Pages

Tuesday, January 1, 2013

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်

သေမင်းတမန်ရထားလမ်းကို ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဖောက်လုပ်မည်
.........................................................................................
၁၉၄၂ခုနှစ် နိုဝင်ဘာလမှ  စတင်ကာ ဂျပန်တပ်မတော်က   ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ်  ရန် မီးရထားလမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀၀၀၀)ကျော်    သေဆုံးခဲ့သည့်အတွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီး  ခဲ့သော ရထားလမ်းကို ၂၀၁၃ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ်  သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသေမင်းတမန်ရထား လမ်းသည်မိုင်အရှည် ၇၈မိုင် အရှည်ရှိပြီး ထိုင်းနိုင်ငံနှင့်တိုက် ရိုက်ချိတ်ဆက်ထားသည့် ရထား လမ်းတစ်ခုဖြစ်ကြောင်း ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးဇေယျာအောင် က ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပြုလုပ်ခဲ့သော နီပွန်ဖောင်ဒေး  ရှင်း၏ အလှူငွေပေးအပ်ပွဲ၌ ပြောကြားသည်။ ““သေမင်းတမန်     ရထားလမ်းအရှည်က ၇၈မိုင်ရှိ တယ်။ အကျယ်ကိုတော့ တိုင်း တာနေတုန်းပဲဖြစ်ပါတယ်။ ဒီရထား  လမ်းကို ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်။ ဒီ ရထားလမ်းကိုပြန်လည်ဖောက်လုပ်  တဲ့ နေရာမှာနိုင်ငံတကာ အကူ ပေးရင်တော့ပိုကောင်းတာပေါ့၊ ရထားလမ်းဖောက်ဖို့အတွက် စပြီး တော့ တိုင်းတာနေပြီ။လက်ရှိမှာ တော့ ဘတ်ဂျက်ကိုမချပေးသေး ဘူး။ လမ်းတိုင်းတာတွေအကုန်လုံး  ပြီးပြီဆိုမှပဲ ဒီရထားလမ်းအတွက် ဘတ်ဂျက်ဘယ်လောက်ဆိုတာ သတ်မှတ်သွားမှာဖြစ်ပါတယ်””ဟု    ပြောကြားခဲ့သည်။အဆိုပါ သေ မင်းတမန်ရထားလမ်းပြန်လည် ဖောက်လုပ်ရန်အတွက် အစီရင် ခံစာကို လွှတ်တော်ကိုတင်ပြ၍   ခွင်ြ့ပုချက်ရယူသွားမည်ဖြစ်ပြီး  နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံ  ခြားရင်းနှီးမြှုပ်နှံမှုရှိရှိမရှိရှိ ယင်း ရထားလမ်းအားဖောက်လုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ်္မ တရုံးမှပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းကပြောကြားသည်။
သေမင်းတမန်ရထားလမ်း  သည် ဘုရားသုံးဆူတောင်ကြားမှ  မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင်ရှိသည့် ဘန်ကောက်-စင်ကာပူမီးရထားလမ်းသို့ ဆက်သွယ်နိုင်ရန်ဖောက်လုပ်  ခြင်းဖြစ်ပြီး။လက်ရှိတွင် အဆိုပါ  မီးရထားလမ်းနေရာကို ကားလမ်း    တစ်ခုအဖြစ် မွန်ပြည်နယ်ဒေသခံ များက အသုံးပြုနေကြပြီး သေမင်း တမန်ရထားလမ်းကိုပြန်လည် ဖောက်လုပ်မည်ဆိုပါက မွန်ပြည် နယ်ဒေသခံများအသုံးပြုနေကြ သော ကားလမ်းပျောက်သွားနိုင်  သည့်အတွက်ကြောင့် ဘုရားသုံး ဆူနှင့်သံဖြူဇရပ်ကြားတွင် ကား လမ်းအသစ်တစ်ခု မွန်ပြည်နယ် ဒေသခံများအသုံးပြုနိုင်ရန်အတွက်   ဖောက်လုပ်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 

ဖြိုးအောင်The Hot News

၁၉၄၂ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ဂျပန်တပ်မတော်က ထိုင်းနှင့်မြန်မာနိုင်ငံသို့ ဆက်သွယ် ရန် မီးရထား
လမ်းဖောက်လုပ်ခဲ့ ၍မြန်မာတိုင်းရင်းသားနှင့်မဟာ မိတ်တပ်သားများပါဝင်သော ချွေး တပ်သားပေါင်း (၉၀
၀၀၀)ကျော် သေဆုံးခဲ့သည့်အတွက် သေမင်း တမန်ရထားလမ်းဟု နာမည်ကြီးခဲ့သောရထားလမ်းကို ၂၀၁၃
ခုနှစ် မှစတင်ကာ ပြန်လည်ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသေမင်းတမန်ရထား လမ်းသည်မိုင်အရှည် ၇၈မိုင် အရှည်ရှိပြီး ထိုင်းနိုင်ငံနှင့်တိုက် ရိုက်ချိတ်ဆက်
ထားသည့် ရထားလမ်းတစ်ခုဖြစ်ကြောင်းရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှ ပြည် ထောင်စုဝန်ကြီးဦးဇေယျာ
အောင် က ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပြုလုပ်ခဲ့သော နီပွန်ဖောင်ဒေး ရှင်း၏ အလှူငွေပေးအပ်ပွဲ၌
 ပြောကြားသည်။ 
““သေမင်းတမန် ရထားလမ်းအရှည်က ၇၈မိုင်ရှိ တယ်။ အကျယ်ကိုတော့ တိုင်း တာနေတုန်းပဲဖြစ်ပါတယ်။ ဒီရထား လမ်းကို ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်မယ်။ ဒီ ရထားလမ်းကိုပြန်လည်ဖောက်လုပ် တဲ့
နေရာမှာနိုင်ငံတကာ အကူ ပေးရင်တော့ပိုကောင်းတာပေါ့၊ ရထားလမ်းဖောက်ဖို့အတွက် စပြီး တော့ တိုင်း
တာနေပြီ။လက်ရှိမှာ တော့ ဘတ်ဂျက်ကိုမချပေးသေးဘူး။လမ်းတိုင်းတာတွေအကုန်လုံး ပြီးပြီဆိုမှပဲ ဒီရထား
လမ်းအတွက် ဘတ်ဂျက်ဘယ်လောက်ဆိုတာ သတ်မှတ်သွားမှာဖြစ်ပါတယ်””ဟု ပြောကြားခဲ့သည်။
အဆိုပါ သေ မင်းတမန်ရထားလမ်းပြန်လည် ဖောက်လုပ်ရန်အတွက် အစီရင် ခံစာကို လွှတ်တော်ကိုတင်ပြ၍ ခွင်ြ့ပုချက်ရယူသွားမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရအနေဖြင့်နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုရှိရှိမရှိရှိယင်းရထားလမ်း
အားဖောက်လုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံတော်သမ်္မ တရုံးမှပြည်ထောင်စုဝန်ကြီး ဦး အောင်မင်းကပြော
ကြားသည်။

သေမင်းတမန်ရထားလမ်း သည် ဘုရားသုံးဆူတောင်ကြားမှ မွန်ပြည်နယ် သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင်ရှိသည့်ဘန်ကောက်-စင်ကာပူမီးရထားလမ်းသို့ဆက်သွယ်နိုင်ရန်ဖောက်လုပ် ခြင်းဖစ်
ပြီး။လက်ရှိတွင် အဆိုပါ မီးရထားလမ်းနေရာကို ကားလမ်းတစ်ခုအဖြစ်မွန်ပြည်နယ်ဒေသခံများက အသုံးပြု
နေကြပြီး သေမင်း တမန်ရထားလမ်းကိုပြန်လည် ဖောက်လုပ်မည်ဆိုပါက မွန်ပြည် နယ်ဒေသခံများအသုံး
ပြုနေကြ သော ကားလမ်းပျောက်သွားနိုင် သည့်အတွက်ကြောင့် ဘုရားသုံး ဆူနှင့်သံဖြူဇရပ်ကြားတွင် ကား လမ်းအသစ်တစ်ခု မွန်ပြည်နယ် ဒေသခံများအသုံးပြုနိုင်ရန်အတွက် ဖောက်လုပ်ပေးသွားမည်ဖြစ် ကြောင်း
သိရသည်။



ဖြိုးအောင်
The Hot News

0 comments:

Post a Comment