Pages

Saturday, July 11, 2015

ကျောင်းကျန်းမာရေးအဖွဲ့က သံဓာတ်အားတိုးဆေးနှင့် ဆီးသွားသည့်ဆေး မှားပေးမိ၍ ကျောင်းသူ ၁၀၀ ခန့် ဆေးရုံရောက်


RangonNewsDaily:: July . 11 .2015
ကျောင်းကျန်းမာရေး အဖွဲ့က ဗန်းမော်မြို့နယ် အထက (၂)မှ ကျောင်းသူ ၅၀၀ ကျော်ကို ဇွန် ၁၀ ရက်တွင် သံဓာတ်အားတိုးဆေး နှင့် ဆီးသွားသည့်ဆေး မှားယွင်းပေးခဲ့မိ၍ ကျောင်းသူ ၁၀၀ ကျော် ဆီးသွားလွန်မှု ဖြစ်ပွားခဲ့သောကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သတင်းရရှိသည်။
‘‘ဆေးမှားသောက်လိုက်တာ ပေါ့။ ဒါပေမဲ့ ဆေးကတော့ ဆီးဆေးအပျော့စားပေါ့။ ဆေးက တကယ်တော့ နှစ်ခါလောက် ဆီးသွားပြီးရင် ကောင်းသွားတာပေါ့။ သို့သော်လည်း များပြားသွားတာပေါ့လေ။ ရေငတ်တယ်။ ကျောင်းသူလေးတွေ ဆီးသွားတော့ စိုးရိမ်တာပေါ့။ ဒါကြောင့် ဆေးရုံခေါ်ပြီး ဆေးစစ်ပေးတာပါ။ ဆေးကုတဲ့အဆင့်မဟုတ်ပါဘူး’’ဟု ဗန်းမော်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် က ပြောသည်။
ဆေးမှားတိုက်မိပြီးနောက် အော့အန်သည့် အချို့ကျောင်းသူများကို ဓာတ်ဆားများတိုက်ကျွေးပြီး ဆေးရုံပို့ခဲ့ကြောင်း တာဝန် ရှိသူများက ပြောသည်။
::
လက်ရှိ ကျောင်းသူများအ ခြေအနေသည် စိုးရိမ်စရာ မလို တော့ကြောင်းနှင့် ယင်းကဲ့သို့ ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန် ကော်မတီဖွဲ့ပြီး စတင်စစ်ဆေးနေကြောင်း တာဝန် ရှိသူတစ်ဦးက ပြောသည်။
ကျောင်းသူများအား တိုက်ကျွေးရန် သံဓာတ်အားတိုးဆေးဖြစ်သော ဖောလစ်အက်စစ်ပေး ရမည့်အစား ဆီးဆေးတစ်မျိုး ဖြစ်သော လေးဆစ်(Lasix)ဆေးများကို ကျောင်းကျန်းမာရေး အဖွဲ့က မှားယွင်းပေးပို့ခဲ့သည့်အတွက် ယင်းကဲ့သို့ ဖြစ်ပွားခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
::
ဗန်းမော်ခရိုင်ရှိ ကျောင်းများတွင် ၂၀၀၇ မှ စတင်၍ ကျောင်းကျန်းမာရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများသို့ ဆေးများ တိုက်ကျွေးလျက်ရှိကြောင်း သတင်းရရှိသည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment