေဆဲလို့ သိရပါတယ်။

*ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်

*ကျပ်သန်းပေါင်း ၃သောင်းကျော် တန်ဖိုးရှိ ဗုဒ္ဓစင်တာ လန်ဒန်မြို့တွင် တည်ဆောက်မည်
(ရန်ကုန်၊ မတ် ၉)

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

အရှေ့တောင်အာရှတွင် ထေရဝါဒ အများဆုံးကိုးကွယ်သည့် မြန်မာနိုင်ငံ၏ ဘာသာတရားနှင့် ယဉ်ကျေးမှုများကို ဥရောပနိုင်ငံသားများကို ဖြန့်ဖြူးရန် ဥရောပခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံ တစ်ခုပါဝင်ပြီး မြေနေရာအကျယ် ၂ဧကခွဲရှိသည့် အဆိုပါ ဗုဒ္ဓစင်တာကို တည်ထောင်လိုခြင်း ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်၊
“မြန်မာတွေဆောက်တဲ့ အကြီးဆုံး ဥရောပသာသနာပြု ဗုဒ္ဓစင်တာဖြစ်လာမယ်၊ ဘာသာ၊ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ သင်တန်းတွေပေးသွားမယ်” ဟု ဆရာတော်က ရှင်းလင်း မိန့်ကြားသည်။

အဆိုပါ မြန်မာဗုဒ္ဓစင်တာကို မြန်မာလူမျိုးများ၏ အလှူငွေများဖြင့် တစ်နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး မြေနေရာ ၁ပေပတ်လည်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် စတာလင်ပေါင် ၅၀၀နှုန်းဖြင့် အလှူခံနေပြီး မြန်မာနိုင်ငံသားများ လှူဒါန်းမည် ဆိုပါက မြေနေရာ၁ပေ ပတ်လည်ကို ၅သောင်းကျပ် ဖြင့် လှူဒါန်းနိုင်ကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာထွန်းကား ပြန့်ပွားရေး အသင်းထံမှ စုံစမ်းသိရှိရသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သည် တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသွား လူဦးရေ ၁၇သန်းခန့် လာရောက်လည်ပတ်ကြပြီး ဗုဒ္ဓစင်တာကြီး ပြီးစီးသွားပါက ကမ္ဘာလှည့် ခရီးသွားများ လာရောက်လေ့လာမှုများ ရှိလာနိုင်ကြောင်း လန်ဒန်မြို့တော်တွင် ဗုဒ္ဓဘာသာဝင် အနည်းငယ်သာရှိပြီး ခရစ်ယာန်ဘာသာဝင် များပြားကြောင်း၊ သို့သော် မည့်သည့်ဘာသာမှ မကိုးကွယ်သည့် လူငယ်များလည်း များပြားလာနေကြောင်း ဆရာတော်က သုံးသပ်မိန့်ကြားသည်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ အပါအဝင် အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် စသည့် ဥရောပ ၁၀နိုင်ငံ တို့တွင် မြန်မာ ဘုန်းတော်ကြီးကျောင်းများ ရှိကြောင်း မြန်မာ-ဥရောပ-ဗုဒ္ဓသာသနာ ထွန်းကား ပြန့်ပွားရေးအသင်း ဥက္ကဌ ဆရာဦးနေအုပ် (စိန်ပေါလ်) က ဆိုသည်။(News:The Voice)

Photo:Buddha Center at Taiwan
(Photo from internet)
Photo:Buddha Center at Taiwan
(ရန်ကုန်၊ မတ် ၉)

မြန်မာငွေ ကျပ်သန်းပေါင်း ၃သောင်း၆ရာကျော် ကုန်ကျမည့် ဥရောပ- မြန်မာ ဗုဒ္ဓစင်တာကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်တွင် ပထမဦးဆုံး စတင်တည်ထောင်မည် ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက Voice Weekly သို့မိန့်ကြားသည်။

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ

ဟူဂိုချားဗက်စ်နေရာကို အစားထိုးမည့် ဗင်နီဇွဲလား
သမ္မတရွေးကောက်ပွဲ ဧပြီ ၁၄ တွင် ကျင်းပမည်ဟု ကြေငြာ

ကာရာကတ်စ်၊ မတ် ၁၀။

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတ
ရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်
ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာ
လိုက်သည်။

ရွေးကောက်ပွဲကော်မရှင်၏ ယခုကြေငြာချက်သည် ချားဗက်စ် ကွယ်လွန်ပြီးနောက် ၎င်း၏ဒုသမ္မတက ဖွဲ့ စည်းပုံအရ ကြားဖြတ် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

လာမည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိကြားဖြတ်သမ္မတ
မဒူရိုက အာဏာရပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ပြိုင်မည်
ဖြစ်ကာ ၊ အတိုက်အခံဘက်မှ ဟင်းနရစ် ကတ်ပရီလတ်စ်က ဝင်ပြိုင်ဖွယ်ရှိကြောင်း သိရသည်။

ကွယ်လွန်ခဲ့သည့် သမ္မတချာဗက်စ်သည် ဗင်နီဇွဲလားကို
၁၄ နှစ်ကြာ ဦးဆောင်ခဲ့ပြီး နောက်ဆုံးကျင်းပခဲ့သည့် အောက်
တိုဘာရွေးကောက်ပွဲ တွင် မစ္စတာ ကတ်ပရီလတ်စ်အား
အနိုင်ရခဲ့သည်။ ထိုစဉ်က ချားဗက်စ်က မဲ ၅၄ ရာခိုင်နှုးနှင့် ကတ်ပရီလတ်စ်က မဲ ၄၄ ရာခိုင်နှုန်းရရှိခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ တီဘီဆေ လူစီနာက ပါဝင်
ယှဉ်ပြိုင်မည့် သမ္မတလောင်းများသည် တနင်္လာနေ့မှစ၍
ရွေးကောက်ပွဲအတွက် မှတ်ပုံတင်နိုင်ကြောင်း ပြောကြားသည်။

အတိုက်အခံဘက်မှ သမ္မတလောင်း ကတ်ပရီလတ်စ်သည်
အသက် ၄၀ အရွယ်ရှေ့ နေတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလားရှိ မီရန်
ဒါပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဆိုရှယ်လစ်ဝါဒီအဖြစ် သတ်မှတ်ခံရသည့် ချားဗက်စ်နှင့်
မတူဘဲ အတိုက်အခံခေါင်းဆောင် ကတ်ပရီလတ်စ်ကမူ ၎င်း၏ ပေါ်လစီများသည် အလယ်အလတ် ဗဟိုဝါဒီ၊ လူသား ဝါဒီဆန်ကြောင်း ထုတ်ဖေါ်ထားပြီး ၎င်းလေးစားသည့် ဘရာဇီးသမ္မတဟောင်း လူလာဒါဆေးလ်ဗား ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းးများနှင့် လူမှုဖူလုံရေးအစီအစဉ်များကို ဖွံ့ ဖြိုးအောင်ဆောင်ရွက်ပြီး ရင်းနှီးမြှပ်နှံမှုများကိုလည်း
ဆွဲဆောင်ရန် ကြိုးပမ်း သွားမည်ဟု ပြောကြားထားသည်။

Ref: BBC
Re-Post By ACM 10-3-2013
အေးချမ်းမွန် Credit to >> The Myanma Age<< Thank

ကာရာကတ်စ်၊ မတ် ၁၀။

ကွယ်လွန်သွားသော ဗင်နီဇွဲလားသမ္မတ ဟူဂို ချားဗက်စ်၏ လစ်လပ်သွားသော သမ္မတနေရာကို အစားထိုးမည့် သမ္မတရွေးကောက်ပွဲများကို လာမည့်ဧပြီ ၁၄ တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဗင်နီဇွဲလားရွေးကောက်ပွဲကော်မရှင်က ကြေငြာလိုက်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လူထုနှင့်တွေ့ရန်ရှိသည်ဟူသော သတင်းမဖြစ်နိုင်ကြောင်းနီးစပ်သူတစ်ဦးဆို

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း) လူထုနှင့်တွေ့ရန်ရှိသည်ဟူသော သတင်းမဖြစ်နိုင်ကြောင်းနီးစပ်သူတစ်ဦးဆို

Re-Post By ACM 10-3-2013, သတင်း 

ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ    ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ မြန်မာပြည်သူလူထု   နှင့် တွေ့ဆုံစကားပြောမည်ဟု    အင်တာနက်သတင်းအချို့၌ပျံ့နှံ့  လျက်ရှိနေပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင်အစိုးရ၀န်ကြီးဟောင်း     တစ်ဦးဖြစ်သူ ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း    မီဒီယာများသို့ အတိအလင်းပြော ကြားလိုက်သည်။
““ကျွန်တော့်အနေနဲ့ပြောရ ရင် ဒီလမ်းကြောင်းဖြစ်လာအောင်   တင်ပေးခဲ့တာပါ တင်ပေးပြီးတော့ မှ ဒီလမ်းကြောင်းအောင်မြင် အောင် ဆောင်ရွက်နိုင်တယ်လို့ ယူဆတဲ့ အဖွဲ့အစည်းတွေ အကုန် လုံးလုပ်ဆောင်နေပြီး သူလည်းပဲ လုံး၀၀င်ရောက်စွက်ဖက်မှုမရှိတော့ ပါဘူး။ စွက်ဖက်မှုမရှိတော့တဲ့ အတွက် ခုနက အင်တာနက်ပေါ်    မှာထွက်နေတဲ့သတင်းတွေဟာ ကျွန်တော် သဘောအနေနဲ့ပြော ရရင် မဖြစ်နိုင်ပါဘူး။လက်ရှိအနေ အထားအရရော ယခင်ဆောင် ရွက်ခဲ့မှု အနေအထားတွေအရ ရော ဗိုလ်ချုပ်မှူးကြီးအနေနဲ့ဝင် စွက်ဖက်မှာ ပါဝင်မှာမဟုတ်တော့ ပါဘူး။ဒီတော့ ဒီလိုထွက်နေတဲ့ သတင်းတွေဟာ ဖြစ်နိုင်မှာမဟုတ်ပါဘူး””ဟု ဦးဌေးဦးမှပြောကြား သွားခဲ့သည်။
ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ  အနေဖြင့် လက်ရှိအစိုးရအား ၂၀၁၀ခုနှစ် အထွေထွေရွေးကောက် ပွဲကြီးအပြီး နိုင်ငံတော် အာဏာ    အရပ်ရပ်အားလွှဲပြောင်းပေးခဲ့ပြီး   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ရာထူးမှလည်းအနားယူခဲ့ရာ ယနေ့ ထိ လူထုကြားသို့ထွက်ရှိခြင်းလုံးဝ  မရှိခဲ့ပဲ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှ    ပျောက်ကွယ်နေခဲ့ရာ ယခုကဲ့သို့ လူထုနှင့်တွေ့ဆုံစကားပြောမည် ဟူသောသတင်းမှာမူ လက်ရှိ အနေအထားအရ လူထုမှစိတ်ဝင်      စားစရာ သတင်းတစ်ခုဖြစ်နေ လျက်ရှိသည်။

 
ခန့်ခန့်(ဒဿနိက)

အေးချမ်းမွန် Credit to >>The Hot News << Thank

ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)မှ မြန်မာပြည်သူလူထု နှင့် တွေ့ဆုံစကားပြောမည်ဟု အင်တာနက်သတင်းအချို့၌ပျံ့နှံ့ လျက်ရှိနေပြီး ယင်းကိစ္စနှင့်ပတ် သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့်နီးစပ်သူဟုယူဆရသူတစ်ဦး ဖြစ်သူ ယခင်အစိုးရ၀န်ကြီးဟောင်း တစ်ဦးဖြစ်သူ ဦးဌေးဦးမှ ယင်း သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း မီဒီယာများသို့ အတိအလင်းပြော ကြားလိုက်သည်။

ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ်တန်း မြန်မာပြည်မှ ထွက်ခွာ

ဂျာမဏီယာဉ်တန်း မြန်မာပြည်မှ ထွက်ခွာ 
Sunday, March 10, 2013

ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီးတထောက် ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်နယ် ဒေါနတောင်ကျော်လမ်းကိုဖြတ်ပြီး 
မြန်မာပြည်ထဲကနေ မနေ့က ညနေပိုင်းမှာ ထွက်ခွာသွားပါပြီ။

ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။ 

၅၄ ဦးပါ ခရီးသွားအဖွဲ့ဟာ မကြာခင်ကမှ မြန်မာအစိုးရ စတင်ခွင့်ပြုခဲ့တဲ့
နိုင်ငံတကာ ခရီးသွားယာဉ်တန်းတွေကို နယ်စပ်ကနေ ၀င်ရောက်ခွင့်ပြုတဲ့ အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း လည်ပတ်ကြတာပါ။

ဒီယာဉ်တန်း အိန္ဒိယနယ်စပ် တမူး မိုးရေးကနေ အရင်လ ၂၂ ရက်နေ့က ၀င်ရောက်လာတာဖြစ်ပြီး ပုဂံ၊ အင်းလေး၊ မန္တလေး၊ ကလော အပါအ၀င် အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံဟာသဘာဝတောတောင်ရေမြေတွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့နေရာဒေသတွေ အများကြီးရှိတဲ့တိုင်းပြည်ဖြစ်တယ်လို့ ဒီခရီးသွားတွေက  မြန်မာလ၀ကအရာရှိတွေကို မှတ်ချက်ပေးကြောင်း
မြ၀တီက လ၀က ၀န်ထမ်းတဦးက ဆိုပါတယ်။

ဂျာမနီအခြေစိုက် the seas Bridge Motor Home Co..Ltd က ပထမဆုံးစီစဉ်တဲ့ခရီးစဉ်ဖြစ်ပြီး  ၂၀၁၂  အောက်တိုဘာမှာ ခရီး စတင်ခဲ့တာပါ။

ဒီခရီးစဉ်မှာ ဂျာမနီ၊ ဆွစ်ဇလန်၊ သြစတြီးယား၊ အီတလီ၊  နယ်သာလန်၊ ဗြိတိန်၊ အီရန်နိုင်ငံသားတွေ ပါဝင်ပါတယ်။

ခရီးသည်ထဲက ၉၀ ရာခိုင်နှုန်းဟာ ဂျာမန်တွေဖြစ်ကြပါတယ်။

သူတို့ရဲ့ ရက်ပေါင်း ၇၀၀ ခရီးစဉ်မှာ ထိုင်း၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊  ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ နိုင်ငံတွေကိုလည်း  သွားရောက် လည်ပတ်ကြမှာပါ။ မြန်မာနိုင်ငံမရောက်ခင်တော့ တူရကီ၊ အာမန်းနီးယား၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေကို ၀င်ရောက်လည်ပတ်ခဲ့ကြပါတယ်။

နယ်စပ်မြ၀တီကတဆင့် အာရှဒေသ ခရီးသွားအဖွဲ့တွေ မြန်မာနိုင်ငံ အတွင်းကို မော်တော်ယာဉ်တန်းနဲ့အတူ ခရီးသွားလည်ပတ်မှုခရီးစဉ်
၃ ခု နှစ်ကုန်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။

ဥရောပနိုင်ငံမှခရီးသွားယာဉ်တန်း မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်ခြင်းက ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

ပြည်တော်မြင့်
ဧရာဝတီ


Sunday, March 10, 2013

ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီးတထောက်ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်
နယ် ဒေါနတောင်ကျော်လမ်းကိုဖြတ်ပြီး မြန်မာပြည်ထဲကနေမနေ့ကညနေပိုင်းမှာထွက်ခွာသွားပါပြီ။ထိုင်းနိုင်
ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။

၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား

၁၈၂၄ ခုနှစ်မတိုင်မီကတည်းက ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” ရှိခဲ့ကြောင်း မငြင်း နိုင်သော သက်သေအထောက်အထား
===========================

ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။

ထိုစာတမ်း၏ ခေါင်းစဉ်မှာ “ဗမာ့အင်ပါယာအတွင်း ပြောဆိုသုံးစွဲနေကြသော ဘာသာစကားအချို့၏ ဝေါဟာရ(များ)အား နှိုင်းယှဉ်လေ့လာခြင်း”ဟု အဓိပ္ပါယ်ရသည်။ အင်္ဂလိပ်ဘာသာဖြင့် “A Comparative Vocabulary of Some of the Languages Spoken in the Burma Empire” ဖြစ်သည်။ ရေးသားခဲ့သည့် သုတေသီပညာရှင်မှာ Francis Buchanan-Hamilton ဖြစ်ပြီး၊ ခရစ်သက္ကရာဇ် ၁၇၉၉ ခုနှစ်တွင် ရေးသား ပြုစုခဲ့သည်။ ခရစ်သက္ကရာဇ် ၁၈၀၁ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ယင်းစာတမ်းအား အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်ရှိ Northwestern University ၏ စာကြည့်တိုက်ကြီးတွင် ငှားရမ်း ဖတ်ရှုနိုင်သည်။ ထိုတက္ကသိုလ်ကြီး၏ စာတိုက်၏ ၀ဘ်ဆိုဒ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်သည်။
http://www.library.northwestern.edu/

ယင်းစာတမ်းတွင် ရိုဟင်ဂျာတိုင်းရင်းသားများ၏ အမည်အား Rooinga ဟု ပေါင်းထားသည်။ သို့သော် အောက်ပါရှင်းလင်းချက်အရ ရိုဟင်ဂျာတိုင်းရင်းသားများအား ရည်ညွှန်း၍ သုံးနှုန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“I shall now add three dialects, spoken in the Burma Empire, but evidently derived from the language of the Hindu nation. The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan”

“ကျွန်ုပ်အနေနှင့် ယခု ဗမာအင်ပါယာအတွင်း ပြောဆိုသုံးနှုန်းနေခဲ့ကြသော ဒေသိယဘာသာစကား သုံးခုကို ပူးပေါင်း၍ တင်ပြပေမည်။ သို့သော် ထိုဘာသာစကားများသည် ဟိန္ဒူလူမျိုးများ၏ ဘာသာစကား များမှ မြစ်ဖျားခံ ဆင်းသက်ခဲ့ကြောင်း သက်သေအထောက်အထားများအရ ဆိုနိုင်သည်။ ပထမဆုံး တင်ပြထားသည့် ဘာသာစကားမှာ ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်) အတွင်း ရှေးကပင် အခြေချ နေ ထိုင်ခဲ့ကြသော မဟာမေဒင်များ ပြောဆိုကြသည့် ဘာသာစကား ဖြစ်သည်။ ထိုသူတို့သည် သူတို့ကိုယ်ကို သူတို့ ရိုဟင်ဂျာ (၀ါ) ရခိုင်ပြည်နယ် (အာရ်ကာန်ပြည်နယ်)၏ တိုင်းရင်းသားများဟု ခေါ်ကြသည်။”

ဤစာတမ်းအား အစအဆုံး ဒေါင်း၍ ဖတ်လိုသူများ အောက်ပါလင့်ခ်ကို နှိပ်၍ လွယ်ကူစွာ ဒေါင်းလုပ် လုပ်ကာ ဖတ်ရှုလေ့လာသုတေသန ပြုနိုင်ပေသည်။

https://docs.google.com/open?id=0B4fThqDxAlBUNnhQSVZ5ek9pczg

လှည့်စားတတ်သူ ရခိုင်အကြမ်းဖက်သမားများ၏ အလိမ်အညာစက်ဝန်းများမှ လွတ်ကင်းကာ အမုန်းတရားများ ကွယ်ပျောက်၍ မေတ္တာတရား၊ အကြင်နာတရားဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နိုင်စေကြောင်း ဆန္ဒပြုလျှက်

ချမ်းမြေ့
29-11-2012

ရခိုင်ပြည်နယ်တွင် “ရိုဟင်ဂျာတိုင်းရင်းသားများ” နေထိုင်ခဲ့ကြောင်း ၁၈၂၄ ခုနှစ် မတိုင်မီက ရေးသားထုတ်ဝေခဲ့သည့် အစ္စလာမ်ဘာသာဝင် မုစ်လင်မ် လုံးဝ မဟုတ်သူ အနောက်တိုင်းပညာရှင် သုတေသီ တစ်ဦး မှ ပြုစုရေးသားခဲ့သည့် စာတမ်းတစ်စောင်တွင် တွေ့ရှိရပေသည်။

ကမ္ဘာ့ထိပ်တန်းနည်းပညာပြပွဲ CeBIT တွင် သုံးဖက်မြင် ပုံနှိပ်စက် နည်းပညာကို စိတ်အ၀င်စားဆုံး ဖြစ်