Pages

Tuesday, January 1, 2013

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ် (ပုံရိပ်စစ်)

အမေစုဆိုတဲ့    ဗိုလ်ချူပ်သမီး  မလွတ်ခင်က  သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က  လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု  အကျယ်ချူပ်ကလွတ်တော့   သားတို့  
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

ကိုဇာဂနာကြီးထောင်ထဲမှာနေတုန်းက  သားတို့  
အများကြီး  ဆုတောင်းပေးဖူးတယ်  လွတ်များလွတ်ရင်တော့ လားကွာ...............

ကိုမင်းကိုနိုင်တို့   ထောင်ထဲရောက်တုန်းက  သားတို့  
အများကြီး  အားခဲထားခဲ့ ဖူးတယ်  လွတ်များ လွတ်ရင်တော့ လားကွာ..............

ရခိုင်မှာ  ဘင်္ဂလီတွေ ကြီးစိုးတော့  သားတို့   
အများကြီး မျှော်လင့် ခဲ့ ဖူးတယ် အမေစုဖြေရှင်းပေးရင်တော့ လားကွာ..............

ရခိုင်တိုင်းရင်းသားတွေ ပြုတ်ပြုတ်ပြုန်းတော့   သားတို့  
အများကြီး  ကန့် ကွတ်ဖူးတယ်  အမေ စု  ဆုသွားယူတာကိုနောက်မှလုပ်လို့  မရဘူးလားဆိုတာကိုပေါ့ ကွာ................

ကချင်က  သားတို့ မြေမှာ တိုက်ပွဲသံတွေညံတော့   
အဘွားကပြောတယ်  အမေသာ  လွှတ်တော်ထဲရောက်ရင်တဲ့ ..............


မြန်မာနိင်ငံမှာ..................
လူတိုင်းနီးပါး  လေးစားအားကျတဲ့   သီတဂူ ဆရာတော်ဘုရားကြီး အစရှိတဲ့  ကြည်ညိုဖွယ်သူတွေရှိတယ်................

ပြည်သူအများရဲ့ ထောက်ခံမဲရထားတဲ့  ပြည်သူအချစ်တော် အမေစုဆိုတဲ့  ငြိမ်းချမ်းရေးနိုဘယ်ဆုပိုင်ရှင်ရှိတယ်................

ဘယ်မီဒီယာကမှ မထောက်ပြ ၊မဖွနိုင်တဲ့ 
ရိုးသားတဲ့  သမ္မတကြီးရှိတယ်

တက်ကြွပါတယ် ၊လူ့ အခွင့် အရေးထိခိုင်ရင် ပြည်သူကိုယ်စားဆိုတဲ့   
၈၈ ကိုယ်စားပြုအဖွဲ့ အစည်းတွေရှိတယ်..............

စစ်ကိုမုန်းတာ  စစ်သားတွေပါဆိုတဲ့ 
အွန်လိုင်းမှာ  Status အများဆုံး တင်တဲ့  ငြိမ်းချမ်းရေး   မြန်မာ့ တပ်မတော်စစ်သားတွေရှိတယ်...

ကချင်ပြည်သူတွေကောင်းစားဖို့ ပါဆိုပြီးပြောတဲ့ 
ဗိုလ်ချူပ်ဂွမ်းမော်အစရှိတဲ့  ခေါင်းဆောင်တွေရှိတယ်..................

အမေစုလည်းလွတ်တာကြာပါပြီ
၈၈နဲ့  ကိုသူရတို့ လည်းလွတ်တာကြာပါပြီ

တကယ်လို့ ပေါ့ 
လွှတ်တော်ထဲမှာ  သား လွှတ်တော်အမတ်ဖြစ်ခဲ့ ရင်
  စစ်ကြီးဘယ်တော့ အဆုံးသတ်မှာလဲ မမေးချင်ဘူး
ဘယ်လိုဖြေရှင်းကျမလဲ ဆိုတာလည်း  မဆွေးနွေးချင်ဘူး.............
A4 လေးတရွက်ထုတ်ပြီးတော့ လည်း  စစ်ကြီးရပ်ပါလို့  မပြောချင်ဘူး...................

နိုင်ငံခေါင်းဆောင်တွေက
သားတို့  လူငယ်တွေကို   ပညာတက်ကြီး မဖြစ်စေချင်ကြာဘူးလားဆိုတာကိုပဲမေးချင်တယ်
ကိုမင်းခိုက်စိုးစံရေးသလိုပေါ့ 

စစ်ကြီးပြီးရင်တော့  ကျနော်ကျောင်းတက်ချင်ပါတယ်ဗျာ

(ပုံရိပ်စစ်)
ကချင်စစ်ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်များ
အမေစုဆိုတဲ့  ဗိုလ်ချူပ်သမီး မလွတ်ခင်က သားတို့  အများကြီး မျှော်လင့် ခဲ့ ကြတယ်။အကျယ်ချူပ်က လွတ်များလွတ်ရင်တော့ လားကွာ..........။

အမေစု အကျယ်ချူပ်ကလွတ်တော့  သားတို့ 
အများကြီး မျှော်လင့် ခဲ့ ကြတယ်...လွှတ်တော်ထဲများ ရောက်လို့ ကတော့ ကွာ...........။

တရုတ်နိုင်ငံ တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ ခံရတော့မည်

တရုတ်တွင် မိဘများထံ သွားမလည်သည့် သားသမီးများ တရားစွဲ 
ခံရမည်
Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

အသစ်ထုတ်ပြန်လိုက်သော ဥပဒေတွင် မိဘများထံသို့ သွားရောက် လည်ပတ်ရမည့် အကြိမ်ရေအတွက် ကို တိကျစွာ ထည့်သွင်း ဖော်ပြ မထားပေ။

သို့ သော်လည်း မိဘများထံသို သွားရောက် ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားသည့် သားသမီးများကို တရားစွဲ သွားမည်ဟု ဥပဒေတွင်
ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင်းရှိ သက်ကြီးရွယ်အို မိဘများကို သားသမီးများက ဂရုမစိုက်ဘဲ စွန့် ပစ်ထားသည့် သတင်းများ၊ မိဘများထံမှ အမွေပစ္စည်း
များကို သိမ်းယူရန် ကြံစည်သည့် သတင်းများနှင့် နေအိမ်များ အတွင်း ကြည့်ရှုမည့်သူ မရှိ အထီးကျန် သေဆုံးသည့် သတ်ကြီးရွယ်အိုများ အကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါ ဥပဒေ
ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတတ်လာမှု နှင့်အတူ တရုတ်ရိုးရာ မိသားစု အစဉ်အလာများ ပျောက်ဆုံးလာကြောင်း သတင်းတွင် ဖော်ပြ
ထားသည်။တရုတ်နိုင်ငံတွင်း အသက် ၆၀ အရွယ် လူဦးရေ ၁၆၇သန်း
ရှိပြီး အသက် ၈၀ အထက် လူဦးရေ ၁ သန်း ကျော်ရှိသည်။

ယင်းကဲ့သို့ တဖြည်းဖြည်း တိုးပွားလာသော သက်ကြီးရွယ်အိုများ အတွက် တခြားသော ရွေးချယ်စရာများဖြစ် သော လုပ်ငန်းခွင် အနားယူပြီးနောက်ပိုင်း အစီအစဉ်များ၊ စောင့်ရှောက် ထိန်းသိမ်းရေး ဂေဟာများမှာလည်း နည်းပါးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

Tuesday, 01 January 2013

သက်ကြီးရွယ်အို မိဘများထံသို့ အချိန်မှန် သွားရောက် လည်ပတ်ခြင်း မပြုသည့် သားသမီးများအား တရားစွဲ ဆိုနိုင်သည့် ဥပဒေကို တရုတ်အစိုးရက ပြဋ္ဌာန်းလိုက်ကြောင်း BBC သတင်းတွင်ဖော်ပြထားသည်။

ရွှေဖြူနှင့် လုပ်သော မာစီဒီး

ရွှေဖြူနှင့် လုပ်သော မာစီဒီး
Tuesday, 01 January 2013

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

Mercedes-Benz SLR McLaren ဆိုတာ ဂျာမနီ Mercedes နဲ့ ဗြိတိန် McLaren တို့ ပေါင်းထုတ်တဲ့ စူပါ ကား တစ်မျိုး ဖြစ်ပြီး ၂၀၀၃ နဲ့ ၂၀၀၉ ကြားက ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၅၄၀၀ စီစီက မူရင်းဖြစ်ပေမယ့် ယခု မြင်တွေ့ရတဲ့ ကားကတော့ အတွင်းရော၊ အပြင်မှာ ပြန်လည် Modification လုပ်ထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှု 
၁၆၀၀ ရှိပြီး မြန်နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ အထက်မှာ ရှိပါတယ်။

ကားအတွင်းက အင်ဂျင်ရဲ့  စွမ်းအင် လုပ်ဆောင်ချက်တွေထက် အပြင်က ပိုပြီးတော့ စွဲဆောင်မှု ရှိနေပါတယ်။ ပလက်တီနမ်သတ္တုတစ်မျိုးတည်းနဲ့ ပြု လုပ်ထားတဲ့ Mercedes-Benz SLR McLaren ဟာလည်း ကမ္ဘာ့ဈေးကြီး ကားထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
--
Ref: autonewsweek
ရိုးရာလေးသတင်း
YoYarLay

ဒူဘိုင်းမြို့ က ရေနံ စော်ဘွား ဘီလျံနာ တစ်ဦး ပိုင်တဲ့ ကား ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ Mercedes
-Benz SLR McLaren ဖြစ်ပြီး အလူမီနီယံ သားမဟုတ်ပဲ ရွှေဖြူ (ပလက်တီနံ) နဲ့ လုပ်ထားတဲ့ ကားကိုယ်
ထည်ကို ယခုလို မြင်တွေ့ ရပါတယ်။

မောင်တောမြို့ တောင်ဖက်ပိုင်းဒေသတွင် တရုတ်ကုမ္ပဏီတခုမှ အလူမီနီယမ် Aluminiumနဲ့ တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထား



ရခိုင်ပြည်နယ်၊ မောင်တောမြို့ တောင်ပိုင်း အလယ်သံကျော်ကမ်းခြေနဲ့ ရသေ့တောင်မြို့နယ် အငူမော်ကမ် 
းခြေတဝိုက်မှာ တရုတ်နိုင်ငံအခြေစိုက်Gold Finderသတ္တုတူးဖော်ရေးကုမ္ပဏီကအလူမီနီယမ် Aluminiumနဲ့ 
တိုက်တေနီယမ် Titaniumဓါတ်သတ္တုတွေ အမြောက်အများ တွေ့ရှိထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။

ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ (ကဗျာ)


ဒါကို ပြည်တွင်းစစ်လို့ ခေါ်သတဲ့ !!!

မဟုတ်ဘူး။ မဟုတ်ဘူး။
အိမ်တွင်းသတ်ဖြတ်မှုလို့ ပြောင်းခေါ်မယ်။
အမိမြန်မာပြည်ရဲ့ မြေပုံပေါ်က တစ်နေရာမှာ
အမိရဲ့သားတွေအချင်းချင်း သတ်ကြဖြတ်ကြတာ။

သေနတ်နဲ့ သေနတ်ချင်း ... ပစ်ကြ
ဗုံးနဲ့ ဗုံးချင်း ... ခွင်းကြ

ဇန်န၀ါရီလ(၁)ရက် ယနေ့တွင် မြန်မာအစိုးရတပ်များ တရုတ်ဘက်ခြမ်းကျော်၍ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်

တရုတ်ဘက်ခြမ်းကျော်၍ လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်

January 1 ,2013 post by Myitkyina blog news

ဇန်န၀ါရီလ(၁)ရက်နေ့တွင် ပန်ဝါဒေသရှိ KIA စခန်းများကို မြန်မာ့လေတပ်မှ Jet Fighter (၂)စီးဖြင့် ၁၀ နာရီ ခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်သွားသည်။

ထိုသို့ပစ်ခတ်ရာတွင် Jet Fighter များသည် တရုတ်နိုင်ငံဘက် ဖြတ်ကျော်ဝင်ရောက်ပြီး KIA တပ်စခန်း၏ နောက်ကြောဖက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ နယ်စပ်စောင့် တရုတ်လုံခြုံရေးမှ ဟန့်တားသတိပေးခြင်း မရှိဘဲ အားလုံးရှောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

မြန်မာ့လေတပ်သည် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် တစ်ကြိမ် နှင့် ယနေ့နှစ်သစ်ကူးနေ့တွင် တစ်ကြိမ် တရုတ်နိုင်ငံနယ်နိမိတ်ကျော်လွန်ကာ လှည့်ပတ်ပစ်ခတ်ခဲ့သော်လည်း တရုတ်အစိုးရ ကန့်ကွက်ပြောဆို မရှိခဲ့ချေ။ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင်လည်း လက်နက်ကြီးကျည်(၃)လုံး တရုတ်နိုင်ငံဘက်သို့ ပစ်ခတ်ခဲ့သည်။

ဇန်န၀ါရီလ(၁)ရက်နေ့တွင် ပန်ဝါဒေသရှိ KIA စခန်းများကို မြန်မာ့လေတပ်မှJet Fighter (၂)စီးဖြင့် ၁၀ နာရီ
ခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ် လာရောက်ပစ်ခတ်သွားသည်။

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရပြန်ပြီ

အိန္ဒိယ၌ ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး ထပ်မံ အဓမ္မပြု ကျင့်ခံရ
 
အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုးသမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့် ကာလ အတွင်းက အသက် ၂၃ နှစ် အရွယ်ရှိ ဆေးကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြု ကျင့်ခံရမှုကြောင့် သေဆုံးသွား ခဲ့ရာ အိန္ဒိယ နိုင်ငံတစ်ဝန်း၌ ဝမ်းနည်း ပူဆွေးမှုများ ဖြစ်ပေါ် နေချိန်အတွင်း ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ 

အဓမ္မပြု ကျင့်သူ များသည် အဆိုပါ အမျိုးသမီး၏ ခင်ပွန်းအား အက်ဆစ် သောက်ရန် တွန်းအား ပေးခဲ့ကြောင်းနှင့် ၎င်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အင်ဒို အေးရှား သတင်း ဌာနက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ပါသည်။ 

အဆိုပါ ဇနီးမောင်နှံသည်  ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် အနောက်ဘန့်ဂေါ ပြည်နယ်၏ မြောက်ပိုင်း Barasat ရွာရှိ အုတ်ဖိုမှ အလုပ်သိမ်း၍ အိမ်သို့ ပြန်လာစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ အဓမ္မပြု ကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်း သိရှိရ ပါသည်။

http://www.myawady.com.mm/allnews/global/item/3316-2013-01-01-14-34-37

အိန္ဒိယ နိုင်ငံ အရှေ့ပိုင်း ဘန့်ဂေါ ပြည်နယ်တွင် ဒီဇင်ဘာလ ၂၉ ရက် နေ့၌ အသက် ၄၂ နှစ် အရွယ် အမျိုး
သမီး တစ်ဦး အဓမ္မပြု ကျင့်ခံရပြီးနောက် အသတ်ခံ ခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ


မျိုးတုံးသတ်ဖြတ်မှု၏ နောက်ဆုံး အမှုအဖြစ် ရဝမ်ဒါဝန်ကြီးဟောင်း တစ်ဦး ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရ

ကင်္ဂါလီ၊ ဒီဇင်ဘာ ၂ဝ
ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။ ရဝမ်ဒါနိုင်ငံတွင် လူပေါင်း ၈ဝဝဝဝဝခန့် သေကျေပျက်စီးခဲ့ ရသော ၁၉၉၄ ခုနှစ် မျိုးတုံးသတ်ဖြတ်ပွဲ ဖြစ်ပွားစဉ်အခါက စီမံကိန်း ရေးဆွဲရေးဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Ngirahatware သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် တွတ်စီ လူမျိုးများအား သတ်ဖြတ်ရန် တိုက်ရိုက် အမိန့်ပေးခဲ့ခြင်းနှင့် ထိုနှစ် ဧပြီလတွင်ပင် တွတ်စီလူမျိုးများအား သတ်ဖြတ်ရန် လက်နက်များ   ဖြန့်ဝေပေး ခဲ့ခြင်းတို့ကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရား ရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းက ၂ဝဝ၇ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ် ကာ ၂ဝဝ၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံးသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ ”ဒီနေ့ချမှတ်ခဲ့တဲ့ တရားစီရင်မှုဟာ ရဝမ်ဒါနိုင်ငံအတွက် သာမက ကမ္ဘာမှာပါ အရေးပါတဲ့ တရားဥပဒေ စိုးမိုးမှုကို လေးစား လိုက်နာကြဖို့ လိုတာကို မီးမောင်း ထိုးပြနိုင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တစ် ခုပါ”ဟု အစိုးရရှေ့နေချုပ် Hassan Bubacar Jallow က ဆိုသည်။  ရဝမ်ဒါနိုင်ငံ မျိုးတုံး သတ်ဖြတ်မှု အတွက် ရာဇဝတ်မှု တရားရုံး ဖွဲ့စည်းခဲ့ပြီးသည့်နောက် ယခုအချိန်အထိ ၁၈နှစ်တာ ကာလ အတွင်း အဓိကတရားခံ ၉၃ ဦး သတ်မှတ်နိုင်ခဲ့ပြီး ၈၃ ဦးအား ဖမ်းဆီး၍ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့သည်ဟု သိရသည်။ ကျန်၁ဝဦးမှာမူ စစ်ဆေး မှုပြုလုပ်ပြီး အပြစ်မရှိ၍ တရားသေလွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။ 

  ရဝမ်ဒါနိုင်ငံတွင် တွတ်စီလူမျိုးများမှာလူနည်းစုဖြစ်ပြီး လူများ စု ဟူတူလူမျိုးများက ၄င်းတို့အား မျိုးတုံးသတ်ဖြတ်မှုတွင် အဓိက အားဖြင့် ထိုစဉ်က အစိုးရအရာရှိ များဖြစ်သည့် ဟူတူလူမျိုးများက အားပေး အားမြှောက် လှုံ့ဆော်မှုပြုခဲ့သည်ဟု စစ်ဆေးတွေ့ရှိရ သည်။ ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးရာတွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ မျက်မြင်သက်သေ ၃ဝဝဝ ကျော် လာရောက်ထွက်ဆိုစစ်ဆေးခံ ခဲ့သည်ဟု သိရသည်။

via http://popularmyanmar.com


ရဝမ်ဒါနိုင်ငံတွင် ၁၉၉၄ ခုနှစ် က ဖြစ်ပွားခဲ့သော မျိုးတုံးသတ် ဖြတ်မှု၏ နောက်ဆုံးအမှုအဖြစ် ထိုစဉ်က ဝန်ကြီးဟောင်းဖြစ်သူ Augustin Ngirabatwareအား ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး က ထောင်ဒဏ် ၃၅ နှစ်ချမှတ်ခဲ့သည်ဟု သိရသည်။

"ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"

"ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း မိုင်းတုံရေအား လျှပ်စစ်စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ"

နေပြည်တော် ဇန်နဝါရီ  ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့်  International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများအား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်ယော်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးမြင့်မောင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ရေအား၊ လေအားတို့ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ် နိုင်မည့် စီမံကိန်းများတွင် ဖြစ်နိုင်စွမ်းလေ့လာ စူးစမ်းမှုဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

(နိုင်ငံတော်သမ္မတရုံး)

နေပြည်တော် ဇန်နဝါရီ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ မွန်းလွဲ (၂) နာရီတွင် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည် ဖော်လျက် ရှိသည့် China Three Gorges Corporation (CTGC) နှင့် International Group of Entrepreneurs Company (IGOEC) မှ တာဝန်ရှိသူများ
အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ်

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။ 

စိန် ၁၅၀ ကာရတ် (150 carats) ရှိတဲ့ စိန်ကောင်းစိန်သန့်နဲ့ ပြုလုပ် ထားသော ယင်း စိန်လပ်စွပ် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိတယ်လို့ သိရပါတယ်။ တစ်ကိုယ်လုံး စိန်လက်စွပ်ဖြစ်အောင် ခက်ခက်ခဲခဲ ဖန်တီးခဲ့တာဖြစ်ပြီး အချိန်ကာလအားဖြင့် တစ်နှစ်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ အမှားအယွင်း မရှိစေဖို့အတွက် Special လေဆာ စက်ပစ္စည်း တို့အသုံးပြုခဲ့ပါတယ်။ 

၂၀၁၂ခုနှစ် မတ်လ က ပွဲထုတ်ပြသပြီးနောက် ကမ္ဘာ့ပထမဆုံး စိန်တစ်ကိုယ် လုံး လက်စွပ် ( All Diamond Ring) လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

All Diamond Ring ဗီဒီယိုကို အောက်ပါလခ့်တွင် ဝင်ရောက်ကြည့်ရှနိုင် ပါတယ်။ 

http://youtu.be/fhzXuqLeH3w

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/01/blog-post.html


---

ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံးစိန်နဲ့ပြုလုပ်ထားတဲ့လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နိုင်
ငံ ဂျနီဗာမြို့အခြေဆိုက် Shawish ကျောက်မြတ်ရတနာ company မှ တီထွင် ဖန်တီးခဲ့ပါတယ်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာ ရင်း ထုတ်ပြန်

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်း ထုတ်ပြန် 

ရန်ကုန် ဇန်န၀ါရီ ၁ 

 မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  
ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

၎င်းကစားသမားများသည် ဇန်န၀ါရီလ ၂၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့လက်ရွေးစင်ဟောင်းများနှင့် သုဝဏ္ဏအားကစားကွင်း၌ ခြေစမ်းကစားကြမည်ဖြစ်ကြောင်းသိရသည် ။

ခြေစမ်းပွဲမတိုင်မီ ဇန်န၀ါရီလ ၂၂ ရက်တွင်  Football Clinic  
အစီအစဉ်ဖြင့် သုဝဏ္ဏကွင်း၌ မြန်မာလူငယ်ကစားသမားများကို အခြေခံ ဘောလုံးပညာ သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသို့ လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် လက်ရွေးစင်ဟောင်း ဂန္တ၀င်ကစားသမားများမှာ ဘီဘက်တို၊ အဲလ်ဒဲယား၊ အက်ဒီဆင်၊ မာဇင်ဟို၊ ပေါ်လိုဆာဂျီယို၊ မာဆီယို ဆန်းတိုစ် ပါဝင်မည်ဖြစ်ပြီး နည်းပြအဖြစ် ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အသင်း၏ ခေါင်းဆောင် ကားလိုစ်အဲလ်ဘာတို က တာဝန်ယူမည်ဖြစ်ကြောင်း ၊ အထူးဧည့်သည်အဖြစ် ဂျာမနီအသင်းခေါင်းဆောင်ဟောင်း လိုသာမာသီးယပ်စ် ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

လာရောက်ခြေစမ်းကစားမည့် ဘရာဇီးလ် 
ကစားသမားစာရင်းအပြည့်အစုံမှာ ဂိုး- ဂီလ်မာ၊ ဇက်တီ။
 နောက်တန်း- အဲလ်ဒဲယား၊ဂွန်ကဲလ်ဗက်စ်၊မာစီယိုဆန်းတိုစ်၊ 
ပီမန်တဲလ်၊ ရိုနယ်လ်ဒါအို။ 
အလယ်တန်း- ဒွန်ဂါ၊မာဇင်ဟို၊ပက်ဒရင်ဟို၊ 
ရီကာဒို ရိုချာ၊ 
ဆာဗီအို၊ ဗဲလ်ဘာ၊ ၀ီလီယံ။ ရှေ့တန်း- ဘီဘတ်တို၊
 ဒီဂျာမင်ဟာ၊ ဒိုနီဇက်တီ၊ အက်ဒီလ်ဆင်၊ ပေါ်လိုဆာဂျီယို၊ဗီအိုလာ 
တို့ဖြစ်ကြောင်းသိရသည်။

NLA

ရန်ကုန် ဇန်န၀ါရီ ၁

မြန်မာနိုင်ငံသို့လာရောက်ခြေစမ်းကစားမည့်ဘရာဇီးလ်လက်ရွေးစင်ဟောင်းများစာရင်းကို မြန်မာနိုင်ငံဘော
လုံးအဖွဲ့ချုပ်မှ ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်လိုက်ကြောင်းသိရသည်။

နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို အသုံးပြုပြီးပုံနှိပ်ထားသော ဆရာသိန်းဖေမြင့်ရဲ့ '' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည် စာအုပ်ထွက်ပြီ

နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အသုံးပြု ၍ ပုံနှိပ်ထုတ်ဝေထားသည့် သိန်းဖေမြင့်၏ ဂန္ထ၀င်လက်ရာဖြစ်သော
'' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည်ကို အလင်္ကာစာအုပ်တိုက်နှင့် ပိတောက်ရနံ့စာအုပ်တိုက်တို့က ဇန်န၀ါရီ ၁ ရက်တွင် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ကာ စတင်ဖြန့်ချိလိုက်ပြီဖြစ်သည်။ ယခင်အကြိမ်များ ထုတ်ဝေစဉ်က တစ်စုတစ်စည်းတည်း မထုတ်ဝေဘဲ အုပ်ရေခွဲ၍ ထုတ်ဝေခဲ့သော အဆိုပါစာအုပ်ကို ယခုနောက်ဆုံး န၀မအကြိမ်မြောက် ထုတ်ဝေရာတွင် ၀တ္ထုစဆုံး တစ်အုပ်တည်း ထုတ်ဝေထားပြီး ရောင်းဈေးမှာ တစ်အုပ်လျှင် ၁၂၀၀၀ ကျပ်ဖြစ်သည်။
အဆိုပါစက္ကူကို စင်ကာပူမှတင်သွင်းပြီး မြက်ပင်မှ ထုတ်လုပ်ထားကာ ယခင်ပြည်တွင်းတွင် ထုတ်ခဲ့သောစာအုပ်များထက် ပေါ့ပါးသည်ကိုတွေ့ရသည်။
---------------
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာသုံးနှစ်ရှည်ခံစက္ကူကို မြန်မာနိုင်ငံတွင်ပထမဆုံးအကြိမ်အသုံးပြု ၍ပုံနှိပ်ထုတ်ဝေထားသည့် သိန်း
ဖမြင့်၏ ဂန္ထ၀င်လက်ရာဖြစ်သော'' အရှေ့က နေ၀င်းထွက်သည့်ပမာ '' ၀တ္ထုရှည်ကို အလင်္ကာစာအုပ်တိုက်
နှင့် ပိတောက်ရနံ့စာအုပ်တိုက်တို့က ဇန်န၀ါရီ ၁ ရက်တွင် စာအုပ်မိတ်ဆက်ပွဲပြုလုပ်ကာ စတင်ဖြန့်ချိလိုက်
ပြီဖြစ်သည်။

ကေအိုင်အို ဌာနချုပ်အနီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်