Pages

Sunday, February 16, 2014

Valentine Day က ဖွင့်လှစ်ခဲ့တဲ့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop ဆိုင် မီးလောင်မှုဖြစ်ပွား

Photo: Valentine Day က ဖွင့်လှစ်ခဲ့တဲ့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop ဆိုင် မီးလောင်မှုဖြစ်ပွား

kolatt(PBDN): February . 16 .2014

ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop မှာ ဒီနေ့ဖေဖော်ဝါရီ ၁၆ရက် မနက်
၇နာရီဝန်းကျင် ၀ါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းပြီး မနက် ၈နာရီလောက်မှာငြိမ်းသတ်
နိုင်ခဲ့ပါတယ်။ 

ဒီဆိုင်ဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကမှ စဖွင့်တာဖြစ်ကြောင်း သိရပါတယ်။

DVB TV News::--

RangonNewsDaily: February . 16 .2014
ရန်ကုန်မြို့ လှည်းတန်းလမ်းမပေါ်က Magic Bubble tea shop မှာ ဒီနေ့ဖေဖော်ဝါရီ ၁၆ရက် မနက်၇နာရီဝန်းကျင် ၀ါယာရှေ
ာ့ဖြစ်
ရာကနေ မီးစတင်လောင်ကျွမ်းပြီး မနက် ၈နာရီလောက်မှာငြိမ်းသတ်နိုင်ခဲ့ပါတယ်။ 

ပြိုင်ကားအုပ်စုမှ ၀ိုင်းဝန်းရိုက်နှက်သဖြင့် အငှားယာဉ်မောင်းနှင့် ခရီးသည်တို့ဒဏ်ရာရသည့်အပြင် အငှားယာဉ်ပျက်စီး

RangonNewsDaily: February . 16 .2014
၁၆.၂.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ အငှားယာဉ်မောင်း ကိုသက်ဇင်ဝင်းသည် ၎င်း၏ စူပါရုဗင်အငှားယာဉ်ဖြင့် ခရီးသည်အမျိုးသား(၃)ဦးအား တင်ဆောင်ကာ မင်္ဂလာဒုံမြို့နယ်မှ လသာမြို့နယ် သို့ ပို့ဆောင်ရန်အတွက် ပြည်လမ်းအတိုင်းမောင်းနှင် လာခဲ့ပါသည်။

Samsung ကမိတ်ဆက်လိုက်ပြီဖြစ်တဲ့ Galaxy Grand 2

Photo: Samsung ကမိတ်ဆက်လိုက်ပြီဖြစ်တဲ့ Galaxy Grand 2

===============================
ခွန်နေ(AMMG)

တောင်ကိုးရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်းဆောင်းကတော့ Galaxy စီးရီးထဲက Grand အမျိုးအစားဖြစ်တဲ့ နောက်ထပ်မျိုးဆက်သစ်
Samsung Galaxy Grand 2 ဆိုပြီး မိတ်ဆက်ချပြလိုက်ပါပြီ။

ပြည်တွင်းဈေးကွက်မှာလဲ လူကြိုက်များခဲ့တဲ့ Galaxy Grand ရဲ့နောက်ထပ်
မျိုးဆက်သစ် Galaxy Grand 2 မှာတော့ မျက်နှာပြင်အကျယ် ၅.၂၅ လက်မ၊
LCD မျက်နှာပြင်နှင့် Resolution 1280x720 pixels ပါဝင်လာမယ်လို့သိရပါ
တယ်။

1.2GHz quad-core processor နှင့် RAM 1.5GB သိုလှောင်မှုပိုင်းမှာတော့
8GB အသုံးပြုပေးထားပြီး မလုံလောက်ပါက ထပ်မံတိုးချဲ့ဖို့ microSD card slot ပါဝင်တယ်လို့သိရပါတယ်။ တာရှည်ခံဘက်ထရီ 2,600mAh အသုံးပြု
ထားပြီး ထူးခြားမှုအနေနဲ့ ကင်မရာပိုင်းမှာ ရှေ့၊နောက်တူညီတဲ့ 8 megapixel
အသုံးပြုပေးထားပါတယ်။ Dual-Sim ထည့်သွင်းအသုံးပြုနိုင်ပြီး Android 4.3 Jelly Bean အသုံးပြုထားတယ်။

ဖြန့်ချိမယ့်ရက်နဲ့ ဈေးနှုန်းကိုတော့ ထည့်သွင်းရေးသားထားခြင်းတော့မရှိ
သေးပါဘူး။ သေချာတာကတော့ မကြာမီဈေးကွက်အတွင်းမှာ Samsung
ရဲ့ Galaxy စီးရီးကိုထပ်မံမြင်တွေ့ရတော့မှာဖြစ်ကြောင်း။

Ref:arena

RangonNewsDaily: February . 16 .2014
တောင်ကိုးရီးယား နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဆမ်းဆောင်းကတော့ Galaxy စီးရီးထဲက Grand အမျိုးအစားဖြစ်တဲ့ နောက်ထပ်
မျိုးဆက်သစ်Samsung Galaxy Grand 2 ဆိုပြီး မိတ်ဆက်ချပြလိုက်ပါပြီ။

တာချီလိတ်မြို လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ

Photo: တာချီလိတ်မြို လောင်းကစားရုံမှာ ထိုင်း ၆ ဦး မြန်မာ ၁၃ ဦး အဖမ်းခံရ
Sunday, February 16, 2014

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမ၀င်ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေနဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ကျိုင်းတုံအခြေစိုက် ပြည်နယ်ရဲမှူးကြီး မျိုးလွင်အောင် ဦးစီးတဲ့ ရဲတပ်ဖွဲ့ကနေပြီး ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ မနေ့မနက် ၁၀ နာရီခန့်က သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ရာ အမျိုးသား ၁၀ ယောက် အမျိုးသမီး ၉ ယောက်နဲ့အတူ ထိုင်းဘတ်ငွေ ၁၉၂၈၆၀၀ နဲ့ညီမျှတဲ့ ငွေအစား ကစားတဲ့ပစ္စည်းတွေကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးရမိတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောပေမယ့် အသေးစိတ်ပြောဆိုဖို့အတွက် ငြင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ထိုင်းအာဏာပိုင်တွေဖက်က အတိအကျ မသိရသေးဘူးလို့လည်း ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ထိုင်းနိုင်ငံသား ၆ ယောက်ကိုတော့ အာမခံနဲ့ မြန်မာအာဏာပိုင်တွေက ပြန်လွတ်ပေးထားပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းကို ပြန်လာလို့ မရသေးကြောင်း၊ မြန်မာအာဏာပိုင်တွေက ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး အမှုထင်ရှားလို့ ပြစ်ဒဏ်ကျခံရမယ်ဆိုရင် အနည်းဆုံး ၆ လ ကနေ တစ်နှစ်အထိ ကျခံရနိုင်တယ်လို့လည်း သိရပါတယ်။

တာချီလိတ်မြို့က ဟော်တယ်အများစုဟာ ထိုင်းနိုင်ငံက ချမ်းသာတဲ့ ထိုင်းလူမျိုးတွေက နှစ်အလိုက် ပုတ်ပြတ်ငှားရမ်းပြီး အခုလို တရားမ၀င် လောင်းကစားရုံတွေ ဖွင့်လှစ်ထားတာ အများအပြား ရှိနေကြတယ်လို့လည်း သိရပါတယ်။

RFA

RangonNewsDaily: February . 16 .2014
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ တရားမ၀င်ဖွင့်လှစ်ထားတဲ့ Las Vegas Hotel က ကာစီနို လောင်းကစားရုံကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေဖမ်းဆီးရာ လောင်းကစားပစ္စည်းတွေနဲ့အတူ ထိုင်းနိုင်ငံသား ၆ ယောက်နဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်

Photo: လေးပွင့်ဆိုင် တွေ့ဆုံရေး အကောင်ထည်ဖော်ပေးရန် သန်လျင်တွင် ဆန္ဒထုတ်ဖော်
Sunday, February 16, 2014

ရန်ကုန်၊ မဇ္ဈိမ။ ။၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

၎င်းက "ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ လွှတ်တော်နဲ့ ကာကွယ်ရေးဦးစီးချူပ်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ကို ကျွန်တော်တို့က ဖြစ်စေချင်တာ၊ ပြီးတော့ ပြည်သူတွေ သဘောမတူတဲ့ ပုဒ်မတွေ အားလုံးကိုပါ ဖျက်သိမ်းပေးဖို့ပေါ့ ဒီအချက်၃ချက်ကိုပဲ
တောင်းဆိုတာပါ” ဟု ပြောသည်။

ဆန္ဒထုတ်ဖော်ခွင့် တင်ရာတွင် လူအင်အား ၁၀၀၀ ခွင့်ပြုရန် တင်ပြခဲ့သော်လည်း လူ၃၀၀ဖြင့်သာ ပြသရန် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ရက်နေ့က ခွင့်ပြုခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၁၆ရက် နေ့လည် ၁၀နာရီမှ ၁၂နာရီအထိ ပြုလုပ်ခဲ့ပြီး သန်လျင်မြို့ ဒေသခံများနှင့်အတူ တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂလည်း ပူပေါင်းပါဝင်ခဲ့သည်။

Photo Caption>>>> သန်လျင်မြို့နယ်တွင် အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် လေးပွင့်ဆိုင် တွေ့ဆုံပွဲ အကောင်အထည် ဖော်ပေးရန် သန်လျင်မြို့ ဒေသခံများနှင့် ကျောင်းသား သမဂ္ဂတို့ ပူးပေါင်းကာ ဖေဖော်ဝါရီလ ၁၆ရက်က ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ- ကိုကျော်သူ)

Mizzima - News in Burmese

RangonNewsDaily: February . 16 .2014
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် ဖေဖော်ဝါရီ ၁၆ရက်က လူအင်အား ၅၀၀ရာကျော်က ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်

Photo: ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်
Sunday, February 16, 2014

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

ယင်းပွဲပထမပိုင်းတွင် ဇွဲကပင်အသင်းမှာ (၁)ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ပယ်နယ်တီ(၂)ဂိုး ပြန်ပေးခဲ့ရပြီး ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယင်းပွဲကို တာဝန်ယူကိုင်တွယ်နေသော ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များကို ကျေနပ်မှုမရှိသောကြောင့် ဇွဲကပင်အသင်းပိုင်ရှင်က ပွဲကြည့်စင်မှ ကွင်းအတွင်းသို့ဆင်း၍ ပွဲအပြီးကွင်းပြင်ပသို့ ပြန်ထွက်လာသည့် ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ‘ဒီဖြစ်ရပ်ဟာ ပွဲချိန်အတွင်းမှာဖြစ်တာ မဟုတ်ပါဘူး။ ပွဲပြီးမှဖြစ်တာပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို သီးခြားအစီရင်ခံစာရေးပြီး တင်ပြသွားမှာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူမလဲ ဆိုတာကတော့ တာဝန်ရှိသူတွေ ဆုံးဖြတ်သွားမှာပါ’ ဟု ယင်းပွဲကို တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်က ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဒိုင်လူကြီးများ ကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးထွန်းလှအောင်ကလည်း ယင်းပွဲတွင် ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဇွဲကပင်အသင်း ကစားသမားများမှာ စောဒကတက်မှုများ မရှိခဲ့ကြောင်း၊ သို့သော် ပွဲပြီးမှသာ ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ MFF စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို တင်ပြ၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပြောကြားခဲသည်။ ဦးထွန်းလှအောင်က ‘ဒီပွဲမှာပေးခဲ့တဲ့ ပယ်နယ်တီပြစ်ဒဏ်တွေက အငြင်းပွားစရာဖြစ်လောက်အောင် မရှင်းလင်းတာ မရှိပါဘူး။ ပယ်နယ်တီပြစ်ဒဏ်တွေနဲ့ ပတ်သက်လို့ ဇွဲကပင်ကစားသမားတွေ ကိုယ်တိုင်ကလည်း ထူးပြီးစောဒက မတက်ခဲ့ကြပါဘူး။ ပွဲအပြီး ကွင်းလယ်ဒိုင် ထွက်လာချိန်မှာ ဖြစ်သွားတာပါ။ ကာယကံရှင် (ကွင်းလယ်ဒိုင်)က လက်ဆွဲနှုတ်ဆက်မယ်ထင်နေတုန်း ရိုက်လိုက်တာပါ။ ဒီအဖြစ်အပျက်ကို စည်းကမ်းထိန်းသိမ်းရေး ကော်မတီဆီ တင်ပြသွားပါမယ်။ ပွဲပြီးပြီးချင်းလည်း MFF ဥက္ကဋ္ဌဆီ ဖုန်းဆက်အကြောင်းကြားပြီးပါပြီ’ ဟု ပြောကြားခဲ့သည်။

Eleven Media Group

RangonNewsDaily: February . 16 .2014
ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း

Photo: လုံခြုံရေးအကြံပေး ဗီဒီယိုသစ်ကြောင့် ဝေဖန်ခံနေရသည့် လေကြောင်းလိုင်း
Sunday, February 16, 2014

နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။

နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အသိပေး ဗီဒီယိုအသစ်သည် Sexyဖြစ်လွန်းသဖြင့် ဆိုလိုရင်းနှင့် ကင်းကွာနေကြောင်း ဝေဖန်မှုများ ကြုံနေရသည်။ နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။ ယခင်အစီအစဉ်များသည် ချီးကျူးမှုများ ကြုံခဲ့ရသော်လည်း Sports Illustrated မဂ္ဂဇင်း၏ ဘီကနီမော်ဒယ်လ်များကို အသုံးပြုထားသည့် ယခုဗီဒီယို အသစ်မှာမူ လိုရင်းမရောက်ကြောင်း အပြစ်တင်မှုများ ထွက်ပေါ်လာခဲ့သည်။ 

Hobbits၊ Bear Gryllsအစရှိသော ဇာတ်ကောင်များဖြင့် နယူးဇီလန် လေကြောင်း၏ လုံခြုံရေး အကြံပေး ဗီဒီယိုများ ထွက်ရှိခဲ့စဉ်ကမူ ယင်းကဲ့သို့ ဝေဖန်မှုများ မရှိခဲ့ချေ။ ယခုဗီဒီယိုသစ်ကို ကွတ်ခ်အိုင်းလန်းတွင် ခရစ္စတီဘရင်ကလေ၊ အေရီရယ်လ်မီရီဒစ်သ်၊ ဟန်နာဒေးဗစ်၊ ဂျက်ဆီကာဂိုမက်ဇ်၊ ခရစ္စဆီတိုင်ဂန်တို့ဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ဗီဒီယို၏ အဓိက ရည်ရွယ်ချက်မှာ အရေးပေါ် အခြေအနေဖြင့် လေယာဉ်ဆင်းသက်ရသည့်အခါ မည်သို့မည်ပုံ နေထိုင်ဆောင်ရွက်ရမည် ဆိုသည်ကို သရုပ်ပြရန် ဖြစ်သော်လည်း ဗီဒီယို ကြည့်မိသူသည် ယင်းအချက်အလက်များကို အာရုံပြုမိနိုင်စရာ မရှိဟု နယူးဇီလန်ရှိ မက်ဆေးတက္ကသိုလ်မှ အမျိုးသမီးရေးရာ ဝေဖန်သုတေသနပြုသည့် ပညာရှင် ဒီဘိုရာရက်ဆဲလ်က ဆိုသည်။ 

"ပြောရမယ်ဆိုရင် ဗီဒီယို တစ်ခုလုံးမှာ ကောင်မလေးတွေက ကျွန်မတို့ ဘယ်လောက် Sexyဖြစ်သလဲ ဆိုတာရယ်၊ ကျွန်မတို့ ဘယ်သူတွေလဲ ဆိုတာရယ်ကို ပြောပြနေသလိုပဲ"ဟု ဒီဘိုရာက ဆိုသည်။ Safe in Paradiseဟု အမည်ပေးထားသော အဆိုပါ ဗီဒီယိုတွင် မိန်းကလေးများ၏ ညှို့ဓာတ်ပြင်းပြင်း ပုံရိပ်များနှင့် ကွတ်ခ်အိုင်းလန်း ဒေသ၏ သဘာဝ အလှများကို အသားပေး ဖော်ပြထားသည်။ နယူးဇီလန် လေကြောင်းကမူ မိမိတို့၏ ဗီဒီယိုသည် လိုအပ်သော သတင်းအချက်အလက်ကို တိတိကျကျ ပေးနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း ကာကွယ်ပြောဆိုထားသည်။ 

Planet Myanmar Network

RangonNewsDaily: February . 16 .2014
နယူးဇီလန် လေကြောင်းသည် လေယာဉ်စီးနင်းစဉ် အရေးပေါ် အခြေအနေများ ကြုံလာပါက မည်သို့မည်ပုံ တုံ့ပြန်သင့်သည် ဆိုသည်ကို ပညာပေး ဗီဒီယိုလေးများဖြင့် စိတ်ဝင်စားဖွယ် တင်ဆက်လေ့ ရှိသည်။

၁၀ တန်းကျောင်းသူကို ချစ်သူများနေ့တွင် တည်းခိုခန်းခေါ်သည့် လူငယ် အမှုဖွင့်ခံရ

RangonNewsDaily: February . 16 .2014
ချစ်သူများနေ့ (Valentine's Day) ညတွင် အသက် ၁၅ နှစ်အရွယ် ၁၀ တန်းကျောင်းသူကို တည်းခိုးခန်းသို့ ခေါ်ဆောင်အိပ်စက်
ခဲ့သည့် လူငယ်တစ်ဦးကို မိန်းကလေးမိခင်က ဖေဖော်ဝါရီ ၁၅ ရက်တွင် တိုင်တန်းလိုက်သဖြင့် မြောက်ဥက္ကလာပရဲစခန်းက အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်

Photo: ဗိုက်ခေါက်ထူ/ ဗိုက်ပူလို့ အလှပျက် နေသူများ အတွက်
Sunday, February 16, 2014

မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်... ဆေးနည်းက အလွန်လွယ်ပြီး အကုန်အကျလည်း အလွန် သက်သာပါတယ်... အိမ်မှာ ရှိတတ်တဲ့ ပစ္စည်းလေး တွေကို ရောစပ်ပြီး အသုံးပြုရမှာပါ..

ပါဝင်တဲ့ ပစ္စည်းတွေ ကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို တစ်ခါ လိမ်းရုံ... ရောစပ်ပြီး လိမ်းပေးရမှာပါ...

ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်း ပုဂံလုံး ထဲကို အရည်ညှစ်ပါ... အကြမ်း ပုဂံလုံး ထဲသို့ အုံးဆီ သုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/ မိဂသီ/ ရှမ်းရိုးမ/ လင်ဇီး (လိမ်းဆေးထည့်) တစ်မျိုးမျိုးကို တစ်ခါ လိမ်းစာ အနေတော် ထည့်ပြီး... မွှေပေးပါ...

အသုံးပြုနည်း

ညအိပ်ယာ ၀င်ခါနီးတိုင်း...ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှ အောက်သို့ ဆွဲချပြီး အသားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ... ခါးတွင် အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်း ပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ... ဗိုက်ချပ်လာသည်ကို... လက်တွေ့... တွေ့မြင် ခံစားရမှာပါ...

မှတ်ချက်- ညစာကို ပုံမှန်ထက်... လျှော့စားပေးရင်... ပိုပြီး သိသိ သာသာ ဗိုက်ချပ် စေပါတယ်... တစ်ပါတ် အတွင်း သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျ သွားမှာ ဖြစ်ပါတယ်။

မြ၀တီ

RangonNewsDaily: February . 16 .2014
မိန်းခလေးဘဲ ဖြစ်ဖြစ် ယောင်္ကျားလေး ဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုး တတ်ကြတာ... သဘာဝပါ... ဒါ့ကြောင့် ဗိုက်ခေါက်ထူ/ ဗိုက်ပူပြီး အဆီများ နေသူတွေ အတွက်... လက်တွေ့... ၇ ရက်အတွင်း...
သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျ စေတဲ့ ဆေးနည်းလေးကို မျှဝေ လိုက်ပါတယ်

Unity ဂျာနယ် အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို ရမန်ထပ်ယူသော်လည်း မိသားစုနှင့် တွေ့ခွင့်မရ

RangonNewsDaily: February . 16 .2014
လျှို့ဝှက် ဓာတုစက်ရုံ သတင်းဆောင်းပါး ဖော်ပြမှုဖြင့် ထိန်းသိမ်း ခံထားရသော Unity ဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များကို တရားရုံးတင်ရန် ထောင်ပြောင်းရွှေ့ ခဲ့သော်လည်း ၎င်းတို့ကို မိသားစုနှင့် တွေ့ခွင့်မပေးဘဲ ရမန်ထပ်တိုး ယူသွားခဲ့ကြောင်း အဆိုပါ ဂျာနယ်မှ အမှုဆောင် အရာချုပ်၏ တူတော်စပ်သူ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းထွန်းက ပြောကြားသည်။

ဆီးရီးယားစစ်တပ် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်၊ မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး

Photo: ဆီးရီးယားစစ်တပ် ထိုးစစ်ကြီး ဆင်နွှဲရန် ပြင်ဆင်၊ မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး 
Sunday, February 16, 2014

ဆီးရီးယား အစိုးရ စစ်တပ်က သူပုန်များ သိမ်းပိုက်ထားသော မြို့ကို လက်နက်ကြီးများနှင့် ဗုံးကြဲ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဓိက ထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဂျနီဗာမြို့တွင် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေပြီး အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံးက မိမိတို့ ရပ်တည်ချက်များကို အခိုင်အမာ ကိုင်စွဲနေခြင်းကြောင့် သဘောတူညီချက် ရရှိရန် အလှမ်းဝေးနေချိန်တွင် ယခုကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးက ဆွေးနွေးပွဲ အသာစီးရရန် ကြိုးပမ်း နေခြင်းကြောင့် အကြမ်းဖက်မှုများမှာ တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ဆွေးနွေးပွဲများ စတင်ခဲ့သည့် ကာလမှစ၍ လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း အမေရိကန် ထိပ်တန်း အရာရှိတစ်ဦးက သောကြာနေ့တွင် ပြောကြားသည်။

ဒမတ်စကတ် မြို့တော်နှင့် သမ္မတ အာဆတ်၏ အခြေခံ နယ်မြေဖြစ်သော မြေထဲပင်လယ် ကမ်းရိုးတန်း ဒေသကြား ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်နိုင်ရန် အစိုးရ တပ်ဖွဲ့ဝင်များက ရည်မှန်းထားပြီး ဆီးရီးယား-လက်ဘနွန် နယ်ခြားရှိ ရာယတ်မြို့ကို စစ်ရေးအရ တိုက်ခိုက်လျက် ရှိသည်။

“လေကြောင်း တိုက်ခိုက်မှု အများအပြားနဲ့ လက်နက်ကြီး ပစ်ခတ်မှု များစွာ ဖြစ်ပွားခဲ့တယ်လို့ ဆီးရီးယား နိုင်ငံတွင်းက အစီရင်ခံထားပါတယ်။ မြို့အနီးကိုလည်း တပ်ဖွဲ့ဝင်တွေ စုဝေး ရောက်ရှိလာပြီး အဓိက မြေပြင် ထိုးစစ်ကြီးတစ်ရပ် လတ်တလော ပေါ်ပေါက် လာနိုင်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရုပတ်က ပြောကြားသည်။

ယင်းကဲ့သို့သော အပြင်းအထန် တိုက်ခိုက်မှုများ ပေါ်ပေါက်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထွက်ပြေးခဲ့ရပြီး မြို့တွင်းတွင် လူပေါင်း ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြို့ခံများ ထွက်ခွာခွင့်ကို ဒမတ်စကတ်က ပိတ်ပင်ပါက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုအဖြစ် မှတ်တမ်းဝင်မည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရာယတ်ဒေသ အနီးသို့ ဆီးရီးယား တပ်မတော် ဦးတည် ချီတက်လာပြီး မြို့၏ အဓိက ဆက်သွယ်ရေး လမ်းမကြီးကို ထိန်းချုပ်လိုက်ကာ မှောင်ခိုလုပ်ငန်းတွင် အသုံးပြုသည့် နယ်စပ် ဖျက်ကျော်ရေး ဂိတ်များကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား အစိုးရအဖွဲ့၏ မဟာမိတ် ဟစ်ဇဘိုလာ စစ်သွေးကြွ အဖွဲ့၏ Al- Manar ရုပ်မြင်သံကြားတွင် ဖော်ပြထားသည်။

ဆီးရီးယား ပြည်တွင်းစစ် ဖြေရှင်းနိုင်ရေး ဂျနီဗာမြို့၌ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေသော်လည်း အစိုးရနှင့် အတိုက်အခံ နှစ်ဖက်စလုံး သဘောတူညီချက် ရရှိနိုင်ရန် ဝေးကွာနေပြီး တတိယအကျော့ ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်ထိ ရက် သတ်မှတ်နိုင်ခြင်း မရှိသေးပေ။

The Voice Weekly

RangonNewsDaily: February . 16 .2014
ဆီးရီးယား အစိုးရ စစ်တပ်က သူပုန်များ သိမ်းပိုက်ထားသော မြို့ကို လက်နက်ကြီးများနှင့် ဗုံးကြဲ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီး အဓိကထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲရန် ပြင်ဆင်နေခြင်းကြောင့် မြို့ခံ ထောင်ပေါင်းများစွာ ထွက်ပြေး နေရကြောင်း ကုလသမဂ္ဂ အဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

မလေးရှားတွင် ရခိုင်ပါတီ ခေါင်းဆောင်များ လုပ်ကြံခံရမှု ရန်ကုန်တွင်အမှုဖွင့်

RangonNewsDaily: February . 16 .2014
မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို သေနတ်ပစ်ခတ် လုပ်ကြံသူများမှာ မြန်မာစကား ပြောသူများ ဖြစ်သဖြင့် ယင်းလုပ်ကြံမှုကို ဖော်ထုတ်ရန် ရန်ကုန်မြို့တော်တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

မန္တလေး ရွှေနန်းတော်ကျောင်း ပျက်စီးမှု အတိအကျ သိရှိနိုင်ရန် 3D ရိုက်ကူးမည်