Pages

Saturday, August 17, 2013

ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်

RangonNewsDaily:: Aug 17, 2013
ဇင် ​ဘာ​ဘွေ​နိုင်ငံ​တွင်​ ​အ​မျိုး​သ​မီး​များ​က​ ​အ​မျိုး​သား​များ​ကို​ အုပ်​စု​ဖွဲ့​ ​မု​ဒိမ်း​ကျင့်​သည့် ​ ​ကိ​စ္စ​များ​ကြောင့်​ ​ရဲ​တပ်​ဖွဲ့​မှာ​ ​ခေါင်း​ခြောက်​နေ​ကြောင်း​ ​သိ​ရ​သည်​။ ​လွန်​ခဲ့​သော​ ​၁၁​ ​လ​အ​တွင်း​ ​အ​မျိုး​သား​ ​၆​ ဦး​မှာ​ ​အ​မျိုး​သ​မီး​များ​က​ ​အုပ်​စု​လိုက်​ ​မု​ဒိမ်း​ကျင့်​မှု​ ​ခံ​ခဲ့​ရ​သည်​။

ကိုယ့်ဟာကို လုံစေချင်လို့ပါ (မကျွေးချင်မပြပါနဲ့)


RangonNewsDaily:: Aug 17, 2013
မူလတန်းကျောင်း တစ်ကျောင်းတွင်ဖြစ်သည်။ ကျောင်းသူတစ်ဦးနှင့် ကျောင်းသားတစ်ဦး စကားပြောနေ သည်ကို ဆရာမက ဘေးမှ ခြောင်းပြီး နားထောင်နေသည်။

ဆေးတက္ကသိုလ် (၁)ရန်ကုန်၏ သီချင်းရေး၊ သီချင်းဆိုပြိုင်ပွဲ

Photo

RangonNewsDaily:: Aug 17, 2013
ဆေးတက္ကသိုလ် (၁)ရန်ကုန် စာပေနှင့် အနုပညာကော်မတီမှကြီးမှုးကျင်းပသော သီချင်းရေး၊ သီချင်းဆိုပြိုင်ပွဲကို သြဂုတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဆေးတက္ကသိုလ် ၁ ဇီဝကဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အိမ်စောင့်ဖြစ်သူနှင့် ယာဉ်မောင်းတို့ပူးပေါင်း၍ နေအိမ်အတွင်းရှိ ပစ္စည်းများခိုးယူမှုအား ဖော်ထုတ်

အိမ်စောင့်ဖြစ်သူနှင့် ယာဉ်မောင်းတို့ပူးပေါင်း၍ နေအိမ်အတွင်းရှိ ပစ္စည်းများခိုးယူမှုအား ဖော်ထုတ်

ရန်ကုန်၊ သြဂုတ် ၁၇

၁၄.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကမာရွတ်မြို့နယ်နေ ဦးကျော်မင်းထွန်းသည် မန္တလေးမှ နေအိမ် သို့ပြန်လာစဉ် အိမ်စောင့်
ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွား မှ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင်
နေအိမ်တံခါးပွင့်နေကြောင်း နေအိမ်အတွင်းရှိ နိုင်ငံခြားဖြစ်
အရက်မျိုးစုံဖာများ၊ လက်ကိုင်ဖုန်း (၂)လုံးနှင့်ငွေစက္ကူရောရာ
(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၄၄၉၆၀၀၀၀) မှာခိုးယူ
ခံရကြောင်း ပြောပြသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ကမာရွတ်မြို့မရဲစခန်း (ပ)၃၆၆/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်
စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ပြီး အိမ်စောင့်ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွားအား စစ်ဆေးမေးမြန်းခဲ့စဉ်က အခင်းဖြစ်ချိန်တွင် လူ(၄)ဦးမှ ၎င်းအား
ကြိုးချည်၍ ချုပ်နှောင်ရိုက်နှက်ကာသော့တောင်းပြီး ၎င်းသတိလစ်နေချိန်
တွင် ပစ္စည်းများယူဆောင်သွားကြောင်း ထွက်ဆိုချက်သည် အခင်းဖြစ်ရပ်
တွေ့ရှိချက်များနှင့်ကွဲလွဲနေ၍ စစိုးနန္ဒာ(ခ)ဖိုးခွားအားအသေးစိတ်
အထောက်အထားများနှင့်တကွ ထပ်မံစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့သည့်အခါမှ ၎င်းသည် ဦးကျော်မင်းထွန်း၏ဖခင်ဖြစ်သူ
ထံတွင် ယာဉ်မောင်းနှင့် ဈေးတာဝန်ခံအဖြစ်လုပ်ကိုင်နေသူ မင်းဇော်လှိုင်
နှင့်ပူးပေါင်း၍ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၃၀အချိန်ခန့်တွင် နေအိမ်ရှေ့
သံဘာဂျာ တံခါးမကြီးသော့များကို သံဖြတ်လွှဖြင့်ဖြတ်ကာ နေအိမ် အတွင်းဝင်ရောက်ပြီး နိုင်ငံခြားအရက်ဖာ များအားခိုးယူခဲ့ကြောင်း၊ မင်းဇော်လှိုင်မောင်းနှင်လာသော ဆူဇူကီးယာဉ်ဖြင့်သယ်ဆောင်၍ တာမွေမြို့နယ်ရှိ ဆိုင်တစ်ဆိုင်တွင်ရောင်းချခဲ့ကြောင်းနှင့်ဖုန်း(၂)လုံးအား လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုံသို့အပြန်လမ်းဘေး
တစ်နေရာတွင်လွှင့်ပစ်ခဲ့ကြောင်း ဖြစ်စဉ်မှန်အားစစ်ဆေး ပေါ်ပေါက်
ခဲ့ပါသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ စစိုးနန္ဒာ(ခ)ဖိုးခွား(ဘ)ဦးစနိုင်လတ်၊ ပျဉ်းမကွင်းကျေးရွာ ၀ါးခယ်မမြို့နယ်နေသူနှင့် မင်းဇော်လှိုင်
(ဘ)ဦးအုန်းခိုင်၊ ဘုရားကုန်းကျေးရွာ၊ ပန်းတနော်မြို့နယ်နေသူ တို့(၂)ဦး
အားဖမ်းဆီးအရေးယူခဲ့ပြီး သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်း
လျက်ရှိကြောင်း သတင်းရရှိပါသည်။
https://www.facebook.com/yangonpolice တွင်ဖော်ပြထားရှိပါသည်။

ရန်ကုန်၊ သြဂုတ် ၁၇
၁၄.၈.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ကမာရွတ်မြို့နယ်နေ ဦးကျော်မင်းထွန်းသည် မန္တလေးမှ နေအိမ် သို့ပြန်လာစဉ် အိမ်စောင့်ဖြစ်သူ စစိုးနန္ဒာ(ခ)ဖိုးခွား မှ ၁၃.၈.၂၀၁၃ ရက်နေ့ ၀၁၀၀ အချိန်ခန့်တွင်
နေအိမ်တံခါးပွင့်နေကြောင်း နေအိမ်အတွင်းရှိ နိုင်ငံခြားဖြစ်အရက်မျိုးစုံဖာများ၊ လက်ကိုင်ဖုန်း (၂)လုံးနှင့်ငွေစက္ကူရောရာ(၁၀၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဘိုးငွေကျပ်(၄၄၉၆၀၀၀၀) မှာခိုးယူ
ခံရကြောင်း

ရှေးအာမေးနီးယန်းအုတ်ဂူများ လင်ဇင်းကုန်းသုသာန်တွင်တွေ့

မန္တလေး၊ သြဂုတ် ၁၆

မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ်ခန့် ကတည်းက ရှိခဲ့သည့်ဟု ယူဆရသည့် အာမေးနီးယန်း လူမျိုးများ၏ ရှေးကျသော အုတ်ဂူများကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ရှိ လင်ဇင်းကုန်းသုသာန် အနောက်မြောက်ဘက်တွင် တွေ့ရှိကြောင်း မြန်မာဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က The Voice သို့ ပြောကြားသည်။

UMFCCI အသင်းချုပ်ရုံးကို ပေါင်ထားသည် ဆိုသည့်သတင်း မမှန်

Photo: UMFCCI အသင်းချုပ်ရုံးကို ပေါင်ထားသည် ဆိုသည့်သတင်း မမှန်
Saturday, August 17, 2013

ရန်ကုန်မြို့ ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ကို ပေါင်နှံထားသည်ဟု ထွက်ပေါ်နေသော သတင်း များမှာ ဟုတ်မှန်ခြင်း မရှိကြောင်း ကုန်သည်/စက်မှု အသင်းချုပ် ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောကြားသည်။

ကုန်သည်/စက်မှု အသင်းချုပ် အနေဖြင့် ယခုလက်ရှိတွင် ရန်ပုံငွေများကို အသင်းသားများထံသို့ ချေးထားခြင်း၊ အသင်းမှ ချေးယူထားခြင်း၊ အသင်းရုံးကို ပေါင်နှံထားခြင်းများ မရှိကြောင်းကို သြဂုတ် ၁၆ ရက်က မင်းရဲကျော်စွာလမ်းရှိ ယင်းအသင်းချုပ် ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။“အခုလက်ရှိ မှာ အသင်းသား နှစ်ဦးကို ငွေချေးထားတာရော၊ အသင်းက ငွေချေးယူ ထားတာရော၊ အသင်းချုပ် ရုံးကို ပေါင်ထားတာရော မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော် နေပြည်တော်တွင် UMFCCI ရုံး တည်ဆောက်ရန် လိုအပ်သောကြောင့် ၂၀၀၉ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဗဟိုအမှုဆောင်၊ အလုပ် အမှုဆောင် အစည်းအဝေး ပြုလုပ်ကာ ပေါင်နှံခဲ့ကြောင်း၊ အသင်းသားများကို ပိုက်ဆံ ချေးငှားခြင်းမှာလည်း အသင်း ရန်ပုံငွေအတွက် လိုအပ်သောကြောင့် ချေးခြင်းဖြစ်ပြီး ရရှိသော အမြတ်များကို အဆိုပါ ရုံးတည်ဆောက်မှုတွင်သာ ထည့်သွင်း အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

အသင်း၏ လုပ်ဆောင်ချက်များကို အသင်းဝင် နှစ်သောင်းကျော် က ရွေးချယ်ထားသော ဗဟို အမှုဆောင်၊ အလုပ် အမှုဆောင် ၁၀၀ ကျော်၏ ဆုံးဖြတ်ချက်များဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်ပြီး အသင်း၏ ဘဏ္ဍာရေး စာရင်းကို လစဉ် ဗဟို အမှုဆောင်၊ အလုပ် အမှုဆောင် အစည်းအဝေးတွင် ပုံမှန် တင်ပြထားကြောင်း ၎င်းက အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

အသင်းအနေနှင့် အသင်းဝင် နှစ်သောင်းကျော်လုံးကို တင်ပြခြင်း မရှိသော်လည်း အသင်းသား တစ်ဦးက သိရှိလိုကြောင်း ပြောဆိုလာပါက ရှင်းပြပေးကြောင်းနှင့် သြဂုတ်လ အတွင်း၌ အသင်းသား တစ်ဦးဖြစ်သူ ဦးခင်လှိုင်က ရှင်းပြရန် တောင်းဆိုသောကြောင့် ရှင်းပြပေးခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

(ကောင်းဆက်နိုင်)
The Voice Weekly

RangonNewsDaily:: Aug 17, 2013

ရန်ကုန်မြို့ ဒဂုံမြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန် မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး ကို ပေါင်နှံထားသည်ဟု ထွက်ပေါ်နေသော သတင်း များမှာ ဟုတ်မှန်ခြင်း မရှိကြောင်း ကုန်သည်/စက်မှု အသင်းချုပ် ပြန်ကြားရေးနှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောကြားသည်။

စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ

Photo: စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ
Saturday, August 17, 2013

ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထား ပါတယ်။

ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။

Friday(Malay)
Myanmar Daily News
Myanmar Forward

RangonNewsDaily:: Aug 17, 2013

ပွင့်လင်းမြင်သာတဲ့ ခေတ်အခြေအနေအရ မြန်မာ့ရုပ်ရှင် လောကမှာ ဆင်ဆာလွတ်လပ်ခွင့်တွေ အများကြီး ရရှိလာပါတယ်။ ဒါပေမယ့် ဆင်ဆာလွတ်လပ်ခွင့်တွေ ဘယ်လောက်ပဲ ပေးပေး ဆင်ဆာ ငြိတဲ့ ဇာတ်ကားတွေကတော့ ရှိနေဆဲပါပဲ။

၂၀၀၇ ခုနှစ် မယ်ကမ္ဘာဆုရှင် လက်ထပ်ပြီ

Photo: ၂၀၀၇ ခုနှစ် မယ်ကမ္ဘာဆုရှင် လက်ထပ်ပြီ
Saturday, August 17, 2013

၂၀၀၇ ခုနှစ် မယ်ကမ္ဘာ ဆုကို ရရှိသူ ကျန်းကျီလင်သည် မကြာသေးမီက ထိုင်းနိုင်ငံတွင် လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြောင်း ifeng.com ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံတွင် မင်္ဂလာ ပွဲ ပြုလုပ်ရန် ရွေးချယ်ရသည့် အကြောင်းမှာ ကျန်းကျီလင်တို့ ဇနီး မောင်နှံသည် ယခင်က ဖူးခက်ကျွန်းသို့ သွားရောက် လည်ပတ်ဖူးပြီး ယင်းနေရာကို နှစ်ဦး စလုံးက သဘောကျ နှစ်ခြိုက်သည့် အတွက်ဖြစ်ကြောင်း၊ လက်ထပ်ပွဲ အတွက်  အချိန်နှစ်လ ကြိုတင်ပြင်ဆင် ခဲ့ရကြောင်း ၎င်းဝက်ဘ်ဆိုက် ကပင် ဖော်ပြခဲ့သည်။

မယ်ကမ္ဘာဆုရှင် ကျန်း၏ ခင်ပွန်းဖြစ်သူ နေးလ်သည် အနုပညာ အသိုင်းအ၀ိုင်းမှ မဟုတ်ဘဲ သာမန်လူ တစ်ဦးသာ ဖြစ်သည့်အတွက် ၎င်းတို့၏ မင်္ဂလာ ဧည့်ခံပွဲသို့ မည်သည့် အနုပညာရှင် ကိုမှ ဖိတ်ကြားခဲ့ခြင်း မရှိကြောင်း၊ နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းနှင့် ရင်းနှီးသူ ၁၀ ဦးခန့်ကိုသာ ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ကျန်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟေနန်ပြည်နယ် ဆန်ယာမြို့ရှိ Beauty Crown ပြဇာတ်ရုံတွင် ၂၀၀၇ ခုနှစ်က ပြုလုပ်သော (၅၇)ကြိမ်မြောက် မယ်ကမ္ဘာ ပြိုင်ပွဲ၌ မယ်ကမ္ဘာ ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

မြ၀တီ

RangonNewsDaily:: Aug 17, 2013

၂၀၀၇ ခုနှစ် မယ်ကမ္ဘာ ဆုကို ရရှိသူ ကျန်းကျီလင်သည် မကြာသေးမီက ထိုင်းနိုင်ငံတွင် လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြောင်း ifeng.com ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

မြောက်ကိုရီးယားငရဲခန်းများအကြောင်း ထွက်ဆိုကြမယ်

မြောက်ကိုရီးယားငရဲခန်းများအကြောင်း ထွက်ဆိုကြမယ်

17/8/2013

မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေ၊ ထိန်းသိမ်းရေးစခန်းကနေ အရှင်ထွက် ထွက်လာနိုင်သူတွေ တက်ရောက်တဲ့ ကုလသမဂ္ဂ ကြားနာပွဲကို ရှေ့တပတ်ထဲ ပြုလုပ်ပါမယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရ၊ နှိပ်စက်ခံရတယ်၊ ကွပ်မျက်မှုတွေ ရှိတယ် ဆိုတဲ့ ပြောဆိုချက်များနဲ့ ပတ်သက်ပြီး ကြားနာကြ ထွက်ဆိုကြမှာပါ။

ဒီလို ပြုလုပ်ထားခြင်းအားဖြင့် မြောက်ကိုရီးယားအစိုးရခေါင်းဆောင်တွေကို တချိန်ချိန်မှာ ခုံရုံးတင်နိုင်ဖို့ ရည်ရွယ်ပါတယ် တဲ့။

ကြားနာကြတဲ့အခါ ကုလသမဂ္ဂ အရာရှိ ဆယ်ဦးရဲ့ ထောက်ခံချက် ရရှိထားတဲ့ တသီးပုဂ္ဂလ စုံစမ်းရေးသမား သုံးဦး ရှိနေပါမယ်။
စွပ်စွဲမှုများနဲ့ပတ်သက်တဲ့ ကြားနာမှုတွေကို ဆိုးလ် နဲ့ တိုကျိုမြို့တို့မှာ ပြုလုပ်ပါမယ် တဲ့။

အစားအသောက် လုံလောက်အောင် မပေးခြင်း၊ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း အစရှိတဲ့ အမှုများကို ကြားနာပါလိမ့်မယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ အရေးယူမှုနဲ့ ကြုံခဲ့ဖူးပါတယ်။ နျူကလီးယားလက်နက်များနဲ့ ပတ်သက်လို့ အရေးယူတာပါ။
အခုတော့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်ပြီး ပထမဆုံး အနေနဲ့ နိုင်ငံတကာ ကျွမ်းကျင်သူများရဲ့ စစ်ဆေးမှုကို ခံရတော့မှာ ဖြစ်ပါတယ်။
လူသားဖြစ်မှုကိုဆန့်ကျင်တဲ့ရာဇ၀တ်မှု ဟုတ်မဟုတ် စစ်ဆေးနိုင်ခွင့်အာဏာ စုံစမ်းရေးသမားတွေကို ပေးထားပါတယ် တဲ့။

ဒီခြေလှမ်းတွေဟာ မြောက်ကိုရီးယားခေါင်းဆောင်တွေကို တရားစွဲနိုင်မယ့် ရှေ့ပြေး အစီအစဉ်တွေပါပဲ။မြောက်ခေါင်းဆောင်တွေဘက်ကတော့ သူတို့အပေါ် စွပ်စွဲထားချက်တွေကို အကြိမ်ကြိမ် ငြင်းပါတယ်။

သတင်း အပြည့်အစုံကို ဧရာဝတီ စာမျက်နှာ http://www.irrawaddy.org/archives/42139 မှာ ဖတ်နိုင်ပါပြီ။

မြောက်ကိုရီးယား အကျဉ်းစခန်းများကနေ အရှင်ထွက် ထွက်လာသူတွေဖြစ်တဲ့ Shin Dong-hyuk နဲ့ Kim Hye-Sook တို့လည်း ဒီကြားနာမှု အစီအစဉ်မှာ အစစ်ဆေးခံကြဖွယ် ရှိပါတယ်။

အထက်ပါ ဓာတ်ပုံမှာ တွေ့ရသူကတော့ Shin Dong-hyuk ပါပဲ။

သူ့ရဲ့ အကျဉ်းစခန်း ဖြစ်ရပ်များ နဲ့ မြောက်ကိုရီးယား ငရဲခန်းကနေ ထွက်ပြေးလွတ်မြောက်လာပုံတွေကိုရန်ကုန်မြို့အခြေစိုက် မော်ကွန်း လစဉ်ထုတ် မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြနေပါတယ်။ ခေါင်းစဉ်က - အကျဉ်းစခန်း အမှတ် ၁၄ မှ ထွက်ပြေးလွတ်မြောက်ခြင်း ဖြစ်ပါတယ်။

ဘာသာပြန် ဖော်ပြချက်ကို မော်ကွန်းကနေ ခွင့်တောင်းပြီး ဒီ ဧရာဝတီ ဘလော့မှာ တင်ပြဖို့ အစီအစဉ် ရှိပါတယ်။

Irrawaddy Blog
ဓာတ်ပုံမှာ တွေ့ရသူကတော့ Shin Dong-hyuk ပါပဲ

RangonNewsDaily:: Aug 17, 2013

မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေ၊ ထိန်းသိမ်းရေးစခန်းကနေ အရှင်ထွက် ထွက်လာနိုင်သူတွေ တက်ရောက်တဲ့ ကုလသမဂ္ဂ ကြားနာပွဲကို ရှေ့တပတ်ထဲ ပြုလုပ်ပါမယ်။

မြန်မာနိုင်ငံတက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ရုံဖြင့်အမှတ်မလိုပဲ ကိုရီးယား တက္ကသိုလ် တွင် ပညာသင်ကြားနိုင်

RangonNewsDaily:: Aug 17, 2013

ကိုရီးယားနိုင်ငံထိပ်တန်းအဆင့်မြင့်လေကြောင်း အာကာသတက္ကသိုလ် Korea Aerospace University (KAU) နှင့် U.M.S "Queen" Co.,Ltd တို့မှပူးပေါင်းကျင်းပသောပညာရေးဆိုင်ရာဆွေးနွေးပွဲကို Room 205, Main Building, MICT Park University Hlaing Compus, Yangon တွင် ၂၀၁၃ခုနှစ်တွင်သြဂုတ်လ(၁၃)ရက်နေ့လည်(၂)နာရီမှ(၄)နာရီအထိကျင်းပပြုလုပ်ကျင်းပခဲ့သည်။

3G ကွန်ရက်စနစ်ဖြင့် အသံနှင့် data နှစ်ခုစလုံးရရှိအောင် ၀န်ဆောင်ပေးမည့်"Ooredoo"

RangonNewsDaily:: Aug 17, 2013

မိုဘိုင်းဖုန်းပြောဆိုခကို ဈေးနှုန်းကြေညာသည့်အခါတွင် ပြည်သူလူထု စိတ်လှုပ်ရှားမည့် ဈေးနှုန်းဖြစ်ရမည်ဟု Ooredoo Quatar Telecom ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်းကိုယ်စားလှယ်အရာရှိ Ross Cormack က Park Royal ဟိုတယ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းတွင် ပစ္စည်းပျောက်ဆုံးမှု၊ ဆိပ်ကမ်းအတွင်း နေရာပြောင်းရွှေ့မှုတွင် ထိခိုက်မှုများ ရှိနေ

RangonNewsDaily:: Aug 17, 2013
ပြည်ပမှ တင်သွင်းလာသည့် ကားများ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အဆိုပါ ကားများတွင် ပါဝင်လာသည့် အပိုပစ္စည်းများ ပျောက်ရှခြင်း၊ ဆိပ်ကမ်းတွင်း နေရာပြောင်းရွှေ့မှုတွင် ထိခိုက်မှုအချို့ ရှိနေကြောင်း ပြည်ပမှ ကားတင်သွင်းသည့် လုပ်ငန်းရှင် အချို့က ပြောကြားသည်။

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်ယူရန် ဆည်တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံအား ဖိတ်ခေါ်

RangonNewsDaily:: Aug 17, 2013

ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရန် ဆည်တည်ဆောက်ရေး အတွက် ဂျပန်နိုင်ငံအား ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ဒေသများ စိုက်ပျိုးရေ ရရှိရေး၊ လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲ နိုင်ရေးအတွက် တာတမံဆည်များ (Low Head Dam) များ တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ဂျပန်နိုင်ငံမှ ချေးငွေရရှိရေး ဆောင်ရွက်ပေးပါရန် သို့မဟုတ် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ

လေယာဉ်ပေါ်တွင် မူးပြီးရမ်းသဖြင့် မြန်မာတစ်ဦး အမှုဖွင့်ခံရ

RangonNewsDaily:: Aug 17, 2013

စင်္ကာပူမှ မြန်မာနိုင်ငံသို့ ပျံသန်းလာသော လေယာဉ်ပေါ်တွင် မူးယစ်ရမ်းကားသဖြင့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးကို သြဂုတ် ၁၄ ရက်က အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ မှုခင်းသတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တောင်ပြုံးကျေးရွာအနီးတွင်လူတစ်ဦးရေနစ်သေဆုံး

RangonNewsDaily:: Aug 17, 2013

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှ တာဘောင်တက်အထွက် တံတားအောက် ရွှေတချောင်းရေမြောင်းအတွင်း သြဂုတ်လ (၁၅)ရက်နေ့က လူတစ်ဦး ရေနစ်သေဆုံးနေကြောင်း
သတင်းရရှိ၍ မတ္တရာရဲစခန်းမှ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Miss Grand Myanmar မထားထက်ထက်နှင့် တွေ့ဆုံခြင်း

Photo: Miss Grand Myanmar မထားထက်ထက်နှင့် တွေ့ဆုံခြင်း
Friday, August 16, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်မည့် Miss Grand Myanmar ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်မည့် Miss Grand Myanmar မထားထက်ထက်ကို သွားရောက် ယှဉ်ပြိုင်ဖြစ်ပုံနှင့် လေ့ကျင့်ပြင်ဆင်ပုံများအကြောင်း၊ ပြိုင်ပွဲနှင့် ပတ်သက်သည့် ရည်မှန်းချက်များကို The Voice မှ သွားရောက် မေးမြန်းထားခြင်း ဖြစ်ပါတယ်။

Voice ။ ။ အရင်ဆုံး ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါဦး။

HHH ။ ။ ဒီပွဲကို ဝင်ပြိုင်ဖြစ်တာက Miss တစ်ယောက်အနေနဲ့ ကိုယ်က မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ချင်တာပါ။ အရင်က ကျွမ်းဘားကစားတုန်းကလည်း မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အခြားနိုင်ငံမှာလည်း သွားပြိုင်ဖူးတယ်။ အဲလိုမျိုးပဲ ကိုယ့်နိုင်ငံ အကျိုးပြုနိုင်တဲ့၊ ကိုယ့်နိုင်ငံကို ဂုဏ်ယူနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်တဲ့ စိတ်မျိုးရှိလို့ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ Miss တစ်ယောက် ဖြစ်ချင်လို့ ဝင်ပြိုင်ဖြစ်တာပါ။

Voice ။ ။ ကျွမ်းဘားမယ် အနေနဲ့လည်း ယှဉ်ပြိုင်ဖူးပြီးတော့ အခုလည်း အလှမယ် တစ်ယောက်အနေနဲ့ ယှဉ်ပြိုင်ရမယ်ဆိုတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။

HHH ။ ။ အဲဒီနှစ်ခုကတော့ ကွာပါတယ်။ အလှမယ် ပြိုင်ပွဲနဲ့တော့ သိပ်မတူပါဘူး။ အလှမယ်ဆိုတာက အကုန်လုံး ကိုယ့်ရဲ့အပြင်ပိုင်းပုံစံ အလှအပတွေ ရှိရမယ်။ ယုံကြည်မှု ရှိရမယ်။ ကျွမ်းဘားကစားတာ ကျတော့ အားကစားဆိုတော့ ကိုယ်လေ့ကျင့်ထားတဲ့ ကိုယ့်ရဲ့အတိုင်းအတာကို သိတယ်။ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်မလဲ ဆိုတာကို အစတည်းက ယုံကြည်မှု ရှိတယ်ပေါ့။ ဒီ Miss တစ်ယောက်အနေနဲ့ ကျတော့ ငါ့ကိုယ်ငါ သူများလက်ခံနိုင်တဲ့သူ ဖြစ်ရဲ့လား၊ အလှအပကရော ပြည့်စုံရဲ့လားဆိုတဲ့ စိတ်မျိုးတွေ ဝင်မိတယ်။ ဒီဟာကကျတော့ ခန္ဓာကိုယ် အလှအပတစ်ခုတည်း မဟုတ်ဘူး။ စိတ်အလှအပ၊ ကျန်းမာကြံ့ခိုင်ရမယ်။ အသိဉာဏ်ပိုင်းဆိုင်ရာ ကြွယ်ဝရမယ် အဲ့လိုမျိုးတွေပါ ယှဉ်ပြိုင်ရမှာဆိုတော့ စိတ်လှုပ်ရှားနေပါတယ်။

Voice ။ ။ ကျွမ်းဘားလည်း ကစားခဲ့တာဆိုတော့ ကျွမ်းဘားနဲ့ ပတ်သက်ပြီး ဘယ်တုန်းကစပြီး စိတ်ဝင်စားတာလဲ။ ဆုတွေဘာတွေရော ရခဲ့လား။

HHH ။ ။ ကျွမ်းဘားကို အသက် ၆ နှစ်တည်းက ဆော့ခဲ့တာပါ။ အသက် ၁၆ နှစ်အထိ ၁၀ နှစ်ကြာ ဆော့ခဲ့ပါတယ်။ မြန်မာ့ လက်ရွေးစင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီး ရဖူးပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ SEA Games ကိုနှစ်ခါပြိုင်ဖူးပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဗီယက်နမ်မှာ တစ်ခါ၊၂၀၀၅ခုနှစ်မှာ ဖိလစ်ပိုင်မှာတစ်ခါ ပြိုင်ဖူးပါတယ်။ အဲဒီမှာပြိုင်တဲ့ အချိန်မှာတုန်းက မြန်မာနိုင်ငံက ကျွမ်းဘားကစားတဲ့လူက နည်းတယ်။ အစ်မ တစ်ယောက်ပဲ ရှိတယ်ပေါ့။ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် ပစ္စည်းအနေအထား ကွာခြားချက်တွေရှိလို့ ဆုတော့ မရခဲ့ပါဘူး။ ဒါပေမဲ့ Top Ten ထဲတော့ ဝင်ခဲ့ပါတယ်။

Voice ။ ။ အခုပြိုင်ပွဲက နိုဝင်ဘာလမှ သွားပြိုင်ရမှာဆိုတော့ ပြင်ဆင်ဖို့ အချိန်တွေ ရသေးတယ်လေ။ အဲဒီအတွက်ရော ဘယ်လို ပြင်ဆင်မှုတွေ လုပ်သွားမှာလဲ။

HHH ။ ။ ဟုတ်ကဲ့။ အစ်မက အချိန်တွေ အများကြီး ရတယ်ဆိုတော့ ပြင်ဆင်မှုတွေက အများကြီး လုပ်လို့ရပါတယ်။ အခု လက်ရှိတော့ ကျွမ်းဘားကို ဆက်ပြီး ဆော့နေပါတယ်။ Performance အတွက်ပေါ့။ ပြိုင်ပွဲမှာ Talent ပြိုင်ပွဲပါတယ်ဆိုတော့ အဲ့ဒါကို ပြဖို့ရှိပါတယ်။ အစ်မက စောင်းလည်း တီးပါတယ်။ အဲ့ဒါကြောင့် မြန်မာ့စောင်းနဲ့ ကျွမ်းဘားကို ပြဖို့အတွက် လေ့ကျင့်မှုတွေ လုပ်နေပါတယ်။ Organizer ကနေလည်း လေ့ကျင့်မှုတွေ လုပ်ပေးပါတယ်။

Voice ။ ။ ဒီပြိုင်ပွဲမှာ Swim suit (ရေကူးဝတ်စုံ) လည်းပါတယ်လို့ သိရပါတယ်။ အဲဒီအတွက်ရော ဘယ်လိုပြင်ဆင်မှုတွေ လုပ်နေလဲ။

HHH ။ ။ ဒီ Swim suit ကကျတော့ သူတို့က အဓိကကြည့်တာက ပြိုင်ပွဲဝင်တွေရဲ့ ကျန်းမာကြံ့ခိုင်တဲ့ ပုံစံကိုပါ။ Miss တစ်ယောက်က ဘယ်လောက်ထိ ကျန်းမာလဲဆိုတာကို သူ့ရဲ့ခန္ဓာကိုယ် အချိုးအစားက ဘယ်လောက် တည်မြဲမှုရှိလဲ ဆိုတာတွေကို စစ်တဲ့ပွဲဆိုတော့ အများကြီး Train လုပ်ရပါတယ်။ Miss တစ်ယောက်က အဲ့ဒီဝတ်စုံ ဝတ်လိုက်တဲ့ အချိန်မှာ အဆီတွေ နဲ့ ဖုံးနေတာမျိုး မဖြစ်အောင်လို့ အဲ့အတွက် အသေးစိတ် လေ့ကျင့်မှုတွေ လုပ်နေပြီးတော့ အခုလည်း Gym ဆော့ပါတယ်။

Voice ။ ။ အဲဒီလိုမျိုး Swim suit (ရေကူးဝတ်စုံ) ဝတ်စုံ ဝတ်ရမှာဆိုတော့ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။

HHH ။ ။ ဒီလို Swim suit ဝတ်ရတာက မြန်မာနိုင်ငံက လူတွေအမြင်မှာတော့ တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဟာက ပြိုင်ပွဲစည်းကမ်းအရဆိုတော့ ပြည်သူတွေကို ပြိုင်ပွဲ စည်းကမ်း တစ်ခုအနေနဲ့ပဲ မြင်စေချင်ပါတယ်။ ပြိုင်ပွဲစည်းကမ်းအရ ပြိုင်ရတယ်ဆိုတာကိုပဲ လက်ခံပေးစေချင်ပါတယ်။ ကျွမ်းဘားပြိုင်တုန်းကလည်း အဲဒီလိုမျိုး အပြတ်နဲ့ပဲ ပြိုင်ရတာပါ။ အပြတ်နဲ့ မပြိုင်လို့ရှိရင် မြန်မာနိုင်ငံကဆိုပြီး ခြွင်းချက်အနေနဲ့ လုပ်ပေးမှာ မဟုတ်ပါဘူး။ လုပ်တဲ့ပွဲက နိုင်ငံတကာနဲ့ ယှဉ်ရတဲ့အတွက် ကိုယ်မပြိုင်ရင် အမှတ်မရဘူး။ ရှုံးမှာပါပဲ။ အဲဒီအတွက် ပြိုင်ပွဲဝင် စည်းကမ်းအရတော့ ပြိုင်ရမှာ ဖြစ်ပါတယ်။

Voice ။ ။ အစ်မရဲ့ အကြောင်းကို ပရိသတ်ကို မိတ်ဆက်ပေးပါဦး။ အသက်က ဘယ်လောက်လဲ။ ပညာအရည်အချင်းကရော။

HHH ။ ။ အစ်မရဲ့ အသက်အမှန်က ၂၃ ပါ။ ဒါပေမဲ့ ပတ်စ်ပို့မှာ လုပ်ထားတာကတော့ ၂၄ နှစ် အရွယ်နဲ့ပါ။ ပညာအရည်အချင်းကတော့ အင်ဂျင်နီယာနဲ့ ကျောင်းပြီး ပြီးပါပြီ။

Voice ။ ။ ဒီပြိုင်ပွဲအတွက် လျှောက်လွှာက သီးသန့်မဟုတ်ဘဲနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၃ မှာရှိတဲ့ Miss Supranational ပွဲအတွက် ခေါ်ရင်းနဲ့မှ ရွေးထုတ်လိုက်တာ ဆိုတော့ Miss Supranational ပွဲနဲ့ လွဲခဲ့ရတဲ့ အပေါ်ရော ဘယ်လိုခံစားမိလဲ။

HHH ။ ။ အဲဒါကတော့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှ ရွေးချယ်တဲ့ သဘောပေါ့နော်။ ဒါကတော့ Organizer နဲ့ဆိုတာပေါ့။ အစ်မ အနေနဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် တခြားနိုင်ငံမှာ သွားပြိုင်ရတယ်ဆိုတော့ Miss Myanmar တစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံ ကိုယ်စားပြု သွားပြိုင်ရမှာ ဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။ ကိုယ်နိုင်ငံကို ကိုယ်စားပြုရမှာဆိုတော့ ရင်ထဲမှာ ဝမ်းမြောက်မိပါတယ်။ ဘယ်ပွဲမဆို ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး အတတ်နိုင်ဆုံး ကြိုးစားသွားမယ်ဆိုတဲ့ စိတ်ပဲရှိပါတယ်။

Voice ။ ။ သွားပြိုင်ရမှာက နိုင်ငံတကာနဲ့ဆိုတော့ ဘာသာစကားကိုရော ဘယ်နှမျိုးလောက် တတ်မြောက်ထားလဲ။

HHH ။ ။ ဘာသာစကားကတော့ လေးမျိုးတတ်ပါတယ်။ အင်္ဂလိပ်၊ ကိုရီးယား၊ တူရကီ ဘာသာရယ်၊ တရုတ်စကားရယ် တတ်မြောက်ထားပါတယ်။

Voice ။ ။ အရင်ကလည်း ကျွမ်းဘား ကစားဖူးတဲ့ Miss တစ်ယောက်အနေနဲ့ အားကစားဘက်မှာရော ဘာတွေဆက်လုပ်ဖို့ရှိလဲ။

HHH ။ ။ အစကတော့ လာမယ့် Sea Games မှာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ ခါးမှာ ဒဏ်ရာ ရထားတော့ ဝင်မပြိုင်နိုင်တဲ့ အတွက်ကြောင့် ကိုယ်တိုင်အားကစားလုပ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ Sea Games ပြိုင်ပွဲမှာ ကိုယ့်ဘက်က လုပ်ပေးနိုင်တာ မှန်သမျှကို လုပ်ပေးဖို့ ရှိပါတယ်။

Voice ။ ။ ပရိသတ်ကိုရော ဘာများပြောချင်တာ ရှိသေးလဲ။

HHH ။ ။ ဟုတ်။ ညီမရဲ့ Grand International ပြိုင်ပွဲအတွက် စပြီးတော့ Vote ပေးလို့ရပါပြီ။ Facebook အကောင့်ရှိတဲ့ လူတိုင်းတစ်ယောက်ကို မဲ ၂၀ ပေးလို့ရပါပြီလို့ ပြောချင်ပါတယ်။ ညီမကို အားမပေးချင်တောင်မှ မြန်မာနိုင်ငံက Miss တစ်ယောက်အနေနဲ့ အားပေးပါလို့ ပြောချင်ပါတယ်။ လက်ရှိမှာတော့ နံပါတ် ၂ နေရာမှာ ရှိနေပါတယ်။ အဲဒါကြောင့် Miss Popular ဆိုတဲ့ဆုကို ပရိသတ်ကြီးကြောင့် ရချင်ပါတယ်။ 

(ဟန်သူထွန်း)
The Voice Weekly