Pages

Thursday, July 30, 2015

မူးမြစ်ရေများ လာကာ ရွှေဘို ခရိုင် နှင့် စစ်ကိုင်းခရိုင် သွားသည့်လမ်းပေါ်ရေလွှမ်း


RangonNewsDaily:: July . 30 .2015
သဖန်းဆိပ်ဆည် ရေလွှတ်သည့်အတွက် မူးမြစ်ရေများ လာကာ ရွှေဘို ခရိုင် နှင့် စစ်ကိုင်းခရိုင် သွားသည့်လမ်းပေါ်ရေလွှမ်းမိုး မှုကြောင့် ရွှေဘိုခရိုင် အတွင်း ကျေးရွာ ၁၇ ရွာ နှင့် ရေဘေး ဒုက္ခသည် ၈ထောင်ကျော်ရှိပြီး၊ ငှက်ပျော ခြံများ၊ သင်္ဘောခြံများ၊ သံပုရာခြံဧကတော်တော်များ ပျက်စီး သွားသည် ဟု သိရသည်။

ချင်းပြည်နယ်တွင် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးရေကြီး ပြီး မြေပြိုမှုဖြစ်ပေါ်


RangonNewsDaily:: July . 30 .2015
ယခုနှစ် မိုးရာသီအစောပိုင်းအတွင်း ချင်းပြည်နယ်၌ မိုးအသည်းသန်ရွာ သွန်းမှုကြောင့် သမိုင်းတစ်လျှောက် အဆိုးရွား ဆုံးမြေပြို မှုဖြစ်ပေါ်နေ ပြီး နေအိမ်များပျက်စီးနေသည့်အပြင် ကားလိုင်းများလည်းပိတ်ထား ရကြောင်း ဇူလိုင် (၂၉) ရက်နေ့တွင်သတင်းရရှိသည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ကျွဲတဲရွာမှာ လေဆင်နှာမောင်းတိုက်ခတ်


RangonNewsDaily:: July . 30 .2015
(၂၉-၇-၂၀၁၅)ကပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် ကျွဲတဲရွာမှာ လေဆင်နှာမောင်းတိုက်ခတ်သွားခဲ့ရာ လူနေအိမ်ခြေများ၊ စာသင်ကျောင်းများ ပျက်စီးခဲ့ရပါတယ်။ လေဆင်နှာမောင်းတိုက်ခတ်ချိန်ဟာ .......ရေကြီးလို့ စာသင်ကျောင်း ပိတ်ထားလို့သာ လူအသေအပျောက်လျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။..

ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ မြန်မာပြည်သို့ရောက်ရှိ


RangonNewsDaily:: July . 30 .2015
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အထူး ကိုယ်စားလှယ် ဟောလီးဝုဒ်က နာမည်ကျော် ရုပ်ရှင် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီဟာ ဇူလိုင်လ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်ကို ရောက်လာပြီး နိုင်ငံတော် သမ္မတ ပြည်ထောင်စုလွှတ်တော် နာယက တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

Sunday, July 26, 2015

ကချင်ပြည်နယ် မိုးကောင်း-နမ္မတီးလမ်းပိုင်းမှာ ရေကြီး


RangonNewsDaily:: July . 26 .2015
ကချင်ပြည်နယ် မိုးကောင်း-နမ္မတီးလမ်းပိုင်းမှာ ရေကြီးပြီး ကားလမ်းရေကျော်နေလို့ ရေဘေးသင့်ပြည်သူတွေကို မြစ်ကြီးနား အခမဲ့လူမှုကူညီရေးအဖွဲ့က ဇူလိုင် ၂၄ ရက်နေ့က ဆန်နဲ့ တခြားကယ်ဆယ်ရေး ပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ကြတဲ့ အကြောင်း ကို Zaw Yair Htet ပေးပို့လာတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။







BBC ::--KOLATT(PBDN)
RangonNewsDaily







ကျိုက်ထီးဆောင်း ဆရာတော်ကြီး ပျံလွန်တော်မူ


RangonNewsDaily:: July . 26 .2015
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်စံပြကျေးရွာ၊ ကျိုက်ထီးဆောင်းဆံတော်ရှင်ဘုရားကြီး၏ 

ရေကြီး ရေလျှံမှု ကြုံတွေ့နေရသော မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ကုလသမဂ္ဂ အဆင်သင့်ရှိနေကြောင်းပြောကြား

RangonNewsDaily:: July . 26 .2015
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေးကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လိုအပ် သော အကူအညီများ ထောက်ပံ့ ကူညီပေးရန် ကမ္ဘာ့နိုင်ငံတွေက အဆင်သင့် ရှိနေကြောင်း ကုလသမဂ္ဂက သောကြာနေ့က ပြောလိုက်ပါသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မြေပြိုမှု ဖြစ်ပွား

RangonNewsDaily:: July . 26 .2015
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တွင် သီးတင်း(၁)ပတ်ခန့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ မှုကြောင့် ဇူလိုင်လ (၂၅)ရက် နေ့ နံနက် (၀၆၃၀) နာရီတွင် မြေပြိုကျမှု များ ဖြစ်ပွားခဲ့သည်။

သီပေါမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် “တံတားကျိုး၍ သုံးဦးသေဆုံးပြီး ပျောက်ဆုံးသူအရေအတွက် မသိရသေး “


RangonNewsDaily:: July . 26 .2015
သီပေါမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်ပေါင်း(၁၀၀)ကျော်ခန့်ရှိ ရှေးဟောင်းကွန်ကရစ်တံတား တစ်စင်း ကျိုးကျကာ အရေအတွက် အတည်မပြုနိုင်သေးသည့် လူအချို့ ရေထဲမျောပါသွား၍ ၄င်းတို့ထဲမှ သုံးဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

မိုးကြောင့် သပိတ်ကျင်း၊ စဉ်ကူတွင်လည်း မြေပြိုမှုဖြစ် ၆ဦးသေ


RangonNewsDaily:: July . 26 .2015
ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ (၂၅)ရက် နံနက်ပိုင်းအထိ မိုးသည်းထန် စွာရွာသွန်းသည့် မိုးကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ တွင် နေအိမ် (၁)လုံး၊ ဒေါင်းဖုန်းကျေးရွာတွင် နေအိမ် (၃)လုံး မြေအိပြိုကျ ခဲ့ပြီး တောင်လယ်ကျေးရွာ တွင် တောင် ကျရေကြောင့် နေအိမ်(၇)လုံး မျှောပါသွားပြီး လူ(၆)ဦးအထိ အသက်ဆုံးရှုံးကာ မိုးကုတ်မြို့ တွင် လည်း ရေနီမြောင် ရေလျှံသဖြင့် မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့ (၄)ပေ ခန့် ရေနစ်မြှုပ်ခြင် ၊ ရေလွှမ်းမှုကြောင့် လူနေအိမ် (၅)လုံးနှင့် ပရဟိတ ဘုန်ကြီးကျောင်း ရှိ ကျောင်းဆောင်ငယ် တစ်ဆောင်ပြိုကျခြင်း၊ မိုးကုတ်-မတ္တရာ ကားလမ်းတွင် တောင်ပြိုကျမှု များဖြစ်ပေါ်ခဲ့သည်။

Friday, July 24, 2015

ဦးအောင်သောင်း နှင့်ပတ်သက်သည့်အကြောင်းအရာတချို


RangonNewsDaily:: July . 24 .2015
ဦးအောင်သောင်းကို ၁၉၄၀ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှားမွေးဖွားခဲ့ကာသူ့ကိုယ်သူ ဝဲလောင်ရွာ ဇာတိလို့ ပြောလေ့ရှိပါတယ်။ အချို့မှတ်တမ်းတွေမှာတော့ တောင်သာမြို့နယ် ကျောက်ကာရွာ ဇာတိလို့ ဆိုပါ တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သူ့ကို ဝဲလောင်သားလို့ ခေါ်လေ့ရှိတယ်လို့ ဆိုပါတယ်။

ဦးအောင်သောင်း ဈာပန တနင်္လာနေ့ပြုလုပ်မယ်


RangonNewsDaily:: July . 24 .2015
ဇူလိုင်လ ၂၃ ရက် နေ့ မနက်က စင်ကာပူ နိုင်ငံမှာ ကွယ်လွန် သွားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းရဲ့ ဈာပနကို ဇူလိုင် ၂၇ ရက် တနင်္လာနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

အီဂျစ်နိုင်ငံ နိုင်းမြစ်အတွင်း ရေယာဉ်နှစ်စီးတိုက်မှု လူ ၁၀ ဦးကျော် သေဆုံး


RangonNewsDaily:: July . 24 .2015
အီဂျစ်နိုင်ငံ နိုင်းမြစ်အတွင်းမှာ ကုန်တင်သင်္ဘောတစ်စီးနဲ့ ခရီးသည်တင် သင်္ဘောတစ်စီးတို့ တိုက်မိပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကွယ်လွန်


RangonNewsDaily:: July . 24 .2015
ဦးနှောက်သွေးကြောပေါက်လို့ စင်္ကာပူနိုင်ငံမှာဆေးကုသမူ့ ခံယူနေတဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းဟာ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီ မိနစ် ၃၀ခန့်မှာ ကွယ်လွန်သွားပြီ ဖြစ် ကြောင်း မိသားစုဝင်တွေထံမှ သတင်းရရှိပါတယ်။

မွန်တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ၁၀၀ ကျော် ၀င်ပြိုင်မည်


RangonNewsDaily:: July . 24 .2015
၂၀၁၅ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲကို မွန်တိုင်းရင်းသားပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် အနည်းဆုံး ၁၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆/၇ နှင့် ၇/၀ ကြားရွှေနန်းတော် Express မိုင်တိုင် ၆/၇ နှင့် ၇/၀ ကြား ယာဉ်မတော်တဆမှု ဖြစ်ပွား


RangonNewsDaily:: July . 24 .2015
(၂၄-၇-၂၀၁၅)ရက်နေ့ နံနက်(၀၇း၄၅)နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆/၇ နှင့် ၇/၀ ကြား (အပြန်လမ်း)၌ ဦးနိုင်လင်းအောင် မောင်းနှင်လာသည့် ယာဉ်အမှတ် 7D/xxxx ရွှေနန်းတော် Express ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်၍ Road Curb တုံးများအား ဝင်တိုက်မိပြီး လမ်းလယ်ကျွန်းပေါ် ရောက်ရှိခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေး ဖမ်းဆီးခံရ


RangonNewsDaily:: July . 24 .2015
မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစု နွေးကို ပဲခူးတိုင်း အင်းတကော် ရဲစခန်းက ၂၀၁၄ တွင် ဖြစ်ပွားခဲ့သည့် အမှုတစ်ခုအတွက် ပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးပြီး ပဲခူးမြို့အကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ညောင်လေးပင်မြို့မှ ဒေါ်စုစုနွေး စီးနင်းလာသည့် မော် တော်ယာဉ်ကို အင်းတကော်ရဲ တပ်ဖွဲ့က တားဆီးပြီး ဖမ်းဆီးခဲ့ ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂရုံးအဖွဲ့မှူး ဦးမြင့်သိန်းက ပြောကြားသည်။

Monday, July 20, 2015

၆၈နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်


RangonNewsDaily:: July . 20 .2015
၆၈နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ဆူးလေ မဟာဗန္ဓုလပန်းခြံတွင် တိုင်ရီအလုပ်သမားသမဂ္ဂက လွမ်းသူပန်းခွေချကာ အလေးပြုခြင်းကိုပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ဂုဏ်ပုဒ်နှင့် ထိုက်တန်သော အာဇာနည်များ


RangonNewsDaily:: July . 20 .2015
၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို လူထုသို့ တင်ပြသည်။ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံတွင် လူထု အစည်းအဝေးကြီးတရပ် ကျင်းပကာ အောက်ပါ နောက်ဆုံးမိန့်ခွန်းကို မြွက်ကြားခဲ့သည်။

ဖော်မြူလာဝမ်း ကားသမား ဂျူးစ်ဘီအန်ခီ ကွယ်လွန်


RangonNewsDaily:: July . 20 .2015
ဂျပန်နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ဖော်မြူလာဝမ်းကားပြိုင်ပွဲမှာ မတော်တဆကြောင့် ဆေးရုံတင်လိုက်ရတဲ့ ကားမောင်းသမား ဂျူးစ်ဘီအန်ခီ (Jules Bianchi) က ဒဏ်ရာကြောင့် ဇူလိုင် ၁၈ ရက်က ကွယ်လွန်သွားပါတယ်။

ကော့သောင်းမြို့ တွင် ရေကြောင်းလမ်းမှားယွင်း မောင်းနှင်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း ဘုရားရင်ပြင်ကို ၀င်တိုက်မိ


RangonNewsDaily:: July . 20 .2015
ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ကမ်းနားလမ်း ဘုရင့်နောင်အငူ (ဝိတိုရိယအငူ)အနီးတွင် တည်ထား ကိုးကွယ်သည့် နဂါးရုံစေတီတော်ရင်ပြင်တော် ပရိဝုဏ်အတွင်းသို့ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော (သံခွံ) တစ်စင်း ရေလမ်းကြောင်းမှားယွင်းမောင်းနှင်မှုကြောင့် ဝင်ရောက်တိုက်မိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားသည်။

တောင်အာဖရိက၊ ဂျိုဟန်နာ့စ်ဘာ့ဂ်မြို့ အနီးတွင် ရထားနှစ်စီး တိုက်မိပြီး လူပေါင်းရာနှင့်ချီ ဒဏ်ရာရ


RangonNewsDaily:: July . 20 .2015
တောင်အာဖရိက နိုင်ငံတွင် ရထားနှစ်စီး တိုက်မိမှု ဖြစ်ပွားရာ လူပေါင်း ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် Facebook အသုံးပြုအရေအတွက် လေးသန်းနှစ်သိန်း ကိုးသောင်းရှိပြီး Android OS ပေါ်မှ အသုံးပြုသူဦးရေ အများဆုံးဖြစ်

RangonNewsDaily:: July . 20 .2015
မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ကို အသုံးပြုသူအရေတွက် လေးသန်းနှင့် ခုနစ်သိန်း (၄,၇၀၀,၀၀၀ ) ရှိလာပြီဖြစ်ပြီး ယင်းတို့အနက် မိုဘိုင်းဖုန်းဖြင့် အသုံးပြုသူ အရေအတွက် မှာ လေးသန်းနှစ်သိန်းကိုးသောင်း (၄,၂၉ ၀,၀၀၀) ရှိပြီး ကွန်ပျူတာမှတစ်ဆင့် အသုံးပြုသော ပမာဏထက် ဆယ်ဆကျော် မျာ