Pages

Saturday, July 11, 2015

မန္တလေးမြို့သီရိမန္တလာကားကြီးကွင်းရှိယာဉ်လိုင်းများကို ကွင်းနေရာသစ်အစားဒေါနဘွားကားကြီး ကွင်းသို့ ပြောင်းရွှေ့နေရာချထားမည်

မန္တလေး၊ RangonNewsDaily:: July . 11 .2015
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ သီရိမန္တ လာအဝေးပြေးကားကြီးကွင်း အတွင်းရှိ ယာဉ်လိုင်းများကို မဟာအောင်မြေမြို့ နယ်တွင် မူလစီစဉ်ထားသည့် ကွင်း နေရာသစ်သို့ ပြောင်းရွှေ့နေရာချထား ပေးတော့မည်မဟုတ်ဘဲ ဒေါနဘွားအ ဝေးပြေးကားကြီးကွင်းသို့သာ ပြောင်း ရွှေ့စေမည်ဖြစ်ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီ မှ သိရသည်။
သီရိမန္တလာကားကြီးကွင်း အ တွင်း ယာဉ်လိုင်းများတိုးတက်လာမှု ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပို မိုဖြစ်ပွားလာသည်ကို စိစစ်တွေ့ရှိရ သောကြောင့် ပြောင်းရွှေ့နေရာချထား ပေးရန် စီစဉ်ရခြင်းဖြစ်ပြီး ဒေါန ဘွားအဝေးပြေးကားကြီး ကွင်းသို့ ပြောင်းရွှေ့ရမည့်ကိစ္စနှင့် ပတ်သက် ၍ ယာဉ်လိုင်းဂိတ်များသို့ အသိပေး အကြောင်းကြားစာများ ပေးပို့ထားပြီး ဖြစ်ရာ မပြောင်းရွှေ့ဘဲ ဆက်လက်ဖွင့် လှစ်သည့် ယာဉ်လိုင်းဂိတ်များကို ဂိတ် ပိတ်သိမ်းသည်အထိ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
::
''သီရိမန္တလာကားကြီးကွင်းဟာ ဆိုရင် မန္တလေးမြို့ရဲ့ Down Town ဧရိယာအတွင်းမှာ ကျရောက်နေတာ ဖြစ်လို့ နေရာသစ်ကို ပြောင်းရွှေ့ဖို့ အတွက် မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းအနီးမှာ ကွင်းတည်ဆောက် ပြီး နေရာချထားပေးဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ကွင်းအ သစ်တည်ဆောက်ဖို့အတွက်က လောလောဆယ် မဖြစ်နိုင်သေးတာ ကြောင့် အောင်မြေသာစံမြို့နယ်အတွင်းမှာရှိတဲ့ ဒေါနဘွားအဝေးပြေး ကားကြီးကွင်းဆီကို ပြောင်းရွှေ့ခိုင်းရ တာဖြစ်ပါတယ်။ ပြောင်းရွှေ့ရမယ့် ဒေါနဘွားကားကြီးကွင်းမှာလဲ ယာဉ် လိုင်းတွေအတွက် ဂိတ်တွေကို စီစဉ် ပေးထားပြီးဖြစ်ပါတယ်။
::
အခုလိုမျိုး ယာဉ်လိုင်းတွေကို လျှော့ချလိုက်မှ သာ သီရိမန္တလာကားကြီးကွင်းနဲ့ အနီး ပတ်ဝန်းကျင်လမ်းတွေမှာ နေ့တိုင်းဖြစ် ပေါ်နေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ကို သိသာစွာလျော့ကျစေမှာဖြစ်ပါ တယ်။ အခုလက်ရှိတော့ ယာဉ်လိုင်း ဂိတ် ၂၄ ဂိတ်ကို ပြောင်းရွှေ့ဖို့အ တွက် အသိပေးစာတွေပေးပို့ထားပြီး ဖြစ်သလို ဆက်လက်ပြီး ပြောင်းရွှေ့ရ မယ့် ဂိတ်တွေကိုလဲ စိစစ်မှုတွေလုပ် ပြီးသွားရင် အသိပေးစာတွေထပ်ပို့ သွားမှာ ဖြစ်ပါတယ်''ဟု ယင်းက ထပ် မံပြောကြားသည်။
::
သီရိမန္တလာ အဝေးပြေးကားကြီး ကွင်းတွင် ယာဉ်လိုင်း ဂိတ်စုစုပေါင်း ၁၅ဝ ကျော်၊ ယာဉ်စီး ရေ ၄ဝဝ ကျော် ရှိရာ မန္တလေးမြို့ကိုအခြေစိုက်၍ စစ် ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည် နယ်တို့ကို ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
ဒီမိုကရေစီတူဒေး ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment